သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Wuhan ေရာက္ ကန္ ႏုိင္ငံသားေတြ စတင္ထြက္ခြာ


(Zawgyi/Unicode)

အေမရိကန္ ႏုိင္ငံသားေတြ လိုက္ပါလာတဲ႔ ေလယာဥ္ကေတာ့ ဗုဒၶဟူးေန႔မွာ Wuhan ၿမိဳ႕ကေန ထြက္ခြာလာပါၿပီ။ ေလယာဥ္ေပၚမွာေတာ့ အေမရိကန္ ေကာင္စစ္ ၀န္ထမ္းေတြ အပါအ၀င္ အေမရိကန္ ႏုိင္ငံသား ၂၅၀ ေလာက္ လိုက္ပါလာတယ္လို႔ ႏုိင္ငံျခားေရး ဌာန တာ၀န္ရွိသူကို ကိုးကားၿပီး သတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

၀ူဟန္ၿမိဳ႕ေရာက္ ႏုိင္ငံသားေတြ ျပန္ေခၚႏုိင္ေရး ႏုိင္ငံတခ်ဳိ႕ စတင္စီစဥ္ေနတဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

Coronavirus အဆိုးရြားဆံုး ျဖစ္ေနတဲ႔ တရုတ္ႏုိင္ငံ အလယ္ပိုင္း Wuhan ၿမိဳ႕ထဲမွာ ႏုိင္ငံျခားသား ေထာင္နဲ႔ခ်ီ ရွိေနၿပီး ႏုိင္ငံအသီးသီးက ကိုယ္႔ႏုိင္ငံသားေတြကို ေခၚထုတ္ႏုိင္ဖို႔ ႀကိဳးစားေနၾကပါတယ္။ Wuhan ၿမိဳ႕မွာက လူဦးေရ သန္းနဲ႔ခ်ီ ေနထိုင္ေနၿပီး ၿမိဳ႕ျပင္ထြက္ခြင့္လည္း ပိတ္ထားပါတယ္။ Wuhan ၿမိဳ႕တြင္းမွာ ပိတ္မိေနတဲ႔ ဂ်ပန္ ႏုိင္ငံသား ၂၀၀ ေလာက္ကို တိုက်ိဳၿမိဳ႕ေတာ္ကို ျပန္ေခၚယူဖို႔ စီစဥ္ထားၿပီး ဂ်ပန္ အစိုးရ စီစဥ္ထားတဲ႔ ေလယာဥ္လည္း ဗုဒၶဟူးေန႔ မနက္ပိုင္းမွာ Wuhan မွာ ေရာက္ရွိေနပါၿပီ။ အဲဒီ ေဒသတြင္းကေန ျပန္လည္ ေခၚယူဖို႔ လိုလားေနသူ ဂ်ပန္ႏုိင္ငံသား ၆၅၀ ေလာက္ ရွိေနတယ္လို႔လည္း အာဏာပိုင္တို႔က ေျပာဆိုထားပါတယ္။

ၾသစေတးလ် ႏုိင္ငံသား ၄၀၀ ေလာက္ကလည္း ဌာေန ျပန္ႏိုင္ေရး ေတာင္းဆိုထားၿပီး အမ်ားစုက တရုတ္ နဲ႔ ၾသစေတးလ် ႏွစ္ႏုိင္ငံသား ခံယူထားသူေတြ ျဖစ္ေၾကာင္း၊ ႏုိင္ငံသား အားလံုးကို ျပန္လည္ ေခၚယူႏုိင္ေရး စီစဥ္ေနေၾကာင္း ၾသစေတးလ် ႏုိင္ငံျခားေရး ဌာနက အဂၤါေန႔မွာ ေျပာပါတယ္။

Coronavirus ေၾကာင့္ ေသဆုံးသူ ၁၃၀ ေက်ာ္ရွိေနတဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

Wuhan ၿမိဳ႕ကေန အိႏၵိယ ႏုိင္ငံသား ၂၅၀ ေက်ာ္ကို ျပန္ေခၚႏုိင္ေရး တရုတ္ အစိုးရကို အိႏၵိယ အစိုးရဘက္က ပန္ၾကားဖို႔ ရွိတယ္လို႔ ေဒသတြင္း သတင္းေတြမွာ ေဖာ္ျပၾကပါတယ္။ Wuhan ၿမိဳ႕မွာ ရွိေနတဲ႔ အင္ဒိုနီးရွား ႏုိင္ငံသားေတြကို ျပန္လည္ ေခၚယူေရး အစီအစဥ္ မဆံုးျဖတ္ ရေသးေၾကာင္း ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ေျပာထားပါတယ္။ ဖိလစ္ပိုင္ ႏုိင္ငံသား ၃၀၀ ေလာက္ကို ျပန္ေခၚႏုိင္ေရး ေဆြးေႏြးေနပမယ့္ အတိအက် အစီအစဥ္ မရွိေသးပါဘူး။

Wuhan မွာ ရွိတဲ႔ ေက်ာင္းသား ၃၂ ေယာက္ အပါအ၀င္ ေက်ာင္းသား ၈၆၀ ကို ျပန္ေခၚဖို႔ သီရိလကာၤ အစိုးရက စီစဥ္ေနပါတယ္။ Wuhan မွာရွိေနတဲ႔ ရာနဲ႔ခ်ီတဲ႔ ေတာင္ကိုရီးယား ႏုိင္ငံသားေတြကေတာ့ လာမယ့္ ၾကာသပေတးေန႔နဲ႔ ေသာၾကာေန႔မွာ ျပန္ႏိုင္ဖို႔ အစိုးရက ေလယာဥ္ေတြ လႊတ္ထားပါတယ္။ တရုတ္မွာ ရွိေနတဲ႔ ထိုင္းႏုိင္ငံသား ၆၄ ေယာက္ကို ျပန္ေခၚႏုိင္ေရး တရုတ္ အာဏာပိုင္ေတြရဲ႕ အတည္ျပဳခ်က္ကို ေစာင့္ဆိုင္းေနေၾကာင္း ထုိင္း၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။ ျပင္သစ္ ကလည္း Wuhan ၿမိဳ႕က ႏုိင္ငံသားေတြကို ေခၚယူဖို႔ ၾကာသပေတးေန႔မွာ ေလယာဥ္လႊတ္ဖို႔ စီစဥ္ထားေၾကာင္း က်န္းမာေရး ၀န္ႀကီးက ေျပာပါတယ္။ ဂ်ာမနီကေတာ့ Wuhan မွာ ရွိေနတဲ႔ သူ႔ ႏုိင္ငံသားေတြကို ေခၚဖို႔ စဥ္းစား သံုးသပ္ေနဆဲ ျဖစ္ေပမယ့္ စပိန္ႏုိင္ငံကေတာ့ သူ႔ႏုိင္ငံသားေတြကို ျပန္ေခၚဖို႔ တရုတ္အာဏာပိုင္ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေနပါတယ္။

Wuhan ေရာက္ ကန္ ႏုိင္ငံသားေတြ စတင္ထြက္ခြာ
please wait

No media source currently available

0:00 0:01:29 0:00
တိုက္႐ိုက္ လင့္ခ္


...................

Wuhan ရောက် ကန် နိုင်ငံသားတွေ စတင်ထွက်ခွာ

(Unicode)

အမေရိကန် နိုင်ငံသားတွေ လိုက်ပါလာတဲ့ လေယာဉ်ကတော့ ဗုဒ္ဓဟူးနေ့မှာ Wuhan မြို့ကနေ ထွက်ခွာလာပါပြီ။ လေယာဉ်ပေါ်မှာတော့ အမေရိကန် ကောင်စစ် ဝန်ထမ်းတွေ အပါအဝင် အမေရိကန် နိုင်ငံသား ၂၅၀ လောက် လိုက်ပါလာတယ်လို့ နိုင်ငံခြားရေး ဌာန တာဝန်ရှိသူကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဝူဟန်မြို့ရောက် နိုင်ငံသားတွေ ပြန်ခေါ်နိုင်ရေး နိုင်ငံတချို့ စတင်စီစဉ်နေတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

Coronavirus အဆိုးရွားဆုံး ဖြစ်နေတဲ့ တရုတ်နိုင်ငံ အလယ်ပိုင်း Wuhan မြို့ထဲမှာ နိုင်ငံခြားသား ထောင်နဲ့ချီ ရှိနေပြီး နိုင်ငံအသီးသီးက ကိုယ့်နိုင်ငံသားတွေကို ခေါ်ထုတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ Wuhan မြို့မှာက လူဦးရေ သန်းနဲ့ချီ နေထိုင်နေပြီး မြို့ပြင်ထွက်ခွင့်လည်း ပိတ်ထားပါတယ်။ Wuhan မြို့တွင်းမှာ ပိတ်မိနေတဲ့ ဂျပန် နိုင်ငံသား ၂၀၀ လောက်ကို တိုကျိုမြို့တော်ကို ပြန်ခေါ်ယူဖို့ စီစဉ်ထားပြီး ဂျပန် အစိုးရ စီစဉ်ထားတဲ့ လေယာဉ်လည်း ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ Wuhan မှာ ရောက်ရှိနေပါပြီ။ အဲဒီ ဒေသတွင်းကနေ ပြန်လည် ခေါ်ယူဖို့ လိုလားနေသူ ဂျပန်နိုင်ငံသား ၆၅၀ လောက် ရှိနေတယ်လို့လည်း အာဏာပိုင်တို့က ပြောဆိုထားပါတယ်။

သြစတေးလျ နိုင်ငံသား ၄၀၀ လောက်ကလည်း ဌာနေ ပြန်နိုင်ရေး တောင်းဆိုထားပြီး အများစုက တရုတ် နဲ့ သြစတေးလျ နှစ်နိုင်ငံသား ခံယူထားသူတွေ ဖြစ်ကြောင်း၊ နိုင်ငံသား အားလုံးကို ပြန်လည် ခေါ်ယူနိုင်ရေး စီစဉ်နေကြောင်း သြစတေးလျ နိုင်ငံခြားရေး ဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။

Wuhan မြို့ကနေ အိန္ဒိယ နိုင်ငံသား ၂၅၀ ကျော်ကို ပြန်ခေါ်နိုင်ရေး တရုတ် အစိုးရကို အိန္ဒိယ အစိုးရဘက်က ပန်ကြားဖို့ ရှိတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။ Wuhan မြို့မှာ ရှိနေတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေကို ပြန်လည် ခေါ်ယူရေး အစီအစဉ် မဆုံးဖြတ် ရသေးကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောထားပါတယ်။ ဖိလစ်ပိုင် နိုင်ငံသား ၃၀၀ လောက်ကို ပြန်ခေါ်နိုင်ရေး ဆွေးနွေးနေပမယ့် အတိအကျ အစီအစဉ် မရှိသေးပါဘူး။

Coronavirus ကြောင့် သေဆုံးသူ ၁၃၀ ကျော်ရှိနေတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

Wuhan မှာ ရှိတဲ့ ကျောင်းသား ၃၂ ယောက် အပါအဝင် ကျောင်းသား ၈၆၀ ကို ပြန်ခေါ်ဖို့ သီရိလကာၤ အစိုးရက စီစဉ်နေပါတယ်။ Wuhan မှာရှိနေတဲ့ ရာနဲ့ချီတဲ့ တောင်ကိုရီးယား နိုင်ငံသားတွေကတော့ လာမယ့် ကြာသပတေးနေ့နဲ့ သောကြာနေ့မှာ ပြန်နိုင်ဖို့ အစိုးရက လေယာဉ်တွေ လွှတ်ထားပါတယ်။ တရုတ်မှာ ရှိနေတဲ့ ထိုင်းနိုင်ငံသား ၆၄ ယောက်ကို ပြန်ခေါ်နိုင်ရေး တရုတ် အာဏာပိုင်တွေရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ ပြင်သစ် ကလည်း Wuhan မြို့က နိုင်ငံသားတွေကို ခေါ်ယူဖို့ ကြာသပတေးနေ့မှာ လေယာဉ်လွှတ်ဖို့ စီစဉ်ထားကြောင်း ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။ ဂျာမနီကတော့ Wuhan မှာ ရှိနေတဲ့ သူ့ နိုင်ငံသားတွေကို ခေါ်ဖို့ စဉ်းစား သုံးသပ်နေဆဲ ဖြစ်ပေမယ့် စပိန်နိုင်ငံကတော့ သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ တရုတ်အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

XS
SM
MD
LG