သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဝူဟန္ၿမိဳ႕ Coronavirus ျပႆနာ ေနာက္ဆံုးအေျခအေန


(Zawgyi/ Unicode)

တရုတ္ႏုိင္ငံမွာ Coronavirus ကူးစက္မႈေၾကာင့္ တနလာၤေန႔အထိ လူေပါင္း ၈၀ ေက်ာ္ ေသဆံုးၿပီး ကူးစက္ခံရသူကလည္း တရုတ္ အပါအ၀င္ ကမၻာတလႊားမွာ လူေပါင္း ၂၈၀၀ ေလာက္ ရွိေနပါတယ္။

Coronavirus ကူးစက္ ပ်ံ႕ႏွံ႔မႈတိုးလာခ်ိန္မွာဘဲ က်န္းမာေရး လုပ္သားေတြ ကူးစက္မခံရေအာင္ အကာအကြယ္ေပးၾကဖို႔ WHO ကမၻာ့က်န္းမာေရး အဖြဲ႔ႀကီးက တိုက္တြန္းထားပါတယ္။ အဆိုးရြားဆံုး ျဖစ္ေနတဲ႔ Wuhan ၿမိဳ႕မွာလည္း လူနာေတြ အတြက္ ေဆးရံုသစ္ ၂ ခုကို အျမန္ဆံုးၿပီးေအာင္ ေဆာက္လုပ္ေနၾကပါတယ္။ Coronavirus ကူးစက္ပ်ံ႕ႏွံမႈ ေနာက္ဆံုး အေျခအေနေတြကို AFP / Reuters / CCTV သတင္းေတြကို အေျခခံၿပီး မသိဂၤ ီထုိက္ တင္ျပထားပါတယ္။

တရုတ္ႏုိင္ငံ အလယ္ပိုင္း Hubei ျပည္နယ္ ၿမိဳ႕ေတာ္ Wuhan မွာ အမ်ားဆံုး ျဖစ္ေနတဲ႔ Coronavirus ေၾကာင့္ ေသဆံုးရသူက တနလာၤေန႔မွာ ၈၀ ေက်ာ္ အထိ ေရာက္ရွိခဲ႔သလို တနလာၤေန႔တေန႔တည္းမွာတင္ ဗိုင္းရပ္စ္ကူးစက္ခံရသူ အသစ္ ၇၆၉ ေယာက္ အတည္ျပဳခဲ႔ပါတယ္။ ေနာက္ ဗိုင္းရပ္ကူးစက္မႈ သံသယ ရွိသူကလည္း ၂၄ နာရီ အတြင္းမွာဘဲ ၂ ဆနီးပါး တိုးလာၿပီး လူေပါင္း ၆၀၀၀ နီးပါး ရွိေနပါတယ္။ က်န္းမာေရး လုပ္သားေတြ ကူးစက္မခံရေရး ကာကြယ္ေပးဖို႔ အေရးႀကီးလာၿပီလို႔ ကမၻာ့က်န္းမာေရး အဖြဲ႔ႀကီး WHO ကလည္း တနလာၤေန႔မွာ တိုက္တြန္းပါတယ္။ WHO ရဲ႕ ကူးစက္ေရာဂါပိုးသစ္ ဌာန အႀကီးအကဲ ေဒါက္တာ Maria Van Kerkhove က အခုလို ေျပာပါတယ္။

“ေဆးရံုေတြ အေနနဲ႔ ကူးစက္မႈ ကာကြယ္ ထိန္းခ်ဳပ္ေရးကို အေသအခ်ာ လုပ္ဖို႔ သိပ္ၿပီး အေရးႀကီးပါတယ္။ ကူးစက္မႈ ကာကြယ္ ထိန္းခ်ဳပ္ေရး စံသတ္မွတ္ခ်က္ေတြ အတိုင္း အျပည့္အ၀ လိုက္နာ ေဆာင္ရြက္ ၾကရပါမယ္။ က်န္းမာေရး လုပ္သားေတြကို အကာအကြယ္ေပးေရးကလည္း သိပ္ၿပီး အေရးႀကီးပါတယ္။”

Coronavirus အဓိက ကူးစက္ပ်ံ႔ႏွံ႔ေနတဲ႔ တရုတ္ႏုိင္ငံ Wuhan ၿမိဳ႕က ေဆးရံု ေဆးခန္းေတြမွာ လူနာေတြ ျပည့္လွ်ံေနတာေၾကာင့္ အစိုးရက စစ္တပ္ ဆရာ၀န္ေတြ အပါအ၀င္ က်န္းမာေရး ၀န္ထမ္း ရာနဲ႔ခ်ီၿပီ ထပ္မံ ေစလႊတ္ အားျဖည့္ထားၿပီး ေဆးရံု ၂ ခုလည္း အသစ္ ထပ္ၿပီး ေဆာက္ေနပါတယ္။ ေဆးရံုေတြကေတာ့ ေဆာက္လုပ္ေနဆဲ ျဖစ္ပါတယ္။ လူ ၁၀ သန္းေက်ာ္ ေနထိုင္ေနတဲ႔ Wuhan ၿမိဳ႕ကို ပိတ္ပစ္ဖို႔ ခက္ခက္ခဲခဲ ဆံုးျဖတ္ခဲ႔ရတယ္လို႔လည္း Wuhan ၿမိဳ႕ေတာ္၀န္ Zhou Xianwang က တရုတ္ CCTV ရုပ္သံကို တနလာၤေန႔က ေျပာပါတယ္။ ဒါ႔အျပင္ Coronavirus ကနဦး ကူးစက္ပ်ံ႕ႏွံ႔မႈကို အခ်ိန္နဲ႔ တေျပးညီ သတင္းထုတ္ျပန္ဖို႔ ေနာက္က်ခဲ႔ရတာကိုလည္း ၿမိဳ႕ေတာ္၀န္ Zhou က ၀န္ခံ ေျပာဆိုပါတယ္၊ တရုတ္ ဗဟိုအစိုးရရဲ႕ ခြင့္ျပဳခ်က္ မရဘဲ သူ႔အေနနဲ႔ သတင္းထုတ္လို႔ မရဘူးလို႔လည္း ေျပာဆိုခဲ႔ပါတယ္။

“အခ်ိန္နဲ႔ တေျပးညီ သတင္းမထုတ္ခဲ႔ရတဲ႔ အေၾကာင္းကို အမ်ားျပည္သူ သိရွိသင့္ပါတယ္။ အေၾကာင္းကေတာ့ ကူးစက္ေရာဂါ ကာကြယ္ေရး ဥပေဒ အရ ျပဌာန္းထားတဲ႔ ကူးစက္ေရာဂါ ျဖစ္ေနတာေၾကာင့္ပါ။ ဥပေဒနဲ႔ အညီ သတင္းအခ်က္အလက္ကို ထုတ္ျပန္ရတာပါ။ ေဒသဆိုင္ရာ အစိုးရ တာ၀န္ရွိသူ ျဖစ္တဲ႔ က်ေနာ္႔ အေနနဲ႔ ခြင့္ျပဳခ်က္ ရၿပီးမွသာ သတင္းအခ်က္အလက္ကို ထုတ္ျပန္ႏုိင္တာပါ။ အမ်ားစုက ဒီအခ်က္ကို မသိၾကပါဘူး။”

ရုတ္တရက္ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ ကူးစက္မႈ ျဖစ္လာတဲ႔ အခါမွာ ေဆာင္ရြက္ခ်က္ေတြက လံုေလာက္မႈ မရွိခဲ႔ဘူးဆိုတာနဲ႔ အခက္အခဲ ျပသနာေတြကို ကိုယ္တြယ္ ေျဖရွင္းႏိုင္ဖို႔ အရည္အေသြး ျမွင့္တင္ဖို႔ လိုတယ္လို႔ သူ႔အေနနဲ႔ ယူဆတဲ႔ အေၾကာင္းလည္း Wuhan ၿမိဳ႕ေတာ္၀န္က CCTV နဲ႔ သီးသန္႔ ေတြ႔ဆံု ေမးျမန္းခန္းမွာ ေျပာဆိုသြားပါတယ္။

Corona ဗိုင္းရပ္စ္ ျပန္႔ပြားမႈ ျမန္မာကူးစက္ေရာဂါအထူးကု ဆရာ၀န္တဦးနဲ႔ ေမးျမန္းခ်က္ကို ဖတ္ရႈႏိုင္ပါၿပီ။

Wuhan ၿမိဳ႕မွာေတာ့ ၿမိဳ႕တြင္း ေျပးဆြဲတဲ႔ ကားေတြ၊ ရထားေတြက အစ ၿမိဳ႕ျပင္ ခရီးစဥ္ေတြ အားလံုးကို ၿပီးခဲ႔တဲ႔ ၾကာသပေတးက စလို႔ ပိတ္ခဲ႔ၿပီး ေနာက္ထပ္ ေၾကညာခ်က္ မရခင္ အထိ ပိတ္ထားမွာ ျဖစ္ပါတယ္။ ၿမိဳ႕တြင္းက အမ်ားျပည္သူသံုး သယ္ယူပို႔ေဆာင္ေရး လိုင္းေတြ အားလံုးကိုပိတ္ၿပီး ကိုယ္ပိုင္ယာဥ္ေတြ မသံုးဖို႔လည္း တားျမစ္ၿပီး ေနာက္တေန႔မွာဘဲ ေဆးရံုသြားဖို႔၊ တေနရာရာ သြားဖို႔ လိုအပ္ခ်ိန္မွာ သံုးႏုိင္ေရး အထူးဘတ္စ္ကားေပါင္း ၃၀၀ ေက်ာ္နဲ႔ အငွားယာဥ္ ၆,၀၀၀ ကို စီစဥ္ေပးထားပါတယ္။ Wuhan ၿမိဳ႕တြင္းမွာ ပိတ္မိေနတဲ႔ ႏုိင္ငံသားေတြကို ျပန္ေခၚမယ္ဆိုၿပီး အေမရိကန္ အပါအ၀င္ ႏုိင္ငံ တခ်ိဳ႕က ျပင္ဆင္ေနၾကေပမယ့္လည္း တနလာၤေန႔ အထိ ျပန္လည္ ေခၚယူတာမ်ိဳး မရွိေသးပါဘူး။

Wuhan ၿမိဳ႕တြင္းမွာ ပိတ္မိေနတဲ႔ အထဲမွာ ျမန္မာႏုိင္ငံသားေတြလည္း ရွိေနၿပီး တရုတ္ႏုိင္ငံဆိုင္ရာ ျမန္မာ သံရံုးကေတာ့ ျမန္မာႏုိင္ငံသားေတြ အေနနဲ႔ က်န္းမာေရးဆိုင္ရာ သတိေပးခ်က္ေတြကို အျပည့္အ၀ လုိက္နာၾကဖို႔ တိုက္တြန္းထားပါတယ္။ အခုအခ်ိန္ထိေတာ့ Wuhan မွာ ရွိေနတဲ႔ ျမန္မာႏုိင္ငံသားေတြကိုလည္း ျပန္လည္ ေခၚယူတာမ်ိဳး မရွိေသးပါဘူး။

Wuhan ၿမိဳ႕က သားရိုင္း တိရိစၦာန္ အရွင္ေတြ ေရာင္းတဲ႔ေစ်းက တိရိစာၦန္ေတြကေန လူေတြကို ကူးစက္တာလို႔ ယံုၾကည္ထားၾကၿပီး တရုတ္ႏုိင္ငံတြင္းမွာ အေရးေပၚ အေျခအေန ကာလအတြင္း သားရိုင္း တိရိစာၦန္ ေရာင္းခ်မႈအားလံုးကို ပိတ္ပင္ေၾကာင္း တရုတ္ အစိုးရက တနဂၤေႏြေန႔မွာ ေၾကညာထားပါတယ္။ ေနာက္ထပ္ အလားတူ ေရာဂါ ကူးစက္ ပ်ံ႕ႏွံ႔မႈေတြ မျဖစ္ေအာင္ သားရိုင္းတိရိစာၦန္ ေရာင္းခ်မႈကို အၿပီးသတ္ ပိတ္ပင္ဖို႔လည္း သားရိုင္းတိရိစာၦန္ ထိန္းသိမ္းေရး လႈပ္ရွားသူေတြ ေတာင္းဆိုၾကပါတယ္။

တရုတ္ႏုိင္ငံမွာ စတဲ႔ Coronavirus သစ္က တျခား ကမၻာ့ ႏုိင္ငံ တဒါဇင္ေလာက္ကို ပ်ံ႕ႏွံ႔ကူးစက္မႈ ျဖစ္ၿပီးေနာက္မွာေတာ့ ကမၻာ့က်န္းမာေရး အဖြဲ႔ အႀကီးအကဲ Tedros Adhanom Ghebreyesus လည္း တရုတ္ တာ၀န္ရွိသူေတြနဲ႔ ေဆြးေႏြးဖို႔ ၿမိဳ႕ေတာ္ ေဘဂ်င္းကို ထြက္ခြာသြားပါၿပီ။ ဒါေပမယ့္ Coronavirus ကူးစက္ပ်ံ႔ႏွံ႔မႈကို ကမၻာလံုးဆိုင္ရာ က်န္းမာေရး အေရးေပၚ အေျခအေန အျဖစ္ေတာ့ WHO က ေၾကညာမထားပါဘူး။

ဝူဟန္ၿမိဳ႕ Coronavirus ျပႆနာ ေနာက္ဆံုးအေျခအေန
please wait

No media source currently available

0:00 0:05:17 0:00
တိုက္႐ိုက္ လင့္ခ္


................

ဝူဟန်မြို့ Coronavirus ပြဿနာ နောက်ဆုံးအခြေအနေ

(Unicode)

တရုတ်နိုင်ငံမှာ Coronavirus ကူးစက်မှုကြောင့် တနလာၤနေ့အထိ လူပေါင်း ၈၀ ကျော် သေဆုံးပြီး ကူးစက်ခံရသူကလည်း တရုတ် အပါအဝင် ကမ္ဘာတလွှားမှာ လူပေါင်း ၂၈၀၀ လောက် ရှိနေပါတယ်။ Coronavirus ကူးစက် ပျံ့နှံ့မှုတိုးလာချိန်မှာဘဲ ကျန်းမာရေး လုပ်သားတွေ ကူးစက်မခံရအောင် အကာအကွယ်ပေးကြဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။ အဆိုးရွားဆုံး ဖြစ်နေတဲ့ Wuhan မြို့မှာလည်း လူနာတွေ အတွက် ဆေးရုံသစ် ၂ ခုကို အမြန်ဆုံးပြီးအောင် ဆောက်လုပ်နေကြပါတယ်။ Coronavirus ကူးစက်ပျံ့နှံမှု နောက်ဆုံး အခြေအနေတွေကို AFP / Reuters / CCTV သတင်းတွေကို အခြေခံပြီး မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်း Hubei ပြည်နယ် မြို့တော် Wuhan မှာ အများဆုံး ဖြစ်နေတဲ့ Coronavirus ကြောင့် သေဆုံးရသူက တနလာၤနေ့မှာ ၈၀ ကျော် အထိ ရောက်ရှိခဲ့သလို တနလာၤနေ့တနေ့တည်းမှာတင် ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ် ၇၆၉ ယောက် အတည်ပြုခဲ့ပါတယ်။ နောက် ဗိုင်းရပ်ကူးစက်မှု သံသယ ရှိသူကလည်း ၂၄ နာရီ အတွင်းမှာဘဲ ၂ ဆနီးပါး တိုးလာပြီး လူပေါင်း ၆၀၀၀ နီးပါး ရှိနေပါတယ်။ ကျန်းမာရေး လုပ်သားတွေ ကူးစက်မခံရရေး ကာကွယ်ပေးဖို့ အရေးကြီးလာပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကလည်း တနလာၤနေ့မှာ တိုက်တွန်းပါတယ်။ WHO ရဲ့ ကူးစက်ရောဂါပိုးသစ် ဌာန အကြီးအကဲ ဒေါက်တာ Maria Van Kerkhove က အခုလို ပြောပါတယ်။

“ဆေးရုံတွေ အနေနဲ့ ကူးစက်မှု ကာကွယ် ထိန်းချုပ်ရေးကို အသေအချာ လုပ်ဖို့ သိပ်ပြီး အရေးကြီးပါတယ်။ ကူးစက်မှု ကာကွယ် ထိန်းချုပ်ရေး စံသတ်မှတ်ချက်တွေ အတိုင်း အပြည့်အ၀ လိုက်နာ ဆောင်ရွက် ကြရပါမယ်။ ကျန်းမာရေး လုပ်သားတွေကို အကာအကွယ်ပေးရေးကလည်း သိပ်ပြီး အရေးကြီးပါတယ်။”

Corona ဗိုင်းရပ်စ် ပြန့်ပွားမှု မြန်မာကူးစက်ရောဂါအထူးကု ဆရာဝန်တဦးနဲ့ မေးမြန်းချက်ကို ဖတ်ရှုနိုင်ပါပြီ။

Coronavirus အဓိက ကူးစက်ပျံ့နှံ့နေတဲ့ တရုတ်နိုင်ငံ Wuhan မြို့က ဆေးရုံ ဆေးခန်းတွေမှာ လူနာတွေ ပြည့်လျှံနေတာကြောင့် အစိုးရက စစ်တပ် ဆရာဝန်တွေ အပါအဝင် ကျန်းမာရေး ဝန်ထမ်း ရာနဲ့ချီပြီ ထပ်မံ စေလွှတ် အားဖြည့်ထားပြီး ဆေးရုံ ၂ ခုလည်း အသစ် ထပ်ပြီး ဆောက်နေပါတယ်။ ဆေးရုံတွေကတော့ ဆောက်လုပ်နေဆဲ ဖြစ်ပါတယ်။ လူ ၁၀ သန်းကျော် နေထိုင်နေတဲ့ Wuhan မြို့ကို ပိတ်ပစ်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတယ်လို့လည်း Wuhan မြို့တော်ဝန် Zhou Xianwang က တရုတ် CCTV ရုပ်သံကို တနလာၤနေ့က ပြောပါတယ်။ ဒါ့အပြင် Coronavirus ကနဦး ကူးစက်ပျံ့နှံ့မှုကို အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်ဖို့ နောက်ကျခဲ့ရတာကိုလည်း မြို့တော်ဝန် Zhou က ဝန်ခံ ပြောဆိုပါတယ်၊ တရုတ် ဗဟိုအစိုးရရဲ့ ခွင့်ပြုချက် မရဘဲ သူ့အနေနဲ့ သတင်းထုတ်လို့ မရဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

“အချိန်နဲ့ တပြေးညီ သတင်းမထုတ်ခဲ့ရတဲ့ အကြောင်းကို အများပြည်သူ သိရှိသင့်ပါတယ်။ အကြောင်းကတော့ ကူးစက်ရောဂါ ကာကွယ်ရေး ဥပဒေ အရ ပြဌာန်းထားတဲ့ ကူးစက်ရောဂါ ဖြစ်နေတာကြောင့်ပါ။ ဥပဒေနဲ့ အညီ သတင်းအချက်အလက်ကို ထုတ်ပြန်ရတာပါ။ ဒေသဆိုင်ရာ အစိုးရ တာဝန်ရှိသူ ဖြစ်တဲ့ ကျနော့် အနေနဲ့ ခွင့်ပြုချက် ရပြီးမှသာ သတင်းအချက်အလက်ကို ထုတ်ပြန်နိုင်တာပါ။ အများစုက ဒီအချက်ကို မသိကြပါဘူး။”

ရုတ်တရက် ဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှု ဖြစ်လာတဲ့ အခါမှာ ဆောင်ရွက်ချက်တွေက လုံလောက်မှု မရှိခဲ့ဘူးဆိုတာနဲ့ အခက်အခဲ ပြသနာတွေကို ကိုယ်တွယ် ဖြေရှင်းနိုင်ဖို့ အရည်အသွေး မြှင့်တင်ဖို့ လိုတယ်လို့ သူ့အနေနဲ့ ယူဆတဲ့ အကြောင်းလည်း Wuhan မြို့တော်ဝန်က CCTV နဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။

Wuhan မြို့မှာတော့ မြို့တွင်း ပြေးဆွဲတဲ့ ကားတွေ၊ ရထားတွေက အစ မြို့ပြင် ခရီးစဉ်တွေ အားလုံးကို ပြီးခဲ့တဲ့ ကြာသပတေးက စလို့ ပိတ်ခဲ့ပြီး နောက်ထပ် ကြေညာချက် မရခင် အထိ ပိတ်ထားမှာ ဖြစ်ပါတယ်။ မြို့တွင်းက အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး လိုင်းတွေ အားလုံးကိုပိတ်ပြီး ကိုယ်ပိုင်ယာဉ်တွေ မသုံးဖို့လည်း တားမြစ်ပြီး နောက်တနေ့မှာဘဲ ဆေးရုံသွားဖို့၊ တနေရာရာ သွားဖို့ လိုအပ်ချိန်မှာ သုံးနိုင်ရေး အထူးဘတ်စ်ကားပေါင်း ၃၀၀ ကျော်နဲ့ အငှားယာဉ် ၆,၀၀၀ ကို စီစဉ်ပေးထားပါတယ်။ Wuhan မြို့တွင်းမှာ ပိတ်မိနေတဲ့ နိုင်ငံသားတွေကို ပြန်ခေါ်မယ်ဆိုပြီး အမေရိကန် အပါအဝင် နိုင်ငံ တချို့က ပြင်ဆင်နေကြပေမယ့်လည်း တနလာၤနေ့ အထိ ပြန်လည် ခေါ်ယူတာမျိုး မရှိသေးပါဘူး။

Wuhan မြို့တွင်းမှာ ပိတ်မိနေတဲ့ အထဲမှာ မြန်မာနိုင်ငံသားတွေလည်း ရှိနေပြီး တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံရုံးကတော့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ကျန်းမာရေးဆိုင်ရာ သတိပေးချက်တွေကို အပြည့်အ၀ လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။ အခုအချိန်ထိတော့ Wuhan မှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ပြန်လည် ခေါ်ယူတာမျိုး မရှိသေးပါဘူး။

Wuhan မြို့က သားရိုင်း တိရိစ္ဆာန် အရှင်တွေ ရောင်းတဲ့ဈေးက တိရိစ္ဆာန်တွေကနေ လူတွေကို ကူးစက်တာလို့ ယုံကြည်ထားကြပြီး တရုတ်နိုင်ငံတွင်းမှာ အရေးပေါ် အခြေအနေ ကာလအတွင်း သားရိုင်း တိရိစ္ဆာန် ရောင်းချမှုအားလုံးကို ပိတ်ပင်ကြောင်း တရုတ် အစိုးရက တနင်္ဂနွေနေ့မှာ ကြေညာထားပါတယ်။ နောက်ထပ် အလားတူ ရောဂါ ကူးစက် ပျံ့နှံ့မှုတွေ မဖြစ်အောင် သားရိုင်းတိရိစ္ဆာန် ရောင်းချမှုကို အပြီးသတ် ပိတ်ပင်ဖို့လည်း သားရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေး လှုပ်ရှားသူတွေ တောင်းဆိုကြပါတယ်။

တရုတ်နိုင်ငံမှာ စတဲ့ Coronavirus သစ်က တခြား ကမ္ဘာ့ နိုင်ငံ တဒါဇင်လောက်ကို ပျံ့နှံ့ကူးစက်မှု ဖြစ်ပြီးနောက်မှာတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus လည်း တရုတ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ မြို့တော် ဘေဂျင်းကို ထွက်ခွာသွားပါပြီ။ ဒါပေမယ့် Coronavirus ကူးစက်ပျံ့နှံ့မှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေ အဖြစ်တော့ WHO က ကြေညာမထားပါဘူး။

XS
SM
MD
LG