သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Corona ဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ တ႐ုတ္စီးပြားေရးထိခိုက္


Corona ဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ တ႐ုတ္စေတာ့ေစ်းကြက္ က်

(Zawgyi/Unicode)

တ႐ုတ္ႏိ္ုင္ငံ ဝူဟန္က စခဲ့တဲ့ Corona ဗိုင္းရပ္စ္ပိုးကူးစက္ပ်ံ႕ႏွံ႔မႈေတြေၾကာင့္ တ႐ုတ္ႏိုင္ငံ စီးပြားေရးကို ထိခိုက္မႈေတြ ၾကံဳေနရတယ္လို႔ တ႐ုတ္တာ၀န္ရွိသူတဦးက အခု တနလၤာေန႔ သတင္းစာရွင္းလင္းပဲြတခုမွာ ေျပာသြားပါတယ္။ ခရီးသြားလာေရး၊ ဟိုတယ္နဲ႔စားေသာက္ဆိုင္လုပ္ငန္း၊ ႐ုပ္ရွင္နဲ႔ေဖ်ာ္ေျဖေရး စတဲ့ က႑ေတြကို အႀကီးအက်ယ္ထိခိုက္သက္ေရာက္ေနတာေၾကာင့္ စီးပြားေရးကိုပါ သက္ေရာက္မႈေတြ ရွိလာတယ္လို႔ တ႐ုတ္အမ်ိဳးသားဖံြၿဖိဳးေရးနဲ႔ျပဳျပင္ေရးေကာ္မရွင္ ဒုတိယၫႊန္ၾကားေရးမႈး Lian Weiliang က သတင္းေထာက္ေတြကိုေျပာခဲ့ပါတယ္။ ဒါေပမယ္လို႔ တ႐ုတ္ႏိုင္ငံအေနနဲ႔ ေရာဂါပိုးထိန္းခ်ဳပ္ေရးကို ႏိုင္ႏိုင္နင္းနင္းေဆာင္ရြက္ႏိုင္ပါတယ္လို႔လည္း သူက အာမခံ ေျပာၾကားခဲ့ပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ျပင္ပ ပထမဆံုး လူနာေသဆံုး သတင္း ဖတ္႐ႈနားဆင္ႏုိင္ပါတယ္။

“ ေရာဂါ ထိန္းခ်ဳပ္ေရးနဲ႕ ကာကြယ္ေရး ေဆာင္ရြက္ခ်က္ေတြကို ေသခ်ာေပါက္ ေအာင္ျမင္ေအာင္ ေဆာင္ရြက္ႏိ္ုင္မယ္ဆိုတာ ယံုၾကည္တဲ့အေကာင္းနဲ႔ ၊ ေရာဂါကူးစက္မႈေၾကာင့္ ထိခိုက္မႈေတြကိုလည္း ေလွ်ာ့ခ်ႏိုင္ေအာင္ ေဆာင္ရြက္ႏိုင္မယ္” လို႔ တ႐ုတ္ အမ်ိဳးသားဖံြၿဖိဳးေရးနဲ႔ျပဳျပင္ေျပာင္းလဲေရးေကာ္မရွင္ ဒု ၫြႊန္ၾကားေရးမွဴး သတင္းစာရွင္းလငး္ပဲြမွာ ေျပာသြားတာပါ။

တ႐ုတ္ႏွစ္သစ္ကူး ပိတ္ရက္ေတြအၿပီး အခု တနလၤာေန႔ ေစ်းကြက္ဖြင့္ခ်ိန္မွာပဲ ဗိုင္းရပ္စ္ပိုး ကူးစက္ပ်ံပြားလာတာကို စိုးရိမ္ၿပီးေတာ့ ရင္းႏွီးျမွဳပ္ႏွံသူေတြဟာ တ႐ုတ္စေတာ့ေစ်းကြက္ထဲက ေဒၚလာ ဘီလီယလံ၄၀၀ ေက်ာ္ ထုတ္ယူလိုက္တာမို႔ အာရွ စေတာ့ေစ်းကြက္ ေစ်းထိုးက်သြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၃ ရက္ ေစ်းကြက္ဖြင့္ခ်ိန္ကတည္းကလည္း စေတာ့ေစ်းေတြ က်ဆင္းေနခဲ့တာပါ။

အေမရိကန္ ေလေၾကာင္းလိုင္းေတြ တ႐ုတ္ခရီးစဥ္ ရပ္ဆိုင္း သတင္း ဖတ္႐ႈနားဆင္ႏုိင္ပါတယ္။

ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈေတြ တိုးလာတာနဲ႔အတူ ဝူဟန္အပါအ၀င္ Hubei ျပည္နယ္ထဲက ၿမိဳ႕ ၁၆ ၿမိဳ႕က လူဦးေရ သန္း ၅၀ ကို တ႐ုတ္က အသြားအလာ ကန္႔သတ္ပိတ္ပင္ထားလိုက္ပါတယ္။ အခုဆိုရင္ တ႐ုတ္မွာ ေရာဂါကူးစက္ခံရသူက လူေပါင္း တေသာင္း ခုႏွစ္ေထာင္ေက်ာ္သြားၿပီလို႔ တရား၀င္ ထုတ္ျပန္ထားတာပါ။ အခုလို ဗိုင္းရပ္စ္ကူးစက္မႈေတြေၾကာင့္ တ႐ုတ္ႏိုင္ငံ ေဘက်င္းက ဧကရာဇ္နန္းေတာ္၊ ရွန္ဟိုင္းက Disneyland ေဟာင္ေကာင္ Disneyland စတဲ့ ဧည္သည္ေတြ အသြားအလာအမ်ားဆံုး ခရီးသြားေနရာေတြ ပိတ္ထားရသလို၊ ေန႔စဥ္ စီးပြားေရးလုပ္ငန္းေတြလည္း ရပ္တန္႔ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......................

Corona ဗိုင်းရပ်စ်ကူးစက်မှုကြောင့် တရုတ်စီးပွားရေးထိခိုက်

(Unicode)

တရုတ်နိုင်ငံ ဝူဟန်က စခဲ့တဲ့ Corona ဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့မှုတွေကြောင့် တရုတ်နိုင်ငံ စီးပွားရေးကို ထိခိုက်မှုတွေ ကြုံနေရတယ်လို့ တရုတ်တာဝန်ရှိသူတဦးက အခု တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောသွားပါတယ်။ ခရီးသွားလာရေး၊ ဟိုတယ်နဲ့စားသောက်ဆိုင်လုပ်ငန်း၊ ရုပ်ရှင်နဲ့ဖျော်ဖြေရေး စတဲ့ ကဏ္ဍတွေကို အကြီးအကျယ်ထိခိုက်သက်ရောက်နေတာကြောင့် စီးပွားရေးကိုပါ သက်ရောက်မှုတွေ ရှိလာတယ်လို့ တရုတ်အမျိုးသားဖွံဖြိုးရေးနဲ့ပြုပြင်ရေးကော်မရှင် ဒုတိယညွှန်ကြားရေးမှုး Lian Weiliang က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ ဒါပေမယ်လို့ တရုတ်နိုင်ငံအနေနဲ့ ရောဂါပိုးထိန်းချုပ်ရေးကို နိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်ပါတယ်လို့လည်း သူက အာမခံ ပြောကြားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြင်ပ ပထမဆုံး လူနာသေဆုံး သတင်း ဖတ်ရှုနားဆင်နိုင်ပါတယ်။

“ ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဆောင်ရွက်ချက်တွေကို သေချာပေါက် အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်ဆိုတာ ယုံကြည်တဲ့အကောင်းနဲ့ ၊ ရောဂါကူးစက်မှုကြောင့် ထိခိုက်မှုတွေကိုလည်း လျှော့ချနိုင်အောင် ဆောင်ရွက်နိုင်မယ်” လို့ တရုတ် အမျိုးသားဖွံဖြိုးရေးနဲ့ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒု ညွှန်ကြားရေးမှူး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

အမေရိကန် လေကြောင်းလိုင်းတွေ တရုတ်ခရီးစဉ် ရပ်ဆိုင်း သတင်း ဖတ်ရှုနားဆင်နိုင်ပါတယ်။

တရုတ်နှစ်သစ်ကူး ပိတ်ရက်တွေအပြီး အခု တနင်္လာနေ့ ဈေးကွက်ဖွင့်ချိန်မှာပဲ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံပွားလာတာကို စိုးရိမ်ပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေဟာ တရုတ်စတော့ဈေးကွက်ထဲက ဒေါ်လာ ဘီလီယလံ၄၀၀ ကျော် ထုတ်ယူလိုက်တာမို့ အာရှ စတော့ဈေးကွက် ဈေးထိုးကျသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက် ဈေးကွက်ဖွင့်ချိန်ကတည်းကလည်း စတော့ဈေးတွေ ကျဆင်းနေခဲ့တာပါ။

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေ တိုးလာတာနဲ့အတူ ဝူဟန်အပါအဝင် Hubei ပြည်နယ်ထဲက မြို့ ၁၆ မြို့က လူဦးရေ သန်း ၅၀ ကို တရုတ်က အသွားအလာ ကန့်သတ်ပိတ်ပင်ထားလိုက်ပါတယ်။ အခုဆိုရင် တရုတ်မှာ ရောဂါကူးစက်ခံရသူက လူပေါင်း တသောင်း ခုနှစ်ထောင်ကျော်သွားပြီလို့ တရားဝင် ထုတ်ပြန်ထားတာပါ။ အခုလို ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် တရုတ်နိုင်ငံ ဘေကျင်းက ဧကရာဇ်နန်းတော်၊ ရှန်ဟိုင်းက Disneyland ဟောင်ကောင် Disneyland စတဲ့ ဧည်သည်တွေ အသွားအလာအများဆုံး ခရီးသွားနေရာတွေ ပိတ်ထားရသလို၊ နေ့စဉ် စီးပွားရေးလုပ်ငန်းတွေလည်း ရပ်တန့်နေရပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG