သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ ေလေၾကာင္းလိုင္းေတြ တ႐ုတ္ခရီးစဥ္ ရပ္ဆိုင္း


American Airlines ေလေၾကာင္း

(Zawgyi/Unicode)

တရုတ္ႏုိင္ငံမွာ ျဖစ္ေပၚေနတဲ့ Coronavirus ဟာ ႏုိင္ငံတကာ အေရးေပၚအေျခအေနအျဖစ္ WHO ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီးက ၾကာသပေတးေန႔မွာ ေၾကညာလုိက္တာေၾကာင့္ အေမရိကန္ျပည္ေထာင္စုက ေလေၾကာင္းလုိင္း ၂ ခုျဖစ္တဲ့ Delta နဲ႔ American Airlines တုိ႔ကလည္း တရုတ္ႏုိင္ငံကုိ ပ်ံသန္းမႈေတြ ရပ္ဆုိင္းထားမယ့္အေၾကာင္း ေသာၾကာေန႔မွာ ေၾကညာလုိက္ပါတယ္။

တရုတ္ျပည္မႀကီးကုိ ပ်ံသန္းေနတဲ့ ေလေၾကာင္းခရီးစဥ္ေတြကုိ မတ္လ ၂၇ ရက္ေန႔အထိ ရပ္ဆုိင္းထားမယ္လုိ႔ American Airlines က ေၾကညာလုိက္ပါတယ္။ ဒါေပမယ့္ ေဟာင္ေကာင္နဲ႔ေျပးဆြဲေနတဲ့ ေလေၾကာင္းအစီအစဥ္ေတြကုိေတာ့ ဆက္လက္ ထားရွိသြားမယ္လုိ႔ ဆုိပါတယ္။ Coronavirus က အမ်ားျပည္သူ က်န္းမာေရးကုိ အႏၱရာယ္ျဖစ္ေစတဲ့ အေျခအေနရွိတာေၾကာင့္ တရုတ္ျပည္မႀကီးကုိ ေျပးဆြဲေနတဲ့ ေလေၾကာင္းအစီအစဥ္ေတြ ရပ္ဆုိင္းေပးဖုိ႔ ေလယာဥ္မွဴးမ်ားအဖြဲ႔က ေလေၾကာင္းလုိင္းကုိ တရားစြဲ ေတာင္းဆုိခဲ့တာေၾကာင့္ အခုလုိ ရပ္ဆုိင္းလုိက္တာ ျဖစ္ပါတယ္။

တရုတ္ႏုိင္ငံကုိ ပ်ံသန္းေနတဲ့ သူတုိ႔ရဲ႕ ေလေၾကာင္းအစီအစဥ္ေတြကုိ ေဖေဖာ္၀ါရီလ ၆ ရက္ကေန ဧၿပီလ ၃၀ ရက္ေန႔အထိ ရပ္ဆုိင္းထားမယ့္အေၾကာင္း Delta ေလေၾကာင္းလုိင္းက ပထမဆုံး ေၾကညာခဲ့တာပါ။ အေမရိကန္ကေန တရုတ္ျပည္ကုိ ေနာက္ဆုံး ပ်ံသန္းမယ့္ ေလယာဥ္ဟာ ေဖေဖာ္၀ါရီလ ၃ ရက္ေန႔မွာ ထြက္ခြာမွာျဖစ္ၿပီး တရုတ္ဘက္ကေန အေမရိကန္ကုိ ျပန္လာမယ့္ ေနာက္ဆုံး ေလယာဥ္ဟာ ေဖေဖာ္၀ါရီလ ၅ ရက္ေန႔မွာ ထြက္ခြာမယ္လုိ႔ ဆုိပါတယ္။

United Airlines ကလည္း တရုတ္ျပည္မႀကီးကုိ ပ်ံသန္းေနတဲ့ ေလေၾကာင္းအစီအစဥ္ေတြကုိ ေလ်ာ့ခ်မယ့္အေၾကာင္း အေစာပုိင္းမွာ ေၾကညာခဲ့ၿပီးမွ ပ်ံသန္းမႈေတြကုိ ေဖေဖာ္၀ါရီလ ၆ ရက္ေန မတ္လ ၂၈ ရက္ေန႔အထိ ရပ္ဆုိင္းထားမယ့္အေၾကာင္း ျပန္ေျပာင္း ေၾကညာခဲ့ပါတယ္။

ေလေၾကာင္းလုိင္းေတြရဲ႕ ပ်ံသန္းမႈ ရပ္ဆုိင္းတဲ့အစီအစဥ္ေတြဟာ အေမရိကန္ႏုိင္ငံျခားေရးဌာနနဲ႔ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးဌာန CDC တုိ႔ရဲ႕ ညြန္ၾကားခ်က္နဲ႔အညီ ေဆာင္ရြက္မွာျဖစ္တယ္လုိ႔ ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

အမေရိကန် လေကြောင်းလိုင်းတွေ တရုတ်ခရီးစဉ် ရပ်ဆိုင်း

(Unicode)

တရုတ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ Coronavirus ဟာ နိုင်ငံတကာ အရေးပေါ်အခြေအနေအဖြစ် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြာသပတေးနေ့မှာ ကြေညာလိုက်တာကြောင့် အမေရိကန်ပြည်ထောင်စုက လေကြောင်းလိုင်း ၂ ခုဖြစ်တဲ့ Delta နဲ့ American Airlines တို့ကလည်း တရုတ်နိုင်ငံကို ပျံသန်းမှုတွေ ရပ်ဆိုင်းထားမယ့်အကြောင်း သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

တရုတ်ပြည်မကြီးကို ပျံသန်းနေတဲ့ လေကြောင်းခရီးစဉ်တွေကို မတ်လ ၂၇ ရက်နေ့အထိ ရပ်ဆိုင်းထားမယ်လို့ American Airlines က ကြေညာလိုက်ပါတယ်။ ဒါပေမယ့် ဟောင်ကောင်နဲ့ပြေးဆွဲနေတဲ့ လေကြောင်းအစီအစဉ်တွေကိုတော့ ဆက်လက် ထားရှိသွားမယ်လို့ ဆိုပါတယ်။ Coronavirus က အများပြည်သူ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေတဲ့ အခြေအနေရှိတာကြောင့် တရုတ်ပြည်မကြီးကို ပြေးဆွဲနေတဲ့ လေကြောင်းအစီအစဉ်တွေ ရပ်ဆိုင်းပေးဖို့ လေယာဉ်မှူးများအဖွဲ့က လေကြောင်းလိုင်းကို တရားစွဲ တောင်းဆိုခဲ့တာကြောင့် အခုလို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကို ပျံသန်းနေတဲ့ သူတို့ရဲ့ လေကြောင်းအစီအစဉ်တွေကို ဖေဖော်ဝါရီလ ၆ ရက်ကနေ ဧပြီလ ၃၀ ရက်နေ့အထိ ရပ်ဆိုင်းထားမယ့်အကြောင်း Delta လေကြောင်းလိုင်းက ပထမဆုံး ကြေညာခဲ့တာပါ။ အမေရိကန်ကနေ တရုတ်ပြည်ကို နောက်ဆုံး ပျံသန်းမယ့် လေယာဉ်ဟာ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထွက်ခွာမှာဖြစ်ပြီး တရုတ်ဘက်ကနေ အမေရိကန်ကို ပြန်လာမယ့် နောက်ဆုံး လေယာဉ်ဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ထွက်ခွာမယ်လို့ ဆိုပါတယ်။

United Airlines ကလည်း တရုတ်ပြည်မကြီးကို ပျံသန်းနေတဲ့ လေကြောင်းအစီအစဉ်တွေကို လျော့ချမယ့်အကြောင်း အစောပိုင်းမှာ ကြေညာခဲ့ပြီးမှ ပျံသန်းမှုတွေကို ဖေဖော်ဝါရီလ ၆ ရက်နေ မတ်လ ၂၈ ရက်နေ့အထိ ရပ်ဆိုင်းထားမယ့်အကြောင်း ပြန်ပြောင်း ကြေညာခဲ့ပါတယ်။

လေကြောင်းလိုင်းတွေရဲ့ ပျံသန်းမှု ရပ်ဆိုင်းတဲ့အစီအစဉ်တွေဟာ အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန CDC တို့ရဲ့ ညွန်ကြားချက်နဲ့အညီ ဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG