(Zawgyi/Unicode)
ကုိ႐ုိနာဗုိင္းရပ္စ္ အႏၱရာယ္ကုိ ႀကိတင္သတိေပးဖုိ႔ ႀကိဳးပမ္းရာက အာဏာပုိင္ေတြ ၿငဳိျငင္တာခံခဲ့ရတဲ့ ဆရာ၀န္ဟာ ဗုိင္းရပ္စ္ပုိး ကူးစက္ခံရၿပီး ေသာၾကာေန႔မွာပဲ ကြယ္လြန္သြားပါတယ္။
၀ူဟန္ၿမိဳ႕ ဗဟုိေဆး႐ုံရဲ႕ လူမႈကြန္ရက္မွာေတာ့ အသက္ ၃၄ ႏွစ္အရြယ္ မ်က္ေစ့အထူးကုဆရာ၀န္ Dr. Li Wenliang ဟာ ကုိ႐ုိနာဗုိင္းရပ္စ္ တုိက္ဖ်က္ေရး ႀကိဳးပမ္းေနရင္း ေရာဂါကူးစက္ခံရၿပီး ကြယ္လြန္သြားတဲ့အတြက္ ၀မ္းနည္းေၾကာင္း ေဖာ္ျပခဲ့တာပါ။
Dr. Li ဟာ ဗုိင္းရပ္စ္ကူးစက္မႈ အႏၱရယ္နဲ႔ ပတ္သက္လုိ႔ ေကာလဟလေတြ ျဖန္႔္ခဲ့တယ္ဆုိၿပီး ေဒသခံရဲတပ္ဖဲြ႔က ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလေႏွာင္းပုိင္းမွာပဲ သတိေပးခံခဲ့ရတယ္လုိ႔လည္း သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။ Dr. Li ေသဆုံးတဲ့ သတင္းအေပၚ ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) ကလည္း အလြန္အမင္း စိတ္မေကာင္း ျဖစ္ရေၾကာင္း ေျပာဆုိုလုိက္သလုိ၊ ဗုိင္းရပ္စ္ပုိး တုိက္ဖ်က္ေရး သူ႔ရဲ႕ႀကိဳးပမ္းမႈေတြကုိ အမွတ္ရၾကဖုိ႔လည္း တုိက္တြန္းခဲ့တာပါ။
Dr. Li အသည္းအသန္ ေနထိ္ုင္မေကာင္းျဖစ္ေနတဲ့အေၾကာင္း ေသာၾကာေန႔ အေစာပုိင္းမွာ ၀ူဟန္ေဆး႐ုံက သတင္းထုတ္ျပန္လုိက္ၿပီး နာရီ၀က္ေလာက္ အတြင္းမွာပဲ လူမႈကြန္ရက္ေပၚမွာ မွတ္ခ်က္ေပါင္း ၅ သိန္းေလာက္ ေတြ႔ခဲ့ရၿပီး၊ ေတာ္ေတာ္မ်ားမ်ားကေတာ့ သူျပန္ေနေကာင္းလာဖုိ႔ ေမွ်ာ္လင့္ခ်က္ေတြကုိ ေရးသားခဲ့ၾကပါတယ္။
ကုိ႐ုိနာဗုိင္းရပ္စ္ အႏၱရာယ္နဲ႔ ပတ္သက္လုိ႔ အစုိးရက ဘာမွမလုပ္ခင္မွာ လုပ္ေဖာ္ကုိင္ဖက္ေတြနဲ႔ တျခားလူေတြကုိ သတိေပးဖုိ႔ ႀကိဳးစားခဲ့ၾကတဲ့ ေဆးဖက္ဆုိင္ရာ ၀န္ထမ္းေတြထဲမွာ ကြယ္လြန္သူ Dr. Li ဟာလည္း တဦးအပါအ၀င္ျဖစ္ေၾကာင္း New York Times သတင္းစာက ဒီသီတင္းပတ္ အေစာပုိင္းမွာပဲ ေရးသားခဲ့ပါတယ္။
ဗုိင္းရပ္္စ္စတင္ ပ်ံ႕ႏွံ႔ရာ Hubei ျပည္နယ္မွာ ေသဆုံးသူ ေနာက္ထပ္ ၆၉ ေယာက္ ထပ္တုိးလာတဲ့အတြက္ ေသာၾကာေန႔အထိ စုစုေပါင္း ေသဆုံးသူ အေရအတြက္ဟာ ၆၃၀ ထက္မနည္း ရွိသြားပါၿပီ။ ေနာက္ထပ္ကူးစက္သူ ၂,၄၄၇ ေယာက္ ေတြ႔ရွိထားေၾကာင္းလည္း Hubei ျပည္နယ္က်န္းမာေရး ေကာ္မရွင္က သတင္းထုတ္ျပန္ထားပါတယ္။
.....................
Coronavirus စတင်သတိပေးတဲ့ တရုတ်ဆရာဝန် ကွယ်လွန်
(Unicode)
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို ကြိတင်သတိပေးဖို့ ကြိုးပမ်းရာက အာဏာပိုင်တွေ ငြိုငြင်တာခံခဲ့ရတဲ့ ဆရာဝန်ဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး သောကြာနေ့မှာပဲ ကွယ်လွန်သွားပါတယ်။ ဝူဟန်မြို့ ဗဟိုဆေးရုံရဲ့ လူမှုကွန်ရက်မှာတော့ အသက် ၃၄ နှစ်အရွယ် မျက်စေ့အထူးကုဆရာဝန် Dr. Li Wenliang ဟာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်းနေရင်း ရောဂါကူးစက်ခံရပြီး ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့တာပါ။
Dr. Li ဟာ ဗိုင်းရပ်စ်ကူးစက်မှု အန္တရယ်နဲ့ ပတ်သက်လို့ ကောလဟလတွေ ဖြန့်ခဲ့တယ်ဆိုပြီး ဒေသခံရဲတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနှောင်းပိုင်းမှာပဲ သတိပေးခံခဲ့ရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ Dr. Li သေဆုံးတဲ့ သတင်းအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း အလွန်အမင်း စိတ်မကောင်း ဖြစ်ရကြောင်း ပြောဆိုလိုက်သလို၊ ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေး သူ့ရဲ့ကြိုးပမ်းမှုတွေကို အမှတ်ရကြဖို့လည်း တိုက်တွန်းခဲ့တာပါ။
Dr. Li အသည်းအသန် နေထိုင်မကောင်းဖြစ်နေတဲ့အကြောင်း သောကြာနေ့ အစောပိုင်းမှာ ဝူဟန်ဆေးရုံက သတင်းထုတ်ပြန်လိုက်ပြီး နာရီဝက်လောက် အတွင်းမှာပဲ လူမှုကွန်ရက်ပေါ်မှာ မှတ်ချက်ပေါင်း ၅ သိန်းလောက် တွေ့ခဲ့ရပြီး၊ တော်တော်များများကတော့ သူပြန်နေကောင်းလာဖို့ မျှော်လင့်ချက်တွေကို ရေးသားခဲ့ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်နဲ့ ပတ်သက်လို့ အစိုးရက ဘာမှမလုပ်ခင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တခြားလူတွေကို သတိပေးဖို့ ကြိုးစားခဲ့ကြတဲ့ ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေထဲမှာ ကွယ်လွန်သူ Dr. Li ဟာလည်း တဦးအပါအဝင်ဖြစ်ကြောင်း New York Times သတင်းစာက ဒီသီတင်းပတ် အစောပိုင်းမှာပဲ ရေးသားခဲ့ပါတယ်။
ဗိုင်းရပ်စ်စတင် ပျံ့နှံ့ရာ Hubei ပြည်နယ်မှာ သေဆုံးသူ နောက်ထပ် ၆၉ ယောက် ထပ်တိုးလာတဲ့အတွက် သောကြာနေ့အထိ စုစုပေါင်း သေဆုံးသူ အရေအတွက်ဟာ ၆၃၀ ထက်မနည်း ရှိသွားပါပြီ။ နောက်ထပ်ကူးစက်သူ ၂,၄၄၇ ယောက် တွေ့ရှိထားကြောင်းလည်း Hubei ပြည်နယ်ကျန်းမာရေး ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။