(Zawgyi / Unicode)
ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ တဦးေသဆံုးေၾကာင္း ဖိလစ္ပိုင္က ဒီကေန႔မွာ ေၾကညာပါတယ္။ ဒါဟာ တ႐ုတ္ႏိုင္ငံျပင္ပမွာ ပထမဆံုး ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေၾကာင့္ ေသဆံုးတာျဖစ္ပါတယ္။
ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈအေရး စိုးရိမ္ခ်က္ေၾကာင့္ တ႐ုတ္ႏုိင္ငံမွာ လတ္တေလာ ေနထိုင္ခဲ့ၾကသူ ႏိုင္ငံျခားသားေတြရဲ႕ ခရီးသြားလာခြင့္ကို တင္းက်ပ္မယ့္အေၾကာင္း ၾသစေၾတးလ်၊ ဂ်ပန္နဲ႔ စင္ကာပူတို႔ကလည္း စေနေန႔မွာ ေၾကညာလိုက္ပါတယ္။
အမ်ားျပည္သူဆိုင္ရာ အေရးေပၚ က်န္းမာေရးအေျခအေနအျဖစ္ ေၾကညာၿပီး အေမရိကန္ျပည္ေထာင္စုက အလားတူ ေဆာင္ရြက္ၿပီး ေနာက္တေန႔မွာပဲ ဒီႏိုင္ငံေတြရဲ႕ ေဆာင္ရြက္ခ်က္ ထြက္ေပၚလာတာပါ။
ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈေၾကာင့္ ေသဆုံးသူအေရအတြက္ တိုးလာေၾကာင္း တ႐ုတ္အစိုးရ ေၾကညာခ်က္ ထြက္လာၿပီးေနာက္မွာ ထိုင္ဝမ္ကလည္း ခရီးသြားလာမႈ ပိုၿပီး တင္းက်ပ္ကန႔္သတ္ေၾကာင္း စေနေန႔မွာ ေၾကညာခဲ့ပါတယ္။
ျပည္ပကေန အေမရိကန္ကို ဆိုက္ေရာက္လာခ်ိန္မွာ သီးသန႔္ခြဲျခားထားဖို႔ လိုအပ္တဲ့ ကို႐ိုနာဗုိင္းရပ္စ္ ထိေတြ႔ႏိုင္ေျခ ရွိသူေတြကို ေစာင့္ၾကည့္စစ္ေဆးဖို႔အတြက္ ကုတင္ ၁၀၀၀ ဆန္႔ ေဆး႐ံုတခု ျပင္ဆင္ထားဖို႔ က်န္းမာေရးနဲ႔ လူထုဝန္ေဆာင္မႈဌာနရဲ႕ ပန္ၾကားခ်က္ကို အတည္ျပဳထားၿပီ ျဖစ္ေၾကာင္း အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Mark Esper က စေနေန႔ထုတ္ ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။
အခုအခ်ိန္ထိ ႏိုင္ငံေပါင္း ၂၇ ႏုိင္ငံကို ကူးစက္ပ်ံ႕ႏွံ႔ေနၿပီး ကူးစက္သူ အမ်ားစုက တ႐ုတ္ႏုိင္ငံကို အလည္အပတ္ သြားေရာက္ခဲ့သူေတြ ျဖစ္ပါတယ္။
--------------------------------------
(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြင်ပ ပထမဆုံး လူနာသေဆုံး
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တဦးသေဆုံးကြောင်း ဖိလစ်ပိုင်က ဒီကနေ့မှာ ကြေညာပါတယ်။ ဒါဟာ တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးတာဖြစ်ပါတယ်။
ရောဂါ ကူးစက်ပျံ့နှံ့မှုအရေး စိုးရိမ်ချက်ကြောင့် တရုတ်နိုင်ငံမှာ လတ်တလော နေထိုင်ခဲ့ကြသူ နိုင်ငံခြားသားတွေရဲ့ ခရီးသွားလာခွင့်ကို တင်းကျပ်မယ့်အကြောင်း သြစတြေးလျ၊ ဂျပန်နဲ့ စင်ကာပူတို့ကလည်း စနေနေ့မှာ ကြေညာလိုက်ပါတယ်။
အများပြည်သူဆိုင်ရာ အရေးပေါ် ကျန်းမာရေးအခြေအနေအဖြစ် ကြေညာပြီး အမေရိကန်ပြည်ထောင်စုက အလားတူ ဆောင်ရွက်ပြီး နောက်တနေ့မှာပဲ ဒီနိုင်ငံတွေရဲ့ ဆောင်ရွက်ချက် ထွက်ပေါ်လာတာပါ။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက် တိုးလာကြောင်း တရုတ်အစိုးရ ကြေညာချက် ထွက်လာပြီးနောက်မှာ ထိုင်ဝမ်ကလည်း ခရီးသွားလာမှု ပိုပြီး တင်းကျပ်ကန့်သတ်ကြောင်း စနေနေ့မှာ ကြေညာခဲ့ပါတယ်။
ပြည်ပကနေ အမေရိကန်ကို ဆိုက်ရောက်လာချိန်မှာ သီးသန့်ခွဲခြားထားဖို့ လိုအပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ထိတွေ့နိုင်ခြေ ရှိသူတွေကို စောင့်ကြည့်စစ်ဆေးဖို့အတွက် ကုတင် ၁၀၀၀ ဆန့် ဆေးရုံတခု ပြင်ဆင်ထားဖို့ ကျန်းမာရေးနဲ့ လူထုဝန်ဆောင်မှုဌာနရဲ့ ပန်ကြားချက်ကို အတည်ပြုထားပြီ ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က စနေနေ့ထုတ် ကြေညာချက်မှာ ပြောဆိုထားပါတယ်။
အခုအချိန်ထိ နိုင်ငံပေါင်း ၂၇ နိုင်ငံကို ကူးစက်ပျံ့နှံ့နေပြီး ကူးစက်သူ အများစုက တရုတ်နိုင်ငံကို အလည်အပတ် သွားရောက်ခဲ့သူတွေ ဖြစ်ပါတယ်။