သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၃ လအတွင်း စမ်းနိုင်


တရုတ်နိုင်ငံ ရှန်ဒေါင်းခရိုင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ကိုရိုနာဗိုင်းရပ်စ် သံသယရှိ လူနာတဦး။ (ဇန်နဝါရီ ၂၈၊ ၂၀၂၀)
တရုတ်နိုင်ငံ ရှန်ဒေါင်းခရိုင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ကိုရိုနာဗိုင်းရပ်စ် သံသယရှိ လူနာတဦး။ (ဇန်နဝါရီ ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ပြန့်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးကို ၃ လအတွင်း စမ်းသပ်နိုင်ခြေရှိတယ်လို့ အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး Anthony Fauci က ပြောပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ SARS ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ခဲ့တုန်းကတော့ စမ်းသပ်ကြည့်ဖို့ လပေါင်း ၂၀ ကျော် အချိန်ယူခဲ့ရတာပါ။

ကိုရိုနာကာကွယ်ဆေး ထိရောက်မှုရှိမရှိ၊ အန္တရာယ်ကင်းမကင်းဆိုတာ အရင်ဆုံး စမ်းသပ်ကြည့်မှာဖြစ်ပြီး စမ်းသပ်ကာလကတော့ လတွေနဲ့ချီ ထပ်ပြီး ကြာနိုင်ပါတယ်။

ဒါပေမယ့်လည်း အရင်တုန်းက ကာကွယ်ဆေးထုတ်လုပ်ဖို့၊ စမ်းသပ်ဖို့ အချိန်အတော်ကြာ ယူခဲ့ရပေမယ့် ခုတော့ ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားပြီး အချိန်တိုအတွင်းမှာပဲ ကာကွယ်ဆေး စမ်းသပ်နိုင်တော့မှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အချိန်တိုအတွင်း စမ်းသပ်နိုင်တော့မယ့် ကိစ္စဟာ ဝက်သက်ရောဂါ ကာကွယ်ဆေးကို ၁၈ ရာစုနှစ်အတွင်း ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ Edward Jenner ရဲ့ အကျိုးကျေးဇူးကြောင့်လည်း ပါတယ်လို့ ပြောရမှာဖြစ်ပါတယ်။

Jenner ထုတ်လုပ်ခဲ့သလိုပဲ ကာကွယ်ဆေးတွေအားလုံးရဲ့ အလုပ်လုပ်ပုံက တူညီကြပါတယ်။ ရောဂါပိုးရဲ့ ပင်မ ပရိုတိန်းဓာတ်၊ ဒါမှမဟုတ် သတ်ထားတဲ့ ရောဂါပိုးကို ကာကွယ်ဆေးအဖြစ် လူ့ခန္ဓာကိုယ်ထဲ ထိုးသွင်းပေးလိုက်တာပါ။

အဲဒီအခါမှာ လူ့ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က အဲဒီပိုးတွေကို ပြန်ပြီး လှုပ်ရှားစေတဲ့အတွက် ရောဂါကူးစက်ခံရပြီဆိုရင် ကိုယ်ထဲက ပိုးအချင်းချင်း တွေ့ပြီး သဟဇာတ ဖြစ်သွားတဲ့အတွက် နာမကျန်းမဖြစ်ဘဲ ခံနိုင်ရည်ရှိသွားစေတာ ဖြစ်ပါတယ်။

------------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG