သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္နဲ႔ ေလေၾကာင္းခရီးစဥ္ေတြအားလံုး အီရန္ ဆိုင္းငံ့


ဝူဟန္ေလဆိပ္တြင္ ကုိ႐ိုနာဗုိင္းရပ္စ္ အကာအကြယ္ ဝတ္ဆင္ထားသည့္ ဝန္ထမ္းမ်ား။ (ဇန္နဝါရီ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

အီရန္ႏုိင္ငံတြင္း ကုိ႐ုိနာဗုိင္းရပ္စ္ မကူးစက္ေစေရးအတြက္ တ႐ုတ္ႏုိင္ငံက လာမယ့္ေလေၾကာင္း ခရီးစဥ္ေတြကို အီရန္က ဆိုင္းငံ့ထားလုိက္ပါတယ္။

အေမရိကန္ရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈေၾကာင့္ စီးပြားေရး အထိနာေနတဲ့ အီရန္က စီးပြားေရး ျပန္လည္ႏုိးထေစေရး တ႐ုတ္ခရီးသြားေတြကို ဆြဲေဆာင္ႏုိင္ေရး အစီအစဥ္က အခုလို ေလေၾကာင္းခရီးစဥ္ေတြ ဆိုင္းငံ့လိုက္တာေၾကာင့္ အႀကီးအက်ယ္ အထိနာေစပါတယ္။

တ႐ုတ္ႏုိင္ငံကို သြားမယ့္၊ တ႐ုတ္ကေန လာမယ့္ ေလေၾကာင္းခရီးစဥ္ေတြ အားလံုးကို ဆိုင္းငံ့ေရး အဆိုျပဳခ်က္ကို အေရးေပၚ အစည္းအေ၀းအတြင္း အစိုးရ တာ၀န္ရွိသူေတြက အတည္ျပဳလိုက္ေၾကာင္း အီရန္ က်န္းမာေရး၀န္ႀကီး Saeed Namaki က ေသာၾကာေန႔တုန္းက တြစ္တာ လူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။

အီရန္ က်န္းမာေရး၀န္ႀကီးရဲ႕ တြစ္တာမွာ ေရးသားခ်က္ကို ကိုးကားၿပီး အီရန္အစိုးရ ပံ့ပိုးထားတဲ့ Fars သတင္းကလည္း ေဖာ္ျပပါတယ္။

ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီး (WHO) က ကမၻာလံုးဆိုင္ရာ အေရးေပၚ က်န္းမာေရး ကိစၥအျဖစ္ သတ္မွတ္ထားတဲ့ ကုိ႐ုိနာဗုိင္းရပ္စ္ အဓိက ကူးစက္ပ်ံ႕ႏွံ႔မႈ ျဖစ္္ေနတဲ့ တ႐ုတ္ႏုိင္ငံကေန အီရန္ကို ျပန္လာလိုသူေတြ အေနနဲ႔လည္း က်န္းမာေရးအရ ေစာင့္ၾကည့္ခံရမယ္လို႔လည္း ၀န္ႀကီး Namaki က ေျပာဆိုထားပါတယ္။

တ႐ုတ္ျပည္နဲ႔ အသြားအလာ ေလေၾကာင္းခရီးစဥ္ေတြ ဆိုင္းငံ့ဖို႔ ေသာၾကာေန႔က ေၾကညာခ်က္ဟာဆိုရင္ တ႐ုတ္ခရီးသြားေတြကို ပိုၿပီး ဆြဲေဆာင္ေရး အစိုးရရဲ႕ ၆ လ သက္တမ္းရွိ အစီအစဥ္အေပၚမွာ အႀကီးမားဆံုး ႐ုိက္ခတ္မႈ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္က စလို႔ အေမရိကန္ရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈေၾကာင့္ အီရန္ရဲ႕ စီးပြားေရး လုပ္ငန္းက႑ေတြမွာ အႀကီးအက်ယ္ ေလ်ာ့က်လာခဲ့ၿပီးေနာက္ ခရီးသြားလုပ္ငန္းမွာ တ႐ုတ္ခရီးသြားေတြနဲ႔ ျမႇင့္တင္ႏုိင္ဖို႔ အစိုးရက ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။

ကုိ႐ုိနာဗုိင္းရပ္စ္ အေရးေၾကာင့္ အီရန္ရဲ႕ ခရီးသြားလုပ္ငန္းအေပၚ ထိခိုက္ေစတဲ့ အေၾကာင္းရင္းတရပ္ ျဖစ္ေစတယ္လို႔ အီရန္ႏုိင္ငံပိုင္ IRNA သတင္းေအဂ်င္စီကလည္း ၾကာသပေတးေန႔ထုတ္ ေဆာင္းပါးတပုဒ္မွာ ေဖာ္ျပထားပါတယ္။

---------------------------------

(Unicode)

တရုတ်နဲ့ လေကြောင်းခရီးစဉ်တွေအားလုံး အီရန် ဆိုင်းငံ့

အီရန်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေရေးအတွက် တရုတ်နိုင်ငံက လာမယ့်လေကြောင်း ခရီးစဉ်တွေကို အီရန်က ဆိုင်းငံ့ထားလိုက်ပါတယ်။

အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် စီးပွားရေး အထိနာနေတဲ့ အီရန်က စီးပွားရေး ပြန်လည်နိုးထစေရေး တရုတ်ခရီးသွားတွေကို ဆွဲဆောင်နိုင်ရေး အစီအစဉ်က အခုလို လေကြောင်းခရီးစဉ်တွေ ဆိုင်းငံ့လိုက်တာကြောင့် အကြီးအကျယ် အထိနာစေပါတယ်။

တရုတ်နိုင်ငံကို သွားမယ့်၊ တရုတ်ကနေ လာမယ့် လေကြောင်းခရီးစဉ်တွေ အားလုံးကို ဆိုင်းငံ့ရေး အဆိုပြုချက်ကို အရေးပေါ် အစည်းအဝေးအတွင်း အစိုးရ တာဝန်ရှိသူတွေက အတည်ပြုလိုက်ကြောင်း အီရန် ကျန်းမာရေးဝန်ကြီး Saeed Namaki က သောကြာနေ့တုန်းက တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အီရန် ကျန်းမာရေးဝန်ကြီးရဲ့ တွစ်တာမှာ ရေးသားချက်ကို ကိုးကားပြီး အီရန်အစိုးရ ပံ့ပိုးထားတဲ့ Fars သတင်းကလည်း ဖော်ပြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေး ကိစ္စအဖြစ် သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် အဓိက ကူးစက်ပျံ့နှံ့မှု ဖြစ်နေတဲ့ တရုတ်နိုင်ငံကနေ အီရန်ကို ပြန်လာလိုသူတွေ အနေနဲ့လည်း ကျန်းမာရေးအရ စောင့်ကြည့်ခံရမယ်လို့လည်း ဝန်ကြီး Namaki က ပြောဆိုထားပါတယ်။

တရုတ်ပြည်နဲ့ အသွားအလာ လေကြောင်းခရီးစဉ်တွေ ဆိုင်းငံ့ဖို့ သောကြာနေ့က ကြေညာချက်ဟာဆိုရင် တရုတ်ခရီးသွားတွေကို ပိုပြီး ဆွဲဆောင်ရေး အစိုးရရဲ့ ၆ လ သက်တမ်းရှိ အစီအစဉ်အပေါ်မှာ အကြီးမားဆုံး ရိုက်ခတ်မှု ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်က စလို့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် အီရန်ရဲ့ စီးပွားရေး လုပ်ငန်းကဏ္ဍတွေမှာ အကြီးအကျယ် လျော့ကျလာခဲ့ပြီးနောက် ခရီးသွားလုပ်ငန်းမှာ တရုတ်ခရီးသွားတွေနဲ့ မြှင့်တင်နိုင်ဖို့ အစိုးရက ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အရေးကြောင့် အီရန်ရဲ့ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်စေတဲ့ အကြောင်းရင်းတရပ် ဖြစ်စေတယ်လို့ အီရန်နိုင်ငံပိုင် IRNA သတင်းအေဂျင်စီကလည်း ကြာသပတေးနေ့ထုတ် ဆောင်းပါးတပုဒ်မှာ ဖော်ပြထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG