သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ေသဆံုးသူ ၁,၁၀၀ ေက်ာ္ၿပီ


(Zawgyi/Unicode)

တ႐ုတ္ႏုိင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူအေရအတြက္ ၁,၁၀၀ ေက်ာ္သြားၿပီလို႔ တ႐ုတ္ က်န္းမာေရးတာဝန္ရွိသူေတြက ဗုဒၶဟူးေန႔မွာ ထုတ္ျပန္ပါတယ္။

ၿပီးခဲ့တဲ့ရက္က ေသဆံုးသူအေရအတြက္မွာ ေနာက္ထပ္ ၉၇ ေယာက္ ထပ္တိုးလာတာျဖစ္ၿပီး ေရာဂါပိုးကူးစက္ထားသူေပါင္းက ၄၄,၀၀၀ ေက်ာ္သြားၿပီလို႔ တ႐ုတ္ အမ်ဳိးသားက်န္းမာေရးေကာ္မရွင္က ေျပာပါတယ္။ ေရာဂါပိုး ကူးစက္သူအားလံုးကို ထည့္သြင္းေရတြက္ထားရဲ႕လား ဆိုတဲ့အေပၚ ကၽြမ္းက်င္သူတခ်ဳိ႕ကေတာ့ သံသယရွိၾကပါတယ္။

အခုထုတ္ျပန္တဲ့ အေရအတြက္သာ တိက်မွန္ကန္မယ္ဆုိရင္ေတာ့ ေရာဂါပိုး ကူးစက္ထားသူအေရအတြက္အျဖစ္ အဂၤါေန႔က ထုတ္ျပန္တာ ၂,၁၀၅ ဦးရွိတာမို႔ ဒါဟာ ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္းက ကူးစက္သူအေရအတြက္ထက္ ပိုနည္းသြားတာပါ။

Coronavirus စတင္သတိေပးတဲ႔ တ႐ုတ္ဆရာ၀န္ ကြယ္လြန္ သတင္း ဖတ္႐ႈႏုိင္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူနဲ႔ ကူးစက္သူအေရအတြက္ အမ်ားစုဟာ တ႐ုတ္ျပည္မႀကီးအတြင္းမွာျဖစ္ၿပီး တျခားႏုိင္ငံေပါင္း ၂၇ ႏုိင္္ငံထက္မနည္းမွာလည္း ေရာဂါပိုးကူးစက္ထားသူေတြ ရွိေနပါတယ္။ အဲဒီလူေတြကေတာ့ အမ်ားအားျဖင့္ တ႐ုတ္ႏုိင္ငံကို ခရီးသြားခဲ့ၾကသူေတြပါ။

အဲဒီထဲမွာ အမ်ားဆံုး ကူးစက္ခံထားရတာကေတာ့ ဂ်ပန္ႏုိင္္ငံ၊ ယုိကိုဟားမားဆိပ္ကမ္းမွာ ဆိုက္ထားတဲ့ Diamond Princess အေပ်ာ္စီးသေဘၤာႀကီးေပၚမွာ ျဖစ္ပါတယ္။ သေဘၤာေပၚပါ လူေပါင္း ၃,၇၀၀ မွာ စုစုေပါင္း ၁၇၅ ေယာက္ ဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရတယ္လုိ႔ ဂ်ပန္က်န္းမာေရးဌာနက အတည္ျပဳထုတ္ျပန္ထားပါတယ္။

ဒီအေတာအတြင္းမွာပဲ ေဟာင္ေကာင္မွာ ၿပီးခဲ့တဲ့ သီတင္းႏွစ္ပတ္ေလာက္က ဆိုက္ကပ္ခဲ့တဲ့ Holland America Line ပိုင္ Westerdam အေပ်ာ္စီးသေဘၤာႀကီးေပၚက ခရီးသည္ ၂၀၀၀ ေလာက္ကို ထိုင္းႏုိင္ငံထဲဝင္ခြင့္ျပဳမွာ မဟုတ္ဘူးလို႔ ထိုင္္းဝန္ႀကီးခ်ဳပ္က အဂၤါေန႔မွာေျပာပါတယ္။

ဆီျဖည့္ဖုိ႔၊ အစားအစာနဲ႔ လိုအပ္တဲ့ တျခားပစၥည္းေတြ ျပန္ျဖည့္ဖို႔အတြက္ပဲ သေဘၤာကို ဆိုက္ကပ္ခြင့္ေပးမယ္လုိ႔ ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha က ဘန္ေကာက္မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

သေဘၤာေပၚပါ ခရီးသည္ေတြထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ထားသူအျဖစ္ စစ္ေဆး အတည္ျပဳထားတာေတာ့ တေယာက္မွ မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၁,၁၀၀ ကျော်ပြီ

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ၁,၁၀၀ ကျော်သွားပြီလို့ တရုတ် ကျန်းမာရေးတာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ရက်က သေဆုံးသူအရေအတွက်မှာ နောက်ထပ် ၉၇ ယောက် ထပ်တိုးလာတာဖြစ်ပြီး ရောဂါပိုးကူးစက်ထားသူပေါင်းက ၄၄,၀၀၀ ကျော်သွားပြီလို့ တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်က ပြောပါတယ်။ ရောဂါပိုး ကူးစက်သူအားလုံးကို ထည့်သွင်းရေတွက်ထားရဲ့လား ဆိုတဲ့အပေါ် ကျွမ်းကျင်သူတချို့ကတော့ သံသယရှိကြပါတယ်။

အခုထုတ်ပြန်တဲ့ အရေအတွက်သာ တိကျမှန်ကန်မယ်ဆိုရင်တော့ ရောဂါပိုးကူးစက်ထားသူအရေအတွက်အဖြစ် အင်္ဂါနေ့က ထုတ်ပြန်တာ ၂,၁၀၅ ဦးရှိတာမို့ ဒါဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းက ကူးစက်သူအရေအတွက်ထက် ပိုနည်းသွားတာပါ။

Coronavirus စတင္သတိေပးတဲ႔ တ႐ုတ္ဆရာ၀န္ ကြယ္လြန္ သတင္း ဖတ္႐ႈႏုိင္ပါတယ္။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူနဲ့ ကူးစက်သူအရေအတွက် အများစုဟာ တရုတ်ပြည်မကြီးအတွင်းမှာဖြစ်ပြီး တခြားနိုင်ငံပေါင်း ၂၇ နိုင်ငံထက်မနည်းမှာလည်း ရောဂါပိုးကူးစက်ထားသူတွေ ရှိနေပါတယ်။ အဲဒီလူတွေကတော့ အများအားဖြင့် တရုတ်နိုင်ငံကို ခရီးသွားခဲ့ကြသူတွေပါ။

အဲဒီထဲမှာ အများဆုံး ကူးစက်ခံထားရတာကတော့ ဂျပန်နိုင်ငံ၊ ယိုကိုဟားမားဆိပ်ကမ်းမှာ ဆိုက်ထားတဲ့ Diamond Princess အပျော်စီးသင်္ဘောကြီးပေါ်မှာ ဖြစ်ပါတယ်။ သင်္ဘောပေါ်ပါ လူပေါင်း ၃,၇၀၀ မှာ စုစုပေါင်း ၁၇၅ ယောက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတယ်လို့ ဂျပန်ကျန်းမာရေးဌာနက အတည်ပြုထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်းမှာပဲ ဟောင်ကောင်မှာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက်က ဆိုက်ကပ်ခဲ့တဲ့ Holland America Line ပိုင် Westerdam အပျော်စီးသင်္ဘောကြီးပေါ်က ခရီးသည် ၂၀၀၀ လောက်ကို ထိုင်းနိုင်ငံထဲဝင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ်က အင်္ဂါနေ့မှာပြောပါတယ်။

ဆီဖြည့်ဖို့၊ အစားအစာနဲ့ လိုအပ်တဲ့ တခြားပစ္စည်းတွေ ပြန်ဖြည့်ဖို့အတွက်ပဲ သင်္ဘောကို ဆိုက်ကပ်ခွင့်ပေးမယ်လို့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က ဘန်ကောက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

သင်္ဘောပေါ်ပါ ခရီးသည်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားသူအဖြစ် စစ်ဆေး အတည်ပြုထားတာတော့ တယောက်မှ မရှိပါဘူး။

XS
SM
MD
LG