(Zawgyi/Unicode)
အဂၤါေန႔ထိဆိုရင္ ကမာၻတဝန္းမွာ coronavirus ပိုး ကူးစက္ခံရသူေပါင္း ၅၄၀၀ ေက်ာ္ ရွိသြားၿပီျဖစ္ၿပီး ေသဆံုးသူ ၁၃၀ေက်ာ္ ရွိေနပါ ၿပီ။ ေရာဂါပိုး ကူးစက္ခံထားရသူနဲ႔ ေသဆံုးသူအမ်ားစုဟာ Wuhan ၿမိဳ႕တြင္းနဲ႔ ပတ္ဝန္းက်င္ေဒသေတြမွာျဖစ္ပါတယ္။
အဂၤါေန႔အထိ ေနာက္ဆံုးရထားတဲ့ သတင္းေတြအရဆိုရင္ Coronavirus ပိုး ကူးစက္ခံထားရသူ အေရအတြက္ဟာ တ႐ုတ္ႏုိင္ငံမွာ အမ်ားဆံုးျဖစ္ၿပီး တျခားႏုိင္ငံနဲ႔ေဒသေပါင္း ၁၇ ခုမွာလည္း ေရာဂါပိုး ကူးစက္ခံထားရသူေတြ ေတြ႔ထားပါတယ္။
တ႐ုတ္ပိုင္နယ္ေျမေတြျဖစ္တဲ့ မကၠာအိုမွာ ခုနစ္ေယာက္၊ ေဟာင္ေကာင္မွာ ၈ ေယာက္ ေရာဂါပိုး ကူးစက္ခံထားရပါတယ္။
တ႐ုတ္ Corona ဗိုင္းရပ္ေရာဂါ အိမ္နီးခ်င္းႏိုင္ငံတခ်ိဳ႕ကို ကူးစက္တဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။
အာရွ-ပစိဖိတ္ေဒသမွာေတာ့ ၾသစေၾတးလ်မွာ ၅ ေယာက္၊ ကေမာၻဒီးယားမွာ ပထမဆံုးျဖစ္ရပ္အျဖစ္ တနလၤာေန႔ကေတြ႔ထားတဲဲ့ ၁ ေယာက္၊ ဂ်ပန္မွာ ၇ ေယာက္၊ မေလးရွားမွာ ၄ ေယာက္၊ စကၤာပူမွာ ၇ ေယာက္၊ ေတာင္ကိုရီးယားမွာ ၄ ေယာက္၊ သီရိလကၤာ မွာ ပထမဆံုးတေယာက္၊ တိုင္ဝမ္မွာ ၇ ေယာက္၊ ထိုင္းမွာ ၁၄ ေယာက္၊ ဗီယက္နမ္မွာ ၂ ေယာက္နဲ႔ နီေပါလ္မွာ ၁ ေယာက္ အသီး သီး ကူးစက္ခံထားရပါတယ္။ နီေပါလ္က ေရာဂါပိုးကူးစက္ခံရသူကေတာ့ သီးျခားခြဲ ကုသမႈခံယူၿပီးတဲ့ေနာက္ ေဆး႐ံုက ဆင္းသြား ပါၿပီ။
၀ူဟန္ၿမိဳ႕ေရာက္ ႏုိင္ငံသားေတြ ျပန္ေခၚႏုိင္ေရး ႏုိင္ငံတခ်ဳိ႕ စတင္စီစဥ္ေနတဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။
ေျမာက္အေမရိကတိုက္မွာဆိုရင္ ကေနဒါမွာ ပထမဆံုးတေယာက္၊ အေမရိကန္္မွာ ၅ ေယာက္ ကူးစက္ခံထားရပါတယ္။ ဥေရာပတိုက္မွာေတာ့ ျပင္သစ္မွာ ၄ ေယာက္နဲ႔ ဂ်ာမနီမွာ ပထမဆံုး ၁ ေယာက္ ေတြ႔ထားပါတယ္။
..................
Coronavirus ကြောင့် သေဆုံးသူ ၁၃၀ ကျော်ရှိ
(Unicode)
အင်္ဂါနေ့ထိဆိုရင် ကမ္ဘာတဝန်းမှာ coronavirus ပိုး ကူးစက်ခံရသူပေါင်း ၅၄၀၀ ကျော် ရှိသွားပြီဖြစ်ပြီး သေဆုံးသူ ၁၃၀ကျော် ရှိနေပါ ပြီ။ ရောဂါပိုး ကူးစက်ခံထားရသူနဲ့ သေဆုံးသူအများစုဟာ Wuhan မြို့တွင်းနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာဖြစ်ပါတယ်။
အင်္ဂါနေ့အထိ နောက်ဆုံးရထားတဲ့ သတင်းတွေအရဆိုရင် Coronavirus ပိုး ကူးစက်ခံထားရသူ အရေအတွက်ဟာ တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပြီး တခြားနိုင်ငံနဲ့ဒေသပေါင်း ၁၇ ခုမှာလည်း ရောဂါပိုး ကူးစက်ခံထားရသူတွေ တွေ့ထားပါတယ်။
တရုတ် Corona ဗိုင်းရပ်ရောဂါ အိမ်နီးချင်းနိုင်ငံတချို့ကို ကူးစက်တဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။
တရုတ်ပိုင်နယ်မြေတွေဖြစ်တဲ့ မက္ကာအိုမှာ ခုနစ်ယောက်၊ ဟောင်ကောင်မှာ ၈ ယောက် ရောဂါပိုး ကူးစက်ခံထားရပါတယ်။
အာရှ-ပစိဖိတ်ဒေသမှာတော့ သြစတြေးလျမှာ ၅ ယောက်၊ ကမ္ဘောဒီးယားမှာ ပထမဆုံးဖြစ်ရပ်အဖြစ် တနင်္လာနေ့ကတွေ့ထားတဲ့ ၁ ယောက်၊ ဂျပန်မှာ ၇ ယောက်၊ မလေးရှားမှာ ၄ ယောက်၊ စင်္ကာပူမှာ ၇ ယောက်၊ တောင်ကိုရီးယားမှာ ၄ ယောက်၊ သီရိလင်္ကာ မှာ ပထမဆုံးတယောက်၊ တိုင်ဝမ်မှာ ၇ ယောက်၊ ထိုင်းမှာ ၁၄ ယောက်၊ ဗီယက်နမ်မှာ ၂ ယောက်နဲ့ နီပေါလ်မှာ ၁ ယောက် အသီး သီး ကူးစက်ခံထားရပါတယ်။ နီပေါလ်က ရောဂါပိုးကူးစက်ခံရသူကတော့ သီးခြားခွဲ ကုသမှုခံယူပြီးတဲ့နောက် ဆေးရုံက ဆင်းသွား ပါပြီ။
မြောက်အမေရိကတိုက်မှာဆိုရင် ကနေဒါမှာ ပထမဆုံးတယောက်၊ အမေရိကန်မှာ ၅ ယောက် ကူးစက်ခံထားရပါတယ်။ ဥရောပတိုက်မှာတော့ ပြင်သစ်မှာ ၄ ယောက်နဲ့ ဂျာမနီမှာ ပထမဆုံး ၁ ယောက် တွေ့ထားပါတယ်။