(Zawgyi / Unicode)
တ႐ုတ္ႏုိင္ငံတြင္း Corona ဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔ျဖစ္ပြားမႈကို ကိုင္တြယ္ေဆာင္ရြက္မႈနဲ႔ ပတ္သက္ၿပီး တ႐ုတ္သမၼတ Xi Jinping ကို အေမရိကန္သမၼတ Donald Trump အပါအ၀င္ တျခား ကမၻာ့ေခါင္းေဆာင္ေတြက ခ်ီးက်ဴး ေျပာဆိုၾကပါတယ္။
Corona ဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏံွ႔မႈကို ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ တ႐ုတ္ဘက္က အင္တိုက္အားတိုက္ ႀကိဳးပမ္းေဆာင္ရြက္ေနၿပီး တ႐ုတ္ရဲ႕ ႀကိဳးပမ္းေဆာင္ရြက္မႈနဲ႔ ပြင့္လင္းျမင္သာမႈ ရွိတဲ့အေပၚ အေမရိကန္ျပည္ေထာင္စုဘက္က ေက်းဇူးတင္ရွိေၾကာင္း၊ အေျခအေနေတြ ေကာင္းမြန္လာမွာျဖစ္ေၾကာင္းနဲ႔ အထူးသျဖင့္ေတာ့ အေမရိကန္ျပည္သူေတြကိုယ္စား သမၼတ Xi ကို ေက်းဇူးတင္ေၾကာင္း ေျပာလိုပါတယ္လို႔ အေမရိကန္သမၼတ Trump က ဇန္န၀ါရီလ ၂၄ ရက္ေန႔က တြစ္တာ လူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။
အနည္းဆံုး ႏုိင္ငံေပါင္း ၁၅ ႏုိင္ငံမွာ Corona ဗုိင္းရပ္စ္ ကူးစက္ ျဖစ္ပြားသူေတြ တ႐ုတ္ခရီးသြားေတြလို႔ ရည္ညႊန္း ေျပာဆိုခံရတာေၾကာင့္လည္း ဒီအေပၚမွာ အေလးထားတဲ့အေနနဲ႔ တ႐ုတ္သမၼတ Xi က ျပင္သစ္သမၼတ Emmanuel Macron၊ ဂ်ာမနီ၀န္ႀကီးခ်ဳပ္ Angela Merkel တို႔ အပါအ၀င္ ကမၻာ့ေခါင္းေဆာင္ေတြကိုလည္း ဆက္သြယ္ခဲ့ပါတယ္။
-----------------------------------
(Unicode)
ဗိုင်းရပ်စ်ပိုးအရေး ကိုင်တွယ်လုပ်ဆောင်မှု တရုတ်သမ္မတကို ကမ္ဘာ့ခေါင်းဆောင်တွေ ချီးကျူး
တရုတ်နိုင်ငံတွင်း Corona ဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားမှုကို ကိုင်တွယ်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး တရုတ်သမ္မတ Xi Jinping ကို အမေရိကန်သမ္မတ Donald Trump အပါအဝင် တခြား ကမ္ဘာ့ခေါင်းဆောင်တွေက ချီးကျူး ပြောဆိုကြပါတယ်။
Corona ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်ခံရသူပေါင်း ၁၄၀၀ နီးပါးနဲ့ သေဆုံးသူ ၄၂ ယောက်ရှိပြီး အမေရိကန်နဲ့ ပြင်သစ် အပါအဝင် နိုင်ငံပေါင်း အနည်းဆုံး ၁၅ နိုင်ငံတို့ကို ပျံ့နှံ့ ကူးစက်ခံထားရပါတယ်။
Corona ဗိုင်းရပ်စ် ကူးစက်ပျံ့နံှ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် တရုတ်ဘက်က အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်နေပြီး တရုတ်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုနဲ့ ပွင့်လင်းမြင်သာမှု ရှိတဲ့အပေါ် အမေရိကန်ပြည်ထောင်စုဘက်က ကျေးဇူးတင်ရှိကြောင်း၊ အခြေအနေတွေ ကောင်းမွန်လာမှာဖြစ်ကြောင်းနဲ့ အထူးသဖြင့်တော့ အမေရိကန်ပြည်သူတွေကိုယ်စား သမ္မတ Xi ကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်လို့ အမေရိကန်သမ္မတ Trump က ဇန်နဝါရီလ ၂၄ ရက်နေ့က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အနည်းဆုံး နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ Corona ဗိုင်းရပ်စ် ကူးစက် ဖြစ်ပွားသူတွေ တရုတ်ခရီးသွားတွေလို့ ရည်ညွှန်း ပြောဆိုခံရတာကြောင့်လည်း ဒီအပေါ်မှာ အလေးထားတဲ့အနေနဲ့ တရုတ်သမ္မတ Xi က ပြင်သစ်သမ္မတ Emmanuel Macron၊ ဂျာမနီဝန်ကြီးချုပ် Angela Merkel တို့ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေကိုလည်း ဆက်သွယ်ခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ လုံခြုံမှုကို ထိန်းထားနိုင်ရေးအတွက် Corona ဗိုင်းရပ်စ်သစ်ကြောင့် ဖြစ်ရတဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါတွေ ပျံ့နှံ့မှုကို ထိထိရောက်ရောက် ဟန့်တားနိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အတူဆောင်ရွက်ဖို့ တရုတ်ဘက်က အဆင်သင့်ရှိပါတယ်လို့ တရုတ်သမ္မတက ပြောဆိုခဲ့ပါတယ်။