သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Corona ဗိုင္းရပ္စ္စိုးရိမ္မႈနဲ႔ တ႐ုတ္-ျမန္မာနယ္စပ္အေျခအေန


(Zawgyi/Unicode)

တ႐ုတ္ႏိုင္ငံမွာ တျပည္လံုး အတိုင္းအတာနဲ႔ ျပင္းထန္အဆုတ္ေရာင္ေရာဂါျဖစ္ေစတဲ့ coronavirus ပိုး ပ်ံ႕ႏွံေနခ်ိန္မွာတ႐ုတ္ႏိုင္ငံသားေတြ အိမ္နီးခ်င္း ျမန္မာႏုိင္ငံထဲကို တရားမဝင္ နယ္စပ္ဂိတ္ေတြကေန တဆင့္ အလြယ္တကူျဖတ္သန္း ဝင္ေရာက္တာေတြ ရွိေနတာေၾကာင့္ အတတ္ႏိုင္ဆံုး ထိန္းခ်ုဳပ္ဖို႔ ႀကိဳးစား ေနတယ္လို႔ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႔ တာဝန္ရွိသူက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံသားတခ်ိဳ႕ ျမန္မာနယ္စပ္ ေဝးလံေခါင္းဖ်ား ေက်း႐ြာေတြမွာ ေရာက္ေနၾကသလို တရားဝင္ နယ္စပ္ဂိတ္ေတြ က က်န္းမာေရး စစ္ေဆးမႈေတြ ကလည္း ေလ်ာ့ရဲမႈ ရွိေနတယ္ ဆိုၿပီးလည္း ေဒသခံေတြက စိုးရိမ္ေနၾကတာပါ။ အေၾကာင္းစုံကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေမးျမန္းေပးပို႔ထားပါတယ္။

တ႐ုတ္ျပည္ေရာက္ ေထာင္နဲ႔ခ်ီတဲ့ ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္တဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

အိမ္နီးခ်င္းႏိုင္ငံေတြက တ႐ုတ္ခရီးသြားကို စစ္ေဆး၊ တားျမစ္တာေတြ တင္းတင္းက်ပ္က်ပ္ လုပ္လာေပမဲ့ တ႐ုတ္ႏိုင္ငံသားေတြကေတာ့ ျမန္မာနယ္စပ္ကေန အလြယ္တကူ ျဖတ္သန္းေနေၾကာင္း ကခ်င္နဲ႔ ရွမ္းျပည္ေျမာက္ပိုင္း ေဒသခံေတြကေျပာပါတယ္။ ႏွစ္ႏိုင္ငံ အသိအမွတ္ျပဳ နယ္စပ္ဂိတ္ေတြမွာ စစ္ေဆးမႈေတြလုပ္ေနေပမဲ့ တရားမဝင္ဂိတ္ေတြကတဆင့္ ဝင္လာတဲ့ တ႐ုတ္ႏိုင္ငံသားေတြရွိတယ္ဆိုတာ ၾကားသိထားေၾကာင္း ကခ်င္ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးေဇာ္ဝင္းက ဗြီအိုေအကို ေျပာပါတယ္။

“ မွန္တယ္၊ က်ေနာ္တို႔ ကခ်င္ျပည္နယ္မွာ တရားမဝင္ဂိတ္ေတြကေတာ့ ဝင္ေနတာေတြလည္း ရွိတယ္လို႔ ၾကားပါတယ္။ သို႔ေသာ္ အဲဒီကလူေတြက က်ေနာ္တို႔ ျမစ္ႀကီးနားၿမိဳ႕ေပၚအထိ ေရာက္မလာေပမဲ့ နယ္စပ္က ႐ြာေလးေတြမွာ၊ နယ္စပ္ကၿမိဳ႕ေလးေတြမွာ ေရာက္တယ္လို႔ သိရပါတယ္။ တ႐ုတ္ျပည္နဲ႔ က်ေနာ္တို႔က လွမ္းေခၚရင္ေတာင္ ၾကားရတဲ့ အေနအထားဆိုေတာ့ ျပည္သူေတြလည္း စိုးရိမ္တာ မွန္ပါတယ္။ သို႔ေသာ္ က်ေနာ္တို႔ အစိုးရအဖြဲ႕ေတြလည္း အတတ္ႏိုင္ဆုံးေတာ့ ထိန္းခ်ဳပ္ႏိုင္ေအာင္ လုပ္ေနပါတယ္လို႔။”

ေခါင္လန္ဖူးၿမိဳ႕နယ္က ရွိန္းေခါင္ဂိတ္၊ ခ်ီေဖြၿမိဳ႕နယ္က ကန႔္ဖာဂိတ္၊ ဖီေမာ္ဂိတ္၊ အမွတ္ (၆)၊ အမွတ္ (၇) ၿပီးေတာ့ လိုင္ကာ႐ြာအနီးနားကဂိတ္ စတဲ့ ဂိတ္ေတြဟာ တရားဝင္ ႏွစ္ႏိုင္ငံ နယ္စပ္ဂိတ္ေတြမဟုတ္ဘဲ အဲဒီ ဂိတ္ေတြက ေန လြတ္လပ္စြာဝင္ထြက္သြားလာေနတဲ့ တ႐ုတ္ႏိုင္ငံသားေတြရွိေၾကာင္း ဝန္ႀကီး ဦးေဇာ္ဝင္းက ေျပာပါတယ္။

coronavirus အႏၲရာယ္မွ ကာကြယ္ရန္နည္းလမ္းမ်ား
coronavirus အႏၲရာယ္မွ ကာကြယ္ရန္နည္းလမ္းမ်ား

တ႐ုတ္ယူနန္ျပည္နယ္ထဲက ျမန္မာအလုပ္သမား ၅၀၀၀ ေလာက္ဟာလည္း စက္႐ုံအလုပ္႐ုံေတြ ပိတ္လိုက္တာေၾကာင့္ ကန္ပိုက္တီး နယ္စပ္ဂိတ္ကေန ျမန္မာႏိုင္ငံကို ျပန္လာေနၾကတာပါ။ ျမန္မာႏိုင္ငံထဲ ျပန္ဝင္ လာသူေတြကို အစိုးရ ျပည္သူ႔က်န္းမာေရးဝန္ထမ္းေတြက ကခ်င္ျပည္နယ္ အပါအဝင္ နယ္စပ္ဂိတ္ေတြမွာ စစ္ေဆးမႈေတြ လုပ္ေနေပမဲ့ လိုအပ္မႈေတြ အမ်ားႀကီး ရွိေန ေသးတယ္လုိ႔ ရွမ္းျပည္ေျမာက္ပိုင္း က႐ုဏာ လူမႈကူညီေရး အသင္း( မူဆယ္) က ဦးေသာင္းထြန္းက ေျပာပါတယ္။

“ ဟုတ္ကဲ့၊ မူဆယ္မွာ ဝင္ေပါက္ေတြေတာ့ အမ်ားႀကီးရွိတယ္ဗ်ာ၊ ခိုးေပါက္ေတြ အမ်ားႀကီးရွိတယ္၊ ခိုးေပါက္ေတြကေတာ့ သက္ဆိုင္ရာ အာဏာပိုင္ကေတာ့ ဘယ္လိုမွ ထိန္းခ်ဳပ္လို႔ မရတဲ့ ေနရာေတြေပါ့။ လိုအပ္မႈေတာ့ အမ်ားႀကီးရွိမွာေပါ့။ ဘာလို႔လဲဆိုေတာ့ က်ေနာ္တို႔ ျမန္မာႏိုင္ငံက ျဖစ္လာရင္ေတာင္မွ ဒီ စစ္ေဆးတဲ့ဟာက အခုအခ်ိန္အထိ မရွိေသးဘူးေပါ့ အဲလိုလည္းျဖစ္ေနတယ္။”

ကုိ႐ုိနာဗိုင္းရပ္စ္ ျပန္႔ပြားမႈကာကြယ္ေရး ျမန္မာနဲ႔ ထိုင္း၊ တ႐ုတ္နယ္စပ္ဂိတ္ေတြ ပိတ္ သတင္း ဖတ္႐ႈနားဆင္ႏုိင္ပါတယ္။

ကခ်င္နဲ႔ ရွမ္းျပည္ေျမာက္ပိုင္း နယ္စပ္ဂိတ္ေတြကေန ဝင္ေရာက္လာသူေတြကို ကိုယ္အပူခ်ိန္တိုင္းတာ စစ္ေဆးေနတဲ့ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန တာဝန္ရွိသူေတြကေတာ့ အခု ဝင္လာသူေတြထဲမွာ coronavirus ေရာဂါပိုး အကူးစက္ခံရသူ မရွိေသးဘူးလို႔ ဆိုပါတယ္။

“ ေရာဂါဒီေလာက္ႀကီး ပ်ံ႕ႏွံ႔ေနတဲ့အခ်ိန္မွာ ေရာဂါပိုးေတြ႕တယ္ဆိုတဲ့သူ မရွိေသးဘူးဆိုတာ ဒါႀကီးက ပိုလန႔္စရာ ျဖစ္ေနတာေပါ့ က်ေနာ္တို႔ဆီမွာ။ ေဆးဝါးနဲ႔ဆိုင္တဲ့ စက္ေတြဘာေတြ မရွိဘူးဆိုတဲ့ အေနအထားေပါ့။ အဓိက ျပည္သူလူထုက အဲအေပၚမွာ လန႔္ၾကပါတယ္၊ ဘယ္ေလာက္ေတာင္ ဝင္ၿပီလဲေပါ့ေနာ္။ က်ေနာ္တို႔ စိုးရိမ္တာကေတာ့ ဟိုဘက္ (တ႐ုတ္ျပည္ဘက္) ကေနအလုပ္လုပ္ၿပီး ျပန္လာတဲ့ က်ေနာ္တို႔ ေဒသခံေတြေပါ့ေနာ္ ေရာဂါ ကပ္ပါလာမွာ စိုးရိမ္တယ္။”

ကခ်င္ႏိုင္ငံေရး ပါတီတခုက လူငယ္ေရးရာ တာဝန္ခံတဦး ေျပာသြားတာျဖစ္ပါတယ္။

တ႐ုတ္အစိုးရရဲ႕ ေဖေဖာ္ဝါရီ ၃ရက္ မနက္ပိုင္းစာရင္းေတြအရဆိုရင္ တ႐ုတ္ျပည္တြင္းမွာ coronavirus ေရာဂါပိုး အကူးစက္ခံရသူ ၁၇၂၀၀ ေက်ာ္ရွိၿပီး၊ ဒီဗိုင္းရပ္ပိုးေၾကာင့္ ျပင္းထန္အဆုတ္ေရာဂါျဖစ္ၿပီး ေသဆုံးသူ ၃၆၁ ေယာက္ ရွိလာၿပီ ျဖစ္ပါတယ္။

Coronavirus ပိုးဟာ အခုဆိုရင္ အာရွ၊ ဥေရာပနဲ႔ အေမရိကန္က ႏိုင္ငံေပါင္း ၂၅ႏိုင္ငံထိ ပ်ံ႕ႏွံ႔လာၿပီး ေသဆုံးသူနဲ႔ ကူးစက္ခံရသူကေတာ့ တ႐ုတ္ႏိုင္ငံမွာ အမ်ားဆုံးျဖစ္ပါတယ္။ ဝူဟန္ေဒသခံ တ႐ုတ္လူမ်ိဳးတဦး ေသဆုံးခဲ့ေၾကာင္း ဖိလစ္ပိုင္အစိုးရက မေန႔က ေဖေဖာ္ဝါရီ ၂ရက္မွာ ေၾကညာလိုက္တာေၾကာင့္ တ႐ုတ္ႏိုင္ငံျပင္ပ ေသဆုံးသူေတြထဲမွာ ဖိလစ္ပိုင္က ပထမဦးဆုံးျဖစ္လာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

(Unicode)

တရုတ်နိုင်ငံမှာ တပြည်လုံး အတိုင်းအတာနဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်စေတဲ့ coronavirus ပိုး ပျံ့နှံနေချိန်မှာတရုတ်နိုင်ငံသားတွေ အိမ်နီးချင်း မြန်မာနိုင်ငံထဲကို တရားမဝင် နယ်စပ်ဂိတ်တွေကနေ တဆင့် အလွယ်တကူဖြတ်သန်း ဝင်ရောက်တာတွေ ရှိနေတာကြောင့် အတတ်နိုင်ဆုံး ထိန်းချုုပ်ဖို့ ကြိုးစား နေတယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ တရုတ်နိုင်ငံသားတချို့ မြန်မာနယ်စပ် ဝေးလံခေါင်းဖျား ကျေးရွာတွေမှာ ရောက်နေကြသလို တရားဝင် နယ်စပ်ဂိတ်တွေ က ကျန်းမာရေး စစ်ဆေးမှုတွေ ကလည်း လျော့ရဲမှု ရှိနေတယ် ဆိုပြီးလည်း ဒေသခံတွေက စိုးရိမ်နေကြတာပါ။ အကြောင်းစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က မေးမြန်းပေးပို့ထားပါတယ်။

တရုတ်ပြည်ရောက် ထောင်နဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ နေရပ်ပြန်တဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

အိမ်နီးချင်းနိုင်ငံတွေက တရုတ်ခရီးသွားကို စစ်ဆေး၊ တားမြစ်တာတွေ တင်းတင်းကျပ်ကျပ် လုပ်လာပေမဲ့ တရုတ်နိုင်ငံသားတွေကတော့ မြန်မာနယ်စပ်ကနေ အလွယ်တကူ ဖြတ်သန်းနေကြောင်း ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်း ဒေသခံတွေကပြောပါတယ်။ နှစ်နိုင်ငံ အသိအမှတ်ပြု နယ်စပ်ဂိတ်တွေမှာ စစ်ဆေးမှုတွေလုပ်နေပေမဲ့ တရားမဝင်ဂိတ်တွေကတဆင့် ဝင်လာတဲ့ တရုတ်နိုင်ငံသားတွေရှိတယ်ဆိုတာ ကြားသိထားကြောင်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ မှန်တယ်၊ ကျနော်တို့ ကချင်ပြည်နယ်မှာ တရားမဝင်ဂိတ်တွေကတော့ ဝင်နေတာတွေလည်း ရှိတယ်လို့ ကြားပါတယ်။ သို့သော် အဲဒီကလူတွေက ကျနော်တို့ မြစ်ကြီးနားမြို့ပေါ်အထိ ရောက်မလာပေမဲ့ နယ်စပ်က ရွာလေးတွေမှာ၊ နယ်စပ်ကမြို့လေးတွေမှာ ရောက်တယ်လို့ သိရပါတယ်။ တရုတ်ပြည်နဲ့ ကျနော်တို့က လှမ်းခေါ်ရင်တောင် ကြားရတဲ့ အနေအထားဆိုတော့ ပြည်သူတွေလည်း စိုးရိမ်တာ မှန်ပါတယ်။ သို့သော် ကျနော်တို့ အစိုးရအဖွဲ့တွေလည်း အတတ်နိုင်ဆုံးတော့ ထိန်းချုပ်နိုင်အောင် လုပ်နေပါတယ်လို့။”

ခေါင်လန်ဖူးမြို့နယ်က ရှိန်းခေါင်ဂိတ်၊ ချီဖွေမြို့နယ်က ကန့်ဖာဂိတ်၊ ဖီမော်ဂိတ်၊ အမှတ် (၆)၊ အမှတ် (၇) ပြီးတော့ လိုင်ကာရွာအနီးနားကဂိတ် စတဲ့ ဂိတ်တွေဟာ တရားဝင် နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေမဟုတ်ဘဲ အဲဒီ ဂိတ်တွေက နေ လွတ်လပ်စွာဝင်ထွက်သွားလာနေတဲ့ တရုတ်နိုင်ငံသားတွေရှိကြောင်း ဝန်ကြီး ဦးဇော်ဝင်းက ပြောပါတယ်။

တရုတ်ယူနန်ပြည်နယ်ထဲက မြန်မာအလုပ်သမား ၅၀၀၀ လောက်ဟာလည်း စက်ရုံအလုပ်ရုံတွေ ပိတ်လိုက်တာကြောင့် ကန်ပိုက်တီး နယ်စပ်ဂိတ်ကနေ မြန်မာနိုင်ငံကို ပြန်လာနေကြတာပါ။ မြန်မာနိုင်ငံထဲ ပြန်ဝင် လာသူတွေကို အစိုးရ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေက ကချင်ပြည်နယ် အပါအဝင် နယ်စပ်ဂိတ်တွေမှာ စစ်ဆေးမှုတွေ လုပ်နေပေမဲ့ လိုအပ်မှုတွေ အများကြီး ရှိနေ သေးတယ်လို့ ရှမ်းပြည်မြောက်ပိုင်း ကရုဏာ လူမှုကူညီရေး အသင်း( မူဆယ်) က ဦးသောင်းထွန်းက ပြောပါတယ်။

“ ဟုတ်ကဲ့၊ မူဆယ်မှာ ဝင်ပေါက်တွေတော့ အများကြီးရှိတယ်ဗျာ၊ ခိုးပေါက်တွေ အများကြီးရှိတယ်၊ ခိုးပေါက်တွေကတော့ သက်ဆိုင်ရာ အာဏာပိုင်ကတော့ ဘယ်လိုမှ ထိန်းချုပ်လို့ မရတဲ့ နေရာတွေပေါ့။ လိုအပ်မှုတော့ အများကြီးရှိမှာပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံက ဖြစ်လာရင်တောင်မှ ဒီ စစ်ဆေးတဲ့ဟာက အခုအချိန်အထိ မရှိသေးဘူးပေါ့ အဲလိုလည်းဖြစ်နေတယ်။”

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကာကွယ်ရေး မြန်မာနဲ့ ထိုင်း၊ တရုတ်နယ်စပ်ဂိတ်တွေ ပိတ် သတင်း ဖတ်ရှုနားဆင်နိုင်ပါတယ်။

ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်း နယ်စပ်ဂိတ်တွေကနေ ဝင်ရောက်လာသူတွေကို ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးနေတဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူတွေကတော့ အခု ဝင်လာသူတွေထဲမှာ coronavirus ရောဂါပိုး အကူးစက်ခံရသူ မရှိသေးဘူးလို့ ဆိုပါတယ်။

“ ရောဂါဒီလောက်ကြီး ပျံ့နှံ့နေတဲ့အချိန်မှာ ရောဂါပိုးတွေ့တယ်ဆိုတဲ့သူ မရှိသေးဘူးဆိုတာ ဒါကြီးက ပိုလန့်စရာ ဖြစ်နေတာပေါ့ ကျနော်တို့ဆီမှာ။ ဆေးဝါးနဲ့ဆိုင်တဲ့ စက်တွေဘာတွေ မရှိဘူးဆိုတဲ့ အနေအထားပေါ့။ အဓိက ပြည်သူလူထုက အဲအပေါ်မှာ လန့်ကြပါတယ်၊ ဘယ်လောက်တောင် ဝင်ပြီလဲပေါ့နော်။ ကျနော်တို့ စိုးရိမ်တာကတော့ ဟိုဘက် (တရုတ်ပြည်ဘက်) ကနေအလုပ်လုပ်ပြီး ပြန်လာတဲ့ ကျနော်တို့ ဒေသခံတွေပေါ့နော် ရောဂါ ကပ်ပါလာမှာ စိုးရိမ်တယ်။”

ကချင်နိုင်ငံရေး ပါတီတခုက လူငယ်ရေးရာ တာဝန်ခံတဦး ပြောသွားတာဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့ ဖေဖော်ဝါရီ ၃ရက် မနက်ပိုင်းစာရင်းတွေအရဆိုရင် တရုတ်ပြည်တွင်းမှာ coronavirus ရောဂါပိုး အကူးစက်ခံရသူ ၁၇၂၀၀ ကျော်ရှိပြီး၊ ဒီဗိုင်းရပ်ပိုးကြောင့် ပြင်းထန်အဆုတ်ရောဂါဖြစ်ပြီး သေဆုံးသူ ၃၆၁ ယောက် ရှိလာပြီ ဖြစ်ပါတယ်။

Coronavirus ပိုးဟာ အခုဆိုရင် အာရှ၊ ဥရောပနဲ့ အမေရိကန်က နိုင်ငံပေါင်း ၂၅နိုင်ငံထိ ပျံ့နှံ့လာပြီး သေဆုံးသူနဲ့ ကူးစက်ခံရသူကတော့ တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။ ဝူဟန်ဒေသခံ တရုတ်လူမျိုးတဦး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက မနေ့က ဖေဖော်ဝါရီ ၂ရက်မှာ ကြေညာလိုက်တာကြောင့် တရုတ်နိုင်ငံပြင်ပ သေဆုံးသူတွေထဲမှာ ဖိလစ်ပိုင်က ပထမဦးဆုံးဖြစ်လာပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG