သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၂၇ ယောက်ရှိပြီ


တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူကို ဆေးဝန်ထမ်း တဦးက စမ်းသပ်နေစဉ် (ဇန်နဝါရီ၊ ၂၈၊ ၂၀၂၀)
တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူကို ဆေးဝန်ထမ်း တဦးက စမ်းသပ်နေစဉ် (ဇန်နဝါရီ၊ ၂၈၊ ၂၀၂၀)

(Zawgyi/Unicode)

ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေးအခြေအနေအဖြစ် သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၄၂၇ ယောက်အထိ ရှိသွားပြီဖြစ်သလို ဒီရောဂါပိုး တိုက်ဖျက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်သွားမယ့်အကြောင်း တရုတ်သမ္မတ ရှီကျင်းဖျင်က တနင်္လာနေ့က ထပ်မံပြောဆိုလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း ၂၀,၀၀၀ ကျော်အထိ ရှိသွားပြီဖြစ်ကြောင်း တရုတ်အစိုးရက အတည်ပြုထားသလို ဒါဟာ အရင်က SARS ရောဂါကူးစက်ခံရသူ အရေအတွက်ထက် ၁၅,၀၀၀ လောက် ပိုများတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားမှုတွေဟာ တရုတ်နိုင်ငံနဲ့ တရုတ် အစိုးရရဲ့ အုပ်ချုပ်မှုစွမ်းရည်အပေါ် စမ်းသပ်မှုကြီး တခုဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုအစည်းအဝေးမှာ သမ္မတရှီက ပြောသွားပါတယ်။

အစိုးရဘက်က ရောဂါနှိမ်နင်းရေး ကိုင်တွယ်မှု နှေးကွေးတာမျိုးမဖြစ်အောင် ထိထိရောက်ရောက်ကိုင်တွယ်ဖို့ သတိပေးခဲ့သလို ဗဟိုညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိသူတွေကို အပြစ်ပေး အရေးယူသွားမယ့်အကြောင်းလည်း သမ္မတရှီက သတိပေးပြောဆိုကြောင်းကို တရုတ်အစိုးရ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပြီးခဲ့တဲ့နှစ်ကုန်က စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ကမ္ဘာတဝန်း နိုင်ငံနဲ့ ဒေသ၂၀ ကျော်အထိ ကူးစက် ပျံ့နှံ့နေတာဖြစ်ပြီး ဟောင်ကောင်ကျွန်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ အခုနောက်ဆုံး ဒီရောဂါကြောင့် သေဆုံးသူ တဦးစီ ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့ဖြစ်ပွားမှုကို ထိန်းချုပ်တဲ့အနေနဲ့ နိုင်ငံအတော်များများမှာ တရုတ်ခရီးသွားတွေကို လာရောက်တာကို ကန့်သတ်ထားသလို ကမ္ဘာတဝန်းက တရုတ်နိုင်ငံကို သွားရောက်တဲ့ လေယာဉ်ခရီးစဉ်တွေလည်း ရပ်နားထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG