(Zawgyi / Unicode)
ကို႐ုိနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္မႈ အဆိုးဆံုးျဖစ္ေနတဲ့ တ႐ုတ္ႏုိင္ငံ ဟူးေဘျပည္နယ္မွာ တနဂၤေႏြေန႔က ၁၃၉ ဦး ထပ္မံေသဆံုးၿပီး ဗိုင္းရပ္စ္ ကူးစက္ခံရမႈေၾကာင့္ ေသဆံုးသူ ၁၆၀၀ ေက်ာ္ထိ ရွိသြားပါၿပီ။
ဟူးေဘျပည္နယ္မွာပဲ ေနာက္ထပ္ ကူးစက္ခံရသူ အသစ္ ၁,၈၄၃ ဦး ထပ္မံေတြ႔ရွိရေၾကာင္း ျပည္နယ္ က်န္းမာေရးေကာ္မရွင္ရဲ႕ မၾကာခင္ကထုတ္တဲ့ ေန႔စဥ္ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ တ႐ုတ္ႏုိင္ငံတြင္း ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူက စုစုေပါင္း ၆၈,၀၀၀ ေက်ာ္ထိ ရွိေနပါတယ္။
အီဂ်စ္ႏုိင္ငံမွာလည္း ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူတဦး ပထမဆံုး ေတြ႔ရွိခဲ့ၿပီး အာဖရိကတိုက္အတြင္း ပထမဆံုး ကူးစက္ခံရသူတဦး ေတြ႔ရွိတာ ျဖစ္ပါတယ္။
တ႐ုတ္အာဏာပိုင္ေတြကေတာ့ ၿမိဳ႕ေတာ္ ေဘဂ်င္းကို ျပန္ေရာက္လာသူေတြ အေနနဲ႔ ၁၄ ရက္ၾကာ ကိုယ္တိုင္ သီးျခားေနထိုင္ဖို႔ ညႊန္ၾကားထားပါတယ္။ မလိုက္နာရင္ေတာ့ ဥပေဒအရ အေရးယူမယ္လို႔လည္း တ႐ုတ္အာဏာပိုင္ေတြက ေျပာဆိုထားပါတယ္။
တ႐ုတ္ႏုိင္ငံတြင္း ေသဆံုးမႈ အမ်ားဆံုးက ဟူးေဘျပည္နယ္ ၿမိဳ႕ေတာ္ ၀ူဟန္မွာ ျဖစ္ၿပီး ကို႐ုိနာဗိုင္းရပ္စ္ စတင္ရာလို႔ သတ္မွတ္ထားၾကတဲ့ေဒသ ျဖစ္ပါတယ္။
တ႐ုတ္ႏုိင္ငံတြင္း က်န္းမာေရးလုပ္သား ၁,၇၁၆ ဦး ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံထားရၿပီး ဒီထဲက ၆ ဦး ေသဆံုးခဲ့ရၿပီး ျဖစ္တယ္လို႔လည္း တ႐ုတ္ က်န္းမာေရးေကာ္မရွင္ ဒုတိယအႀကီးအကဲ Zeng Yixin က ေသာၾကာေန႔မွာ ေျပာဆိုထားပါတယ္။
တ႐ုတ္ႏုိင္ငံရဲ႕ ျပည္သူ႔က်န္းမာေရးဆိုင္ရာ ဥပေဒေတြ ပိုၿပီး ခိုင္မာေအာင္လုပ္ဖို႔ တ႐ုတ္သမၼတ Xi Jinping က ေသာၾကာေန႔မွာ ေျပာဆိုထားပါတယ္။
ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ တားဆီးေရး ေဆာင္ရြက္ခ်က္အျဖစ္ ေငြစကၠဴေတြ သန္႔ရွင္းေရးကိုပါ တ႐ုတ္ဘက္က ေဆာင္ရြက္လာပါတယ္။ ဘဏ္ေတြအေနနဲ႔ တတ္ႏုိင္သမွ် ေငြစကၠဴအသစ္ေတြကိုပဲ ထုတ္ေပးဖို႔လည္း အစိုးရက ေျပာဆိုထားပါတယ္။ ေနာက္ ေငြစကၠဴေတြကို ပိုးသတ္တဲ့ အစီအစဥ္ကိုလည္း တ႐ုတ္က စတင္ ေဆာင္ရြက္ေနပါတယ္။
------------------------------
(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၆၀၀ ကျော်ရှိ
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှု အဆိုးဆုံးဖြစ်နေတဲ့ တရုတ်နိုင်ငံ ဟူးဘေပြည်နယ်မှာ တနင်္ဂနွေနေ့က ၁၃၉ ဦး ထပ်မံသေဆုံးပြီး ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၆၀၀ ကျော်ထိ ရှိသွားပါပြီ။
ဟူးဘေပြည်နယ်မှာပဲ နောက်ထပ် ကူးစက်ခံရသူ အသစ် ၁,၈၄၃ ဦး ထပ်မံတွေ့ရှိရကြောင်း ပြည်နယ် ကျန်းမာရေးကော်မရှင်ရဲ့ မကြာခင်ကထုတ်တဲ့ နေ့စဉ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူက စုစုပေါင်း ၆၈,၀၀၀ ကျော်ထိ ရှိနေပါတယ်။
အီဂျစ်နိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတဦး ပထမဆုံး တွေ့ရှိခဲ့ပြီး အာဖရိကတိုက်အတွင်း ပထမဆုံး ကူးစက်ခံရသူတဦး တွေ့ရှိတာ ဖြစ်ပါတယ်။
တရုတ်အာဏာပိုင်တွေကတော့ မြို့တော် ဘေဂျင်းကို ပြန်ရောက်လာသူတွေ အနေနဲ့ ၁၄ ရက်ကြာ ကိုယ်တိုင် သီးခြားနေထိုင်ဖို့ ညွှန်ကြားထားပါတယ်။ မလိုက်နာရင်တော့ ဥပဒေအရ အရေးယူမယ်လို့လည်း တရုတ်အာဏာပိုင်တွေက ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံတွင်း သေဆုံးမှု အများဆုံးက ဟူးဘေပြည်နယ် မြို့တော် ဝူဟန်မှာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် စတင်ရာလို့ သတ်မှတ်ထားကြတဲ့ဒေသ ဖြစ်ပါတယ်။
တရုတ်နိုင်ငံတွင်း ကျန်းမာရေးလုပ်သား ၁,၇၁၆ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ဒီထဲက ၆ ဦး သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့လည်း တရုတ် ကျန်းမာရေးကော်မရှင် ဒုတိယအကြီးအကဲ Zeng Yixin က သောကြာနေ့မှာ ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေတွေ ပိုပြီး ခိုင်မာအောင်လုပ်ဖို့ တရုတ်သမ္မတ Xi Jinping က သောကြာနေ့မှာ ပြောဆိုထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးရေး ဆောင်ရွက်ချက်အဖြစ် ငွေစက္ကူတွေ သန့်ရှင်းရေးကိုပါ တရုတ်ဘက်က ဆောင်ရွက်လာပါတယ်။ ဘဏ်တွေအနေနဲ့ တတ်နိုင်သမျှ ငွေစက္ကူအသစ်တွေကိုပဲ ထုတ်ပေးဖို့လည်း အစိုးရက ပြောဆိုထားပါတယ်။ နောက် ငွေစက္ကူတွေကို ပိုးသတ်တဲ့ အစီအစဉ်ကိုလည်း တရုတ်က စတင် ဆောင်ရွက်နေပါတယ်။