သုံးရလွယ်ကူစေသည့် Link များ

Coronavirus ဆိုင်ရာအချက်တွေ ထပ်မံထုတ်ပြန်ဖို့ တရုတ်ကို ကန် တောင်းဆို


ကန် ကူးစက်ရောဂါ ကာကွယ်တားဆီးရေးဌာနသတင်းစာရှင်းလင်း
ကန် ကူးစက်ရောဂါ ကာကွယ်တားဆီးရေးဌာနသတင်းစာရှင်းလင်း

(Zawgyi/Unicode)

တရုတ်နိုင်ငံ Wuhan မြို့မှာ စတင်ပေါ်ပေါက်ပြီး ပျံ့နှံကူးစက်ခဲ့တဲ့ Coronavirus နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တရုတ်ဘက်က ပိုပြီး ထုတ်ပြန် မျှဝေဖို့ အမေရိကန် ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။

Coronavirus ပျံ့နှံ့ ကူးစက်မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးရပြီး ဖြစ်သလို နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၅၄၀၀ ကျော် ရှိနေပါပြီ။ ရောဂါလက္ခဏာ မပြသေးတဲ့ ကူးစက်ခံထားရသူတွေလည်း ပျံ့နှံ့နိုင်တယ်လို့ တရုတ် ကျွမ်းကျင်သူတွေက ပြောဆိုထားပေမယ့် အမေရိကန် ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူတွေကတော့ ဒီအချက်ကို အတည်မပြုသေးပါဘူး။

အမေရိကန် CDC အနေနဲ့ အချက်အလက်တွေကို ပြန်လည် သုံးသပ်နိုင်တဲ့ အခွင့်အရေး မရဘူးလို့လည်း ကူးစက်ရောဂါ ကာကွယ်တားဆီးရေးဌာန CDC ညွှန်ကြားရေးမှူး Robert Redfield က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

Wuhan ရောက် ကန် နိုင်ငံသားတွေ စတင်ထွက်ခွာတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

တရုတ်မှာ အချက်အလက်တွေ ရှိတယ်လို့ ယုံကြည်ထားကြောင်း၊ ပိုပြီး တိတိကျကျနဲ့ ပြန်လည်သုံးသပ်နိုင်ဖို့ မျှော်လင့်ပါကြောင်း အမေရိကန် CDC ညွှန်ကြားရေးမှူးက ပြောပါတယ်။ ရောဂါလက္ခဏာ မပြဘဲ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ လူနာကနေ ပျံ့နှံ့ ကူးစက်နိုင်တယ်ဆိုရင် တခြား စစ်ဆေးတဲ့ နည်းစနစ်တွေ လိုအပ်လာပြီလို့လည်း ဓာတ်မတည့်မှုနဲ့ ကူးစက်မြန်ရောဂါများဆိုင်ရာ အမေရိကန် အမျိုးသား ကျန်းမာရေး အင်စတီကျူ ဒါရိုက်တာ Anthony Fauci က ပြောပါတယ်။ ရောဂါလက္ခဏာ မပြသေးတဲ့ လူနာတွေ ကတော့ ဗိုင်းရပ်စ် ပျံ့နှံ့မှု အပေါ်မှာ အကြီးအကျယ် သက်ရောက်နိုင်ခြေ မရှိနိုင်ဘူးလို့လည်း ဒေါက်တာ Fauci က ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု အတွင်းမှာတော့ Coronavirus ကူးစက်ခံထားရသူ ၅ ဦး ရှိနေပြီး အခုအချိန်ထိတော့ လူလူချင်း ကူးစက်မှု မရှိပါဘူး။ အမေရိကန်တွေ အတွက်တော့ လက်ရှိမှာ သိပ်ပြီး စိုးရိမ်စရာ မရှိသေးပေမယ့် ကူးစက်ခံထားရသူတွေ ပိုပြီး များလာဦးမယ်လို့ မျှော်လင့်ကြောင်း အမေရိကန် CDC ညွှန်ကြားရေးမှူးက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


.................


(Unicode)






XS
SM
MD
LG