သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း-ျမန္မာနယ္စပ္ Coronavirus တားဆီးေရး အေျခအေန


ထုိင္းႏိုင္ငံရွိ တရုတ္ခရီးသြားမ်ားကို ေတြ႔ရစဥ္

(Zawgyi/ Unicode)

တရုတ္ႏိုင္ငံသားေတြ အမ်ားအျပား ဝင္ထြက္သြားလာ ေနတဲ့ ထိုင္း-ျမန္မာနယ္စပ္ျမိဳ ့ျဖစ္တဲ့ ကရင္ျပည္နယ္ ျမ၀တီခရိုင္ထဲမွာ ကူးစက္ျမန္ ကိုရိုနာဗိုင္းရပ္စ္ပိုး မျပန္႔ပြားေအာင္ ကာကြယ္ေရးဆိုင္ရာ စစ္ေဆးမႈေတြကို ထိထိေရာက္ေရာက္ လုပ္ေဆာင္ေနတယ္လို႔ ေဒသတာဝန္ရွိသူေတြ က ေျပာပါတယ္။

ျမဝတီခရိုင္ထဲက နယ္စပ္ ေလာင္းကစား ဝိုင္းေတြရွိေနတဲ့ ေရႊကုကၠိဳလ္ ေဒသမွာေတာ့ ေရာဂါ ကာကြယ္ေရးဆိုင္ရာ စစ္ေဆးမႈေတြ လုပ္ႏုိင္ေအာင္ သင္တန္းေတြ ေပးဖို႔ လုပ္ေနပါတယ္။ ဗီြအိုေအသတင္းေထာက္ မေအးေအးမာကသတင္းေပးပုိ႔ ထားပါတယ္။

ထိုင္းႏိုင္ငံမွာ ကုိရိုုနာဗိုင္းရပ္စပ္ကူးစက္ခံရသူ ၈ ေယာက္ေျမာက္ရွိၿပီဆိုတာ ထုိင္းအစုိးရကအတည္ျပဳခဲ့ၿပီး တ႐ုတ္ႏိုင္ငံသားမ်ားအမ်ားအျပားသြားလာေနတဲ့ နယ္စပ္ေတြမွာ Thermoscan Infrared camera ေတြသံုးျပီး အပူရွိန္ ရွိမရွိ နဲ႔ ကုိရိုနာဗုိင္းရပ္စ္ ရွိသူေတြပါလာမွာကို စိုးရိမ္တာေၾကာင့္ စစ္ေဆးမူေတြ လုပ္ေနတာပါ။ တရုတ္ႏိုင္ငံသားမ်ား တရား၀င္ေရာ၊ တရားမ၀င္ပါ ၀င္ထြက္ေနတဲ့ ကရင္ျပည္နယ္ ျမ၀တီခရိုင္ ဘက္မွာေတာ့ တရုတ္ႏွစ္သစ္ကူးအၿပီး ၀င္လာမယ့္ ကမၻာလွည့္ခရီးသြားမ်ား အတြက္ က်န္းမာေရးစစ္ေဆးမူေတြကုိ ပုိမိုစစ္ေဆးျပီး လုပ္ေဆာင္ေနေၾကာင္း ျမ၀တီခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ေျပာပါတယ္။

“အခုကေတာ့ အ၀င္လူတုိင္းကုိ အပူခ်ိန္တိုင္းကရိယာနဲ႔ တိုင္းတယ္ အရင္ကေတာ့ သံသယျဖစ္တဲ့လူကိုမွ စစ္တာေပါ့ ။ အခုက လူတုိင္းကုိ သတိေပးခ်က္လုပ္ထားတာေပါ့ အရင္ရက္ေတြက ေတာ့သံသယျဖစ္မွ စစ္တာေပါ့ေနာ္အခုကေတာ့ လူတိုင္းကုိစစ္တာေပါ့ေနာ္။ အပူခ်ိန္ တိုင္းတဲ့အခါမွာ ကိုယ္ခ်င္း မထိေအာင္တိုင္းတဲ့နည္းနဲ႕ လုပ္တာေပါ့ေနာ္ ။ တရုတ္ႏွစ္ကူးျပီးရင္ေတာ့ တရုတ္ႏိုင္ငံသားေတြ ပုိျပီး၀င္လာႏိုင္တာေပါ့ ။ အဲဒါကုိေမ်ွာ္မွန္းျပီးလုပ္တာေပါ့ေနာ္။”

တ႐ုတ္ႏုိင္ငံ ဝူဟမ္ၿမိဳ႕မွာ စတင္ျဖစ္ပြားတဲ့ Corona ဗုိင္းရပ္စ္ အိမ္နီးခ်င္းႏုိင္ငံေတြကုိ ကူးစက္တဲ့သတင္း ဖတ္႐ႈႏုိင္ပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ ကရင္ျပည္နယ္ျမ၀တီခရိုင္၊ ေရႊကုကၠိဳလ္ဆိုတဲ့ေနရာဟာ ျမ၀တီကတဆင့္တရား၀င္ လာႀကတဲ့ တရုတ္ႏို္င္ငံသားေတြရွိသလို ေသာင္ရင္းျမစ္ေပၚမွာရွိေနတဲ့ ျမစ္ဆိပ္ေတြကေန ေလွေတြနဲ႕ ကူးေနၾကတဲ့တရုတ္ႏုိင္ငံသားေတြလည္းအမ်ားအျပားရွိေနတာပါ။ အဲဒီေနရာေတြဟာ ကရင္နယ္ျခားေစာင့္တပ္ထိန္းခ်ဳပ္တဲ့နယ္ေျမျဖစ္ျပီး ကာစီိႏိုေလာင္းကစားရံုေတြနဲ႕ စည္ကားေနတာပါ။

ေရြကုကၠိဳလ္ရဲမ်က္နွာခ်င္းဆုိင္ ထိုင္းဘက္ျခမ္းမွာေတာ့ ထိုင္းအစိုးရက ဇန္န၀ါ၇ီလ ၂၇ ရက္ေန႔ကေနစတင္ၿပီး infrared camera ေတြသံုးၿပီး နယ္စပ္ျမစ္ကုိ ကူးေနတဲ့သူေတြကုိ ကုိရိုနာဗုိင္းရပ္စ္ ရွိမရွိ စစ္ေဆးမူေတြ လုပ္ေနပါတယ္ ။ ျမန္မာနိုင္ငံ ကရင္ျပည္နယ္ထဲက ေရႊကုကၠိုလ္ဘက္ကေတာ့ က်နး္မာေရးစစ္ေဆးဖို ့အတြက္ ျပင္ဆင္မူေတြလုပ္ေနတယ္လို႔ပဲ ဦးေတဇာေအာင္ကေျပာပါတယ္။

“ ေရႊကုကၠဳိလ္ကေတာ့က်န္းမာေရးဌာနကေန သင္တန္းသြားေပးမယ္ ။ေနတိုင္း က်န္းမာေရးဌာနက မသြားႏိုင္ဘူး အဲဒီေဒသမွာရွိတဲ့ သူေတြကို ပဲတန္းၿပီးသင္တန္းေပးမွာပါ။ သူတို႔လည္း အားလံုးကိုစစ္မွာေပါ့ သူတို ့က်ေတာ့ က်ေနာ္တိုဘက္နဲ႔ မတူဘူးေပါ့ ကုိယ္အပူရွိန္ရွိရင္အ၀င္မခံဘူးေပါ့ ဒီနည္းနဲ႔ ထိန္းမွာေပါ့ေနာ္။

အကူးမခံရေအာင္အကုန္လံုးကို ပိတ္ထားတယ္။ ကူးလာရင္လည္း အပူရွိန္တိုင္းမယ္ အဲဒီနည္းနဲ႔ သူတို႔ အဲဒါကုိ ေနရာ ၂ခုေလာက္ထိုင္ဖို႔ သူတို႔ တျဖည္းျဖည္းနဲ႔ လုုပ္ေနတာေပါ့။အဲဒါကိုက်ေနာ္တို႔ က်န္းမာေရးက သင္တန္းေပးမယ္ သြားၾကည့္ပါမယ္။”

Corona ဗိုင္းရပ္စ္ ရေနာင္း-ေကာ့ေသာင္း နယ္စပ္ဂိတ္မွာ စစ္မယ့္သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

ထိုင္း-ျမန္မာ- လာအို နယ္စပ္ခ်င္းထိစပ္ေနတဲ့ ေရႊႀတိဂံေဒသဘက္ မွာေတာ့ ထိုင္းနဲ႔ ျမန္မာႏိုင္ငံ ဘက္ကလာတဲ့ ကမၻာလွည့္ခရီးသြားေတြ မလာႏိုင္ဖို႔အတြက္ လာအိုႏိုင္ငံဘက္က နယ္စပ္ကုို ဒီကေန႕ပဲ ပိတ္ပင္လိုက္ပါတယ္။ လာအိုႏိုင္ငံအေၾကာင္းျပခ်က္ကေတာ့ တရုတ္ႏိုင္ငံ ၀ူဟန္ၿမိဳ ့က ကုိရိုနာဗိုင္းရပ္ အေျခအေနဆိုး၀ါးေနတာေၾကာင့္ ကမၻာလွည္႔ခရီးသြားမ်ားလာေနတဲ့ နယ္စပ္ကုိယာယီပိတ္လိုက္ေႀကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္း အတည္ျပဳထားတဲ့ႏုိင္ငံေတြထဲမွာ ထိုင္းႏုိင္ငံဟာ တရုတ္ႏုိင္ငံၿပီးရင္ ဒုတိယအမ်ားဆုံး ကူးစက္ခံေနရတဲ့ ႏိုင္ငံျဖစ္ေနတာေၾကာင့္ နယ္စပ္ မဲေဆာက္ေလဆိပ္နဲ႕ ခ်စ္ႀကည္ေရးတံတား နယ္စပ္ေလွဂိတ္ေတြေနရာေတြမွာလည္း ကိုရိုနာဗိုင္းရပ္စ္ပုိး ကူးစက္သူေတြပါလာမွာ စိုးရိမ္ၿပီးစစ္ေဆးမူေတြကို အေလးထား လုပ္ေဆာင္ေနပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ Coronavirus တားဆီးေရး အေျခအေန
please wait

No media source currently available

0:00 0:03:37 0:00
တိုက္႐ိုက္ လင့္ခ္


..................

ထိုင်း-မြန်မာနယ်စပ် Coronavirus တားဆီးရေး အခြေအနေ

(Unicode)

တရုတ်နိုင်ငံသားတွေ အများအပြား ဝင်ထွက်သွားလာ နေတဲ့ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ပိုး မပြန့်ပွားအောင် ကာကွယ်ရေးဆိုင်ရာ စစ်ဆေးမှုတွေကို ထိထိရောက်ရောက် လုပ်ဆောင်နေတယ်လို့ ဒေသတာဝန်ရှိသူတွေ က ပြောပါတယ်။ မြဝတီခရိုင်ထဲက နယ်စပ် လောင်းကစား ဝိုင်းတွေရှိနေတဲ့ ရွှေကုက္ကိုလ် ဒေသမှာတော့ ရောဂါ ကာကွယ်ရေးဆိုင်ရာ စစ်ဆေးမှုတွေ လုပ်နိုင်အောင် သင်တန်းတွေ ပေးဖို့ လုပ်နေပါတယ်။

ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စပ်ကူးစက်ခံရသူ ၈ ယောက်မြောက်ရှိပြီဆိုတာ ထိုင်းအစိုးရကအတည်ပြုခဲ့ပြီး တရုတ်နိုင်ငံသားများအများအပြားသွားလာနေတဲ့ နယ်စပ်တွေမှာ Thermoscan Infrared camera တွေသုံးပြီး အပူရှိန် ရှိမရှိ နဲ့ ကိုရိုနာဗိုင်းရပ်စ် ရှိသူတွေပါလာမှာကို စိုးရိမ်တာကြောင့် စစ်ဆေးမူတွေ လုပ်နေတာပါ။ တရုတ်နိုင်ငံသားများ တရားဝင်ရော၊ တရားမဝင်ပါ ဝင်ထွက်နေတဲ့ ကရင်ပြည်နယ် မြဝတီခရိုင် ဘက်မှာတော့ တရုတ်နှစ်သစ်ကူးအပြီး ဝင်လာမယ့် ကမ္ဘာလှည့်ခရီးသွားများ အတွက် ကျန်းမာရေးစစ်ဆေးမူတွေကို ပိုမိုစစ်ဆေးပြီး လုပ်ဆောင်နေကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

“အခုကတော့ အဝင်လူတိုင်းကို အပူချိန်တိုင်းကရိယာနဲ့ တိုင်းတယ် အရင်ကတော့ သံသယဖြစ်တဲ့လူကိုမှ စစ်တာပေါ့ ။ အခုက လူတိုင်းကို သတိပေးချက်လုပ်ထားတာပေါ့ အရင်ရက်တွေက တော့သံသယဖြစ်မှ စစ်တာပေါ့နော်အခုကတော့ လူတိုင်းကိုစစ်တာပေါ့နော်။ အပူချိန် တိုင်းတဲ့အခါမှာ ကိုယ်ချင်း မထိအောင်တိုင်းတဲ့နည်းနဲ့ လုပ်တာပေါ့နော် ။ တရုတ်နှစ်ကူးပြီးရင်တော့ တရုတ်နိုင်ငံသားတွေ ပိုပြီးဝင်လာနိုင်တာပေါ့ ။ အဲဒါကိုမျှော်မှန်းပြီးလုပ်တာပေါ့နော်။”

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်မြဝတီခရိုင်၊ ရွှေကုက္ကိုလ်ဆိုတဲ့နေရာဟာ မြဝတီကတဆင့်တရားဝင် လာကြတဲ့ တရုတ်နိုင်ငံသားတွေရှိသလို သောင်ရင်းမြစ်ပေါ်မှာရှိနေတဲ့ မြစ်ဆိပ်တွေကနေ လှေတွေနဲ့ ကူးနေကြတဲ့တရုတ်နိုင်ငံသားတွေလည်းအများအပြားရှိနေတာပါ။ အဲဒီနေရာတွေဟာ ကရင်နယ်ခြားစောင့်တပ်ထိန်းချုပ်တဲ့နယ်မြေဖြစ်ပြီး ကာစီနိုလောင်းကစားရုံတွေနဲ့ စည်ကားနေတာပါ။

ရွေကုက္ကိုလ်ရဲမျက်နှာချင်းဆိုင် ထိုင်းဘက်ခြမ်းမှာတော့ ထိုင်းအစိုးရက ဇန်နဝါရီလ ၂၇ ရက်နေ့ကနေစတင်ပြီး infrared camera တွေသုံးပြီး နယ်စပ်မြစ်ကို ကူးနေတဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးမူတွေ လုပ်နေပါတယ် ။ မြန်မာနိုင်ငံ ကရင်ပြည်နယ်ထဲက ရွှေကုက္ကိုလ်ဘက်ကတော့ ကျန်းမာရေးစစ်ဆေးဖို့အတွက် ပြင်ဆင်မူတွေလုပ်နေတယ်လို့ပဲ ဦးတေဇာအောင်ကပြောပါတယ်။

“ ရွှေကုက္ကိုလ်ကတော့ကျန်းမာရေးဌာနကနေ သင်တန်းသွားပေးမယ် ။နေတိုင်း ကျန်းမာရေးဌာနက မသွားနိုင်ဘူး အဲဒီဒေသမှာရှိတဲ့ သူတွေကို ပဲတန်းပြီးသင်တန်းပေးမှာပါ။ သူတို့လည်း အားလုံးကိုစစ်မှာပေါ့ သူတို့ကျတော့ ကျနော်တိုဘက်နဲ့ မတူဘူးပေါ့ ကိုယ်အပူရှိန်ရှိရင်အဝင်မခံဘူးပေါ့ ဒီနည်းနဲ့ ထိန်းမှာပေါ့နော်။

အကူးမခံရအောင်အကုန်လုံးကို ပိတ်ထားတယ်။ ကူးလာရင်လည်း အပူရှိန်တိုင်းမယ် အဲဒီနည်းနဲ့ သူတို့ အဲဒါကို နေရာ ၂ခုလောက်ထိုင်ဖို့ သူတို့ တဖြည်းဖြည်းနဲ့ လုပ်နေတာပေါ့။အဲဒါကိုကျနော်တို့ ကျန်းမာရေးက သင်တန်းပေးမယ် သွားကြည့်ပါမယ်။”

Corona ဗိုင်းရပ်စ် ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်မှာ စစ်မယ့်သတင်းကို ဖတ်ရှုနိုင်ပါပြီ။

ထိုင်း-မြန်မာ- လာအို နယ်စပ်ချင်းထိစပ်နေတဲ့ ရွှေတြိဂံဒေသဘက် မှာတော့ ထိုင်းနဲ့ မြန်မာနိုင်ငံ ဘက်ကလာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ မလာနိုင်ဖို့အတွက် လာအိုနိုင်ငံဘက်က နယ်စပ်ကို ဒီကနေ့ပဲ ပိတ်ပင်လိုက်ပါတယ်။ လာအိုနိုင်ငံအကြောင်းပြချက်ကတော့ တရုတ်နိုင်ငံ ဝူဟန်မြို့က ကိုရိုနာဗိုင်းရပ် အခြေအနေဆိုးဝါးနေတာကြောင့် ကမ္ဘာလှည့်ခရီးသွားများလာနေတဲ့ နယ်စပ်ကိုယာယီပိတ်လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုထားတဲ့နိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ဒုတိယအများဆုံး ကူးစက်ခံနေရတဲ့ နိုင်ငံဖြစ်နေတာကြောင့် နယ်စပ် မဲဆောက်လေဆိပ်နဲ့ ချစ်ကြည်ရေးတံတား နယ်စပ်လှေဂိတ်တွေနေရာတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူတွေပါလာမှာ စိုးရိမ်ပြီးစစ်ဆေးမူတွေကို အလေးထား လုပ်ဆောင်နေပါတယ်။

XS
SM
MD
LG