(Zawgyi / Unicode)
တ႐ုတ္ႏုိင္ငံမွာ Corona ဗုိင္းရပ္စ္လို႔ေခၚတဲ့ ကူးစက္ေရာဂါေၾကာင့္ အခုဆုိရင္ ေသဆုံးသူ အေရအတြက္ဟာ ၅၆ ေယာက္ ရွိသြားခဲ့ၿပီျဖစ္တယ္လို႔ တ႐ုတ္အာဏာပိုင္ေတြက ေျပာၾကားလိုက္ပါတယ္။ ဒါ့အျပင္ တ႐ုတ္ႏုိင္ငံမွာ ဒီဗုိင္းရပ္စ္ပိုး ကူးစက္ခံရသူ စုစုေပါင္းဟာ ၂၀၀၀ ေလာက္ရွိၿပီ ျဖစ္ပါတယ္။
ဒီဗုိင္းရပ္စ္ပိုးနဲ႔ ပတ္သက္ၿပီး အခုခ်ိန္ထိ ဘာမွ ေသခ်ာမသိရေသးဘဲ တ႐ုတ္အမ်ိဳးသားက်န္းမာေရး၀န္ႀကီး Ma Xiaowei က ဒီကေန႔ ေျပာလိုက္ပါတယ္။
ဒီဗုိင္းရပ္စ္ေရာဂါပ်ိဳးခ်ိန္က ၁ ရက္ကေန ၁၄ ရက္အထိ ၾကာႏုိင္ၿပီး အဲဒီအခ်ိန္အတြင္းမွာ ပိုၿပီးေတာ့ အလြယ္တကူ ကူးစက္ႏုိင္ေၾကာင္းနဲ႔ ကူးစက္မႈႏႈန္းဟာ ပိုၿပီးေတာ့ တုိးလာႏုိင္ဖြယ္ရွိတယ္လို႔ ေျပာပါတယ္။
ဒီဗုိင္းရပ္စ္ပိုး ေနာက္ထပ္ကူးစက္ခံရသူ ၆၈၈ ေယာက္ စေနေန႔က ေတြ႔ရွိခဲ့တယ္လို႔ တ႐ုတ္ႏုိင္ငံက ေျပာပါတယ္။
ဒီဗုိင္းရပ္စ္ပိုးဟာ ၿပီးခဲ့တဲ့ႏွစ္ အကုန္ပိုင္းက တ႐ုတ္ႏုိင္ငံအလယ္ပိုင္း Hubei ျပည္နယ္ ၀ူဟမ္ၿမိဳ႕က ေတာ႐ုိင္းတိရစာၦန္ေတြကို တရားမ၀င္ေရာင္းတဲ့ ပင္လယ္စာနဲ႔ ငါးေစ်းတခုမွာ စတင္ေပၚေပါက္ခဲ့တယ္လို႔ ယူဆရပါတယ္။
မေန႔ တနဂၤေႏြေန႔ကေတာ့ တ႐ုတ္ႏုိင္ငံမွာ ေတာ႐ုိင္းတိရစာၦန္ ေရာင္းခ်တာေတြကို ယာယီတားျမစ္လိုက္တယ္လို႔ တ႐ုတ္အစိုးရက ေၾကညာလိုက္ပါတယ္။
----------------------------------
(Unicode)
Corona ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆ ဦးရှိပြီ
တရုတ်နိုင်ငံမှာ Corona ဗိုင်းရပ်စ်လို့ခေါ်တဲ့ ကူးစက်ရောဂါကြောင့် အခုဆိုရင် သေဆုံးသူ အရေအတွက်ဟာ ၅၆ ယောက် ရှိသွားခဲ့ပြီဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှာ ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စုစုပေါင်းဟာ ၂၀၀၀ လောက်ရှိပြီ ဖြစ်ပါတယ်။
ဒီဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး အခုချိန်ထိ ဘာမှ သေချာမသိရသေးဘဲ တရုတ်အမျိုးသားကျန်းမာရေးဝန်ကြီး Ma Xiaowei က ဒီကနေ့ ပြောလိုက်ပါတယ်။
ဒီဗိုင်းရပ်စ်ရောဂါပျိုးချိန်က ၁ ရက်ကနေ ၁၄ ရက်အထိ ကြာနိုင်ပြီး အဲဒီအချိန်အတွင်းမှာ ပိုပြီးတော့ အလွယ်တကူ ကူးစက်နိုင်ကြောင်းနဲ့ ကူးစက်မှုနှုန်းဟာ ပိုပြီးတော့ တိုးလာနိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။
ဒီဗိုင်းရပ်စ်ပိုး နောက်ထပ်ကူးစက်ခံရသူ ၆၈၈ ယောက် စနေနေ့က တွေ့ရှိခဲ့တယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။
တရုတ်သမ္မတ Xi Jinping ကတော့ တရုတ်နိုင်ငံဟာ စိုးရိမ်စရာ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး ဒီကူးစက်ရောဂါဗိုင်းရပ်စ်ပိုးကို ကုသဖို့အတွက် သီးသန့်ဆေးရုံတွေကို တည်ဆောက်ပြီး ကျွမ်းကျင်သူတွေနဲ့ တခြားအရင်းအမြစ်တွေကို ပို့ဆောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒီဗိုင်းရပ်စ်ပိုးဟာ ပြီးခဲ့တဲ့နှစ် အကုန်ပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်း Hubei ပြည်နယ် ဝူဟမ်မြို့က တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင်ရောင်းတဲ့ ပင်လယ်စာနဲ့ ငါးဈေးတခုမှာ စတင်ပေါ်ပေါက်ခဲ့တယ်လို့ ယူဆရပါတယ်။
မနေ့ တနင်္ဂနွေနေ့ကတော့ တရုတ်နိုင်ငံမှာ တောရိုင်းတိရစ္ဆာန် ရောင်းချတာတွေကို ယာယီတားမြစ်လိုက်တယ်လို့ တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။