အေမရိကန္နဲ႔ ေျမာက္ကိုရီးယားတို႔ၾကား ႏ်ဴကလီးယားအေရးဆိုင္ရာ အဆင့္ျမင့္အရာရွိေတြရဲ႕ အလုပ္သေဘာ ေဆြးေႏြးပြဲကို ဆြီဒင္ႏိုင္ငံ စေတာ့ဟုမ္းမွာ စေနေန႔က ျပန္စခဲ့ေပမယ့္ ေဆြးေႏြးပြဲစတင္ၿပီး ခဏအၾကာမွာပဲ ၿပီးဆံုးသြားတယ္လုိ႔ ေျမာက္ကိုရီးယား ႏ်ဴကလီးယား ညႇိႏႈိင္းေရးမွဴး Kim Myong Gil က ေျပာၾကားလိုက္ပါတယ္။
ညႇိႏႈိင္းေဆြးေႏြးမႈေတြဟာ သူတုိ႔ေမွ်ာ္လင့္ထားတဲ့အတိုင္း ျဖစ္မလာတဲ့အတြက္ ေနာက္ဆံုး ရပ္ဆိုင္းလိုက္တာျဖစ္ေၾကာင္း Kim Myong Gil က စေတာ့ဟုမ္းက ေျမာက္ကိုရီးယားသံရံုးအျပင္မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။
ဒါေပမယ့္ နာရီပိုင္းအၾကာမွာပဲ အေမရိကန္ ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Morgan Ortagus က ေၾကညာခ်က္တေစာင္ ထုတ္ျပန္လိုက္ၿပီး ေျမာက္ကိုရီးယားအစိုးရ ကိုယ္စားလွယ္အဖြဲ႔ရဲ႕ ကနဦး မွတ္ခ်က္ေပး ေျပာၾကားမႈဟာ စေနေန႔ ၈ နာရီခြဲၾကာ ေဆြးေႏြးမႈရဲ႕ အဓိကအခ်က္ ဒါမွမဟုတ္ ေဆြးေႏြးတဲ့ အေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး ထင္ဟပ္မႈမရွိေၾကာင္း ေျပာဆိုပါတယ္။
ဒါ့အျပင္ အခုေဆြးေႏြးမႈဟာ အေမရိကန္နဲ႔ ေျမာက္ကိုရီးယားၾကား ပထမဆံုးအႀကိမ္ စင္ကာပူေဆြးေႏြးပြဲရဲ႕ ပူးတြဲသေဘာတူညီခ်က္ပါ အဓိကအခ်က္ႀကီး ၄ ခ်က္ကို ဦးစားေပး ေဆြးေႏြးခဲ့တာ ျဖစ္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒီအခ်က္ေတြထဲမွာ ၿငိမ္းခ်မ္းေရး၊ ကိုရီးယားကၽြန္းဆြယ္ေဒသ ႏ်ဴကလီးယားကင္းစင္ေရး၊ ေပ်ာက္ဆံုးေနတဲ့ က်န္အေမရိကန္တပ္သားေတြ ျပန္ရေရးတို႔ ပါဝင္ေၾကာင္းလည္း ေျပာပါတယ္။
ဒါ့အျပင္ ကိစၥရပ္အားလံုးကို ဆက္လက္ေဆြးေႏြးဖို႔ လာမယ့္ သီတင္း ၂ ပတ္အတြင္း ဆြီဒင္အစိုးရက ကမကထလုပ္ၿပီး စေတာ့ဟုမ္းမွာ ေဆြးေႏြးပြဲေတြ ျပန္က်င္းပေပးမယ့္ ဖိတ္ၾကားခ်က္ကိုလည္း လက္ခံဖို႔ အေမရိကန္ျပည္ေထာင္စုက အဆိုျပဳခဲ့တယ္လို႔ နိဂံုးခ်ဳပ္ ေဖာ္ျပထားပါတယ္။ ဒီဖိတ္ၾကားခ်က္ကို အေမရိကန္ျပည္ေထာင္စုက လက္ခံခဲ့တယ္လို႔လည္း Ortagus က ေျပာပါတယ္။
------------------------------
(Unicode)
ကန် - မြောက်ကိုရီးယား နျူကလီးယားဆွေးနွေးပွဲ ရုတ်တရက် ရပ်ဆိုင်း
အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား နျူကလီးယားအရေးဆိုင်ရာ အဆင့်မြင့်အရာရှိတွေရဲ့ အလုပ်သဘော ဆွေးနွေးပွဲကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ စနေနေ့က ပြန်စခဲ့ပေမယ့် ဆွေးနွေးပွဲစတင်ပြီး ခဏအကြာမှာပဲ ပြီးဆုံးသွားတယ်လို့ မြောက်ကိုရီးယား နျူကလီးယား ညှိနှိုင်းရေးမှူး Kim Myong Gil က ပြောကြားလိုက်ပါတယ်။
ညှိနှိုင်းဆွေးနွေးမှုတွေဟာ သူတို့မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အတွက် နောက်ဆုံး ရပ်ဆိုင်းလိုက်တာဖြစ်ကြောင်း Kim Myong Gil က စတော့ဟုမ်းက မြောက်ကိုရီးယားသံရုံးအပြင်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမယ့် နာရီပိုင်းအကြာမှာပဲ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Morgan Ortagus က ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး မြောက်ကိုရီးယားအစိုးရ ကိုယ်စားလှယ်အဖွဲ့ရဲ့ ကနဦး မှတ်ချက်ပေး ပြောကြားမှုဟာ စနေနေ့ ၈ နာရီခွဲကြာ ဆွေးနွေးမှုရဲ့ အဓိကအချက် ဒါမှမဟုတ် ဆွေးနွေးတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ထင်ဟပ်မှုမရှိကြောင်း ပြောဆိုပါတယ်။
ဒါ့အပြင် အခုဆွေးနွေးမှုဟာ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ပထမဆုံးအကြိမ် စင်ကာပူဆွေးနွေးပွဲရဲ့ ပူးတွဲသဘောတူညီချက်ပါ အဓိကအချက်ကြီး ၄ ချက်ကို ဦးစားပေး ဆွေးနွေးခဲ့တာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီအချက်တွေထဲမှာ ငြိမ်းချမ်းရေး၊ ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားကင်းစင်ရေး၊ ပျောက်ဆုံးနေတဲ့ ကျန်အမေရိကန်တပ်သားတွေ ပြန်ရရေးတို့ ပါဝင်ကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် ကိစ္စရပ်အားလုံးကို ဆက်လက်ဆွေးနွေးဖို့ လာမယ့် သီတင်း ၂ ပတ်အတွင်း ဆွီဒင်အစိုးရက ကမကထလုပ်ပြီး စတော့ဟုမ်းမှာ ဆွေးနွေးပွဲတွေ ပြန်ကျင်းပပေးမယ့် ဖိတ်ကြားချက်ကိုလည်း လက်ခံဖို့ အမေရိကန်ပြည်ထောင်စုက အဆိုပြုခဲ့တယ်လို့ နိဂုံးချုပ် ဖော်ပြထားပါတယ်။ ဒီဖိတ်ကြားချက်ကို အမေရိကန်ပြည်ထောင်စုက လက်ခံခဲ့တယ်လို့လည်း Ortagus က ပြောပါတယ်။