သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္-ျမန္မာနယ္စပ္အ၀င္အထြက္မ်ား ေစာင့္ၾကည့္စစ္ေဆးေန


တ႐ုတ္-ျမန္မာနယ္စပ္ဂိတ္

(Zawgyi/Unicode)

ျမန္မာနဲ႔နယ္နိမိတ္ထိစပ္ေနတဲ့ ယူနန္ျပည္နယ္မွာ ကို႐ိုနာဗိုင္းရပ္ကူးစက္ၿပီး အဆုတ္ေရာဂါျဖစ္ပြားတဲ့သူ ၁၆ေယာက္ကို ေတြ႕ရတယ္လို႔ ယူနန္ျပည္နယ္ က်န္းမာေရးႏွင့္ ေဆးဘက္ဆိုင္ရာေကာ္မရွင္က မေန႔က ေၾကညာခ်က္ထုတ္ျပန္ ခဲ့တဲ့အတြက္ ျမန္မာဘက္က အေရးယူ ေဆာင္ရြက္မႈေတြ တိုးလုပ္လာပါတယ္။

ဒါေပမယ့္ နယ္စပ္ကေန ေန႔စဥ္ရာနဲ႔ခ်ီဝင္ေရာက္ေနတဲ့ တ႐ုတ္ႏိုင္ငံသားေတြေၾကာင့္ ဒီေရာဂါပိုး ကူးစက္လာမွာကို ေဒသခံေတြ စိုးရိမ္ ေနၾကပါတယ္။ ဒီအေၾကာင္း အေသးစိတ္ကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေမးျမန္း တင္ျပထားပါတယ္။

တရုတ္- ျမန္မာ ကုန္သြယ္ေရး အတြက ္အခ်က္အျခာ က်တဲ့ ေရႊလီ ၿမိဳ႕မွာ ေရာဂါပိုးအကူးစက္ ခံရသူ ၂ ေယာက္ ရွိေနသလို ကခ်င္ျပည္နယ္ ကန္ပိုက္တီးၿမိဳ႕နဲ႔ မိုင္အနည္းငယ္သာေဝးတဲ့ တ႐ုတ္ယူနန္ျပည္နယ္၊ ထိန္ခ်ဳန္းၿမိဳ႕မွာ ေတာ့ ေရာဂါပိုး အကူးစက္ခံရသူ ေနာက္ တ ေယာက္ကို ထပ္ေတြ႕ရတဲ့ အတြက္ ယူနန္ျပည္နယ္ထဲမွာ ဒီေရာဂါပို အကူးစက္ခံရသူ ၁၆ ေယာက္ရွိသြားၿပီလို႔ ယူနန္ျပည္နယ္က်န္းမာေရးႏွင့္ ေဆးဘက္ဆိုင္ရာ ေကာ္မရွင္ (Health Commission of Yunnna Province) က မေန႔က ဇန္နဝါရီ ၂၆ရက္မွာ အတည္ျပဳေၾကညာခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ျမန္မာဘက္နယ္စပ္ၿမိဳ႕ေတြမွာ ေရာဂါ ဆိုင္ရာ စစ္ေဆးမႈေတြ နဲ႔ အတူ နယ္စပ္အသြားအလာပိတ္တာလို တားဆီးမႈေတြကို တိုးလုပ္လာေနတာပါ။

Novel Corona Virus (nCoV) ျဖစ္ေပၚလာသည့္ အေၾကာင္း
Novel Corona Virus (nCoV) ျဖစ္ေပၚလာသည့္ အေၾကာင္း

တ႐ုတ္အာဏာပိုင္ေတြ ဘက္က ေ႐ႊလီၿမိဳ႕၊ လြယ္ဂ်ယ္နယ္စပ္ဂိတ္ကို မေန႔ကပိတ္လိုက္ပါတယ္။ ဒါေပမဲ့ မပိတ္ေသးတဲ့ ကန္ပိုက္တီးလမ္းမွာေတာ့ ကခ်င္ျပည္နယ္ ဝိုင္းေမာ္က ဧကသိန္းခ်ီတဲ့ တစ္ရႉးငွက္ေပ်ာစိုက္ခင္း ေတြကိုဝင္ထြက္ေနတဲ့ တ႐ုတ္ႏိုင္ငံသားေတြက အသုံးျပဳေန ဆဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကန္ပိုက္တီးလမ္းကို အဓိကထားၿပီး ေစာင့္ၾကည့္ေနတယ္လုိ႔ ကခ်င္ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ႀကီး ဦးေဇာ္ဝင္းက ေျပာပါတယ္။

“ လြယ္ဂ်ယ္ကေတာ့ သူတို႔ ေ႐ႊလီဘက္က ပိတ္လိုက္တယ္ဆိုေတာ့ အဲဒီဘက္ကေတာ့ နည္းနည္းစိတ္ေအးရမယ္။ က်ေနာ္တို႔ ငွက္ေပ်ာစိုက္ခင္းကို လာရာလမ္းေပါ့၊ ကန္ပိုက္တီးမွာေတာ့ သူတို႔ ထိန္ခ်ဳန္းဘက္က မပိတ္ေသးဘူးခင္ဗ်။ မပိတ္ေသးလို႔ ကန္ပိုက္တီးကို အထူးဦးစားေပးအေနနဲ႔ ေစာင့္ၾကည့္ ေနပါတယ္။ လိုအပ္တဲ့အဖ်ားတိုင္းတာတို႔၊ ေဆးစစ္တာေတြဘာေတြ လုပ္ေနပါတယ္။ ငွက္ေပ်ာခင္းထဲအထိ က်ေနာ္တို႔ လိုက္ၿပီး လုပ္တာေတာ့ လက္ရွိအေနအထားအထိ မရွိေသးဘူးခင္ဗ်။”

လြယ္ဂ်ယ္ဂိတ္မွာလည္း ဗန္းေမာ္ခ႐ိုင္က ျပည္သူ႔က်န္းမာေရးအဖြဲ႕ေတြ စစ္ေဆးေနၿပီး၊ ပန္ဝါမွာေတာ့ အထူးေဒသ (၁) အာဏာပိုင္ေတြနဲ႔ ပူးေပါင္း ေဆာင္႐ြက္ေနတယ္လို႔ ဝန္ႀကီးဦးေဇာ္ဝင္းက ေျပာပါတယ္။

တ႐ုတ္ယူနန္ဘက္မွာ အေရးေပၚအေျခအေနေၾကာင့္ သယ္ယူပို႔ေဆာင္ေရးကန႔္သတ္လိုက္လို႔ မူဆယ္ ၁၀၅ မိုင္ကုန္သြယ္ေရးဇုန္ဟာ ရပ္တန႔္သြားတဲ့ အေနအထားရွိေနတယ္လို႔ မူဆည္ကုန္သည္အသင္းေတြက ေျပာပါတယ္။ ဒီေန႔ ဇန္နဝါရီ ၂၇ ကစလို႔ ေစ်းကြက္ကို ပိတ္လိုက္တာပါ။ အေျခအေန တည္ၿငိမ္တဲ့အထိ ေစာင့္ဆိုင္းၿပီးမွာ ကုန္တင္ၾကဖို႔ လည္း ကုန္သည္အသင္းေတြက ေၾကညာခ်က္ ထုတ္ထားတာပါ။

“ ေဒသခံေတြကေတာ့ စိုးရိမ္ေနတာေပါ့၊ ဘာျဖစ္လို႔လဲဆိုေတာ့ ေ႐ႊလီနဲ႔ မူဆယ္က ေတာ္ေတာ္ေလးနီးတာကိုး။ အေရာင္းအဝယ္က ေတာ္ေတာ္နည္းသြား တယ္။ ဒီေန႔ဆိုရင္ ပုံမွန္ေပါက္ေစ်းထက္ တဝက္ေလာက္ က်သြားတာေပါ့။”

မူဆယ္သစ္သီးဝလံကုန္စည္ဒိုင္ ဒုဥကၠ႒ ဦးေအာင္သက္ဦး ေျပာသြားတာ ျဖစ္ပါတယ္။ ဆန္၊ ပဲ၊ ေျပာင္းဖူး၊ ကဏန္းနဲ႔ ငါးရွဥ့္က လုံးဝရပ္တန႔္ေနတယ္လို႔ မူဆယ္က ကုန္သည္ေတြကေျပာပါတယ္။

“ မူဆယ္မွာ Mask (ႏွာေခါင္းစည္း) ေတြေပါ့ေလ မရွိသေလာက္ အေရာင္းအဝယ္ျပတ္သြားတာ ေတြ႕ရတယ္။ ဆိုင္ေတြမွာ မရွိေတာ့ဘူးေလေနာ့။ တခ်ိဳ႕ဆို အိမ္ထဲမွာေနၾကတယ္ အျပင္မထြက္ၾကဘူး။ တခ်ိဳ႕လူေတြဆို စိုးရိမ္ၿပီးေတာ့ စားနပ္ရိကၡာေတြ စုေဆာင္းထားၾကတယ္ ဆန္တို႔၊ ဆီတို႔။ လမ္းေပၚမွာလည္း ကားေတြေတာ္ေတာ္နည္းသြားတာေတြ႕ရတယ္။ ကားေတြ၊ ဆိုင္ကယ္ေတြ။”

ဝူဟမ္တုပ္ေကြးအတြက္ ဘာေတြျပင္ဆင္ထားမလဲ ႐ုပ္သံအစီအစဥ္ ဒီေနရာမွာ ၾကည့္႐ႈနားဆင္ႏုိင္ပါတယ္။

နယ္စပ္ကုန္သြယ္ေရးၿမိဳ႕ မူဆယ္ေဒသခံတဦးျဖစ္တဲ့ ဆန္ကုန္သည္ ဦမင္းသိန္း ေျပာသြားတာ ျဖစ္ပါတယ္။ ကခ်င္နဲ႔ ရွမ္းနယ္နမိတ္ထိစပ္ေနတဲ့ ယူနန္ျပည္နယ္ထဲက ထိန္ခ်ဳန္း၊ ေပါင္စမ္း၊ ေစာထုံး၊ တယ္ဟုန္း စတဲ့ၿမိဳ႕ေတြမွာ ဝူဟန္အဆုတ္ေရာင္ေရာဂါ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတဲ့သူ စုစုေပါင္း ၁၆ ဦးရွိၿပီး သီးသန႔္က်န္းမာေရးဌာနေတြမွာ သီးျခားေစာင့္ေရွာက္ထားေၾကာင္း ယူနန္ျပည္နယ္ က်န္းမာေရးႏွင့္ ေဆးဘက္ဆိုင္ရာ ေကာ္မရွင္က ထုတ္ျပန္ထားပါတယ္။

တ႐ုတ္ႏုိင္ငံ ဝူဟမ္ၿမိဳ႕မွာ စတင္ျဖစ္ပြားတဲ့ Corona ဗုိင္းရပ္စ္ အိမ္နီးခ်င္းႏုိင္ငံေတြကုိ ကူးစက္တဲ့သတင္း ဖတ္႐ႈႏုိင္ပါတယ္။

ေရာဂါပိုး ကူးစက္မႈရွိေနတဲ့ ႏိုင္ငံတခ်ိဳ႕ကေတာ့ ေဟာင္ေကာင္၊ မကာအို၊ ထိုင္ဝမ္၊ ထိုင္း၊ ဂ်ပန္နဲ႔ ကိုရီးယား၊ အေမရိကန္၊ ဗီယက္နမ္၊ စကၤာပူ၊ မေလးရွား၊ နီေပါ၊ ျပင္သစ္၊ ဩစေၾတးလ် ျဖစ္ပါတယ္။ ေရာဂါပိုးစတင္ေတြ႕ခဲ့ရတဲ့ ဝူဟန္ၿမိဳ႕ကို က်န္းမာေရးဝန္ထမ္းေတြကို အဆက္မျပတ္ပို႔ေပးေနရၿပီး၊ စက္႐ုံေတြကေန ႏွာေခါင္းစည္းနဲ႔ အကာအကြယ္ အဝတ္အစားေတြ အခ်ိန္မီ အလုံအေလာက္ ထုတ္ႏိုင္ေအာင္ ႀကိဳးစားေနရေၾကာင္း ဆင္ဟြာသတင္းဌာနက ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

တရုတ်-မြန်မာနယ်စပ်အဝင်အထွက်များစောင့်ကြည့်စစ်ဆေးနေ

(Unicode)

မြန်မာနဲ့နယ်နိမိတ်ထိစပ်နေတဲ့ ယူနန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်ကူးစက်ပြီး အဆုတ်ရောဂါဖြစ်ပွားတဲ့သူ ၁၆ယောက်ကို တွေ့ရတယ်လို့ ယူနန်ပြည်နယ် ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာကော်မရှင်က မနေ့က ကြေညာချက်ထုတ်ပြန် ခဲ့တဲ့အတွက် မြန်မာဘက်က အရေးယူ ဆောင်ရွက်မှုတွေ တိုးလုပ်လာပါတယ်။ ဒါပေမယ့် နယ်စပ်ကနေ နေ့စဉ်ရာနဲ့ချီဝင်ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေကြောင့် ဒီရောဂါပိုး ကူးစက်လာမှာကို ဒေသခံတွေ စိုးရိမ် နေကြပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က မေးမြန်း တင်ပြထားပါတယ်။

တရုတ်- မြန်မာ ကုန်သွယ်ရေး အတွက ်အချက်အခြာ ကျတဲ့ ရွှေလီ မြို့မှာ ရောဂါပိုးအကူးစက် ခံရသူ ၂ ယောက် ရှိနေသလို ကချင်ပြည်နယ် ကန်ပိုက်တီးမြို့နဲ့ မိုင်အနည်းငယ်သာဝေးတဲ့ တရုတ်ယူနန်ပြည်နယ်၊ ထိန်ချုန်းမြို့မှာ တော့ ရောဂါပိုး အကူးစက်ခံရသူ နောက် တ ယောက်ကို ထပ်တွေ့ရတဲ့ အတွက် ယူနန်ပြည်နယ်ထဲမှာ ဒီရောဂါပို အကူးစက်ခံရသူ ၁၆ ယောက်ရှိသွားပြီလို့ ယူနန်ပြည်နယ်ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ကော်မရှင် (Health Commission of Yunnna Province) က မနေ့က ဇန်နဝါရီ ၂၆ရက်မှာ အတည်ပြုကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာဘက်နယ်စပ်မြို့တွေမှာ ရောဂါ ဆိုင်ရာ စစ်ဆေးမှုတွေ နဲ့ အတူ နယ်စပ်အသွားအလာပိတ်တာလို တားဆီးမှုတွေကို တိုးလုပ်လာနေတာပါ။

တရုတ်နိုင်ငံ ဝူဟမ်မြို့မှာ စတင်ဖြစ်ပွားတဲ့ Corona ဗိုင်းရပ်စ် အိမ်နီးချင်းနိုင်ငံတွေကို ကူးစက်တဲ့သတင်း ဖတ်ရှုနိုင်ပါတယ်။

တရုတ်အာဏာပိုင်တွေ ဘက်က ရွှေလီမြို့၊ လွယ်ဂျယ်နယ်စပ်ဂိတ်ကို မနေ့ကပိတ်လိုက်ပါတယ်။ ဒါပေမဲ့ မပိတ်သေးတဲ့ ကန်ပိုက်တီးလမ်းမှာတော့ ကချင်ပြည်နယ် ဝိုင်းမော်က ဧကသိန်းချီတဲ့ တစ်ရှူးငှက်ပျောစိုက်ခင်း တွေကိုဝင်ထွက်နေတဲ့ တရုတ်နိုင်ငံသားတွေက အသုံးပြုနေ ဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကန်ပိုက်တီးလမ်းကို အဓိကထားပြီး စောင့်ကြည့်နေတယ်လို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်းက ပြောပါတယ်။

“ လွယ်ဂျယ်ကတော့ သူတို့ ရွှေလီဘက်က ပိတ်လိုက်တယ်ဆိုတော့ အဲဒီဘက်ကတော့ နည်းနည်းစိတ်အေးရမယ်။ ကျနော်တို့ ငှက်ပျောစိုက်ခင်းကို လာရာလမ်းပေါ့၊ ကန်ပိုက်တီးမှာတော့ သူတို့ ထိန်ချုန်းဘက်က မပိတ်သေးဘူးခင်ဗျ။ မပိတ်သေးလို့ ကန်ပိုက်တီးကို အထူးဦးစားပေးအနေနဲ့ စောင့်ကြည့် နေပါတယ်။ လိုအပ်တဲ့အဖျားတိုင်းတာတို့၊ ဆေးစစ်တာတွေဘာတွေ လုပ်နေပါတယ်။ ငှက်ပျောခင်းထဲအထိ ကျနော်တို့ လိုက်ပြီး လုပ်တာတော့ လက်ရှိအနေအထားအထိ မရှိသေးဘူးခင်ဗျ။”

ဝူဟမ်တုပ်ကွေးအတွက် ဘာတွေပြင်ဆင်ထားမလဲ ရုပ်သံအစီအစဉ် ဒီနေရာမှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။

လွယ်ဂျယ်ဂိတ်မှာလည်း ဗန်းမော်ခရိုင်က ပြည်သူ့ကျန်းမာရေးအဖွဲ့တွေ စစ်ဆေးနေပြီး၊ ပန်ဝါမှာတော့ အထူးဒေသ (၁) အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဝန်ကြီးဦးဇော်ဝင်းက ပြောပါတယ်။

တရုတ်ယူနန်ဘက်မှာ အရေးပေါ်အခြေအနေကြောင့် သယ်ယူပို့ဆောင်ရေးကန့်သတ်လိုက်လို့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ဟာ ရပ်တန့်သွားတဲ့ အနေအထားရှိနေတယ်လို့ မူဆည်ကုန်သည်အသင်းတွေက ပြောပါတယ်။ ဒီနေ့ ဇန်နဝါရီ ၂၇ ကစလို့ ဈေးကွက်ကို ပိတ်လိုက်တာပါ။ အခြေအနေ တည်ငြိမ်တဲ့အထိ စောင့်ဆိုင်းပြီးမှာ ကုန်တင်ကြဖို့ လည်း ကုန်သည်အသင်းတွေက ကြေညာချက် ထုတ်ထားတာပါ။

“ ဒေသခံတွေကတော့ စိုးရိမ်နေတာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ရွှေလီနဲ့ မူဆယ်က တော်တော်လေးနီးတာကိုး။ အရောင်းအဝယ်က တော်တော်နည်းသွား တယ်။ ဒီနေ့ဆိုရင် ပုံမှန်ပေါက်ဈေးထက် တဝက်လောက် ကျသွားတာပေါ့။”

မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးအောင်သက်ဦး ပြောသွားတာ ဖြစ်ပါတယ်။ ဆန်၊ ပဲ၊ ပြောင်းဖူး၊ ကဏန်းနဲ့ ငါးရှဉ့်က လုံးဝရပ်တန့်နေတယ်လို့ မူဆယ်က ကုန်သည်တွေကပြောပါတယ်။

“ မူဆယ်မှာ Mask (နှာခေါင်းစည်း) တွေပေါ့လေ မရှိသလောက် အရောင်းအဝယ်ပြတ်သွားတာ တွေ့ရတယ်။ ဆိုင်တွေမှာ မရှိတော့ဘူးလေနော့။ တချို့ဆို အိမ်ထဲမှာနေကြတယ် အပြင်မထွက်ကြဘူး။ တချို့လူတွေဆို စိုးရိမ်ပြီးတော့ စားနပ်ရိက္ခာတွေ စုဆောင်းထားကြတယ် ဆန်တို့၊ ဆီတို့။ လမ်းပေါ်မှာလည်း ကားတွေတော်တော်နည်းသွားတာတွေ့ရတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ။”

နယ်စပ်ကုန်သွယ်ရေးမြို့ မူဆယ်ဒေသခံတဦးဖြစ်တဲ့ ဆန်ကုန်သည် ဦမင်းသိန်း ပြောသွားတာ ဖြစ်ပါတယ်။ ကချင်နဲ့ ရှမ်းနယ်နမိတ်ထိစပ်နေတဲ့ ယူနန်ပြည်နယ်ထဲက ထိန်ချုန်း၊ ပေါင်စမ်း၊ စောထုံး၊ တယ်ဟုန်း စတဲ့မြို့တွေမှာ ဝူဟန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူ စုစုပေါင်း ၁၆ ဦးရှိပြီး သီးသန့်ကျန်းမာရေးဌာနတွေမှာ သီးခြားစောင့်ရှောက်ထားကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ရောဂါပိုး ကူးစက်မှုရှိနေတဲ့ နိုင်ငံတချို့ကတော့ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ ထိုင်း၊ ဂျပန်နဲ့ ကိုရီးယား၊ အမေရိကန်၊ ဗီယက်နမ်၊ စင်္ကာပူ၊ မလေးရှား၊ နီပေါ၊ ပြင်သစ်၊ ဩစတြေးလျ ဖြစ်ပါတယ်။ ရောဂါပိုးစတင်တွေ့ခဲ့ရတဲ့ ဝူဟန်မြို့ကို ကျန်းမာရေးဝန်ထမ်းတွေကို အဆက်မပြတ်ပို့ပေးနေရပြီး၊ စက်ရုံတွေကနေ နှာခေါင်းစည်းနဲ့ အကာအကွယ် အဝတ်အစားတွေ အချိန်မီ အလုံအလောက် ထုတ်နိုင်အောင် ကြိုးစားနေရကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG