(Zawgyi / Unicode)
တ႐ုတ္ႏုိင္ငံအလယ္ပိုင္း Wuhan ၿမိဳ႕မွာ ျပန္႔ႏွံ႔ျဖစ္ပြားေနတဲ့ ဗိုင္းရပ္စ္ပိုးအသစ္တမ်ဳိး အေမရိကန္ျပည္ေထာင္စုမွာ ပထမဆံုး ကူးစက္ခံရတဲ့အေၾကာင္း အေမရိကန္တာဝန္ရွိသူေတြက အဂၤါေန႔မွာေျပာပါတယ္။
အသက္႐ႈလမ္းေၾကာင္းဆိုင္ရာ ဗိုင္းရပ္စ္ပိုး ျပန္႔ႏွံ႔ျဖစ္ပြားေနတဲ့ေဒသကေန ၿပီးခဲ့တဲ့သီတင္းပတ္က ျပန္လာတဲ့ ဝါရွင္တန္ျပည္နယ္ ေဒသခံတဦးဟာ Seattle ၿမိဳ႕နားမွာ ေဆး႐ံုတင္ထားရတယ္လို႔ ေျပာတဲ့အေၾကာင္း AP သတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။
Snohomish ခ႐ိုင္မွာေနထိုင္သူလို႔ပဲ ေျပာထားတဲ့ အသက္ ၃၀ ေက်ာ္အရြယ္ အမ်ဳိးသားဟာ အေျခအေနေကာင္းၿပီး ေဆးဘက္ ဝန္ထမ္းေတြ ဒါမွမဟုတ္ အမ်ားျပည္သူအတြက္ အႏၲရာယ္ရွိတယ္လို႔ မသတ္မွတ္တဲ့အေၾကာင္း က်န္းမာေရး တာဝန္ရွိသူေတြက ေျပာပါတယ္။
အေမရိကန္လူထုအတြက္ ဗိုင္းရပ္စ္ပိုးေၾကာင့္ အႏၲရာယ္ျဖစ္လာႏိုင္ေျခဟာ သိပ္ကိုနည္းပါတယ္လုိ႔ က်န္းမာေရး တာဝန္ရွိသူေတြ က အေလးအနက္ ေျပာထားပါတယ္။
တ႐ုတ္ျပည္မွာ ဒီဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရသူေပါင္း ၃၀၀ ေလာက္ရွိေနၿပီး ေသဆံုးသူ ၆ ဦးရွိသြားပါၿပီ။ ဗိုင္းရပ္စ္ပိုး ကူးစက္ခံရ သူဟာ ေခ်ာင္းဆိုးတာ၊ အဖ်ားတက္တာ၊ အသက္႐ႈရခက္ခဲတာနဲ႔ နမိုးနီယား အဆုတ္ေရာင္ေရာဂါေတြ ခံစားရႏုိင္ပါတယ္။
တ႐ုတ္ႏုိ္င္ငံျပင္ပမွာ ေရာဂါပိုးကူးစက္မႈေတြအျဖစ္ ထိုင္း၊ ဂ်ပန္၊ ေတာင္ကိုရီးယားနဲ႔ တိုင္ဝမ္တို႔က ေျပာထားၿပီး အခု အေမရိကန္ ပါ ပါလာတာပါ။
ကမာၻတဝန္းကေလဆိပ္ေတြမွာ တ႐ုတ္ႏုိင္ငံက ဝင္လာတဲ့ခရီးသည္ေတြကို ဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရတဲ့ လကၡဏာေတြရွိမရွိ စမ္းသပ္စစ္ေဆးတာေတြကိုလည္း တုိးျမႇင့္လုပ္ေဆာင္ေနၾကပါတယ္။
.................
တရုတ်ကူးစက်ဗိုင်းရပ်စ် အမေရိကန်အထိရောက်
(Unicode)
တရုတ်နိုင်ငံအလယ်ပိုင်း Wuhan မြို့မှာ ပြန့်နှံ့ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ပိုးအသစ်တမျိုး အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး ကူးစက်ခံရတဲ့အကြောင်း အမေရိကန်တာဝန်ရှိသူတွေက အင်္ဂါနေ့မှာပြောပါတယ်။
အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုး ပြန့်နှံ့ဖြစ်ပွားနေတဲ့ဒေသကနေ ပြီးခဲ့တဲ့သီတင်းပတ်က ပြန်လာတဲ့ ဝါရှင်တန်ပြည်နယ် ဒေသခံတဦးဟာ Seattle မြို့နားမှာ ဆေးရုံတင်ထားရတယ်လို့ ပြောတဲ့အကြောင်း AP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
Snohomish ခရိုင်မှာနေထိုင်သူလို့ပဲ ပြောထားတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားဟာ အခြေအနေကောင်းပြီး ဆေးဘက် ဝန်ထမ်းတွေ ဒါမှမဟုတ် အများပြည်သူအတွက် အန္တရာယ်ရှိတယ်လို့ မသတ်မှတ်တဲ့အကြောင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်လူထုအတွက် ဗိုင်းရပ်စ်ပိုးကြောင့် အန္တရာယ်ဖြစ်လာနိုင်ခြေဟာ သိပ်ကိုနည်းပါတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေ က အလေးအနက် ပြောထားပါတယ်။
တရုတ်ပြည်မှာ ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူပေါင်း ၃၀၀ လောက်ရှိနေပြီး သေဆုံးသူ ၆ ဦးရှိသွားပါပြီ။ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရ သူဟာ ချောင်းဆိုးတာ၊ အဖျားတက်တာ၊ အသက်ရှုရခက်ခဲတာနဲ့ နမိုးနီယား အဆုတ်ရောင်ရောဂါတွေ ခံစားရနိုင်ပါတယ်။
တရုတ်နိုင်ငံပြင်ပမှာ ရောဂါပိုးကူးစက်မှုတွေအဖြစ် ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ တိုင်ဝမ်တို့က ပြောထားပြီး အခု အမေရိကန် ပါ ပါလာတာပါ။
ကမ္ဘာတဝန်းကလေဆိပ်တွေမှာ တရုတ်နိုင်ငံက ဝင်လာတဲ့ခရီးသည်တွေကို ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ လက္ခဏာတွေရှိမရှိ စမ်းသပ်စစ်ဆေးတာတွေကိုလည်း တိုးမြှင့်လုပ်ဆောင်နေကြပါတယ်။