သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Corona ဗိုင်းရပ်စ် ထိန်းချုပ်ဖို့ တရုတ်မြိ့သုံးမြို့ အသွားအလာ ထိန်းချုပ်


(Unicode/zawgyi)

တရုတ်နိုင်ငံမှာ Coronavirus ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ လူဦးရေ ၁၈ သန်းလောက်ရှိတဲ့ မြို့ ၃ မြို့မှာ အသွားအလာတွေ ပိတ်လိုက်ပါတယ်။

ဗိုင်းရပ်စ်ပိုး စတင်ပျံ့ပွားခဲ့တဲ့ Wuhan မြို့မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ SWAT အထူးတပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေက ရထားဘူတာတွေမှာ စောင့်ကြပ်နေကြသလို အတားအဆီးတွေနဲ့လည်း ပိတ်ဆို့တားဆီးထားပါတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်ကြောင့် လူ ၁၇ ယောက်ထက်မနည်း သေဆုံးပြီး ကူးစက်ခံရသူ ၅၀၀ ကျော်အထိရှိနေကြောင်း အတည်ပြုခဲ့ပြီးနောက်မှာပဲ အာဏာပိုင်တွေက ကူးစက်မှုတွေ စတင်ခဲ့တဲ့ Wuhan မြို့မှာ လေယာဉ်ကွင်းတွေ၊ ရထားဘူတာတွေ၊ ခရီးဝေးသွားမယ့် ဘတ်စ်ကား ခရီးစဉ်တွေ အားလုံးကို ပိတ်လိုက်တာပါ။ လူဦးရေ ၁၁ သန်းလောက်ရှိတဲ့ Wuhan မြို့အနီး Ezhou မြို့မှာလည်း အလားတူ ပိတ်ခဲ့သလို Huanggang မြို့မှာလည်း ဖျော်ဖြေရေးလုပ်ငန်းတွေ၊ အင်တာနက် ကဖေးတွေကို ပိတ်လိုက်ပါတယ်။ ဘေဂျင်းမြို့တော်မှာတော့ တရုတ်ရိုးရာ နှစ်သစ်ကူးကာလ ကျင်းပမယ့် အခမ်းအနားကြီးတွေကို အာဏာပိုင်တွေက ဖျက်သိမ်းလိုက်ပါတယ်။ ရောဂါပိုးကူးစက် ပျံ့နှံ့မှုတွေကို ထိန်းချပ်ဖို့ အစီအစဉ်တချို့ကို ဖျက်သိမ်းလိုက်ကြောင်း ယဉ်ကျေးမှုနဲ့ ခရီးသွားဗျုရိုက ကြေညာခဲ့တာပါ။

Wuhan မြို့က စတင်ပျံ့နှံ့ခဲ့တဲ့ ဗိုင်းရပ်စ်ပိုးဟာ တရုတ်နိုင်ငံ ဘေဂျင်း၊ ရှန်ဟိုင်း၊ ဂွမ်ဒေါင်း ပြည်နယ်တွေ သာမက ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ ထိုင်ဝမ်နဲ့ အမေရိကန် ပြည်ထောင်စုအထိပါ ကူးစက်သူတွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာတော့ ကူးစက်မှုရှိတဲ့ သတင်းတွေ မကြားရသေးပေမဲ့ ကြိုတင်ကာကွယ်ရေး အစီအမံတွေ ချမှတ်ထားကြောင်း ကျန်းမာရေးအာဏာပိုင်တွေက ပြောဆိုထားကြတာပါ။ ဒီနေ့အစောပိုင်းမှာလည်း Wuhan မြို့ကနေ တိုက်ရိုက်ပျံသန်းလာတဲ့ လေယာဉ်တစင်းက ခရီးသည်တချို့ကို စစ်ဆေးခဲ့ကြပေမဲ့ ရောဂါကူးစက်မှု မတွေ့ရကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


.........................

Corona ဗိုင္းရပ္စ္ ထိန္းခ်ဳပ္ဖို႔ တ႐ုတ္ၿမိ႕သံုးၿမိဳ႕ အသြားအလာ ထိန္းခ်ဳပ္

(Zawgyi)

တ႐ုတ္ႏုိင္ငံမွာ Coronavirus ကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ဖုိ႔ ႀကိဳးပမ္းတဲ့ အေနနဲ႔ လူဦးေရ ၁၈ သန္းေလာက္ရွိတဲ့ ၿမိဳ႕ ၃ ၿမိဳ႕မွာ အသြားအလာေတြ ပိတ္လုိက္ပါတယ္။

ဗုိင္းရပ္စ္ပုိး စတင္ပ်ံ႕ပြားခဲ့တဲ့ Wuhan ၿမိဳ႕မွာေတာ့ ရဲတပ္ဖဲြ႔၀င္ေတြ SWAT အထူးတပ္ဖဲြ႔ေတြ၊ ျပည္သူ႔စစ္ေတြက ရထားဘူတာေတြမွာ ေစာင့္ၾကပ္ေနၾကသလုိ အတားအဆီးေတြနဲ႔လည္း ပိတ္ဆုိ႔တားဆီးထားပါတယ္။

ဗုိင္းရပ္စ္ပုိး ကူးစက္ေၾကာင့္ လူ ၁၇ ေယာက္ထက္မနည္း ေသဆုံးၿပီး ကူးစက္ခံရသူ ၅၀၀ ေက်ာ္အထိရွိေနေၾကာင္း အတည္ျပဳခဲ့ၿပီးေနာက္မွာပဲ အာဏာပုိင္ေတြက ကူးစက္မႈေတြ စတင္ခဲ့တဲ့ Wuhan ၿမိဳ႕မွာ ေလယာဥ္ကြင္းေတြ၊ ရထားဘူတာေတြ၊ ခရီးေ၀းသြားမယ့္ ဘတ္စ္ကား ခရီးစဥ္ေတြ အားလုံးကို ပိတ္လုိက္တာပါ။

လူဦးေရ ၁၁ သန္းေလာက္ရွိတဲ့ Wuhan ၿမိဳ႕အနီး Ezhou ၿမိဳ႕မွာလည္း အလားတူ ပိတ္ခဲ့သလုိ Huanggang ၿမိဳ႕မွာလည္း ေဖ်ာ္ေျဖေရးလုပ္ငန္းေတြ၊ အင္တာနက္ ကေဖးေတြကုိ ပိတ္လုိက္ပါတယ္။ ေဘဂ်င္းၿမိဳ႕ေတာ္မွာေတာ့ တ႐ုတ္႐ုိးရာ ႏွစ္သစ္ကူးကာလ က်င္းပမယ့္ အခမ္းအနားႀကီးေတြကုိ အာဏာပုိင္ေတြက ဖ်က္သိမ္းလုိက္ပါတယ္။ ေရာဂါပုိးကူးစက္ ပ်ံ႕ႏွံ႔မႈေတြကုိ ထိန္းခ်ပ္ဖုိ႔ အစီအစဥ္တခ်ဳိ႕ကုိ ဖ်က္သိမ္းလုိက္ေၾကာင္း ယဥ္ေက်းမႈနဲ႔ ခရီးသြားဗ်ဳ႐ုိက ေၾကညာခဲ့တာပါ။

Wuhan ၿမိဳ႕က စတင္ပ်ံ႕ႏွံ႔ခဲ့တဲ့ ဗုိင္းရပ္စ္ပုိးဟာ တ႐ုတ္ႏုိင္ငံ ေဘဂ်င္း၊ ရွန္ဟုိင္း၊ ဂြမ္ေဒါင္း ျပည္နယ္ေတြ သာမက ဂ်ပန္၊ ေတာင္ကုိရီးယား၊ ထုိင္း၊ ထုိင္၀မ္နဲ႔ အေမရိကန္ ျပည္ေထာင္စုအထိပါ ကူးစက္သူေတြ ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံနဲ႔ အိမ္နီးခ်င္း ျမန္မာႏုိင္ငံမွာေတာ့ ကူးစက္မႈရွိတဲ့ သတင္းေတြ မၾကားရေသးေပမဲ့ ႀကိဳတင္ကာကြယ္ေရး အစီအမံေတြ ခ်မွတ္ထားေၾကာင္း က်န္းမာေရးအာဏာပုိင္ေတြက ေျပာဆုိထားၾကတာပါ။ ဒီေန႔အေစာပုိင္းမွာလည္း Wuhan ၿမိဳ႕ကေန တုိက္႐ုိက္ပ်ံသန္းလာတဲ့ ေလယာဥ္တစင္းက ခရီးသည္တခ်ဳိ႕ကုိ စစ္ေဆးခဲ့ၾကေပမဲ့ ေရာဂါကူးစက္မႈ မေတြ႔ရေၾကာင္းလည္း တာ၀န္ရွိသူေတြက ေျပာပါတယ္။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG