သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၀ ကျော်ပြီ


တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ရေး ဆေးဖျန်းနေသူများ။ (ဇန်နဝါရီ ၃၀၊ ၂၀၂၀)
တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ရေး ဆေးဖျန်းနေသူများ။ (ဇန်နဝါရီ ၃၀၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက်ပျံ့နှံ့နေတဲ့ တရုတ်နိုင်ငံ အလယ်အပိုင်း ဟူပေပြည်နယ်ထဲမှာ သေဆုံးသူ ၃၀၄ ယောက်ရှိပြီး လူပေါင်း ၁၄,၀၀၀ နီးပါး ကူးစက်ခံထားရကြောင်း ပြည်နယ်အာဏာပိုင်တွေက စနေနေ့မှာ ပြောဆိုထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအရေး စိုးရိမ်ချက်ကြောင့် တရုတ်နိုင်ငံမှာ လတ်တလော နေထိုင်ခဲ့ကြသူ နိုင်ငံခြားသားတွေရဲ့ ခရီးသွားလာခွင့်ကို တင်းကျပ်မယ့်အကြောင်း သြစတေးလျ၊ ဂျပန်နဲ့ စင်ကာပူတို့ကလည်း စနေနေ့မှာ ကြေညာလိုက်ပါတယ်။

အများပြည်သူဆိုင်ရာ အရေးပေါ် ကျန်းမာရေးအခြေအနေအဖြစ် ကြေညာပြီး အမေရိကန်ပြည်ထောင်စုက အလားတူ ဆောင်ရွက်ပြီး နောက်တနေ့မှာပဲ ဒီနိုင်ငံတွေရဲ့ ဆောင်ရွက်ချက် ထွက်ပေါ်လာတာပါ။ ထိုင်ဝမ်ကလည်း ခရီးသွားလာမှု ပိုပြီး တင်းကျပ်ကန့်သတ်ကြောင်း စနေနေ့မှာ ကြေညာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာကြောင်း တရုတ်အစိုးရ ကြေညာချက် ထွက်လာပြီးနောက်မှာ အခုလို ဆောင်ရွက်ခဲ့တာပါ။

ပြည်ပကနေ အမေရိကန်ကို ဆိုက်ရောက်လာချိန်မှာ သီးသန့်ခွဲခြားထားဖို့ လိုအပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ထိတွေ့နိုင်ခြေရှိသူ လူပေါင်း ၁,၀၀၀ ကို နေရာချထားပေးရေး ကျန်းမာရေးနဲ့ လူထုဝန်ဆောင်မှုဌာနရဲ့ ပန်ကြားချက်ကို အတည်ပြုထားပြီဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က စနေနေ့ထုတ် ကြေညာချက်မှာ ပြောဆိုထားပါတယ်။

အနည်းဆုံး လူ ၂၅၀ တို့ကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ သီးသန့်ခန်းတွေနဲ့ ထားရှိဖို့အတွက် နေရာထိုင်ခင်း စီစဉ်ပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနကို ကျန်းမာရေးနဲ့ လူထုဝန်ဆောင်မှု ဝန်ကြီးဌာနဘက်က တောင်းခံထားကြောင်း၊ ဗိုင်းရပ်စ်ပိုး ရောဂါအစပျိုးတဲ့ကာလဖြစ်တဲ့ ၁၄ ရက်တာ ခွဲခြားထားဖို့ လိုအပ်မှာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ဒီလူတွေအတွက် နေရာထိုင်ခင်းပဲ စီစဉ်ပေးမှာဖြစ်ပြီး ကျန်းမာရေးဌာနက ပြုစုစောင့်ရှောက်မှု၊ သယ်ယူပို့ဆောင်ရေးနဲ့ လုံခြုံရေးတို့ တာဝန်ယူမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်ပိုင် နေရာ ၄ ခုကို အသုံးပြုဖို့ ဖော်ပြထားပြီး ကယ်လီဖိုးနီးယားပြည်နယ်က နှစ်နေရာ၊ ကော်လိုရာဒိုနဲ့ တက္ကဆက်ပြည်နယ်တို့မှာ တနေရာစီကို လိုအပ်သလို အသုံးပြုသွားမှာ ဖြစ်ပါတယ်။

--------------------------------

(Unicode)










တိုက်ရိုက် လင့်ခ်


XS
SM
MD
LG