သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၀ူဟန္ၿမိဳ႕ေရာက္ ႏုိင္ငံသားေတြ ျပန္ေခၚႏုိင္ေရး ႏုိင္ငံတခ်ဳိ႕ စတင္စီစဥ္ 


LAX ေလဆိပ္သို႔ေရာက္ရွိလာတဲ့ ခရီးသည္မ်ား

(Zawgyi/Unicode)

တကမၻာလုံးကို ျပန္႔ႏွံ႔လာေနတဲ့ Coranavirus စတင္ျဖစ္ပြားရာ တရုတ္နို္င္ငံ၊ ၀ူဟန္ၿမိဳ ႔ကိုေရာက္ေနတဲ့ သူတို႔ႏုိင္ငံသားေတြကို ေခၚထုတ္ဖို႔ အေမရိကန္၊ ဂ်ပန္နဲ႔ အျခားႏုိင္ငံေတြက ေလယာဥ္ေတြ ေစလႊတ္ေနၾကပါတယ္။ ဒီေရာဂါေၾကာင့္တရုတ္မွာ ေသဆုံးသူ ၁၀၆ ဦးထက္မနည္း ရွိသြားပါၿပီ။

၀ူဟန္မွာရွိေနတဲ့ ဂ်ပန္ႏိုင္ငံသား ၆၅၀ ၀န္းက်င္ထဲက ၂၀၀ ကို အဂၤါေန႔ပဲ ဂ်ပန္ကေလယာဥ္လႊတ္ၿပီး ျပန္ေခၚခဲ့သလို အေမရိကန္ကေတာ့ ေကာင္စစ္၀န္႐ုံး၀န္ထမ္းေတြနဲ႔ အေမရိကန္ႏုိင္ငံသားေတြကို ဒီသီတင္းပတ္အတြင္း ျပန္ေခၚဖို႔ စီစဥ္ေနပါတယ္။ ျပင္သစ္နဲ႔ အျခားႏုိင္ငံေတြကလည္း ၀ူဟန္ၿမိဳ ႔ကေန သူတို႔ႏုိင္ငံသားေတြျပန္ေခၚမယ့္ အစီအစဥ္ေတြကို အသီးသီးေၾကညာခဲ့ၾကပါတယ္။ ဒီေရာဂါေၾကာင့္ ေနာက္ထပ္ေသဆုံးသူ ၂၅ ဦးရွိေၾကာင္း တရုတ္က်န္းမာေရးတာ၀န္ရွိသူေတြက အဂၤါေန႔မွာ ေၾကညာပါတယ္။

Corona ဗိုင္းရပ္စ္ ျပန္႔ပြားမႈ ျမန္မာကူးစက္ေရာဂါအထူးကု ဆရာ၀န္တဦးနဲ႔ ေမးျမန္းခ်က္ကို ဖတ္ရႈႏိုင္ပါၿပီ။

ၿမိဳ ႔ေတာ္ Beijing မွာလည္းပ ထမဆုံးေသဆုံးသူရွိေၾကာင္း ေဖာ္ျပခ့ဲတာပါ။ ၀ူဟန္ဗုိင္းရပ္စ္လို႔လည္းေခၚေနၾကတဲ့ Coranavirus ကူးစက္ခံထားရသူ ၄၅၀၀ ေက်ာ္ရွိေၾကာင္းလည္း တရုတ္တို႔က အတည္ျပဳပါတယ္။ ၀ူဟန္ၿမိဳ ႔အ၀င္အထြက္ကို လည္းတာ၀န္ရွိသူေတြပိတ္ထားပါတယ္။

ေရာဂါကူးစက္ျပန္႔ႏွံ႔ေနတဲ့ Hubei ျပည္နယ္ထဲက ၿမိဳ ႔ႀကီးအေတာ္မ်ားမ်ားကိုလည္း အသြားအလာေတြ တင္းတင္းၾကပ္ၾကပ္ ကန္႔သတ္ထားတာပါ။ ဒီအခ်ိန္မွာပဲ ေရာဂါကူးစက္ခံထားရတဲ့လူေတြ တိုးလာေနတဲ့ ၀ူဟန္ၿမိဳ ႔မွာ ေဆး႐ုံ ၂ ခုကိုလည္း အျမန္ၿပီးေအာင္ အျပင္းအထန္ ေဆာက္လုပ္ေနၾကပါတယ္။ Coranavirus ဟာ Australia, Canada, ျပင္သစ္, Hong Kong, Japan, Macao, Malaysia, Nepal, Portugal, Singapore, ေတာင္ Korea, Taiwan, ထုိင္း၊ အေမရိကန္နဲ႔ Vietnam ႏုိင္ငံထိေရာက္ရွိလာတာျဖစ္ပါတယ္။

ေရာဂါကူးစက္ခံထားရသူအမ်ားစုကေတာ့ ၀ူဟန္ၿမိဳ ႔ကို လတ္တေလာ ခရီးထြက္ထားၾကသူေတြျဖစ္ၿပီး အျခာလူနာေတြကေတာ့ အဲဒီကိုခရီးထြက္ခဲ့ၾကသူေတြနဲ႔ နီးစပ္တဲ့လူေတြျဖစ္တယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႔အစည္း WHO ကေျပာပါတယ္။ အိမ္နီးခ်င္းျမန္မာႏုိင္ငံမွာေတာ့ ေရာဂါကူးစက္ခံထားရတဲ့ သတင္းမၾကားရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


...................

ဝူဟန်မြို့ရောက် နိုင်ငံသားတွေ ပြန်ခေါ်နိုင်ရေး နိုင်ငံတချို့ စတင်စီစဉ်

(Unicode)

တကမ္ဘာလုံးကို ပြန့်နှံ့လာနေတဲ့ Coranavirus စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကိုရောက်နေတဲ့ သူတို့နိုင်ငံသားတွေကို ခေါ်ထုတ်ဖို့ အမေရိကန်၊ ဂျပန်နဲ့ အခြားနိုင်ငံတွေက လေယာဉ်တွေ စေလွှတ်နေကြပါတယ်။ ဒီရောဂါကြောင့်တရုတ်မှာ သေဆုံးသူ ၁၀၆ ဦးထက်မနည်း ရှိသွားပါပြီ။

ဝူဟန်မှာရှိနေတဲ့ ဂျပန်နိုင်ငံသား ၆၅၀ ဝန်းကျင်ထဲက ၂၀၀ ကို အင်္ဂါနေ့ပဲ ဂျပန်ကလေယာဉ်လွှတ်ပြီး ပြန်ခေါ်ခဲ့သလို အမေရိကန်ကတော့ ကောင်စစ်ဝန်ရုံးဝန်ထမ်းတွေနဲ့ အမေရိကန်နိုင်ငံသားတွေကို ဒီသီတင်းပတ်အတွင်း ပြန်ခေါ်ဖို့ စီစဉ်နေပါတယ်။ ပြင်သစ်နဲ့ အခြားနိုင်ငံတွေကလည်း ဝူဟန်မြို့ကနေ သူတို့နိုင်ငံသားတွေပြန်ခေါ်မယ့် အစီအစဉ်တွေကို အသီးသီးကြေညာခဲ့ကြပါတယ်။ ဒီရောဂါကြောင့် နောက်ထပ်သေဆုံးသူ ၂၅ ဦးရှိကြောင်း တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ကြေညာပါတယ်။

Corona ဗိုင်းရပ်စ် ပြန့်ပွားမှု မြန်မာကူးစက်ရောဂါအထူးကု ဆရာဝန်တဦးနဲ့ မေးမြန်းချက်ကို ဖတ်ရှုနိုင်ပါပြီ။

မြို့တော် Beijing မှာလည်းပ ထမဆုံးသေဆုံးသူရှိကြောင်း ဖော်ပြခဲ့တာပါ။ ဝူဟန်ဗိုင်းရပ်စ်လို့လည်းခေါ်နေကြတဲ့ Coranavirus ကူးစက်ခံထားရသူ ၄၅၀၀ ကျော်ရှိကြောင်းလည်း တရုတ်တို့က အတည်ပြုပါတယ်။ ဝူဟန်မြို့အဝင်အထွက်ကို လည်းတာဝန်ရှိသူတွေပိတ်ထားပါတယ်။

ရောဂါကူးစက်ပြန့်နှံ့နေတဲ့ Hubei ပြည်နယ်ထဲက မြို့ကြီးအတော်များများကိုလည်း အသွားအလာတွေ တင်းတင်းကြပ်ကြပ် ကန့်သတ်ထားတာပါ။ ဒီအချိန်မှာပဲ ရောဂါကူးစက်ခံထားရတဲ့လူတွေ တိုးလာနေတဲ့ ဝူဟန်မြို့မှာ ဆေးရုံ ၂ ခုကိုလည်း အမြန်ပြီးအောင် အပြင်းအထန် ဆောက်လုပ်နေကြပါတယ်။ Coranavirus ဟာ Australia, Canada, ပြင်သစ်, Hong Kong, Japan, Macao, Malaysia, Nepal, Portugal, Singapore, တောင် Korea, Taiwan, ထိုင်း၊ အမေရိကန်နဲ့ Vietnam နိုင်ငံထိရောက်ရှိလာတာဖြစ်ပါတယ်။

ရောဂါကူးစက်ခံထားရသူအများစုကတော့ ဝူဟန်မြို့ကို လတ်တလော ခရီးထွက်ထားကြသူတွေဖြစ်ပြီး အခြာလူနာတွေကတော့ အဲဒီကိုခရီးထွက်ခဲ့ကြသူတွေနဲ့ နီးစပ်တဲ့လူတွေဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကပြောပါတယ်။ အိမ်နီးချင်းမြန်မာနိုင်ငံမှာတော့ ရောဂါကူးစက်ခံထားရတဲ့ သတင်းမကြားရသေးပါဘူး။

XS
SM
MD
LG