သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးပစ်လွှတ်စမ်းသပ်မှု ပြုလုပ်


(Zawgyi/Unicode)

ပဲ့ထိန်းတပ်မစ်ဇိုင်း အမျိုးအစား ဖြစ်နိုင်တဲ့ ဒုံးပျံ ၂ စင်းကို မြောက်ကိုရီးယားက အရှေ့ဖက်ကမ်းလွန် ပင်လယ်ပြင်ထဲ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က ဒီကနေ့ပဲ ပြောဆိုလိုက်ကြပါတယ်။ ဒီတကြိမ်နဲ့ပါဆိုရင် မြောက်ကိုရီးယားက ဒီနှစ်ထဲမှာ ဒုံးပျံစမ်းသပ် ပစ်လွှတ်တာ ၁၂ ကြိမ် ရှိသွားပါပြီ။

ကြန့်ကြာနေတဲ့ နျူကလီးယားအရေး ဆွေးနွေးမှုတွေမှာ အမေရိကန်ဘက်က ဒီနှစ်ကုန် နောက်ဆုံးထားပြီး ချဉ်းကပ်ပုံပြောင်းဖို့ မြောက်ကိုရီးယားက ဖိအားပေးနေချိန်မှာပဲ စမ်းသပ်မှုတွေကို ဆက်တိုက်လုပ်လာခဲ့တာပါ။ နောက်ဆုံးသတ်မှတ်ရက်ကို အမေရိကန်က အလေးအနက်မထားပဲ လျစ်လျူရှုမယ်ဆိုရင် အကြီးအကျယ်မှားလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။ မြောက်ကိုရီးယား ဒုံးပျံစမ်းသပ်မှုတွေနဲ့ ပတ်သက်လို့ ဘယ်လောက်ဝေးဝေးအထိ ရောက်ခဲ့သလဲဆိုတာ အပါအဝင် အသေးစိတ်တွေကိုတော့ သိပ်မသိရပါဘူး။

ဒီကနေ့ စမ်းသပ်တဲ့ ဒုံးပျံတွေကိုတော့ မြောက်ကိုရီးယား အလယ်ပိုင်း Pyongan ပြည်နယ် တောင်ပိုင်းက ပစ်လွှတ်ခဲ့တာ ဖြစ်ကြောင်းလည်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ နောက်ထပ် ပစ်လွှတ်မှုတွေ ရှိလာနိုင်တဲ့အတွက် တပ်လှန့်ထားကြောင်းလည်း ပြောဆိုခဲ့တာပါ။ ဂျပန်အစိုးရ တာဝန်ရှိသူတွေကတော့ ပဲ့ထိန်းတပ်မစ်ဇိုင်းအမျိုးအစား ဖြစ်နိုင်တဲ့ ဒုံးတွေဟာ ဂျပန်ကမ်းလွန် ကီလိုမီတာ ၃၇၀ အတွင်းမှာရှိတဲ့ အထူးစီးပွားရေးဇုန် အပြင်ဘက်ကို ကျရောက်ခဲ့ကြောင်း ပြောပါတယ်။

မြောက်ကိုရီးယားက တနှစ်ခွဲလောက်ကြာအောင် စမ်းသပ်မှုတွေ ရပ်ဆိုင်းထားခဲ့ပြီးနောက် မေလဆန်းကစလို့ အခုဆိုရင် ၁၂ ကြိမ် ရှိသွားပြီဖြစ်တဲ့ စမ်းသပ်ပစ်လွှတ်မှုတွေဟာ ဆွေးနွေးမှုတွေမှာ အသာစီးရဖို့ ကြိုးပမ်းမှုအဖြစ်နဲ့လည်း သုံးသပ်ကြပါတယ်။

ဒီလဆန်းက ဆွီဒင်နိုင်ငံ Stockholm မြို့မှာ အမေရိကန်နဲ့ မြောက်ကိုရီးယား အလုပ်အဖွဲ့အဆင့် တွေ့ဆုံရာမှာတော့ အမေရိကန်ဘက်က ကမ်းလှမ်းချက် အသစ်အဆန်း တင်ပြတာ မရှိဘူးဆိုပြီး ဆွေးနွေးပွဲကနေ ထွက်ခွာခဲ့တာပါ။ မြောက်ကိုရီးယားက အမေရိကန်ဘက်က ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ဖိအားပေးနေတာတွေကို လျှော့ပေးဖို့ လိုလားနေတာလည်း ဖြစ်ပါတယ်။

..........................

(Unicode)







တိုက်ရိုက် လင့်ခ်
XS
SM
MD
LG