သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Diamond Princess သေဘၤာေပၚက COVID-19 ကင္းသူေတြ ကမ္းဆင္းခြင့္ရၿပီ


Diamond Princess အေပ်ာ္စီးသေဘၤာႀကီး (သတင္းဓာတ္ပံု- ေဖေဖာ္၀ါရီ၊ ၁၉၊ ၂၀၂၀)

(Zawgyi/Unicode)

ဂ်ပန္ႏိုင္ငံ Yokohama ဆိပ္ကမ္းမွာ ကမ္းကပ္ထားတဲ့ ဇိမ္ခံအေပ်ာ္စီးသေဘၤာႀကီးေပၚက ခရီးသည္ ရာနဲ႔ခ်ီကို ဒီကေန႔ စတင္ကမ္းဆင္းခြင့္ ျပဳလိုက္ပါတယ္။ Coronavirus ပိုးပ်ံ႕ႏွံ႔မွာ စိုးရိမ္မႈနဲ႔ ေဖေဖာ္၀ါရီလ ၅ ရက္ေန႔ထဲက သီးျခားခြဲေစာင့္ၾကည့္ခံေနရတဲ့ Diamond Princess သေဘၤာႀကီးေပၚက ခရီးသည္ ၅၀၀ ေလာက္ကို ဒီကေန႔ ကမ္းဆင္းခြင့့္ျပဳလိုက္တာပါ။

Virus ပိုးမ႐ွိဘူးလို႔ စစ္ေဆးေတြ႔႐ွိသူေတြကိုသာ ကမ္းဆင္းခြင့္ျပဳတာျဖစ္ပါတယ္။ သီတင္း ၂ ပတ္ၾကာ ခရီးသည္ေတြကို ကမ္းဆင္းခြင့္မျပဳဘဲ သီးျခားခြဲထားေပမဲ့ သေဘၤာေပၚမွာ ပိုးကူးစက္သူ ၅၄၀ ေက်ာ္အထိ တိုးတာေနတာေၾကာင့္ ဂ်ပန္အစိုးရရဲ႕ ကိုင္တြယ္ပံုကို ေဝဖန္မႈေတြ႐ွိေနပါတယ္။

ဂ်ပန္အစိုးရအတြင္းဝန္ခ်ဳပ္ ယို႐ွီဟီေဒ့ ဆူဂ ကေတာ့ ကာကြယ္ေျပာၾကားခဲ့ပါတယ္။ "လက္႐ွိအေရးေပၚ ေဆာင္႐ြက္ရမယ့္ အေျခအေနမွာ ဂ်ပန္က ပိုးကူးစက္ပ်ံ႕ႏွံ႔မႈကို ကာကြယ္ႏိုင္ဖုိ႔ လိုအပ္သမွ် အျပည့္အဝေဆာင္႐ြက္ခဲ့ပါတယ္။ လူ႔အခြင့္အေရးနဲ႔ လူသားခ်င္းစာနာမႈ လုိအပ္ခ်က္ေတြကို ထည့္သြင္းစဥ္းစားၿပီး ေဆာင္႐ြက္ခဲ့သလို သင့္ေတာ္တဲ့ေဆာက္႐ြက္မႈေတြလုပ္ဖုိ႔ သက္ဆိုင္ရာႏိုင္ငံေတြနဲ႔ ပူးေပါင္း ေဆာင္႐ြက္ခဲ့ပါတယ္။" လုိ႔ ဂ်ပန္အစိုးရအတြင္းဝန္ခ်ဳပ္ ယို႐ွီဟီေဒ့ ဆူဂက ေျပာပါတယ္။

သေဘၤာေပၚက အေမရိကန္ခရီးသည္ ၃၀၀ ေက်ာ္ကို အေမရိကန္အစိုးရက တနလၤာေန႔က ကယ္ထုတ္ခဲ့သလို၊ ၿဗိတိန္၊ ကေနဒါ၊ Australia၊ ေဟာင္ေကာင္စတဲ့ တျခားအစိုးရေတြကလည္း သူတုိ႔ႏိုင္ငံသားေတြကို ကယ္ထုတ္ဖုိ႔ စီစဥ္ေနၾကပါတယ္။ ေဟာင္ေကာင္မွာဆင္းသြားတဲ့ခရီးသည္တေယာက္မွာ COVID-19 ေရာဂါေတြ႔႐ွိခဲ့ၿပီးေနာက္ သေဘၤာေပၚပါလာတဲ့ ခရီးသည္နဲ႔ ဝန္ထမ္း ၃,၇၀၀ ကို ကမ္းဆင္းခြင့္မေပးဘဲ ေစာင့္ၾကည့္ခဲ့တာျဖစ္ပါတယ္။

တခ်ိန္ထဲမွာပဲ တ႐ုတ္ႏို္င္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆံုးသူ ၂,၄၀၀ ႐ွိသြားၿပီလို႔ တ႐ုတ္အစိုးရက ဒီကေန႔ ေၾကညာပါတယ္။ Coronavirus ပိုးကူးစက္သူ ေနာက္ထပ္ ၁,၇၄၉ ေယာက္႐ွိတယ္လို႔ က်န္းမာေရးေကာ္မ႐ွင္က ေျပာၾကားခဲ့တဲ့အတြက္ စုစုေပါင္း တ႐ုတ္ႏိုင္ငံထဲမွာ ပိုးကူးစက္ေနသူ ၇၄,၀၀၀ေက်ာ္ ႐ွိေနပါၿပီ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဂျပန်နိုင်ငံ Yokohama ဆိပ်ကမ်းမှာ ကမ်းကပ်ထားတဲ့ ဇိမ်ခံအပျော်စီးသင်္ဘောကြီးပေါ်က ခရီးသည် ရာနဲ့ချီကို ဒီကနေ့ စတင်ကမ်းဆင်းခွင့် ပြုလိုက်ပါတယ်။ Coronavirus ပိုးပျံ့နှံ့မှာ စိုးရိမ်မှုနဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ထဲက သီးခြားခွဲစောင့်ကြည့်ခံနေရတဲ့ Diamond Princess သင်္ဘောကြီးပေါ်က ခရီးသည် ၅၀၀ လောက်ကို ဒီကနေ့ ကမ်းဆင်းခွင့်ပြုလိုက်တာပါ။

Virus ပိုးမရှိဘူးလို့ စစ်ဆေးတွေ့ရှိသူတွေကိုသာ ကမ်းဆင်းခွင့်ပြုတာဖြစ်ပါတယ်။ သီတင်း ၂ ပတ်ကြာ ခရီးသည်တွေကို ကမ်းဆင်းခွင့်မပြုဘဲ သီးခြားခွဲထားပေမဲ့ သင်္ဘောပေါ်မှာ ပိုးကူးစက်သူ ၅၄၀ ကျော်အထိ တိုးတာနေတာကြောင့် ဂျပန်အစိုးရရဲ့ ကိုင်တွယ်ပုံကို ဝေဖန်မှုတွေရှိနေပါတယ်။

ဂျပန်အစိုးရအတွင်းဝန်ချုပ် ယိုရှီဟီဒေ့ ဆူဂ ကတော့ ကာကွယ်ပြောကြားခဲ့ပါတယ်။ "လက်ရှိအရေးပေါ် ဆောင်ရွက်ရမယ့် အခြေအနေမှာ ဂျပန်က ပိုးကူးစက်ပျံ့နှံ့မှုကို ကာကွယ်နိုင်ဖို့ လိုအပ်သမျှ အပြည့်အဝဆောင်ရွက်ခဲ့ပါတယ်။ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်ခဲ့သလို သင့်တော်တဲ့ဆောက်ရွက်မှုတွေလုပ်ဖို့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။" လို့ ဂျပန်အစိုးရအတွင်းဝန်ချုပ် ယိုရှီဟီဒေ့ ဆူဂက ပြောပါတယ်။

သင်္ဘောပေါ်က အမေရိကန်ခရီးသည် ၃၀၀ ကျော်ကို အမေရိကန်အစိုးရက တနင်္လာနေ့က ကယ်ထုတ်ခဲ့သလို၊ ဗြိတိန်၊ ကနေဒါ၊ Australia၊ ဟောင်ကောင်စတဲ့ တခြားအစိုးရတွေကလည်း သူတို့နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ စီစဉ်နေကြပါတယ်။ ဟောင်ကောင်မှာဆင်းသွားတဲ့ခရီးသည်တယောက်မှာ COVID-19 ရောဂါတွေ့ရှိခဲ့ပြီးနောက် သင်္ဘောပေါ်ပါလာတဲ့ ခရီးသည်နဲ့ ဝန်ထမ်း ၃,၇၀၀ ကို ကမ်းဆင်းခွင့်မပေးဘဲ စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။

တချိန်ထဲမှာပဲ တရုတ်နိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၂,၄၀၀ ရှိသွားပြီလို့ တရုတ်အစိုးရက ဒီကနေ့ ကြေညာပါတယ်။ Coronavirus ပိုးကူးစက်သူ နောက်ထပ် ၁,၇၄၉ ယောက်ရှိတယ်လို့ ကျန်းမာရေးကော်မရှင်က ပြောကြားခဲ့တဲ့အတွက် စုစုပေါင်း တရုတ်နိုင်ငံထဲမှာ ပိုးကူးစက်နေသူ ၇၄,၀၀၀ကျော် ရှိနေပါပြီ။

XS
SM
MD
LG