သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Corona ဗိုင္းရပ္စ္ ကူးစက္မႈ ေနာက္ဆံုးအေျခအေန


တ႐ုတ္ႏွစ္ကူးကာလအတြင္း ေဟာင္ေကာင္တြင္ မ်က္ႏွာဖုံးတပ္ဆင္ သြားလာေနၾကသူမ်ား။ (ဇန္နဝါရီ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

Corona ဗုိင္းရပ္စ္ ကူးစက္ခံထားရသူ ၂ ေထာင္နီးပါးနဲ႔ ေသဆံုးသူ ၅၆ ဦး ရွိလာခဲ့ၿပီး ေနာက္မွာေတာ့ တ႐ုတ္ႏုိင္ငံမွာ ဗိုင္းရပ္စ္ ကူးစက္ခံထားရသူေတြကို ကုသေရးနဲ႔ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ တနဂၤေႏြေန႔က ခရီးသြားလာမႈ ကန္႔သတ္ခ်က္ေတြကို ပိုၿပီး တင္းက်ပ္လိုက္ပါတယ္။ တခ်ိန္တည္းမွာပဲ အေမရိကန္နဲ႔ ျပင္သစ္ႏုိင္ငံတို႔ကေတာ့ ဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ အဆိုးဆံုးျဖစ္ပြားရာ ဝူဟမ္ၿမိဳ႕မွာ ပိတ္မိေနတဲ့ ႏုိင္ငံသားေတြကို ကယ္ထုတ္ႏုိင္ေရး စီစဥ္ေနၾကပါတယ္။ AFP, CCTV သတင္းေတြကို အေျခခံၿပီး မသိဂႌထုိက္က တင္ျပေပးထားပါတယ္။

တ႐ုတ္ႏုိင္ငံ အလယ္ပိုင္းက ဝူဟမ္ၿမိဳ႕မွာေတာ့ တနဂၤေႏြေန႔က အျပင္ထြက္ခြင့္ ပိုၿပီး တင္းက်ပ္ထားတာနဲ႔အတူ ၿမိဳ႕တြင္းမွာ လႈပ္ရွားမႈကင္းမဲ့ၿပီး တိတ္ဆိတ္ေနပါတယ္။

ဝူဟမ္ၿမိဳ႕မွာ Corona ဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္မႈကို ထိန္းခ်ဳပ္ႏုိင္ေရး ႀကိဳးပမ္းေနတာနဲ႔အတူပဲ ေကာလာဟလေတြ မယံုၾကဖို႔၊ ေကာလာဟလေတြ မျဖန္႔ၾကဖို႔၊ ေနမေကာင္းရင္ ေဆး႐ုံကို အခ်ိန္မီ သြားၾကဖို႔လည္း အသံခ်ဲ႕စက္ေတြနဲ႔ ေဆာ္ၾသေနပါတယ္။ ေဆး႐ုံသြားလိုတဲ့ လူေတြကို အခမဲ့ ကားေမာင္းေပးေနတဲ့ Yin Yu က အခုလို ေျပာပါတယ္။

“ဒီမွာ ကားေတြမရွိပါဘူး။ ဒါေၾကာင့္ က်ေနာ္တို႔က လူေတြကို ေဆး႐ုံပို႔ေပးတာ ျပန္ႀကိဳတာ လုပ္ေပးေနတာပါ။ ၿပီးရင္ က်ေနာ္တို႔က ပိုးသတ္သန္႔စင္ေရး လုပ္မွာပါ။ အားလံုးက အခမဲ့ပါ။”

အေမရိကန္ျပည္ေထာင္စုနဲ႔ ျပင္သစ္ႏုိင္ငံတို႔ကေတာ့ ၿမိဳ႕ျပင္ထြက္ခြင့္ ပိတ္ထားတဲ့ ဝူဟမ္ၿမိဳ႕မွာရွိေနတဲ့ သူတို႔ႏုိင္ငံသားေတြကို ေခၚယူႏုိင္ေရး ျပင္ဆင္ေနၾကပါတယ္။

ဝူဟမ္ၿမိဳ႕တြင္းက အေမရိကန္ ေကာင္စစ္၀န္႐ုံးက ၀န္ထမ္းေတြနဲ႔ ၿမိဳ႕တြင္းမွာ ပိတ္မိေနတဲ့ အေမရိကန္ႏုိင္ငံသားေတြကို ျပန္လည္ေခၚယူႏုိင္ေရး ေလယာဥ္ စီစဥ္ထားေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက တနဂၤေႏြေန႔မွာ ေၾကညာပါတယ္။ တ႐ုတ္ႏုိင္ငံ ဝူဟမ္ကေန အေမရိကန္ျပည္ေထာင္စု ဆန္ဖရန္စစၥကိုကို အဂၤါေန႔မွာ အဲဒီေလယာဥ္ ထြက္မယ့္အေၾကာင္းလည္း တ႐ုတ္ႏုိင္ငံက အေမရိကန္ႏုိင္ငံသားေတြကို ေပးပုိ႔တဲ့ အီးေမးလ္ထဲမွာ ေဖာ္ျပထားပါတယ္။ ဝူဟမ္ၿမိဳ႕မွာရွိေနတဲ့ အေမရိကန္ ေကာင္စစ္၀န္႐ုံးက ၀န္ထမ္းေတြ ထြက္ခြာႏုိင္ဖို႔ တ႐ုတ္အစိုးရဘက္က ေဆာင္ရြက္ေပးမယ္လို႔လည္း တ႐ုတ္ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Hua Chunying က တနဂၤေႏြေန႔မွာ ေျပာပါတယ္။

ျပင္သစ္အစိုးရ ေနာက္ တ႐ုတ္ႏုိင္ငံ ဝူဟမ္မွာ လုပ္ငန္းေတြရွိေနတဲ့ ျပင္သစ္ ကားထုတ္လုပ္ေရး PSA တို႔ကလည္း သူတို႔၀န္ထမ္းေတြနဲ႔ မိသားစု၀င္ေတြကို ကယ္ထုတ္ေရး စီစဥ္ေနတယ္လို႔ ေျပာဆိုထားပါတယ္။ ဝူဟမ္က သီရိလကၤာ ႏုိင္ငံသားေတြအေရး ေဆာင္ရြက္ႏုိင္မယ့္ နည္းလမ္းေတြကို ေဘဂ်င္းမွာရွိတဲ့ သီရိလကၤာသံ႐ုံးက စဥ္းစားသံုးသပ္္ေနေၾကာင္းလည္း ေျပာဆိုထားပါတယ္။

ဝူဟမ္မွာရွိေနတဲ့ ျမန္မာႏုိင္ငံသားေတြအေနနဲ႔ အာဏာပိုင္ေတြရဲ႕ လမ္းညႊန္ခ်က္ေတြကို လိုက္နာၾကဖို႔ ေနာက္ လိုအပ္ရင္ ျမန္မာသံ႐ုံးနဲ႔ ဆက္သြယ္ အကူအညီ ေတာင္းခံႏုိင္ေၾကာင္းလည္း ေဘဂ်င္း ျမန္မာသံ႐ုံးက အသိေပးထားပါတယ္။

ဝူဟမ္ၿမိဳ႕မွာ ေနထိုင္ေနတဲ့ ၿဗိတိန္ႏုိင္ငံသူ ဆရာမ Erica ကလည္း အခုလို ေျပာပါတယ္။

“ၿမိဳ႕ကေန ထြက္သြားဖို႔ လိုတယ္လို႔ မထင္ပါဘူး။ အိမ္မွာပဲေနၿပီး ဒီအေျခအေန ေကာင္းသြားတဲ့အထိ ေစာင့္ဖို႔ပဲလိုတယ္လို႔ ထင္ပါတယ္။”

တ႐ုတ္ သိပၸံနဲ႔နည္းပညာ အကယ္ဒမီက ပညာရွင္တဦးလည္းျဖစ္၊ ကူးစက္ေရာဂါ ေဖာ္ထုတ္ကုသေရးဆိုင္ရာ ဓာတ္ခြဲခန္းရဲ႕ ညႊန္ၾကားေရးမွဴးလည္းျဖစ္တဲ့ Li Lanjuan က တ႐ုတ္ CCTV သတင္းဌာနနဲ႔ သီးသန္႔ေတြ႔ဆံု ေမးျမန္းခန္းမွာ လက္ရွိ Corona ဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈနဲ႔ ေဆာင္ရန္ ေရွာင္ရန္ေတြကို အခုလို ေျပာဆိုခဲ့ပါတယ္။

"အသက္႐ွဴလမ္းေၾကာင္းကေနတဆင့္ ကူးစက္ႏုိင္တယ္ဆိုတာကေတာ့ အခု ရွင္းရွင္းလင္းလင္း အတည္ျပဳထားပါၿပီ။ ေနာက္ ေသြး၊ မစင္၊ မသန္႔ရွင္းတဲ့ ပစၥည္းေတြကေနတဆင့္ ကူးစက္ႏုိင္လား ဆိုတာကေတာ့ အတည္မျပဳႏုိင္ေသးပါဘူး။"

Corona ဗုိင္းရပ္စ္ပိုး ကူးစက္ခံရသူအေနနဲ႔ ေရာဂါပ်ိဳးခ်ိန္က ၁၄ ရက္ေက်ာ္ ၾကာတတ္ၿပီး ဒီကာလအတြင္း တျခားသူေတြကို ကူးစက္ႏုိင္ေျခ ရွိတယ္လို႔လည္း ပညာရွင္ Li Lanjuan က ေျပာပါတယ္။

“ဒီကိစၥကို က်မ စစ္ေဆးၿပီး ေရာဂါပ်ိဳးခ်ိန္ ကာလအတြင္းမွာ တျခားသူေတြကို ကူးႏုိင္တယ္ဆိုတာကို ေတြ႔ပါတယ္။ ဒါေၾကာင့္ မက်န္းမမာ ျဖစ္တယ္ဆိုရင္ ၁၄ ရက္အတြင္းမွာေတာ့ ဒီလူေတြကို သီးျခားထားၿပီး က်န္းမာေရးဆိုင္ရာ ေစာင့္ၾကည့္မႈေအာက္မွာ ထားသင္႔ပါတယ္။”

သာမန္ ႐ုိး႐ုိးဖ်ားနာတာနဲ႔ အခု Corona ဗုိင္းရပ္စ္သစ္ေၾကာင့္ အဆုတ္ေရာင္ နမိုးနီးယား ျဖစ္တာမွာ ကနဦး ေရာဂါလကၡဏာေတြက ဆင္တူေနတာေၾကာင့္ ဖ်ားနာတယ္လို႔ သံသယရွိရင္ Corona ဗုိင္းရပ္စ္ကူးစက္မႈ ဟုတ္မဟုတ္ ဆိုတာကို ေဆး႐ုံမွာ စစ္ေဆးတာက ပိုၿပီး သင့္ေတာ္ေကာင္းမြန္တယ္လို႔ ပါေမာကၡ Li က အႀကံျပဳပါတယ္။

တ႐ုတ္အာဏာပိုင္တို႔ဘက္ကေတာ့ အဆိုးရြားဆံုး ကူးစက္ခံေနရတဲ့ ဝူဟမ္ၿမိဳ႕ရွိရာ Hubei နယ္တြင္း ခရီးသြားလာမႈကို ပိတ္ပင္ထားပါတယ္။ ၿမိဳ႕ေတာ္ ေဘဂ်င္းမွာ ခရီးေ၀း ဘတ္စ္ကားေတြ ၿမိဳ႕၀င္ ၿမိဳ႕ထြက္ကို တနဂၤေႏြေန႔မွာ စလို႔ ပိတ္ပင္ထားပါတယ္။ ျပည္ပထြက္မယ့္ တ႐ုတ္ ခရီးသြားအဖြဲ႔ေတြကို တနလာၤေန႔က စလို႔ ပိတ္ပင္မွာျဖစ္ၿပီး ႏုိင္ငံတြင္း အလည္အပတ္ ခရီးစဥ္ေတြကို ေသာၾကာေန႔က စလို႔ ရပ္နားထားၿပီး ျဖစ္ပါတယ္။

Corona ဗုိင္းရပ္စ္ ကူးစက္ခံရမႈေၾကာင့္ တ႐ုတ္ႏုိင္ငံတြင္း ေသဆံုးသူ ၅၆ ေယာက္ထဲမွာ အမ်ားစုကေတာ့ ဝူဟမ္ၿမိဳ႕တည္ရွိရာ Hubei ျပည္နယ္ထဲမွာ ျဖစ္ပါတယ္။ ရွန္ဟိုင္းမွာေတာ့ တနဂၤေႏြေန႔က အသက္ ၈၈ ႏွစ္အရြယ္ အမ်ိဳးသားတဦး Corona ဗုိင္းရပ္စ္ ကူးစက္ခံရမႈေၾကာင့္ ေသဆံုးေၾကာင္း အတည္ျပဳခဲ့ၿပီး ဒါဟာဆိုရင္ Hubei နယ္ ျပင္ပမွာ ပထဆံုးေသာ Corona ဗုိင္းရပ္စ္ ကူးစက္မႈေၾကာင့္ ေသဆံုးရမႈ ျဖစ္ပါတယ္။

ေဟာင္ေကာင္ကြ်န္းနဲ႔ မကာအိုတို႔မွာလည္း ဗိုင္းရပ္စ္ကူးစက္ခံရသူတခ်ိဳ႕ ေတြ႔ရွိထားၿပီး ထုိင္၀မ္မွာလည္း ရွိေနပါတယ္။

ဒါ႔အျပင္ ထိုင္း၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ အေမရိကန္ျပည္ေထာင္စု၊ ဗီယက္နမ္၊ စင္ကာပူ၊ မေလးရွား၊ နီေပါ၊ ျပင္သစ္၊ ၾသစေၾတးလ်နဲ႔ ကေနဒါတို႔မွာလည္း Corona ဗုိင္းရပ္စ္ ကူးစက္ခံထားရသူေတြ ေတြ႔ရွိထားပါတယ္။

----------------------------------------

(Unicode)

Corona ဗိုင်းရပ်စ် ကူးစက်မှု နောက်ဆုံးအခြေအနေ

Corona ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂ ထောင်နီးပါးနဲ့ သေဆုံးသူ ၅၆ ဦး ရှိလာခဲ့ပြီး နောက်မှာတော့ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို ကုသရေးနဲ့ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် တနင်္ဂနွေနေ့က ခရီးသွားလာမှု ကန့်သတ်ချက်တွေကို ပိုပြီး တင်းကျပ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတို့ကတော့ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အဆိုးဆုံးဖြစ်ပွားရာ ဝူဟမ်မြို့မှာ ပိတ်မိနေတဲ့ နိုင်ငံသားတွေကို ကယ်ထုတ်နိုင်ရေး စီစဉ်နေကြပါတယ်။ AFP, CCTV သတင်းတွေကို အခြေခံပြီး မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်းက ဝူဟမ်မြို့မှာတော့ တနင်္ဂနွေနေ့က အပြင်ထွက်ခွင့် ပိုပြီး တင်းကျပ်ထားတာနဲ့အတူ မြို့တွင်းမှာ လှုပ်ရှားမှုကင်းမဲ့ပြီး တိတ်ဆိတ်နေပါတယ်။ ဝူဟမ်မြို့မှာ Corona ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေတာနဲ့အတူပဲ ကောလာဟလတွေ မယုံကြဖို့၊ ကောလာဟလတွေ မဖြန့်ကြဖို့၊ နေမကောင်းရင် ဆေးရုံကို အချိန်မီ သွားကြဖို့လည်း အသံချဲ့စက်တွေနဲ့ ဆော်သြနေပါတယ်။ ဆေးရုံသွားလိုတဲ့ လူတွေကို အခမဲ့ ကားမောင်းပေးနေတဲ့ Yin Yu က အခုလို ပြောပါတယ်။

“ဒီမှာ ကားတွေမရှိပါဘူး။ ဒါကြောင့် ကျနော်တို့က လူတွေကို ဆေးရုံပို့ပေးတာ ပြန်ကြိုတာ လုပ်ပေးနေတာပါ။ ပြီးရင် ကျနော်တို့က ပိုးသတ်သန့်စင်ရေး လုပ်မှာပါ။ အားလုံးက အခမဲ့ပါ။”

အမေရိကန်ပြည်ထောင်စုနဲ့ ပြင်သစ်နိုင်ငံတို့ကတော့ မြို့ပြင်ထွက်ခွင့် ပိတ်ထားတဲ့ ဝူဟမ်မြို့မှာရှိနေတဲ့ သူတို့နိုင်ငံသားတွေကို ခေါ်ယူနိုင်ရေး ပြင်ဆင်နေကြပါတယ်။ ဝူဟမ်မြို့တွင်းက အမေရိကန် ကောင်စစ်ဝန်ရုံးက ဝန်ထမ်းတွေနဲ့ မြို့တွင်းမှာ ပိတ်မိနေတဲ့ အမေရိကန်နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူနိုင်ရေး လေယာဉ် စီစဉ်ထားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ တရုတ်နိုင်ငံ ဝူဟမ်ကနေ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုကို အင်္ဂါနေ့မှာ အဲဒီလေယာဉ် ထွက်မယ့်အကြောင်းလည်း တရုတ်နိုင်ငံက အမေရိကန်နိုင်ငံသားတွေကို ပေးပို့တဲ့ အီးမေးလ်ထဲမှာ ဖော်ပြထားပါတယ်။ ဝူဟမ်မြို့မှာရှိနေတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးက ဝန်ထမ်းတွေ ထွက်ခွာနိုင်ဖို့ တရုတ်အစိုးရဘက်က ဆောင်ရွက်ပေးမယ်လို့လည်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hua Chunying က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ပြင်သစ်အစိုးရ နောက် တရုတ်နိုင်ငံ ဝူဟမ်မှာ လုပ်ငန်းတွေရှိနေတဲ့ ပြင်သစ် ကားထုတ်လုပ်ရေး PSA တို့ကလည်း သူတို့ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ကယ်ထုတ်ရေး စီစဉ်နေတယ်လို့ ပြောဆိုထားပါတယ်။ ဝူဟမ်က သီရိလင်္ကာ နိုင်ငံသားတွေအရေး ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဘေဂျင်းမှာရှိတဲ့ သီရိလင်္ကာသံရုံးက စဉ်းစားသုံးသပ်နေကြောင်းလည်း ပြောဆိုထားပါတယ်။ဝူဟမ်မှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အာဏာပိုင်တွေရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ နောက် လိုအပ်ရင် မြန်မာသံရုံးနဲ့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်းလည်း ဘေဂျင်း မြန်မာသံရုံးက အသိပေးထားပါတယ်။

ဝူဟမ်မြို့မှာ နေထိုင်နေတဲ့ ဗြိတိန်နိုင်ငံသူ ဆရာမ Erica ကလည်း အခုလို ပြောပါတယ်။

“မြို့ကနေ ထွက်သွားဖို့ လိုတယ်လို့ မထင်ပါဘူး။ အိမ်မှာပဲနေပြီး ဒီအခြေအနေ ကောင်းသွားတဲ့အထိ စောင့်ဖို့ပဲလိုတယ်လို့ ထင်ပါတယ်။”

တရုတ် သိပ္ပံနဲ့နည်းပညာ အကယ်ဒမီက ပညာရှင်တဦးလည်းဖြစ်၊ ကူးစက်ရောဂါ ဖော်ထုတ်ကုသရေးဆိုင်ရာ ဓာတ်ခွဲခန်းရဲ့ ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ Li Lanjuan က တရုတ် CCTV သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ လက်ရှိ Corona ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ ဆောင်ရန် ရှောင်ရန်တွေကို အခုလို ပြောဆိုခဲ့ပါတယ်။

"အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်နိုင်တယ်ဆိုတာကတော့ အခု ရှင်းရှင်းလင်းလင်း အတည်ပြုထားပါပြီ။ နောက် သွေး၊ မစင်၊ မသန့်ရှင်းတဲ့ ပစ္စည်းတွေကနေတဆင့် ကူးစက်နိုင်လား ဆိုတာကတော့ အတည်မပြုနိုင်သေးပါဘူး။"

Corona ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူအနေနဲ့ ရောဂါပျိုးချိန်က ၁၄ ရက်ကျော် ကြာတတ်ပြီး ဒီကာလအတွင်း တခြားသူတွေကို ကူးစက်နိုင်ခြေ ရှိတယ်လို့လည်း ပညာရှင် Li Lanjuan က ပြောပါတယ်။

“ဒီကိစ္စကို ကျမ စစ်ဆေးပြီး ရောဂါပျိုးချိန် ကာလအတွင်းမှာ တခြားသူတွေကို ကူးနိုင်တယ်ဆိုတာကို တွေ့ပါတယ်။ ဒါကြောင့် မကျန်းမမာ ဖြစ်တယ်ဆိုရင် ၁၄ ရက်အတွင်းမှာတော့ ဒီလူတွေကို သီးခြားထားပြီး ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်မှုအောက်မှာ ထားသင့်ပါတယ်။”

သာမန် ရိုးရိုးဖျားနာတာနဲ့ အခု Corona ဗိုင်းရပ်စ်သစ်ကြောင့် အဆုတ်ရောင် နမိုးနီးယား ဖြစ်တာမှာ ကနဦး ရောဂါလက္ခဏာတွေက ဆင်တူနေတာကြောင့် ဖျားနာတယ်လို့ သံသယရှိရင် Corona ဗိုင်းရပ်စ်ကူးစက်မှု ဟုတ်မဟုတ် ဆိုတာကို ဆေးရုံမှာ စစ်ဆေးတာက ပိုပြီး သင့်တော်ကောင်းမွန်တယ်လို့ ပါမောက္ခ Li က အကြံပြုပါတယ်။

တရုတ်အာဏာပိုင်တို့ဘက်ကတော့ အဆိုးရွားဆုံး ကူးစက်ခံနေရတဲ့ ဝူဟမ်မြို့ရှိရာ Hubei နယ်တွင်း ခရီးသွားလာမှုကို ပိတ်ပင်ထားပါတယ်။ မြို့တော် ဘေဂျင်းမှာ ခရီးဝေး ဘတ်စ်ကားတွေ မြို့ဝင် မြို့ထွက်ကို တနင်္ဂနွေနေ့မှာ စလို့ ပိတ်ပင်ထားပါတယ်။ ပြည်ပထွက်မယ့် တရုတ် ခရီးသွားအဖွဲ့တွေကို တနလာၤနေ့က စလို့ ပိတ်ပင်မှာဖြစ်ပြီး နိုင်ငံတွင်း အလည်အပတ် ခရီးစဉ်တွေကို သောကြာနေ့က စလို့ ရပ်နားထားပြီး ဖြစ်ပါတယ်။

Corona ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် တရုတ်နိုင်ငံတွင်း သေဆုံးသူ ၅၆ ယောက်ထဲမှာ အများစုကတော့ ဝူဟမ်မြို့တည်ရှိရာ Hubei ပြည်နယ်ထဲမှာ ဖြစ်ပါတယ်။ ရှန်ဟိုင်းမှာတော့ တနင်္ဂနွေနေ့က အသက် ၈၈ နှစ်အရွယ် အမျိုးသားတဦး Corona ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးကြောင်း အတည်ပြုခဲ့ပြီး ဒါဟာဆိုရင် Hubei နယ် ပြင်ပမှာ ပထဆုံးသော Corona ဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးရမှု ဖြစ်ပါတယ်။

ဟောင်ကောင်ကျွန်းနဲ့ မကာအိုတို့မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရသူတချို့ တွေ့ရှိထားပြီး ထိုင်ဝမ်မှာလည်း ရှိနေပါတယ်။

ဒါ့အပြင် ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စု၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ နီပေါ၊ ပြင်သစ်၊ သြစတြေးလျနဲ့ ကနေဒါတို့မှာလည်း Corona ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေ တွေ့ရှိထားပါတယ်။

Corona ဗိုင္းရပ္စ္ ကူးစက္မႈ ေနာက္ဆံုးအေျခအေန
please wait

No media source currently available

0:00 0:05:29 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG