သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Coronavirus ကုိ အႏုိင္ယူႏုိင္မယ္လုိ႔ တရုတ္သမၼတေျပာ


တရုတ္သမၼတရွီ

(Zawgyi/Unicode)

ဆိုးရြားတဲ့ coronavirus ပို ကူးစက္ျပန္႔႔ပြားေနတာကို တ႐ုတ္ႏုိုင္ငံအေနနဲ႔ အႏုိင္ယူ ႏွိမ္နင္းသြားမယ္လုိ႔ သမၼတ ရွီ က်င့္ဖ်င္က အဂၤါေန႔မွာ အခိုင္အမာ ေျပာလိုက္ပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႔ WHO အႀကီးအကဲ ေဒါက္တာ Tedros Ghebreyesus နဲ႔ ေတြ႔ဆံုအၿပီးမွာ သမၼတရွီက အဲဒီလိုေျပာလိုက္တဲ့အေၾကာင္း ႏုိင္ငံပိုင္သတင္းဌာနေတြက ေဖာ္ျပပါတယ္။ ဒီမေကာင္းဆိုးရြားကို ပုန္းေအာင္းေနခြင့္ မျပဳႏုိင္ဘူးလို႔ သမၼတရွီက မစၥတာ Ghebreyesus ကို ေျပာတဲ့အေၾကာင္း သတင္းေတြမွာ ေရးပါတယ္။

ဒီအေတာအတြင္းမွာပဲ coronavirus နဲ႔ပတ္သက္လုိ႔ ပိုၿပီးနားလည္ႏုိင္ေအာင္နဲ႔ ကမာၻလံုးဆိုင္ရာ တုံ႔ျပန္မႈ ဘယ္လိုလုပ္ၾကမယ္ ဆိုတာ လမ္းၫႊန္ႏုိင္ဖို႔ WHO အေနနဲ႔ ႏုိင္ငံတကာကၽြမ္းက်င္သူေတြ တ႐ုတ္ကိုလႊတ္ဖို႔ တ႐ုတ္ႏုိင္ငံဘက္က သေဘာတူလိုက္ပါ တယ္။

သမၼတရွီနဲ႔ WHO အႀကီးအကဲတို႔ ေတြ႔ဆံုေဆြးေႏြးအၿပီး အဂၤါေန႔က ဂ်ီနီဗာမွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း WHO ေျပာခြင့္ရ Christian Lindmeier က အဲဒီလိုေျပာသြားတာပါ။

ဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရသူေတြရွိေနတဲ့ တျခားႏုိင္ငံေတြကို အၾကံေပးႏုိင္ဖို႔အတြက္ လူတဦးကေနတဦး ဗိုင္းရပ္စ္ပိုး ကူးစက္ ႏုိုင္စြမ္းအေပၚ ပိုၿပီးနားလည္ေအာင္လုပ္ဖို႔ အေရးတႀကီးလုိအပ္ေနတယ္လုိ႔ ေျပာခြင့္ရ Lindmeier ကေျပာပါတယ္။

ဗိုင္းရပ္စ္ပိုး စၿပီးေပၚလာတဲ့ Wuhan ၿမိဳ႕ အဝင္အထြက္ေတြအားလံုးကုိ ပိတ္ထားတာေၾကာင့္ တနည္းအားျဖင့္ ၿမိဳ႕ထဲကလူေတြကို ပိတ္ထားလိုက္တဲ့သေဘာပါပဲ။ ဒါ့အျပင္ Hubei ျပည္နယ္ထဲက တျခားၿမိဳ႕ အေတာ္မ်ားမ်ားမွာလည္း အသြားအလာေတြ တင္းက်ပ္ထားတာပါ။ Wuhan ၿမိဳ႕မွာ ဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရအေရအတြက္ တိုးလာေနတာကို ကုသႏုိင္ဖို႔အတြက္ ေဆး႐ံု အသစ္ႏွစ္ခုကို အလ်င္အျမန္ ေဆာက္ေနပါတယ္။

Coronavirus ကုိ အႏုိင္ယူႏုိင္မယ္လုိ႔ တရုတ္သမၼတေျပာ
please wait

No media source currently available

0:00 0:01:19 0:00
တိုက္႐ိုက္ လင့္ခ္


...................

Coronavirus ကို အနိုင်ယူနိုင်မယ်လို့ တရုတ်သမ္မတပြော

(Unicode)

ဆိုးရွားတဲ့ coronavirus ပို ကူးစက်ပြန့့်ပွားနေတာကို တရုတ်နိုင်ငံအနေနဲ့ အနိုင်ယူ နှိမ်နင်းသွားမယ်လို့ သမ္မတ ရှီ ကျင့်ဖျင်က အင်္ဂါနေ့မှာ အခိုင်အမာ ပြောလိုက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ ဒေါက်တာ Tedros Ghebreyesus နဲ့ တွေ့ဆုံအပြီးမှာ သမ္မတရှီက အဲဒီလိုပြောလိုက်တဲ့အကြောင်း နိုင်ငံပိုင်သတင်းဌာနတွေက ဖော်ပြပါတယ်။ ဒီမကောင်းဆိုးရွားကို ပုန်းအောင်းနေခွင့် မပြုနိုင်ဘူးလို့ သမ္မတရှီက မစ္စတာ Ghebreyesus ကို ပြောတဲ့အကြောင်း သတင်းတွေမှာ ရေးပါတယ်။

ဒီအတောအတွင်းမှာပဲ coronavirus နဲ့ပတ်သက်လို့ ပိုပြီးနားလည်နိုင်အောင်နဲ့ ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှု ဘယ်လိုလုပ်ကြမယ် ဆိုတာ လမ်းညွှန်နိုင်ဖို့ WHO အနေနဲ့ နိုင်ငံတကာကျွမ်းကျင်သူတွေ တရုတ်ကိုလွှတ်ဖို့ တရုတ်နိုင်ငံဘက်က သဘောတူလိုက်ပါ တယ်။

သမ္မတရှီနဲ့ WHO အကြီးအကဲတို့ တွေ့ဆုံဆွေးနွေးအပြီး အင်္ဂါနေ့က ဂျီနီဗာမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း WHO ပြောခွင့်ရ Christian Lindmeier က အဲဒီလိုပြောသွားတာပါ။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူတွေရှိနေတဲ့ တခြားနိုင်ငံတွေကို အကြံပေးနိုင်ဖို့အတွက် လူတဦးကနေတဦး ဗိုင်းရပ်စ်ပိုး ကူးစက် နိုင်စွမ်းအပေါ် ပိုပြီးနားလည်အောင်လုပ်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ပြောခွင့်ရ Lindmeier ကပြောပါတယ်။

ဗိုင်းရပ်စ်ပိုး စပြီးပေါ်လာတဲ့ Wuhan မြို့ အဝင်အထွက်တွေအားလုံးကို ပိတ်ထားတာကြောင့် တနည်းအားဖြင့် မြို့ထဲကလူတွေကို ပိတ်ထားလိုက်တဲ့သဘောပါပဲ။

ဒါ့အပြင် Hubei ပြည်နယ်ထဲက တခြားမြို့ အတော်များများမှာလည်း အသွားအလာတွေ တင်းကျပ်ထားတာပါ။ Wuhan မြို့မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရအရေအတွက် တိုးလာနေတာကို ကုသနိုင်ဖို့အတွက် ဆေးရုံ အသစ်နှစ်ခုကို အလျင်အမြန် ဆောက်နေပါတယ်။

XS
SM
MD
LG