သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္နဲ႔ အခ်ိန္မေရြး ပစ္ခတ္မႈျဖစ္ႏိုင္ဟု ေျမာက္ကိုရီးယား အႀကီးတန္းတာ၀န္ရွိသူ သတိေပး


ယခုႏွစ္ ဇြန္လ ၃၀ ရက္ေန႔က ေတာင္-ေျမာက္ ကုိရီးယားနယ္စပ္ Panmunjom ေက်းရြာတြင္ ေတြ႔ဆုံေဆြးေႏြးခဲ့သည့္ အေမရိကန္သမၼတ Donald Trump ႏွင့္ ေျမာက္ကုိရီးယားေခါင္းေဆာင္ Kim Jong Un.

(Zawgyi / Unicode)

အေမရိကန္နဲ႔ ေျမာက္ကိုရီးယား ၂ ႏုိင္ငံ ဆက္ဆံေရးဟာ တုိးတက္ေကာင္းမြန္မႈမရွိဘဲ ၂ ႏုိင္ငံၾကား ရန္လိုတဲ့ ဆက္ဆံေရးက အျပန္အလွန္ ပစ္ခတ္မႈေတြ အခ်ိန္မေရြး ျဖစ္လာႏုိင္တယ္လို႔ ေျမာက္ကိုရီးယားအစိုးရ အႀကီးတန္း တာ၀န္ရွိသူတေယာက္က ဒီကေန႔ သတိေပးလိုက္ပါတယ္။

ေျမာက္ကိုရီးယားႏုိင္ငံရဲ႕ အရင္ ေထာက္လွမ္းေရး အႀကီးအကဲေဟာင္း Kim Yong Chol ဆီကေန အခုလို ေျပာၾကားလိုက္တာဟာ အခုႏွစ္မကုန္ခင္မွာ ႏ်ဴကလီးယား ေဆြးေႏြးမႈေတြ ျပန္စတင္ႏုိင္ဖို႔ အေမရိကန္ကို ဖိအားေပးလိုက္တာ ျဖစ္ပုံရပါတယ္။

အေမရိကန္နဲ႔ ေျမာက္ကိုရီးယားၾကား ရပ္တန္႔ေနတဲ့ ႏ်ဴကလီးယား ေဆြးေႏြးမႈေတြ အခုႏွစ္မကုန္ခင္ ျပန္စတင္ႏုိင္ဖို႔အတြက္ ေျမာက္ကိုရီးယားဘက္က တဖက္သတ္ သတ္မွတ္ထားတာ ျဖစ္ပါတယ္။

ေျမာက္ကိုရီးယား တာ၀န္ရွိသူေတြဘက္က အေမရိကန္ အစိုးရအဖဲြ႔ကို ျပင္းျပင္းထန္ထန္ ေ၀ဖန္ခဲ့ေပမယ့္လည္း အေမရိကန္သမၼတ Trump ကေတာ့ ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un နဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရးရွိေၾကာင္း ေျပာၾကားၿပီး လေပါင္းမ်ားစြာ ခ်ီးက်ဴးေျပာဆုိခဲ့တာပါ။

၂ ႏုိင္ငံ ဆက္ဆံေရးက အႀကိမ္မ်ားစြာ အဆင္မေျပ ျဖစ္ခဲ့ေပမယ့္လည္း ေခါင္းေဆာင္ ၂ ဦးရဲ႕ ရင္းႏွီးတဲ့ ဆက္ဆံေရးေၾကာင့္ ဆက္ၿပီး ထိန္းထားႏုိင္ခဲ့ေၾကာင္း၊ Kim Yong Chol က သူ႔ရဲ႕ ေၾကညာခ်က္ထဲမွာ ေျပာထားတယ္လို႔ ေျမာက္ကိုရီးယားအစိုးရပိုင္ KCNA သတင္းက ေဖာ္ျပလိုက္ပါတယ္။

ဒါေပမယ့္လည္း အရာတုိင္းမွာ အကန္႔အသတ္ေတြ ရွိစၿမဲျဖစ္ၿပီး ပုဂၢိဳလ္ေရး ရင္းႏွီးမႈက အေမရိကန္နဲ႔ ေျမာက္ကိုရီးယားၾကား ဆက္ဆံေရး ဆုိးရြားမလာေအာင္ ကာကြယ္ႏုိင္ဖို႔ အၿမဲတမ္း အာမမခံႏုိင္ဘူးလို႔ သူက ဆက္ေျပာပါတယ္။

အခုလိုေျပာတာက ေျမာက္ကိုရီးယားက သူတုိ႔ဘက္ ေဆြးေႏြးမႈေတြကို ျပန္စဖို႔အတြက္ ထပ္ေလာင္း ေျပာၾကားလိုက္တာျဖစ္ၿပီး အေမရိကန္ကေတာ့ ဒီေၾကညာခ်က္ဟာ တဖက္သတ္ဆန္ၿပီး သိပ္အေရးမပါဘူးလို႔ ေျပာလိုက္ပါတယ္။

------------------------------

(Unicode)

ကန်နဲ့ အချိန်မရွေး ပစ်ခတ်မှုဖြစ်နိုင်ဟု မြောက်ကိုရီးယား အကြီးတန်းတာဝန်ရှိသူ သတိပေး

အမေရိကန်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေးဟာ တိုးတက်ကောင်းမွန်မှုမရှိဘဲ ၂ နိုင်ငံကြား ရန်လိုတဲ့ ဆက်ဆံရေးက အပြန်အလှန် ပစ်ခတ်မှုတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ မြောက်ကိုရီးယားအစိုးရ အကြီးတန်း တာဝန်ရှိသူတယောက်က ဒီကနေ့ သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ အရင် ထောက်လှမ်းရေး အကြီးအကဲဟောင်း Kim Yong Chol ဆီကနေ အခုလို ပြောကြားလိုက်တာဟာ အခုနှစ်မကုန်ခင်မှာ နျူကလီးယား ဆွေးနွေးမှုတွေ ပြန်စတင်နိုင်ဖို့ အမေရိကန်ကို ဖိအားပေးလိုက်တာ ဖြစ်ပုံရပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ရပ်တန့်နေတဲ့ နျူကလီးယား ဆွေးနွေးမှုတွေ အခုနှစ်မကုန်ခင် ပြန်စတင်နိုင်ဖို့အတွက် မြောက်ကိုရီးယားဘက်က တဖက်သတ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား တာဝန်ရှိသူတွေဘက်က အမေရိကန် အစိုးရအဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပေမယ့်လည်း အမေရိကန်သမ္မတ Trump ကတော့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြောင်း ပြောကြားပြီး လပေါင်းများစွာ ချီးကျူးပြောဆိုခဲ့တာပါ။

၂ နိုင်ငံ ဆက်ဆံရေးက အကြိမ်များစွာ အဆင်မပြေ ဖြစ်ခဲ့ပေမယ့်လည်း ခေါင်းဆောင် ၂ ဦးရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် ဆက်ပြီး ထိန်းထားနိုင်ခဲ့ကြောင်း၊ Kim Yong Chol က သူ့ရဲ့ ကြေညာချက်ထဲမှာ ပြောထားတယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းက ဖော်ပြလိုက်ပါတယ်။

ဒါပေမယ့်လည်း အရာတိုင်းမှာ အကန့်အသတ်တွေ ရှိစမြဲဖြစ်ပြီး ပုဂ္ဂိုလ်ရေး ရင်းနှီးမှုက အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ဆက်ဆံရေး ဆိုးရွားမလာအောင် ကာကွယ်နိုင်ဖို့ အမြဲတမ်း အာမမခံနိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။

အခုလိုပြောတာက မြောက်ကိုရီးယားက သူတို့ဘက် ဆွေးနွေးမှုတွေကို ပြန်စဖို့အတွက် ထပ်လောင်း ပြောကြားလိုက်တာဖြစ်ပြီး အမေရိကန်ကတော့ ဒီကြေညာချက်ဟာ တဖက်သတ်ဆန်ပြီး သိပ်အရေးမပါဘူးလို့ ပြောလိုက်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG