သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မလိုအပ္ဘဲ ခရီးသြားကန္႔သတ္မႈေတြ မလုပ္ဖို႔ WHO တိုက္တြန္း


WHO ကမာၻ႔က်န္းမာေရး အဖဲြ႔အႀကီးအကဲ Tedros Adhanom Ghebreyesus (ဇန္န၀ါရီ၊ ၃၀၊ ၂၀၂၀)

(Zawgyi/Unicode)

တ႐ုတ္ႏိုင္ငံ Wuhan ၿမိဳ႕က စတင္တဲ့ Corona ဗိုင္းရပ္စ္ပိုး ကူးစက္ပ်ံ႕ႏွံ႔မႈ တားဆီးတဲ့အေနနဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ ခရီးသြားတားျမစ္ခ်က္ေတြ လုပ္စရာမလိုဘူးလို႔ WHO ကမာၻ႔က်န္းမာေရး အဖဲြ႔အႀကီးအကဲက ေျပာၾကားလိုက္ပါတယ္။

အေမရိကန္ျပည္ေထာင္စုအပါအဝင္ ႏုိင္ငံတခ်ဳိ႕က တ႐ုတ္ႏိုင္ငံကလာတဲ့ ခရီးသည္ေတြအတြက္ တားျမစ္ ကန္႔သတ္ခ်က္ေတြ လုပ္ေနခ်ိန္မွာ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က Switzerland ႏိုင္ငံမွာ ဒီကေန႔ ေျပာၾကားလိုက္တာျဖစ္ပါတယ္။

ႏိုင္ငံတကာ သြားလာေရး၊ ကုန္သြယ္ေရးေတြ ထိခိုက္မယ့္ ေဆာင္႐ြက္ခ်က္ေတြ လုပ္စရာအေၾကာင္း မ႐ွိပါဘူး။ ႏိုင္ငံေတြအေနနဲ႔ ခို္င္မာတဲ့ အေထာက္အထားနဲ႔ အက်ဳိးအေၾကာင္း ညီၫႊတ္မႈေပၚ မူတည္ၿပီး ဆုံုးျဖတ္ခ်က္ခ်ၾကဖုိ႔ ေတာင္းဆိုပါတယ္။

ဘယ္လိုေဆာင္႐ြက္ခ်က္ေတြ ခ်ရမလဲလို႔ စဥ္းစားေနတဲ့ ႏိုင္ငံေတြကို WHO က အႀကံေပးဖုိ႔ အသင့္႐ွိေနပါတယ္လို႔ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ေျပာသြားတာ ျဖစ္ပါတယ္။

ကမာၻတဝန္းမွာ ခုလိုမ်ဳိးေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈေတြကို တိုက္ဖ်က္ႏို္င္မယ့္ စနစ္သစ္တခု လိုအပ္ေနတယ္လို႔လည္း ေျပာၾကားသြားပါတယ္။ Coronavirus ပိုးကူးစက္သူ တ႐ုတ္ႏုိင္ငံမွာ ဒီကေန႔အထိ ၁၇,၂၀၀ ေက်ာ္႐ွိေနၿပီး ေသဆံုးသူ ၃၆၁ ေယာက္ထက္မနည္း ႐ွိေနပါတယ္။

ႏိုင္ငံေပါင္း ၂၃ ႏိုင္ငံမွာ ပိုးကူးစက္ေနတယ္လို႔ အတည္ျပဳထားသူကလည္း ၁၅၁ ေယာက္ ႐ွိပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ တနဂၤေႏြေန႔ ညေနပိုင္းကစတင္ အသက္ဝင္တဲ့ က်န္းမာေရးအေရးေပၚ အေျခအေနအရ ဝူဟန္ၿမိဳ႕႐ွိတဲ့ Hubei နယ္ကေန ျပန္လာတဲ့ အေမရိကန္ႏုိင္ငံသား မွန္သမွ်ကုိ သီးသန္႔သတ္မွတ္ထားတဲ့ ေနရာေတြမွာ ၁၄ ရက္ထားၿပီး ေစာင့္ၾကည့္မွာ ျဖစ္ပါတယ္။

တျခားတ႐ုတ္ေဒသေတြက ျပန္လာတဲ့ အေမရိကန္ႏိုင္ငံသားေတြ၊ အၿမဲတမ္းေနထိုင္ခြင့္ရထားသူေတြ၊ ေလယာဥ္အမႈထမ္းေနသူေတြဆိုရင္ အထူးသတ္မွတ္ထားတဲ့ ေလဆိပ္ေတြမွာ ဆင္းရမွာျဖစ္ၿပီး အဲဒီမွာ ေနာက္ထပ္ ေဆးစစ္မႈေတြ လုပ္မွာ ျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံကို လြန္ခဲ့တဲ့ သီတင္း ႏွစ္ပတ္ထဲ သြားခဲ့တဲ့ အေမရိကန္ႏုိင္ငံသား မဟုတ္သူေတြကိုေတာ့ ျပည္ဝင္ခြင့္ တားျမစ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်နိုင်ငံ Wuhan မြို့က စတင်တဲ့ Corona ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှု တားဆီးတဲ့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားတားမြစ်ချက်တွေ လုပ်စရာမလိုဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့အကြီးအကဲက ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတချို့က တရုတ်နိုင်ငံကလာတဲ့ ခရီးသည်တွေအတွက် တားမြစ် ကန့်သတ်ချက်တွေ လုပ်နေချိန်မှာ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က Switzerland နိုင်ငံမှာ ဒီကနေ့ ပြောကြားလိုက်တာဖြစ်ပါတယ်။

နိုင်ငံတကာသွားလာရေး၊ ကုန်သွယ်ရေးတွေ ထိခိုက်မယ့် ဆောင်ရွက်ချက်တွေ လုပ်စရာအကြောင်းမရှိပါဘူး။ နိုင်ငံတွေအနေနဲ့ ခိုင်မာတဲ့ အထောက်အထားနဲ့ အကျိုးအကြောင်း ညီညႊတ်မှုပေါ် မူတည်ပြီး ဆုံးဖြတ်ချက်ချကြဖို့ တောင်းဆိုပါတယ်။

ဘယ်လိုဆောင်ရွက်ချက်တွေ ချရမလဲလို့ စဉ်းစားနေတဲ့ နိုင်ငံတွေကို WHO ကအကြံပေးဖို့ အသင့်ရှိနေပါတယ်လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောသွားတာဖြစ်ပါတယ်။

ကမ္ဘာတဝန်းမှာ ခုလိုမျိုးရောဂါ ကူးစက်ပျံ့နှံ့မှုတွေကို တိုက်ဖျက်နိုင်မယ့် စနစ်သစ်တခု လိုအပ်နေတယ်လို့လည်း ပြောကြားသွားပါတယ်။ Coronavirus ပိုးကူးစက်သူ တရုတ်နိုင်ငံမှာ ဒီကနေ့အထိ ၁၇,၂၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၃၆၁ ယောက်ထက်မနည်း ရှိနေပါတယ်။

နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ ပိုးကူးစက်နေတယ်လို့ အတည်ပြုထားသူကလည်း ၁၅၁ ယောက်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တနင်္ဂနွေနေ့ ညနေပိုင်းကစတင် အသက်ဝင်တဲ့ ကျန်းမာရေးအရေးပေါ် အခြေအနေအရ ဝူဟန်မြို့ရှိတဲ့ Hubei နယ်ကနေ ပြန်လာတဲ့ အမေရိကန်နိုင်ငံသားမှန်သမျှကို သီးသန့်သတ်မှတ်ထားတဲ့ နေရာတွေမှာ ၁၄ ရက်ထားပြီး စောင့်ကြည့်မှာဖြစ်ပါတယ်။

တခြားတရုတ်ဒေသတွေက ပြန်လာတဲ့ အမေရိကန်နိုင်ငံသားတွေ၊ အမြဲတမ်းနေထိုင်ခွင့်ရထားသူတွေ၊ လေယာဉ်အမှုထမ်းနေသူတွေဆိုရင် အထူးသတ်မှတ်ထားတဲ့ လေဆိပ်တွေမှာ ဆင်းရမှာဖြစ်ပြီး အဲဒီမှာ နောက်ထပ် ဆေးစစ်မှုတွေ လုပ်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကို လွန်ခဲ့တဲ့ သီတင်း ႏွစ္ပတ်ထဲ သွားခဲ့တဲ့ အမေရိကန်နိုင်ငံသား မဟုတ်သူတွေကိုတော့ ပြည်ဝင်ခွင့်တားမြစ်ထားပါတယ်။

XS
SM
MD
LG