သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ Coronavirus ကူးစက္မႈ ေနာက္ဆံုးအေျခအေန


(Zawgyi/Unicode)

တ႐ုတ္ႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူေတြကုိ သတ္မွတ္ေရတြက္ပုံ ေျပာင္းလဲလုိက္တဲ့ အတြက္ ေသဆုံးသူ အေရအတြက္ ကိန္းဂဏန္းလည္း တုိးလာပါတယ္။ ေသဆုံးသူ အေရအတြက္ ႐ုတ္တရက္ တုိးလာတဲ့အတြက္ စုိးရိမ္မႈေတြ ထြက္ေပၚလာေပမဲ့ ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) တာ၀န္ရွိသူေတြကေတာ့ စုိးရိမ္စရာ မရွိေၾကာင္း ေျပာဆုိခဲ့ၾကတာပါ။

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ ေနာက္ဆုံး အေျခအေနနဲ႔ ပတ္သက္လုိ႔ AFP သတင္းေဆာင္းပါးကိုေတာ့ ကုိေအာင္လြင္ဦးက ေျပာျပေပးမွာ ျဖစ္ပါတယ္။

ကုိ႐ုိနာဗုိင္းရပ္စ္ စတင္ပ်ံ႕ႏွံ႔ခဲ့တဲ့ ၀ူဟန္ၿမိဳ႕ရွိရာ ဟူေဘးျပည္နယ္က အမ်ားစု အပါအ၀င္ ေနာက္ထပ္ ေသဆုံးသူေတြနဲ႔ ေရာဂါကူးစက္မႈေတြကုိ တ႐ုတ္အမ်ဳိးသား က်န္းမာေရး ေကာ္မရွင္ ေျပာခြင့္ရ Mi Feng က ၾကာသပေတးေန႔မွာပဲ အတည္ျပဳလုိက္တာပါ။

“ဟူေဘးျပည္နယ္မွာ ကူးစက္မႈအသစ္ ၁၄,၈၄၀ ကုိ အတည္ျပဳႏုိင္ခဲ့ၿပီး၊ ဒီအထဲက ၁၃,၄၃၆ ေယာက္ကေတာ့ ၀ူဟန္ၿမိဳ႕မွာပါ။ ၀ူဟန္မွာပဲ ကုသေပ်ာက္ကင္းသူ ေနာက္ထပ္ ၈၀၂ ေယာက္နဲ႔ ေဆး႐ုံက ဆင္းခြင့္ျပဳလုိက္သူ ၅၃၈ ေယာက္ ရွိပါတယ္။ ေနာက္ထပ္ ေသဆုံးသူ ၂၄၂ ေယာက္ ရွိခဲ့ၿပီး၊ ဒီအထဲက ၂၁၆ ေယာက္ကေတာ့ ၀ူဟန္ၿမိဳ႕မွာ ျဖစ္ပါတယ္။”

ၾကာသပေတးေန႔အထိ ကူးစက္ခံရသူအျဖစ္ အတည္ျပဳႏုိင္သူ စုစုေပါင္း ၄၃,၄၅၅ ေယာက္ရွိၿပီး၊ ဒီအထဲက ၃၀,၀၄၃ ကေတာ့ ၀ူဟန္ၿမိဳ႕ကျဖစ္ၿပီး၊ ေရာဂါျပင္းထန္သူ ၇,၀၈၄ ေယာက္အနက္ ၅,၄၂၆ ေယာက္ကေတာ့ ၀ူဟန္ၿမိဳ႕က ျဖစ္ေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။

တစ္ေန႔တည္းမွာ အမ်ားဆုံး ကိန္းဂဏန္းျဖစ္တဲ့အတြက္ ေရာဂါျဖစ္ပြားမႈ အေျခအေနဟာ ထင္တာထက္ ပုိဆုိးေနမလားဆုိၿပီး စုိးရိမ္တဲ့ သေဘာထားေတြလည္း ထြက္ေပၚခဲ့တာပါ။ တ႐ုတ္အမ်ဳိးသား က်န္းမာေရး ေကာ္မရွင္ ေျပာခြင့္ရပုဂၢိဳလ္ကေတာ့ ေဆး႐ုံေတြမွာ အဆုတ္ကုိ ဓာတ္မွန္႐ုိက္ကူး စစ္ေဆးတာ အပါအ၀င္ ကူးစက္မႈနဲ႔ ပတ္သက္လုိ႔ သတ္မွတ္ေရတြက္ပုံ ေျပာင္းလဲလုိက္တဲ့အတြက္ ကူးစက္သူ အေရအတြက္ ပုိတုိးလာတာလုိ႔ ဆုိပါတယ္။ ဟူေဘးျပည္နယ္ အျပင္မွာေတာ့ ၾကာသပေတးေန႔က ကူးစက္မႈအသစ္ ၃၁၂ ေယာက္သာ အတည္ျပဳခဲ့တဲ့အတြက္ ၉ ရက္ ဆက္တုိက္အျဖစ္ က်ဆင္းခဲ့တာပါ။ ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) ရဲ႕ က်န္းမာေရး အေရးေပၚအစီအစဥ္ အႀကီးအကဲ Michael Ryan ကေတာ့ အစုိးရိမ္ မလြန္ၾကဖုိ႔ ဆြစ္ဇာလန္ႏုိင္ငံ ဂ်နီဗာၿမိဳ႕မွာ သတင္းေထာက္ေတြကုိ ေျပာဆုိခဲ့တာပါ။

“တ႐ုတ္ႏုိင္ငံမွာ ကူးစက္သူလူနာအသစ္ ကိန္းဂဏန္း ႐ုတ္တရက္ တုိးလာတာ ေတြ႔ရေပမဲ့ ေရာဂါကူးစက္မႈနဲ႔ ပတ္သက္လုိ႔ ခန္႔မွန္းခ်က္မွာေတာ့ အေျပာင္းအလဲ မရွိပါဘူး။”

ဒီမတုိင္ခင္ အခ်ိန္အထိကေတာ့ ကူးစက္မႈေတြကုိ အဆင့္ျမင့္ဓာတ္ခဲြစမ္းသပ္ၿပီးမွ အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။ ဒီအတြက္လည္း ေဆး႐ုံေဆးခန္းေတြမွာပါ သံသယရွိသူေတြကုိ စစ္ေဆးဖုိ႔၊ ပြင့္လင္းျမင္သာမႈရွိဖုိ႔ေတြ လုိအပ္ေၾကာင္းလည္း က်န္းမာေရး ပညာရွင္တခ်ဳိ႕က တုိက္တြန္းေနပါတယ္။ လူေပါင္းေထာင္ေက်ာ္ ေသဆုံးၿပီး ေသာင္းနဲ႔ခ်ီ ကူးစက္ခံေနရတဲ့ ကုိ႐ုိနာဗုိင္းရပ္စ္ တုိက္ဖ်က္ေရးမွာ အားတက္စရာ ရလဒ္ေတြ ေတြ႔ရေၾကာင္း တ႐ုတ္သမၼတ Xi Jinping ေျပာဆုိလုိက္ၿပီး နာရီပုိင္းအၾကာမွာပဲ ေသဆုံးမႈနဲ႔ ကူးစက္မႈေတြ ပုိတုိးလာတဲ့သတင္း ထြက္ေပၚလာတာပါ။ ဗုိင္းရပ္စ္ပုိး အႏၱရာယ္ကုိ ကုိင္တြယ္ေျဖရွင္းရာမွာ ေ၀ဖန္မႈေတြနဲ႔ ႀကံဳေနရခ်ိန္မွာပဲ ကူးစက္မႈေတြ စတင္ခဲ့ရာ ဟူေဘးျပည္နယ္က ကြန္ျမဴနစ္ပါတီ ထိပ္တန္းအရာရွိ ၂ ေယာက္ကုိလည္း ရာထူးက ဖယ္ရွားလုိက္ပါတယ္။

WHO ညႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus ကေတာ့ ေရာဂါတုိက္ဖ်က္ေရး တ႐ုတ္ႏုိင္ငံရဲ႕ ႀကိဳးပမ္းမႈေတြကုိ အသိအမွတ္ျပဳဖုိ႔လုိေၾကာင္း ေျပာဆုိခဲ့တာပါ။

“တ႐ုတ္ႏုိင္ငံက ေဆာင္ရြက္ေနတဲ့ အစီအစဥ္ေကာင္းေတြေၾကာင့္ ဗုိင္းရပ္စ္ကူးစက္မႈ အရွိန္ေလ်ာ့က်လာပါတယ္။ အခ်က္အလက္ေတြကလည္း သက္ေသျပေနပါတယ္။ ဒါကုိ အသိအမွတ္ျပဳရပါလိမ့္မယ္။ ေကာင္းမြန္တဲ့ လုပ္ရပ္ေတြကုိ အသိအမွတ္ျပဳ လက္ခံတယ္ဆုိရင္ တျခားႏုိင္ငံေတြကလည္း အတုယူႏုိင္ၾကမွာပါ။”

တခ်ိန္တည္းမွာပဲ တ႐ုတ္ႏုိင္ငံ ျပင္ပမွာလည္း ကူးစက္မႈေတြ ႀကံဳေနရဆဲျဖစ္ပါတယ္။ ဗီယက္နမ္ႏုိင္ငံမွာဆုိရင္ ရြာေတြမွာ ကူးစက္သူ ၆ ေယာက္ကုိ အတည္ျပဳႏုိင္ခဲ့ၿပီးေနာက္ လူေပါင္း တစ္ေသာင္းေလာက္ကုိ သီးသန္႔ခဲြထားၿပီး ေစာင့္ၾကည့္စစ္ေဆးေနရတာပါ။ ဂ်ပန္ႏုိင္ငံမွာလည္း ပထမဆုံး ကုိ႐ုိနာဗုိင္းရစ္ေၾကာင့္ ေသဆုံးသူ တစ္ေယာက္ရွိခဲ့တဲ့အတြက္ ဖိလစ္ပုိင္နဲ႔ ေဟာင္ေဟာင္ အပါအ၀င္ တ႐ုတ္ျပည္မႀကီး ျပင္ပမွာ တတိယေျမာက္ ေသဆုံးမႈလည္း ျဖစ္ခဲ့ပါတယ္။

တ႐ုတ္ Coronavirus ကူးစက္မႈ ေနာက္ဆံုးအေျခအေန
please wait

No media source currently available

0:00 0:03:45 0:00
တိုက္႐ိုက္ လင့္ခ္


.................

တရုတ် Coronavirus ကူးစက်မှု နောက်ဆုံးအခြေအနေ

(Unicode)

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို သတ်မှတ်ရေတွက်ပုံ ပြောင်းလဲလိုက်တဲ့ အတွက် သေဆုံးသူ အရေအတွက် ကိန်းဂဏန်းလည်း တိုးလာပါတယ်။ သေဆုံးသူ အရေအတွက် ရုတ်တရက် တိုးလာတဲ့အတွက် စိုးရိမ်မှုတွေ ထွက်ပေါ်လာပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တာဝန်ရှိသူတွေကတော့ စိုးရိမ်စရာ မရှိကြောင်း ပြောဆိုခဲ့ကြတာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ AFP သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့တဲ့ ဝူဟန်မြို့ရှိရာ ဟူဘေးပြည်နယ်က အများစု အပါအဝင် နောက်ထပ် သေဆုံးသူတွေနဲ့ ရောဂါကူးစက်မှုတွေကို တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင် ပြောခွင့်ရ Mi Feng က ကြာသပတေးနေ့မှာပဲ အတည်ပြုလိုက်တာပါ။

“ဟူဘေးပြည်နယ်မှာ ကူးစက်မှုအသစ် ၁၄,၈၄၀ ကို အတည်ပြုနိုင်ခဲ့ပြီး၊ ဒီအထဲက ၁၃,၄၃၆ ယောက်ကတော့ ဝူဟန်မြို့မှာပါ။ ဝူဟန်မှာပဲ ကုသပျောက်ကင်းသူ နောက်ထပ် ၈၀၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ပြုလိုက်သူ ၅၃၈ ယောက် ရှိပါတယ်။ နောက်ထပ် သေဆုံးသူ ၂၄၂ ယောက် ရှိခဲ့ပြီး၊ ဒီအထဲက ၂၁၆ ယောက်ကတော့ ဝူဟန်မြို့မှာ ဖြစ်ပါတယ်။”

ကြာသပတေးနေ့အထိ ကူးစက်ခံရသူအဖြစ် အတည်ပြုနိုင်သူ စုစုပေါင်း ၄၃,၄၅၅ ယောက်ရှိပြီး၊ ဒီအထဲက ၃၀,၀၄၃ ကတော့ ဝူဟန်မြို့ကဖြစ်ပြီး၊ ရောဂါပြင်းထန်သူ ၇,၀၈၄ ယောက်အနက် ၅,၄၂၆ ယောက်ကတော့ ဝူဟန်မြို့က ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ တစ်နေ့တည်းမှာ အများဆုံး ကိန်းဂဏန်းဖြစ်တဲ့အတွက် ရောဂါဖြစ်ပွားမှု အခြေအနေဟာ ထင်တာထက် ပိုဆိုးနေမလားဆိုပြီး စိုးရိမ်တဲ့ သဘောထားတွေလည်း ထွက်ပေါ်ခဲ့တာပါ။

တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဆေးရုံတွေမှာ အဆုတ်ကို ဓာတ်မှန်ရိုက်ကူး စစ်ဆေးတာ အပါအဝင် ကူးစက်မှုနဲ့ ပတ်သက်လို့ သတ်မှတ်ရေတွက်ပုံ ပြောင်းလဲလိုက်တဲ့အတွက် ကူးစက်သူ အရေအတွက် ပိုတိုးလာတာလို့ ဆိုပါတယ်။ ဟူဘေးပြည်နယ် အပြင်မှာတော့ ကြာသပတေးနေ့က ကူးစက်မှုအသစ် ၃၁၂ ယောက်သာ အတည်ပြုခဲ့တဲ့အတွက် ၉ ရက် ဆက်တိုက်အဖြစ် ကျဆင်းခဲ့တာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကျန်းမာရေး အရေးပေါ်အစီအစဉ် အကြီးအကဲ Michael Ryan ကတော့ အစိုးရိမ် မလွန်ကြဖို့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

“တရုတ်နိုင်ငံမှာ ကူးစက်သူလူနာအသစ် ကိန်းဂဏန်း ရုတ်တရက် တိုးလာတာ တွေ့ရပေမဲ့ ရောဂါကူးစက်မှုနဲ့ ပတ်သက်လို့ ခန့်မှန်းချက်မှာတော့ အပြောင်းအလဲ မရှိပါဘူး။”

ဒီမတိုင်ခင် အချိန်အထိကတော့ ကူးစက်မှုတွေကို အဆင့်မြင့်ဓာတ်ခွဲစမ်းသပ်ပြီးမှ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက်လည်း ဆေးရုံဆေးခန်းတွေမှာပါ သံသယရှိသူတွေကို စစ်ဆေးဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့တွေ လိုအပ်ကြောင်းလည်း ကျန်းမာရေး ပညာရှင်တချို့က တိုက်တွန်းနေပါတယ်။ လူပေါင်းထောင်ကျော် သေဆုံးပြီး သောင်းနဲ့ချီ ကူးစက်ခံနေရတဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ အားတက်စရာ ရလဒ်တွေ တွေ့ရကြောင်း တရုတ်သမ္မတ Xi Jinping ပြောဆိုလိုက်ပြီး နာရီပိုင်းအကြာမှာပဲ သေဆုံးမှုနဲ့ ကူးစက်မှုတွေ ပိုတိုးလာတဲ့သတင်း ထွက်ပေါ်လာတာပါ။ ဗိုင်းရပ်စ်ပိုး အန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရာမှာ ဝေဖန်မှုတွေနဲ့ ကြုံနေရချိန်မှာပဲ ကူးစက်မှုတွေ စတင်ခဲ့ရာ ဟူဘေးပြည်နယ်က ကွန်မြူနစ်ပါတီ ထိပ်တန်းအရာရှိ ၂ ယောက်ကိုလည်း ရာထူးက ဖယ်ရှားလိုက်ပါတယ်။

WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကတော့ ရောဂါတိုက်ဖျက်ရေး တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုဖို့လိုကြောင်း ပြောဆိုခဲ့တာပါ။

“တရုတ်နိုင်ငံက ဆောင်ရွက်နေတဲ့ အစီအစဉ်ကောင်းတွေကြောင့် ဗိုင်းရပ်စ်ကူးစက်မှု အရှိန်လျော့ကျလာပါတယ်။ အချက်အလက်တွေကလည်း သက်သေပြနေပါတယ်။ ဒါကို အသိအမှတ်ပြုရပါလိမ့်မယ်။ ကောင်းမွန်တဲ့ လုပ်ရပ်တွေကို အသိအမှတ်ပြု လက်ခံတယ်ဆိုရင် တခြားနိုင်ငံတွေကလည်း အတုယူနိုင်ကြမှာပါ။”

တချိန်တည်းမှာပဲ တရုတ်နိုင်ငံ ပြင်ပမှာလည်း ကူးစက်မှုတွေ ကြုံနေရဆဲဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာဆိုရင် ရွာတွေမှာ ကူးစက်သူ ၆ ယောက်ကို အတည်ပြုနိုင်ခဲ့ပြီးနောက် လူပေါင်း တစ်သောင်းလောက်ကို သီးသန့်ခွဲထားပြီး စောင့်ကြည့်စစ်ဆေးနေရတာပါ။ ဂျပန်နိုင်ငံမှာလည်း ပထမဆုံး ကိုရိုနာဗိုင်းရစ်ကြောင့် သေဆုံးသူ တစ်ယောက်ရှိခဲ့တဲ့အတွက် ဖိလစ်ပိုင်နဲ့ ဟောင်ဟောင် အပါအဝင် တရုတ်ပြည်မကြီး ပြင်ပမှာ တတိယမြောက် သေဆုံးမှုလည်း ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG