(Zawgyi / Unicode)
ဗိုင္းရပ္စ္ပိုး အႏၲရာယ္ဟာ အစိုးရက တရားဝင္ ထုတ္ျပန္ေနတာေတြထက္ ပိုၿပီးႀကီးမားႏုိင္ေျခရွိလို႔ စိုးရိမ္ေနၾကတာပါ။
ကူးစက္ခံရသူ အေတာ္မ်ားမ်ားမွာ ေခ်ာင္းဆိုးတာ၊ အဖ်ားရွိတာ၊ နမိုးနီးယား အူေရာင္ငန္းဖ်ားေရာဂါ ခံစားေနရတာ စတဲ့ အရိပ္လကၡဏာေတြ မေတြ႔ခဲ့ရပါဘူး။ တျခားေရာဂါေတြနဲ႔ ေရာေထြးသြားေစႏုိင္တဲ့ ရင္ဘတ္မွာ တင္းက်ပ္ေနတဲ့ ခံစားခ်က္လိုမ်ဳိး တျခား အရိပ္လကၡဏာေတြလည္း ရွိခဲ့ၾကတာပါ။
ေရာဂါကို စစ္ေဆးစမ္းသပ္ဖို႔အတြက္ တိက်တဲ့ လမ္းၫႊန္ခ်က္မ်ဳိး ဆရာဝန္ေတြကို ထုတ္ျပန္ေပးဖို႔ တ႐ုတ္ က်န္းမာေရးေကာ္မရွင္ဟာ ႀကိဳးစားေနရဆဲပါ။
ေဘဂ်င္းၿမိဳ႕ေတာ္မွာ ဗုိင္းရပ္စ္ပိုး ကူးစက္ခံထားရသူ ငါးဦးထဲက ႏွစ္ဦးဟာ ေရာဂါပိုး အပ်ံ႕ႏွံ႔ဆံုးျဖစ္ေနတဲ့ Hubei ျပည္နယ္က လူေတြနဲ႔ လံုးဝ အဆက္အစပ္ မရွိတဲ့သူေတြ ျဖစ္ပါတယ္။
ဒါ့အျပင္ ေရာဂါပိုးရဲ႕ မူလဇာစ္ျမစ္ဟာ တျခားတခု ျဖစ္ေနသလားဆိုတဲ့ ေမးခြန္းေတြလည္း ေပၚလာပါတယ္။
ဘယ္တိရစၧာန္ကေန ဗိုင္းရပ္စ္ပိုး စၿပီး ကူးစက္တာလဲ ဆိုတဲ့အေပၚ သိပၸံပညာရွင္အမ်ဳိးမ်ဳိးက ေျပာေနၾကတာ တိရစၧာန္ အမ်ဳိးမ်ဳိးပါပဲ။ အဲဒီထဲမွာ လင္းႏို႔ကေန ေႁမြေတြ၊ ေရေန ကုန္းေန ဖ်ံေတြထိ ပါဝင္ပါတယ္။ ဘာမွေတာ့ ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။
ဒါ့အျပင္ သင့္ေလ်ာ္တဲ့ ကာကြယ္ေဆးတခု ထုတ္လုပ္ဖို႔ ႀကိဳးစားေနၾကေပမယ့္လည္း အဲဒါက အခ်ိန္ၾကာဦးမွာ ျဖစ္ပါတယ္။
-------------------------------------
(Unicode)
Corona ဗိုင်းရပ်စ်အန္တရာယ် ကြီးမားလာနိုင်ခြေအပေါ် စိုးရိမ်မှုများ ထွက်ပေါ်
ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့နေတဲ့ အခြေအနေကို တရုတ်သမ္မတ Xi Jinping ကိုင်တွယ်လုပ်ဆောင်ပုံနဲ့ ပတ်သက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေက ချီးကျူး ပြောဆိုနေကြတာကြောင့် ဗိုင်းရပ်စ်ပိုးရဲ့ အန္တရာယ် အတိမ်အနက်ကို လျစ်လျူရှုပစ်လိုက်လို့ မရပါဘူး။
ဗိုင်းရပ်စ်ပိုး အန္တရာယ်ဟာ အစိုးရက တရားဝင် ထုတ်ပြန်နေတာတွေထက် ပိုပြီးကြီးမားနိုင်ခြေရှိလို့ စိုးရိမ်နေကြတာပါ။
ဗိုင်းရပ်စ်ပိုးဟာ ပိုပြီး အန္တရာယ်ကြီးလာနိုင်တယ်ဆိုတဲ့ အရိပ်လက္ခဏာတွေ ပြလာတာကြောင့် ကူးစက်ခံရသူ အရေအတွက်ဟာ တရုတ်အစိုးရက တရားဝင် ထုတ်ပြန်တာထက် အများကြီးပိုနိုင်တယ်လို့ ယူဆလာကြပါတယ်။
ကူးစက်ခံရသူ အတော်များများမှာ ချောင်းဆိုးတာ၊ အဖျားရှိတာ၊ နမိုးနီးယား အူရောင်ငန်းဖျားရောဂါ ခံစားနေရတာ စတဲ့ အရိပ်လက္ခဏာတွေ မတွေ့ခဲ့ရပါဘူး။ တခြားရောဂါတွေနဲ့ ရောထွေးသွားစေနိုင်တဲ့ ရင်ဘတ်မှာ တင်းကျပ်နေတဲ့ ခံစားချက်လိုမျိုး တခြား အရိပ်လက္ခဏာတွေလည်း ရှိခဲ့ကြတာပါ။
ရောဂါကို စစ်ဆေးစမ်းသပ်ဖို့အတွက် တိကျတဲ့ လမ်းညွှန်ချက်မျိုး ဆရာဝန်တွေကို ထုတ်ပြန်ပေးဖို့ တရုတ် ကျန်းမာရေးကော်မရှင်ဟာ ကြိုးစားနေရဆဲပါ။
ဘေဂျင်းမြို့တော်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ငါးဦးထဲက နှစ်ဦးဟာ ရောဂါပိုး အပျံ့နှံ့ဆုံးဖြစ်နေတဲ့ Hubei ပြည်နယ်က လူတွေနဲ့ လုံးဝ အဆက်အစပ် မရှိတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Hubei ပြည်နယ်ကို ပြင်ပနဲ့ အဆက်အသွယ် ဖြတ်လိုက်ရုံနဲ့တော့ ရောဂါပိုး မပြန့်တော့ဘူးလို့ သေချာပေါက် မပြောနိုင်ပါဘူး။
ဒါ့အပြင် ရောဂါပိုးရဲ့ မူလဇာစ်မြစ်ဟာ တခြားတခု ဖြစ်နေသလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်လာပါတယ်။
ဘယ်တိရစ္ဆာန်ကနေ ဗိုင်းရပ်စ်ပိုး စပြီး ကူးစက်တာလဲ ဆိုတဲ့အပေါ် သိပ္ပံပညာရှင်အမျိုးမျိုးက ပြောနေကြတာ တိရစ္ဆာန် အမျိုးမျိုးပါပဲ။ အဲဒီထဲမှာ လင်းနို့ကနေ မြွေတွေ၊ ရေနေ ကုန်းနေ ဖျံတွေထိ ပါဝင်ပါတယ်။ ဘာမှတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
ဒါ့အပြင် သင့်လျော်တဲ့ ကာကွယ်ဆေးတခု ထုတ်လုပ်ဖို့ ကြိုးစားနေကြပေမယ့်လည်း အဲဒါက အချိန်ကြာဦးမှာ ဖြစ်ပါတယ်။