သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုင်းရပ်စ်ပိုးအရေး ကိုင်တွယ်လုပ်ဆောင်မှု တရုတ်သမ္မတကို ကမ္ဘာ့ခေါင်းဆောင်တွေ ချီးကျူး

ဘေဂျင်းလေဆိပ်သို့ ရောက်ရှိလာသည့် ခရီးသည်များအား ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်နေသည့် ဝန်ထမ်းတဦး။ (ဇန်နဝါရီ ၂၅၊ ၂၀၂၀)
ဘေဂျင်းလေဆိပ်သို့ ရောက်ရှိလာသည့် ခရီးသည်များအား ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်နေသည့် ဝန်ထမ်းတဦး။ (ဇန်နဝါရီ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

တရုတ်နိုင်ငံတွင်း Corona ဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားမှုကို ကိုင်တွယ်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး တရုတ်သမ္မတ Xi Jinping ကို အမေရိကန်သမ္မတ Donald Trump အပါအဝင် တခြား ကမ္ဘာ့ခေါင်းဆောင်တွေက ချီးကျူး ပြောဆိုကြပါတယ်။

Corona ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်ခံရသူပေါင်း ၁၄၀၀ နီးပါးနဲ့ သေဆုံးသူ ၄၂ ယောက်ရှိပြီး အမေရိကန်နဲ့ ပြင်သစ် အပါအဝင် နိုင်ငံပေါင်း အနည်းဆုံး ၁၅ နိုင်ငံတို့ကို ပျံ့နှံ့ ကူးစက်ခံထားရပါတယ်။

Corona ဗိုင်းရပ်စ် ကူးစက်ပျံ့နံှ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် တရုတ်ဘက်က အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်နေပြီး တရုတ်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုနဲ့ ပွင့်လင်းမြင်သာမှု ရှိတဲ့အပေါ် အမေရိကန်ပြည်ထောင်စုဘက်က ကျေးဇူးတင်ရှိကြောင်း၊ အခြေအနေတွေ ကောင်းမွန်လာမှာဖြစ်ကြောင်းနဲ့ အထူးသဖြင့်တော့ အမေရိကန်ပြည်သူတွေကိုယ်စား သမ္မတ Xi ကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်လို့ အမေရိကန်သမ္မတ Trump က ဇန်နဝါရီလ ၂၄ ရက်နေ့က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

Corona ဗိုင်းရပ်စ် ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး တရုတ်အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှု။

Hong Kong China Outbreak
1/5 Hong Kong China Outbreak
The Week That Was in Asia Photo Gallery
2/5 The Week That Was in Asia Photo Gallery
APTOPIX China Outbreak
3/5 APTOPIX China Outbreak
Corona ဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေး တရုတ်နိုင်ငံတွင်း ကြိုးပမ်းဆောင်ရွက်နေမှု။
4/5 Corona ဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေး တရုတ်နိုင်ငံတွင်း ကြိုးပမ်းဆောင်ရွက်နေမှု။
Australia China Outbreak
5/5 Australia China Outbreak
Previous slide
Next slide

အနည်းဆုံး နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ Corona ဗိုင်းရပ်စ် ကူးစက် ဖြစ်ပွားသူတွေ တရုတ်ခရီးသွားတွေလို့ ရည်ညွှန်း ပြောဆိုခံရတာကြောင့်လည်း ဒီအပေါ်မှာ အလေးထားတဲ့အနေနဲ့ တရုတ်သမ္မတ Xi က ပြင်သစ်သမ္မတ Emmanuel Macron၊ ဂျာမနီဝန်ကြီးချုပ် Angela Merkel တို့ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေကိုလည်း ဆက်သွယ်ခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ လုံခြုံမှုကို ထိန်းထားနိုင်ရေးအတွက် Corona ဗိုင်းရပ်စ်သစ်ကြောင့် ဖြစ်ရတဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါတွေ ပျံ့နှံ့မှုကို ထိထိရောက်ရောက် ဟန့်တားနိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အတူဆောင်ရွက်ဖို့ တရုတ်ဘက်က အဆင်သင့်ရှိပါတယ်လို့ တရုတ်သမ္မတက ပြောဆိုခဲ့ပါတယ်။

-----------------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG