(Zawgyi/Unicode)
Corona ဗိုင်းရပ်နဲ့ မြန်မာနိုင်ငံ
(တိုက်ရိုက်လေလှိုင်း)
(Zawgyi/Unicode)
မြန်မာနဲ့ အသွားအလာများတဲ့ မြန်မာအိမ်နီးချင်းတရုတ်နိုင်ငံမှာ Corona ဗိုင်းရပ် ကူးစက်ပျံပွားမှုတွေဖြစ်လို့ အရေးပေါ်အခြေအနေကြုံနေရပါတယ်။ ရောဂါဖြစ်တဲ့နေရာတွေမှာ အသွားအလာအဝင်အထွက်တွေကို တားဆီးပိတ်ပင်မှုတွေ လုပ်နေပါတယ်။ ဒါ့အပြင် အနီးအနားက ထိုင်း မလေးရှား စတဲ့ နိုင်ငံတွေအထိပါ ရောဂါပိုးကူးစက်မှုတွေရှိနေပါတယ်။ တရုတ် အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံအတွက်ရော ဒီရောဂါကူးစက်မှု ဘယ်လောက်အထိ စိုးရိမ်ဖွယ်ရှိသလဲ၊ ကိုယ့်နိုင်ငံထဲ ရောဂါကူးစက်လာမှုမရှိအောင် မြန်မာနိုင်ငံဖက်က ပြင်ဆင်မှုတွေ လုံလောက်ပါရဲ့လား။ အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးကာကွယ်ရေးဗဟိုဌာနက မြန်မာဆရာဝန် ဒေါက်တာမင်းမင်းစိုးနဲ့၊ မြန်မာနိုင်ငံတွင်း လူထုကျန်းမာရေးပညာပေးဆောင်းပါးတွေရေးနေတဲ့ အထွေထွေရောဂါ အထူးကုဆရာဝန် ဒေါက်တာမိုးအောင်ကျော်နိုင် တို့ ပင်တိုင်ဆွေးနွေးဖြေကြားထားပါတယ်။