သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေတိုး


ဝူဟန်မြို့ ဆေးရုံတခုတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအား Scan ဖတ် စစ်ဆေးနေသည့် ကျန်းမာရေးဝန်ထမ်းများ။ (ဖေဖော်ဝါရီ ၂၊ ၂၀၂၀)
ဝူဟန်မြို့ ဆေးရုံတခုတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအား Scan ဖတ် စစ်ဆေးနေသည့် ကျန်းမာရေးဝန်ထမ်းများ။ (ဖေဖော်ဝါရီ ၂၊ ၂၀၂၀)

(Zawgyi / Unicode)

တရုတ်နိုင်ငံ Hubei ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် တနင်္ဂနွေနေ့မှာ နောက်ထပ် လူ ၅၆ ဦး သေဆုံးခဲ့တာကြောင့် စုစုပေါင်းသေဆုံးသူ ၃၅၀ ရှိသွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးကော်မရှင်က တနလာၤနေ့မှာ ပြောတာကို ကိုးကားပြီး Reuters သတင်းက ဖော်ပြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက်ဖြစ်ပွားနေရာ ဝူဟန်မြို့ရှိနေတဲ့ Hubei ပြည်နယ်တွင်း တနင်္ဂနွေနေ့က ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၂၁၀၃ ယောက် ထပ်မံတွေ့ရှိကြောင်းလည်း ပြောဆိုထားပါတယ်။

Hubei ပြည်နယ်ထဲက ဝူဟန်မြို့ကို သီတင်းပတ်နဲ့ချီ ပိတ်ထားတာဖြစ်ပြီး ဝူဟန်နဲ့ ကီလိုမီတာ ၈၀၀ အကွာက Wenzhou မြို့ကိုလည်း ပိတ်ပင်ကြောင်း တရုတ်အာဏာပိုင်တို့က တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။

ဖိလစ်ပိုင်နိုင်ငံက အမျိုးသားတဦးလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် တနင်္ဂနွေနေ့က သေဆုံးခဲ့ပြီး ဒါဟာဆိုရင် တရုတ်ပြည်ပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးမှု ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှှုံမှုနဲ့ ပတ်သက်တဲ့ အစောပိုင်း အချက်အလက်တွေကို ဖုံးကွယ်ထားခဲ့တယ်ဆိုပြီး ဝူဟန်ဒေသခံတွေ အပါအဝင် သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

coronavirus အန္တရာယ်မှ ကာကွယ်ရန်နည်းလမ်းများ
coronavirus အန္တရာယ်မှ ကာကွယ်ရန်နည်းလမ်းများ

ဒါ့အပြင် ဒီဇင်ဘာလတုန်းက ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး ပြောဆိုကြတဲ့ ဆရာဝန်တွေ အပါအဝင် လူအများအပြားကို တရုတ်အစိုးရက ဖမ်းဆီးမယ်ဆိုတဲ့ အထိ ခြိမ်းခြောက်ခဲ့တယ် ဆိုတာမျိုးတွေလည်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

ဒီဇင်ဘာလတုန်းက ဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန် အကြောင်းကို ဗွီအိုအေ မန်ဒရင်း တရုတ်ဌာနကို ပြောပြတဲ့ ဝူဟန်မှာနေထိုင်သူ အမေရိကန်နိုင်ငံသူ တဦးကတော့ ဒီ ကောလာဟလတွေက တရုတ်အင်တာနက်တွေမှာ ပျံ့နှံ့နေခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းတွေ ဖြန့်တဲ့သူတွေကို ရှာဖွေဖမ်းဆီးဖို့ မြို့အုပ်ချုပ်ရေးအဖွဲ့က ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့တယ်လို့လည်း သူမက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အစောပိုင်းကာလမှာ တရုတ်အစိုးရရဲ့ တုံ့ပြန်ကိုင်တွယ်မှုက ဒီကူးစက်ရောဂါကြီးကို ပိုပြီး ဆိုးသွားစေနိုင်တယ်လို့ ရည်ညွှန်းထားတဲ့ သတင်းတပုဒ်ကိုလည်း New York Times က သီတင်းပတ်ကုန်ပိုင်းမှာ ရေးသားခဲ့ပါတယ်။

----------------------------------

(Unicode)











တိုက်ရိုက် လင့်ခ်


XS
SM
MD
LG