(Zawgyi/Unicode)
တရုတ္ႏုိင္ငံမွာ ျဖစ္ေနတဲ့ Covid-19 ကုိရုိနာဗုိင္းရပ္စ္ ဘယ္လုိကူးစက္ျပန္႔ႏွံ႔တယ္ဆုိတာနဲ႔ ေရာဂါပုိးဟာ ဘယ္ေလာက္အထိ ျပင္းထန္မႈရွိသလဲ ဆုိတာကုိ စုံစမ္းဖုိ႔ WHO ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီးက ဦးေဆာင္တဲ့ ပညာရွင္အဖြဲ႔ အခုသီတင္းပတ္ကုန္ပုိင္းမွာ တရုတ္ႏုိင္ငံကုိ သြားေရာက္မွာျဖစ္ေၾကာင္း WHO ညြန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus က ေသာၾကာေန႔မွာ ေျပာပါတယ္။
“တရုတ္ႏုိင္ငံမွာ ျဖစ္ေနတဲ့ Covid-19 ကုိ စုံစမ္းစစ္ေဆးဖုိ႔ WHO ဦးေဆာင္တဲ့ ကုိယ္စားလွယ္အဖြဲ႔ တရုတ္ႏုိင္ငံကုိသြားမယ့္အစီအစဥ္ ထေျမာက္ ေအာင္ျမင္ေနၿပီျဖစ္ေၾကာင္း က်ေနာ္ ၀မ္းေျမာက္စြာ ေျပာၾကားလုိပါတယ္။ ဒီကုိယ္စားလွယ္အဖြဲ႔မွာ WHO နဲ႔ ႏုိင္ငံက ကၽြမ္းက်င္ပညာရွင္ ၁၂ ဦး ပါ၀င္ျဖစ္သလုိ အလားတူ အေရအတြက္အတုိင္း တရုတ္ႏုိင္ငံဘက္က ပညာရွင္ေတြလည္း ပါ၀င္ပါလိမ့္မယ္။”
ဒီပညာရွင္အဖြဲ႔ဟာ တရုတ္ႏုိင္ငံကုိ အခုသီတင္းပတ္ကုန္ပုိင္းမွာ ေရာက္ၾကမွာျဖစ္ေၾကာင္း ဒီမုိကရက္တစ္ ကြန္ဂုိသမၼတႏုိင္ငံ၊ Kinshasa ၿမိဳ႕မွာ ေရာက္ေနတဲ့ WHO အႀကီးအကဲ Ghebreyesus က ဂ်နီဗာၿမိဳ႕မွာရွိတဲ့ သတင္းေထာက္ေတြကုိ အဲဒီလုိ ေျပာလုိက္တာ ျဖစ္ပါတယ္။
ကူးစက္ေရာဂါေတြနဲ႔ ပတ္သက္လုိ႔ ကၽြမ္းက်င္မႈရွိတယ္လုိ႔ ကမၻာ့က အသိအမွတ္ျပဳခံထားရတဲ့ အေမရိကန္ျပည္ေထာင္စု ေရာဂါကူးစက္မႈ ကာကြယ္ထိန္းခ်ဳပ္ေရးဌာန CDC ကလည္း ဒီခရီးစဥ္မွာ လုိက္ပါလုိေၾကာင္း ေျပာၾကားထားပါတယ္။
ဒါ့အျပင္ ေသာၾကာေန႔မွာဘဲ ေရာဂါပုိး ထပ္မံကူးစက္သူ ၅,၀၉၀ ရွိခဲ့ေၾကာင္း တရုတ္အစုိးရက ေၾကညာလုိက္တာေၾကာင့္ ဒါဟာ တရုတ္အစုိးရက ေရာဂါကူးစက္မႈနဲ႔ဆုိင္တဲ့ စမ္းသပ္မႈနည္းလမ္းအသစ္ကုိ အသုံးျပဳတဲ့ေနာက္ပုိင္း ၂ ရက္ဆက္တုိက္ ကူးစက္သူအေရအတြက္ သိသိသာသာ တုိးလာျခင္း ျဖစ္ပါတယ္။
..................
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး WHO နဲ့ ပူးတွဲအစီအစဉ် သီတင်းပတ်ကုန်စမည်
(Unicode)
တရုတ်နိုင်ငံမှာ ဖြစ်နေတဲ့ Covid-19 ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကူးစက်ပြန့်နှံ့တယ်ဆိုတာနဲ့ ရောဂါပိုးဟာ ဘယ်လောက်အထိ ပြင်းထန်မှုရှိသလဲ ဆိုတာကို စုံစမ်းဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဦးဆောင်တဲ့ ပညာရှင်အဖွဲ့ အခုသီတင်းပတ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း WHO ညွန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က သောကြာနေ့မှာ ပြောပါတယ်။
“တရုတ်နိုင်ငံမှာ ဖြစ်နေတဲ့ Covid-19 ကို စုံစမ်းစစ်ဆေးဖို့ WHO ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံကိုသွားမယ့်အစီအစဉ် ထမြောက် အောင်မြင်နေပြီဖြစ်ကြောင်း ကျနော် ဝမ်းမြောက်စွာ ပြောကြားလိုပါတယ်။ ဒီကိုယ်စားလှယ်အဖွဲ့မှာ WHO နဲ့ နိုင်ငံက ကျွမ်းကျင်ပညာရှင် ၁၂ ဦး ပါဝင်ဖြစ်သလို အလားတူ အရေအတွက်အတိုင်း တရုတ်နိုင်ငံဘက်က ပညာရှင်တွေလည်း ပါဝင်ပါလိမ့်မယ်။”
ဒီပညာရှင်အဖွဲ့ဟာ တရုတ်နိုင်ငံကို အခုသီတင်းပတ်ကုန်ပိုင်းမှာ ရောက်ကြမှာဖြစ်ကြောင်း ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံ၊ Kinshasa မြို့မှာ ရောက်နေတဲ့ WHO အကြီးအကဲ Ghebreyesus က ဂျနီဗာမြို့မှာရှိတဲ့ သတင်းထောက်တွေကို အဲဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။
ကူးစက်ရောဂါတွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်မှုရှိတယ်လို့ ကမ္ဘာ့က အသိအမှတ်ပြုခံထားရတဲ့ အမေရိကန်ပြည်ထောင်စု ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးဌာန CDC ကလည်း ဒီခရီးစဉ်မှာ လိုက်ပါလိုကြောင်း ပြောကြားထားပါတယ်။
ဒါ့အပြင် သောကြာနေ့မှာဘဲ ရောဂါပိုး ထပ်မံကူးစက်သူ ၅,၀၉၀ ရှိခဲ့ကြောင်း တရုတ်အစိုးရက ကြေညာလိုက်တာကြောင့် ဒါဟာ တရုတ်အစိုးရက ရောဂါကူးစက်မှုနဲ့ဆိုင်တဲ့ စမ်းသပ်မှုနည်းလမ်းအသစ်ကို အသုံးပြုတဲ့နောက်ပိုင်း ၂ ရက်ဆက်တိုက် ကူးစက်သူအရေအတွက် သိသိသာသာ တိုးလာခြင်း ဖြစ်ပါတယ်။