(Zawgyi/Unicode)
တ႐ုတ္ႏိုင္ငံမွာ Coronavirus ပိုးကူးစက္သူ ၇ ေသာင္းေက်ာ္သြားၿပီး ေသဆုံးသူ ၁၈၀၀နီးပါး႐ွိသြားၿပီလို႔ တ႐ုတ္က်န္းမာေရးတာဝန္႐ွိသူေတြက ဒီကေန႔ ေျပာၾကားပါတယ္။ ပုိးကူးစက္ခဲ့သူေတြထဲက ၁၁၀၀၀ ေလာက္ကေတာ့ ျပန္လည္ေနေကာင္းသြားၾကၿပီျဖစ္ပါတယ္။
Coronavirus ပိုးကူးစက္မႈစတင္တဲ့ Hubei ျပည္နယ္မွာ ဒီကေန႔ ေသဆံုးသူ ၁၀၀ ေက်ာ္႐ွိပါတယ္။ ပိုးကူးစက္ေနသူေတြ ေရာဂါျဖစ္ေနသူကို ေစာင့္ေ႐ွာက္ဖုိ႔ က်န္းမာေရး ဝန္ထမ္းေတြလည္း Hubei ျပည္နယ္ကို ေနာက္ထပ္ ေရာက္႐ွိလာၾကပါတယ္။
တ႐ုတ္ႏိုင္ငံျပင္ပမွာ ပိုးကူးစက္သူအမ်ားဆံုးကို ေတြ႔႐ွိတာကေတာ့ ဂ်ပန္ႏိုင္ငံ Yokohama ဆိပ္ကမ္းမွာ သီးျခားခြဲေစာင့္ၾကည့္ခံေနရတဲ့ ဇိမ္ခံအေပ်ာ္စီးသေဘၤာႀကီးေပၚမွာ ျဖစ္ပါတယ္။
ေနာက္တစင္းကလည္း Texas ျပည္နယ္ထဲက Lackland ေလတပ္စခန္းကို နာရီပိုင္းအၾကာမွာပဲ ဆိုက္ေရာက္ခဲ့ပါတယ္။ အဲဒီခရီးသည္ေတြထဲက ၁၄ ေယာက္မွာ Coronavirus ပိုးကူးစက္ေနေပမယ့္ ေရာဂါလကၡ႑ာေတြ မျပတဲ့အတြက္ ေလယာဥ္ေပၚတက္ခြင့္ျပဳခဲ့ေပမဲ့ တျခားခရီးသည္ေတြနဲ႔ သီးျခားခြဲထားခဲ့ပါတယ္။ သေဘၤာေပၚကေန ျပန္ေခၚလာတဲ့ အေမရိကန္အားလံုးကို ၁၄ ရက္ သီးျခားခြဲေစာင့္ၾကည့္မွာျဖစ္ပါတယ္။
Diamond Princess ဇိမ္ခံသေဘၤာႀကီးေပၚမွာ ေနာက္ထပ္ပိုးကူးသူ ၉၉ ေယာက္ ဒီကေန႔ထပ္ေတြ႔တာေၾကာင့္ စုစုေပါင္း ပိုးကူးစက္ေနသူ ၄၅၄ ေယာက္႐ွိသြားပါၿပီ။ အဲဒီသေဘၤာႀကီးေပၚမွာ႐ွိေနတဲ့ Australia ႏိုင္ငံသားေတြကို ကယ္ထုတ္မယ္လို႔ Australia ဝန္ႀကီးခ်ဳပ္က ဒီကေန႔ ေၾကညာခဲ့ပါတယ္။ Canada, Italy, ေတာင္ Korea နဲ႔ ေဟာင္ေကာင္ကလည္း သူတို႔ႏုိင္ငံသားေတြကို သေဘၤာေပၚကေန ကယ္ထုတ္ဖုိ႔ ျပင္ဆင္ေနၾကပါတယ္။
.............
ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးသူ ၁၈၀၀ ထိတိုးလာ
(Unicode)
တရုတ်နိုင်ငံမှာ Coronavirus ပိုးကူးစက်သူ ၇ သောင်းကျော်သွားပြီး သေဆုံးသူ ၁၈၀၀နီးပါးရှိသွားပြီလို့ တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေက ဒီကနေ့ ပြောကြားပါတယ်။ ပိုးကူးစက်ခဲ့သူတွေထဲက ၁၁၀၀၀ လောက်ကတော့ ပြန်လည်နေကောင်းသွားကြပြီဖြစ်ပါတယ်။
Coronavirus ပိုးကူးစက်မှုစတင်တဲ့ Hubei ပြည်နယ်မှာ ဒီကနေ့ သေဆုံးသူ ၁၀၀ ကျော်ရှိပါတယ်။ ပိုးကူးစက်နေသူတွေ ရောဂါဖြစ်နေသူကို စောင့်ရှောက်ဖို့ ကျန်းမာရေး ဝန်ထမ်းတွေလည်း Hubei ပြည်နယ်ကို နောက်ထပ် ရောက်ရှိလာကြပါတယ်။
တရုတ်နိုင်ငံပြင်ပမှာ ပိုးကူးစက်သူအများဆုံးကို တွေ့ရှိတာကတော့ ဂျပန်နိုင်ငံ Yokohama ဆိပ်ကမ်းမှာ သီးခြားခွဲစောင့်ကြည့်ခံနေရတဲ့ ဇိမ်ခံအပျော်စီးသင်္ဘောကြီးပေါ်မှာ ဖြစ်ပါတယ်။
နောက်တစင်းကလည်း Texas ပြည်နယ်ထဲက Lackland လေတပ်စခန်းကို နာရီပိုင်းအကြာမှာပဲ ဆိုက်ရောက်ခဲ့ပါတယ်။ အဲဒီခရီးသည်တွေထဲက ၁၄ ယောက်မှာ Coronavirus ပိုးကူးစက်နေပေမယ့် ရောဂါလက္ခဏ္ဍာတွေ မပြတဲ့အတွက် လေယာဉ်ပေါ်တက်ခွင့်ပြုခဲ့ပေမဲ့ တခြားခရီးသည်တွေနဲ့ သီးခြားခွဲထားခဲ့ပါတယ်။ သင်္ဘောပေါ်ကနေ ပြန်ခေါ်လာတဲ့ အမေရိကန်အားလုံးကို ၁၄ ရက် သီးခြားခွဲစောင့်ကြည့်မှာဖြစ်ပါတယ်။
Diamond Princess ဇိမ်ခံသင်္ဘောကြီးပေါ်မှာ နောက်ထပ်ပိုးကူးသူ ၉၉ ယောက် ဒီကနေ့ထပ်တွေ့တာကြောင့် စုစုပေါင်း ပိုးကူးစက်နေသူ ၄၅၄ ယောက်ရှိသွားပါပြီ။ အဲဒီသင်္ဘောကြီးပေါ်မှာရှိနေတဲ့ Australia နိုင်ငံသားတွေကို ကယ်ထုတ်မယ်လို့ Australia ဝန်ကြီးချုပ်က ဒီကနေ့ ကြေညာခဲ့ပါတယ်။ Canada, Italy, တောင် Korea နဲ့ ဟောင်ကောင်ကလည်း သူတို့နိုင်ငံသားတွေကို သင်္ဘောပေါ်ကနေ ကယ်ထုတ်ဖို့ ပြင်ဆင်နေကြပါတယ်။