သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEAN လုံခြုံရေးကိစ္စ ဘန်ကောက်မှာ စည်းဝေး


(Zawgyi/Unicode)

အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) ကာကွယ်ရေးဝန်ကြီးတွေဟာ အာဆီယံရဲ့ ပူးပေါင်းဆောင်ရွက်ဘက်နိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ရုရှားနိုင်ငံတို့က ကာကွယ်ရေးဝန်ကြီးအတူ ဘန်ကောက်မြို့မှာ တနင်္လာနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

နှစ်စဉ်တွေ့ဆုံနေကျ ဒီ အစည်းအဝေးဟာ နိုင်ငံတွေအကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်ဖို့ ဖြစ်သလို လုံခြုံရေး ဆိုင်ရာ စိန်ခေါ်ချက်တွေ ရှိလာရင်လည်း ဆွေးနွေးဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။

ဒီ ဒေသဟာ ပဋိပက္ခကြီး နှစ်ခု ပေါ်ပေါက်လာနိုင်ချေရှိတဲ့ တောင်တရုတ်ပင်လယ်နဲ့ ကိုရီးယား ကျွန်းဆွယ် အနား အကျုံးဝင် တည်ရှိနေတာ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်ဟာ သဘာဝဓါတ်ငွေ့နဲ့ ရေနံ အမြောက်အများ ထုတ်လုပ်နိုင်တဲ့ နေရာဖြစ်တယ်လို့ ယူဆထားပြီး အဲဒီ ပင်လယ်ထဲက ကျွန်းစုတွေအပေါ် တရုတ်နိုင်ငံနဲ့ အာဆီယံ နိုင်ငံတွေအကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက နယ်မြေ ပိုင်ဆိုင်ကြောင်း ကြေညာပြီး စစ်ရေး တည်ဆောက်မှုတွေ တိုးမြင့်ဆောင်ရွက်နေတဲ့အအချိန်မှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Mark Esper က တရုတ်တို့ ဒေသတွင်းနိုင်ငံငယ်တွေအပေါ် အနိုင်ကျင့်နေတယ်လို့ ဝေဖန်ထားပါတယ်။

တစ်ချိန်တည်းမှာပဲ ဝန်ကြီး Esper က ကိုရီယား ကျွန်းဆွယ် တင်းမာမှု လျော့ပါးရေးအတွက် အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို ရွှေ့ဆိုင်းမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကြေညာခဲ့ပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယား နျူးကလီးယားဆိုင်ရာ ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေတာကြောင့် ဆွေးနွေးပွဲတွေ ပြန်စဖို့ သံတမန်တွေအကြား တိုက်တွန်း ပြောဆိုနေတာလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


....................


(Unicode)





XS
SM
MD
LG