သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Covid-19 ရောဂါဆိုင်ရာ တရုတ်-အာဆီယံညီလာခံ Laos မြို့တော်မှာကျင်းပ


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi

(Zawgyi/Unicode)

COVID-19 ရောဂါကူးစက်ဖြစ်ပွားနေတာနဲ့ပတ်သက်လို့ တရုတ်နဲ့ အာဆီယံနိုင်ငံတွေကြား အထူးအစည်းအဝေးတခုကို Laos နိုင်ငံ Vientiane မြို့တော်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ Coronavirus ပိုးကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ပုံနဲ့ပတ်သက်လို့ တရုတ်အစိုးရအပေါ် ဝေဖန်မှုတွေရှိနေချိန်မှာ အာဆီယံနိုင်ငံတွေအနေနဲ့ တရုတ်ဘက်က ရပ်တည်စည်းလုံးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကတိုက်တွန်းခဲ့ပါတယ်။ ဒေသတွင်း ပိုးကူးစက်မှု ကာကွယ်တဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုလုပ်သွားတယ်လို့ ခုလိုပြောကြားပါတယ်။

“ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်သွားပါမယ်။ ဒေသတွင်း ပိုးကူးစက်ပျံ့နှံ့မှု ကာကွယ်ဖို့ ဌာနအချင်းချင်းကြား ချိတ်ဆက်တုံ့ပြန်မှုပိုင်း၊ သက်ဆိုင်တဲ့ကျန်းမာရေးဌာနအားလုံးကြား ပူးပေါင်းဆောင်ရွက်မှုပိုင်း၊ သီးခြားခွဲစောင့်ကြည့်မှုပိုင်း၊ သယ်ယူပို့ဆောင်ရေး၊ ရေထိန်းချုပ်ရေးရေးပိုင်း စတာတွေအားလုံးကို အနီးကပ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကပြောကြားခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံကလာတဲ့ခရီးသည်တွေကို Singapore ကနိုင်ငံထဲဝင်ခွင့် မပြုတားမြစ်ထားတာကို ဖြေလျှော့ပေးဖို့လည်း သူကတောင်းဆိုခဲ့ပါတယ်။

Coronavirus ပိုးကြောင့် ထိခိုက်နေတဲ့ တရုတ်နိုင်ငံက အခုနှစ်ပိုင်းတွေအတွင်း ရင်းနှီးမြုပ်နှံ့မှုနဲ့ အခြေခံအဆောက်အအုံလုပ်ငန်းတွေအတွက် ဒေါ်လာသန်းထောင်ချီ ပံ့ပိုးထားတဲ့ အာရှနိုင်ငံတွေရဲ့ ေထာက်ခံမှုကို ရအောင် ခုလို Laos နိုင်ငံမှာ အထူးအစည်းအဝေးလုပ်တယ်လို့ မြင်နိုင်ပါတယ်။

အာဆီယံနိုင်ငံတွေထဲက စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ Vietnam နဲ့ Cambodia နိုင်ငံတွေမှာ Coronavirus ပိုးကူးစက်နေသူတွေရှိပေမဲ့၊ မြန်မာ Lao အင်ဒိုနီးရှားနဲ့ Brunei နိုင်ငံတွေမှာတော့ ပိုးကူးစက်နေသူ ဒီနေ့အထိ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်


-------


(Unicode)





XS
SM
MD
LG