သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Corona ဗုိင္းရပ္စ္ တ႐ုတ္မွာ ေသဆံုးသူ ၄၀ ေက်ာ္ၿပီ


Corona ဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔ေနသည့္ တ႐ုတ္ႏုိင္ငံ ဝူဟန္ၿမိဳ႕တြင္ မ်က္ႏွာဖုံးတပ္ သြားလာေနသည့္ ေဒသခံမ်ား။ (ဇန္နဝါရီ ၂၂၊ ၂၀၂၀)

(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံမွာ စတင္ခဲ့တဲ့ Corona ဗုိင္းရပ္စ္ ကူးစက္မႈကို ထိန္းခ်ဳပ္ႏုိင္ပါလိမ့္မယ္လို႔ တ႐ုတ္သမၼတ Xi Jinping က ဒီကေန႔ ေျပာၾကားခဲ့ပါတယ္။ ဒါဟာ ေရာဂါပိုး စတင္ျပန္႔ပြားခဲ့တဲ့ အခ်ိန္ကစၿပီး ျပည္သူလူထုကို ဒုတိယအႀကိမ္ေျမာက္ ေျပာဆိုခ်က္လည္း ျဖစ္ပါတယ္။

တည္တည္ၿငိမ္ၿငိမ္နဲ႔ တညီတညြတ္တည္း အတူတကြ ပူးေပါင္းလုပ္ကုိင္မယ္၊ သိပၸံနည္းက် ကာကြယ္ကုသမႈေတြ လုပ္မယ္၊ တိက်တဲ့မူ၀ါဒေတြ ခ်မွတ္မယ္ဆိုရင္ ဒီတုိက္ပြဲ မေအာင္ျမင္ႏုိင္စရာ မရွိဘူးလို႔ ေပါလစ္ဗ်ဴ႐ိုေကာ္မတီ စည္းေ၀းပြဲမွာ ေျပာဆိုခဲ့ေၾကာင္း ႏုိင္ငံပိုင္ ဆင္ဟြာသတင္းဌာနက ေၾကညာသြားတာပါ။

ဒါဇင္နဲ႔ခ်ီ လူေသဆုံးခဲ့ရတဲ့ Corona ဗုိင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈကို ထိန္းခ်ဳပ္တ့ဲအေနနဲ႔ ၿမိဳ႕ေတာ္ ေဘဂ်င္း အ၀င္အထြက္ ကားေတြကို မနက္ျဖန္ တနဂၤေႏြေန႔ကစၿပီး ပိတ္မယ္လို႔ ႏုိ္င္ငံပိုင္ ျပည္သူ႔ေန႔စဥ္သတင္းက ဒီကေန႔ပဲ ေၾကညာခဲ့တာပါ။

Corona ဗုိင္းရပ္စ္ ကူးစက္မႈေၾကာင့္ တ႐ုတ္ႏုိင္ငံက ဆရာ၀န္တဦး အပါအ၀င္ ေသဆုံးသူ ၄၁ ေယာက္ထက္မနည္းရွိေနၿပီး ႏိုင္ငံတ၀ွမ္း ျပည္နယ္ ၂၉ ခုမွာ ကူးစက္ခံထားရသူ ၁၂၀၀ ေက်ာ္ရွိတယ္လုိ႔ တ႐ုတ္က်န္းမာေရးေကာ္မရွင္က ေျပာပါတယ္။ ေရာဂါကူးစက္ခံထားရသူေတြထဲမွာ က်န္းမာေရး၀န္ထမ္း ၁၅ ဦး ပါ၀င္ပါတယ္။

Corona ဗုိင္းရပ္စ္ပုိး စတင္ကူးစက္ခဲ့တဲ့ ၀ူဟန္ၿမိဳ ႔ကို တ႐ုတ္ က်န္းမာေရး၀န္ထမ္း ရာနဲ႔ခ်ီ ေစလႊတ္ထားပါတယ္။ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ ၀ူဟန္အပါအ၀င္ ၿမိဳ႕ႀကီး ၁၆ ၿမိဳ႕ကို တ႐ုတ္အစိုးရက အသြားအလာ ပိတ္ပင္ကန္႔သတ္ထားပါတယ္။

ေဟာင္ေကာင္မွာေတာ့ Corona ဗုိင္းရပ္စ္ပုိး ကူးစက္ခံထားရတဲ့ လူနာ ၅ ဦးရွိၿပီး ေရာဂါကူးစက္ခံထားရသူေတြအျဖစ္ သံသယရွိသူ ၆၂ ဦး ရွိေနတာပါ။

ေဟာင္ေကာင္ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ကို ဖ်က္သိမ္းလိုက္ၿပီး စာသင္ေက်ာင္းေတြကိုပါ ပိတ္ထားတဲ့အျပင္ က်န္းမာေရး အေရးေပၚ အေျခအေနကိုလည္း ထုတ္ျပန္ထားတာပါ။

Corona ဗုိင္းရပ္စ္ ကူးစက္ခံထားရသူေတြကေတာ့ ထိုင္းႏုိင္ငံမွာလည္း ၅ ဦး၊ ၾသစေၾတးလ်မွာ ၄ ဦးပါ။

ဒီေရာဂါဟာ ကမၻာ့ႏိုင္ငံ အေတာ္မ်ားမ်ားကို ပ်ံ႕ႏွံ႔ေနၿပီး အေမရိကန္ျပည္ေထာင္စု၊ ျပင္သစ္၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ မေလးရွား၊ စင္ကာပူ၊ ထုိင္၀မ္၊ နီေပါလ္နဲ႔ ဗီယက္နမ္ႏုိင္ငံေတြကို ကူးစက္ေရာက္ရွိေနပါတယ္။

-----------------------------------

(Unicode)

Corona ဗိုင်းရပ်စ် တရုတ်မှာ သေဆုံးသူ ၄၀ ကျော်ပြီ

တရုတ်နိုင်ငံမှာ စတင်ခဲ့တဲ့ Corona ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ပါလိမ့်မယ်လို့ တရုတ်သမ္မတ Xi Jinping က ဒီကနေ့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ရောဂါပိုး စတင်ပြန့်ပွားခဲ့တဲ့ အချိန်ကစပြီးပြည်သူလူထုကို ဒုတိယအကြိမ်မြောက် ပြောဆိုချက်လည်း ဖြစ်ပါတယ်။

တည်တည်ငြိမ်ငြိမ်နဲ့ တညီတညွတ်တည်း အတူတကွ ပူးပေါင်းလုပ်ကိုင်မယ်၊ သိပ္ပံနည်းကျ ကာကွယ်ကုသမှုတွေ လုပ်မယ်၊ တိကျတဲ့မူဝါဒတွေ ချမှတ်မယ်ဆိုရင် ဒီတိုက်ပွဲ မအောင်မြင်နိုင်စရာ မရှိဘူးလို့ ပေါလစ်ဗျူရိုကော်မတီ စည်းဝေးပွဲမှာ ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ကြေညာသွားတာပါ။

ဒါဇင်နဲ့ချီ လူသေဆုံးခဲ့ရတဲ့ Corona ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်တဲ့အနေနဲ့ မြို့တော် ဘေဂျင်း အဝင်အထွက် ကားတွေကို မနက်ဖြန် တနင်္ဂနွေနေ့ကစပြီး ပိတ်မယ်လို့ နိုင်ငံပိုင် ပြည်သူ့နေ့စဉ်သတင်းက ဒီကနေ့ပဲ ကြေညာခဲ့တာပါ။

Corona ဗိုင်းရပ်စ် ကူးစက်မှုကြောင့် တရုတ်နိုင်ငံက ဆရာဝန်တဦး အပါအဝင် သေဆုံးသူ ၄၁ ယောက်ထက်မနည်းရှိနေပြီး နိုင်ငံတဝှမ်း ပြည်နယ် ၂၉ ခုမှာ ကူးစက်ခံထားရသူ ၁၂၀၀ ကျော်ရှိတယ်လို့ တရုတ်ကျန်းမာရေးကော်မရှင်က ပြောပါတယ်။ ရောဂါကူးစက်ခံထားရသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်း ၁၅ ဦး ပါဝင်ပါတယ်။

Corona ဗိုင်းရပ်စ်ပိုး စတင်ကူးစက်ခဲ့တဲ့ ဝူဟန်မြို့ကို တရုတ် ကျန်းမာရေးဝန်ထမ်း ရာနဲ့ချီ စေလွှတ်ထားပါတယ်။ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့အနေနဲ့ ဝူဟန်အပါအဝင် မြို့ကြီး ၁၆ မြို့ကို တရုတ်အစိုးရက အသွားအလာ ပိတ်ပင်ကန့်သတ်ထားပါတယ်။

ဟောင်ကောင်မှာတော့ Corona ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ လူနာ ၅ ဦးရှိပြီး ရောဂါကူးစက်ခံထားရသူတွေအဖြစ် သံသယရှိသူ ၆၂ ဦး ရှိနေတာပါ။

ဟောင်ကောင် တရုတ်နှစ်သစ်ကူးပွဲတော်ကို ဖျက်သိမ်းလိုက်ပြီး စာသင်ကျောင်းတွေကိုပါ ပိတ်ထားတဲ့အပြင် ကျန်းမာရေး အရေးပေါ် အခြေအနေကိုလည်း ထုတ်ပြန်ထားတာပါ။

Corona ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကတော့ ထိုင်းနိုင်ငံမှာလည်း ၅ ဦး၊ သြစတြေးလျမှာ ၄ ဦးပါ။ ဒီရောဂါဟာ ကမ္ဘာ့နိုင်ငံ အတော်များများကို ပျံ့နှံ့နေပြီး အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်ဝမ်၊ နီပေါလ်နဲ့ ဗီယက်နမ်နိုင်ငံတွေကို ကူးစက်ရောက်ရှိနေပါတယ်။

Corona ဗုိင္းရပ္စ္ တ႐ုတ္မွာ ေသဆံုးသူ ၄၀ ေက်ာ္ၿပီ
please wait

No media source currently available

0:00 0:01:19 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG