သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

ရခိုင္ မင္းျပားက Corona ဗိုင္းရပ္စ္ သံသယလူနာ အေျခအေန


(Zawgyi/Unicode)

ျပီးခဲ့တဲ့ ႏွစ္ပတ္ေလာက္က တရုတ္ျပည္က ျပန္လာတဲ့ ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္က ခ်င္းအမ်ိဳးသား တဦးကို ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈ သံသယ လူနာအျဖစ္ မင္းျပားေဆးရံု သီးသန္႔လူနာေဆာင္မွာ ထားၿပီး ေစာင့္ၾကည့္ေနပါတယ္။ ရခိုင္ျပည္နယ္မွာ ပထမဆံုး ကိုရိုနာဗိုင္းရပ္စ္ သံသယရွိလူနာ တဦး ျဖစ္တဲ့ ဒီခ်င္းအမ်ိဳးသားရဲ့ လက္ရွိအေျခအေနကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္နိုင္က ေမးျမန္းတင္ျပထားပါတယ္။

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္မွာ တရုတ္ႏုိင္ငံကေန ျပန္လာတဲ့ အမ်ိဳးသားတဦးကို ကိုရိုနာဗိုင္းရပ္စ္ပိုး အကူးစက္ခံရသူလို႔ သံသယရွိတာေၾကာင့္ မင္းျပားေဆးရံုရဲ႕ သီးသန္႔လူနာေဆာင္ တခုမွာ ေဆးဝန္ထမ္းေတြက ေစာင့္ၾကည့္ ကုသေပးေနတာပါ။

တ႐ုတ္ႏုိင္ငံ ဟူနန္ျပည္နယ္မွာ H5N1 ငွက္တုပ္ေကြး ကူးစက္ပ်ံ႕ႏွံ႔တဲ့ အေၾကာင္းကိုလည္း ဒီမွာ ဖတ္ရႈႏိုင္ပါျပီ။

အဲဒီအမ်ိဳးသားဟာ မင္းျပားၿမိဳ႕နယ္ ေတာင္ရွည္ျပင္ေက်းရြာမွာ ေနထိုင္တဲ့ ကိုဖိုးလံုးေခ်ဆိုတဲ့ ခ်င္းလူမ်ိဳး တဦးျဖစ္ၿပီး ၿပီးခဲ့တဲ့ သီတင္းႏွစ္ပတ္ေလာက္က တရုတ္ႏိုင္ငံ ဂ်ယ္ေခါင္ၿမိဳ႕က ျပန္လာတာ ျဖစ္တယ္လို႔လည္း သူ႔မိသားစုဝင္ေတြက ေျပာပါတယ္။

ေတာင္ရွည္ျပင္ေက်းရြာဟာ မင္းျပားနဲ႔ ေျမပံုကို သြားတဲ့လမ္းမွာ တည္ရွိတဲ့ ခ်င္းလူမ်ိဳးေတြ ေနထိုင္တဲ့ ေက်းရြာ တရြာျဖစ္ၿပီး ေဒသခံေတြနဲ႔ သူ႔ရဲ့ မိသားစုဝင္ေတြဟာလည္း လက္ရွိကူးစက္မႈေတြ ျဖစ္ပြားေနတဲ့ ကိုရိုနာ ဗိုင္းရပ္စ္ပိုးအေၾကာင္း မသိထားၾကသလို စိုးရိမ္မႈေတြလည္း မရွိၾကဘူးလို႔ လူနာရဲ့ မိသားစုဝင္ တဦးက ေျပာပါတယ္။

“သူတို႔က လက္ရွိအခ်ိန္မွာေတာ့ စိုးရိမ္စိတ္ေတာ့ မရွိၾကဘူး ျဖစ္ေနတယ္။ ေနာက္ဆိုရင္ေတာ့ မေျပာတတ္ဘူး။”

လက္ရွိအခ်ိန္မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူလို႔ သံသယရွိတဲ့ ကိုဖိုးလံုးေခ်ကို မင္းျပားေဆးရံုမွာ ေစာင့္ၾကည့္လူနာအျဖစ္နဲ႔ ေစာင့္ၾကည့္ေနတာ ၃ ရက္ ရွိၿပီး ဒီဗိုင္းရပ္စ္ ပိုး အမွန္တကယ္ အကူးစက္ခံေနရသူ ဟုတ္၊ မဟုတ္ သိႏုိင္ေအာင္ စစ္ေဆးဖို႔ ဓါတ္ခြဲခန္း နမႈနာ ပို႔ေဆာင္ထားတယ္လို႔ မင္းေျပားေဆးရံုက လက္ေထာက္ဆရာဝန္ ေဒါက္တာ ေဇာ္ႏိုင္ဦးက ေျပာပါတယ္။

“သူက တရုတ္ကေန ၿပန္လာတာဆိုေတာ့ ဖ်ားလည္း ဖ်ားတယ္ဆိုေတာ့ က်ေနာ္တို႔က သူ႔ကို ေစာင့္ၾကည့္ထားတဲ့ သေဘာပါ။ က်ေနာ္တို႔ သူ႔ကိုေတာ့ သီးသန္႔ လူနာေဆာင္ တခုမွာ ထားထားတယ္။ ဝန္ထမ္းေတြဆိုရင္လည္း က်ေနာ္တို႔ အားလံုး အကာကြယ္ဝတ္စံုေတြ ဝတ္ၿပီးေတာ့ပဲ သူ႔ကို ၾကည့္တယ္။ အဲ့လို လုပ္ထားပါတယ္။ စစ္ေဆးဖို႔ေတာ့ ပို႔ထားတယ္။ ဒီေန႔မွ ရန္ကုန္ကို ေရာက္မွာ ဆိုေတာ့ မေျပာတတ္ေသးဘူး။ သိပ္ေတာ့ မၾကာေလာက္ပါဘူး သိရမွာပါ။ လူနာကေတာ့ သက္သာပါတယ္။ ျဖစ္ဖို႔ေတာ့ နည္းပါတယ္။ ရိုးရိုးရာသီ တုန္ေကြးနဲ႔ပဲ ပိုတူပါတယ္။”

လက္ရွိအခ်ိန္မွာ ကိုရိုနာဗိုင္းရပ္စ္ သံသယရွိတဲ့ လူနာနဲ႔ ပတ္သတ္ၿပီး ဘာမွမသိရေသးတာေၾကာင့္ ေဒသခံေတြ စိုးရိမ္ေနၾကတယ္လို႔ မင္းျပားၿမိဳ႕နယ္ ျပည္နယ္လြတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ေျပာပါတယ္။

“ဒီေရာဂါဆိုးႀကီးကိုေတာ့ အကုန္လံုးကေတာ့ စိုးရိမ္ေနၾကတာပဲ။ အခုဆို က်ေနာ္တို႔ ၿမိဳ႕မွာလည္း ကေလးေရာ လူႀကီးေရာ အကုန္လံုး Mask ေတြတပ္ၿပီး သြားေနၾကတယ္။ အဲဒီၾကားထဲမွာ ဒီလို သတင္းဆိုးတခု ထြက္လာတဲ့ အေပၚမွာေတာ့ ပိုၿပီးေတာ့ စိုးရိမ္စိတ္ေတြ ျမင့္တက္သြားတာေပါ့ေလ။ သူမ်ားႏိုင္ငံမွာေတာ့ ကူးစက္ခံရသူ ဘယ္ႏွစ္ဦး ဘယ္ႏွစ္ဦးဆိုၿပီးေတာ့ ေဖာ္ျပတာေတြ ရွိတယ္။ သို႔ေသာ္လည္း ျမန္မာႏိုင္ငံမွာ အဲတာနဲ႔ ပတ္သတ္ၿပီး စမ္းသပ္ဖို႔ စက္မရွိတာလားေတာ့ မေျပာတတ္ဘူး။ ဒီေန႔အထိကေတာ့ ဘယ္ႏွစ္ဦး ကူးစက္ခံေနၿပီဆိုတဲ့ သတင္း ထြက္ေပၚမလာတဲ့ အေပၚမွာလည္း ပိုၿပီးေတာ့ သံသယနဲ႔ စိုးရိမ္စိတ္ေတြကေတာ့ ျမင့္ေနၾကတယ္။”

တရုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ကေန စတင္ျပန္႔ပြားလာတဲ့ ကိုရိုနာဗိုင္းရပ္စ္ရဲ႕ ကူးစက္မႈေတြဟာ ကမၻာ႔အေရးေပၚ အေျခအေနျဖစ္တယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႔ (WHO) က ေၾကညာထားတာလည္း ျဖစ္ပါတယ္။

တရုတ္ႏိုင္ငံနဲ႔ အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ ျမန္မာႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ မရွိေသးေပမယ့္ သံသယရွိ လူနာေတြ ရွိေနၿပီး အခု မင္းျပားေဆးရံုမွာ ေဆးကုသမႈ ခံယူေနရတဲ့ ကိုဖိုးလံုးေခ်ဟာလည္း ရခိုင္ျပည္နယ္မွာ ပထမဆံုး ကိုရိုနာဗိုင္းရပ္စ္ သံသယရွိသူ တဦးလည္း ျဖစ္ပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြီးခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်ပြည်က ပြန်လာတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က ချင်းအမျိုးသား တဦးကို ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု သံသယလူနာအဖြစ် မင်းပြားဆေးရုံ သီးသန့်လူနာဆောင်မှာ ထားပြီး စောင့်ကြည့်နေပါတယ်။ ရခိုင်ပြည်နယ်မှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် သံသယရှိလူနာ တဦး ဖြစ်တဲ့ ဒီချင်းအမျိုးသားရဲ့ လက်ရှိအခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က မေးမြန်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ တရုတ်နိုင်ငံကနေ ပြန်လာတဲ့ အမျိုးသားတဦးကို ကိုရိုနာဗိုင်းရပ်စ် ပိုး အကူးစက်ခံရသူလို့ သံသယရှိတာကြောင့် မင်းပြားဆေးရုံရဲ့ သီးသန့်လူနာဆောင် တခုမှာ ဆေးဝန်ထမ်းတွေက စောင့်ကြည့် ကုသပေးနေတာပါ။

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှာ H5N1 ငှက်တုပ်ကွေး ကူးစက်ပျံ့နှံ့တဲ့ အကြောင်းကိုလည်း ဒီမှာ ဖတ်ရှုနိုင်ပါပြီ။

အဲဒီအမျိုးသားဟာ မင်းပြားမြို့နယ် တောင်ရှည်ပြင်ကျေးရွာမှာ နေထိုင်တဲ့ ကိုဖိုးလုံးချေဆိုတဲ့ ချင်းလူမျိုး တဦးဖြစ်ပြီးပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက်က တရုတ်နိုင်ငံ ဂျယ်ခေါင်မြို့က ပြန်လာတာ ဖြစ်တယ်လို့လည်း သူ႔မိသားစုဝင်တွေက ပြောပါတယ်။

တောင်ရှည်ပြင်ကျေးရွာဟာ မင်းပြားနဲ့ မြေပုံကို သွားတဲ့လမ်းမှာ တည်ရှိတဲ့ ချင်းလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာ တရွာဖြစ်ပြီး ဒေသခံတွေနဲ့ သူ့ရဲ့ မိသားစုဝင်တွေဟာလည်း လက်ရှိကူးစက်မှုတွေ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးအကြောင်း မသိထားကြသလို စိုးရိမ်မှုတွေလည်း မရှိကြဘူးလို့ လူနာရဲ့ မိသားစုဝင် တဦးက ပြောပါတယ်။

“သူတို့က လက်ရှိအချိန်မှာတော့ စိုးရိမ်စိတ်တော့ မရှိကြဘူးဖြစ်နေတယ်။ နောက်ဆိုရင်တော့ မပြောတတ်ဘူး။”

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူလို့ သံသယရှိတဲ့ ကိုဖိုးလုံးချေကို မင်းပြားဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ်နဲ့ စောင့်ကြည့်နေတာ ၃ ရက်ရှိပြီး ဒီဗိုင်းရပ်စ် ပိုး အမှန်တကယ် အကူးစက်ခံနေရသူ ဟုတ်၊ မဟုတ် သိနိုင်အောင် စစ်ဆေးဖို့ ဓါတ်ခွဲခန်း နမှုနာ ပို့ဆောင်ထားတယ်လို့ မင်းပြေားဆေးရုံက လက်ထောက်ဆရာဝန် ဒေါက်တာ ဇော်နိုင်ဦးက ပြောပါတယ်။

“သူက တရုတ်ကနေ ပြန်လာတာဆိုတော့ ဖျားလည်း ဖျားတယ်ဆိုတော့ ကျနော်တို့က သူ့ကို စောင့်ကြည့်ထားတဲ့ သဘောပါ။ ကျနော်တို့ သူ့ကိုတော့ သီးသန့် လူနာဆောင် တခုမှာ ထားထားတယ်။ ဝန်ထမ်းတွေဆိုရင်လည်း ကျနော်တို့ အားလုံး အကာကွယ်ဝတ်စုံတွေ ဝတ်ပြီးတော့ပဲ သူ့ကို ကြည့်တယ်။ အဲလို လုပ်ထားပါတယ်။ စစ်ဆေးဖို့တော့ ပို့ထားတယ်။ ဒီနေ့မှ ရန်ကုန်ကို ရောက်မှာ ဆိုတော့ မပြောတတ်သေးဘူး။ သိပ်တော့ မကြာလောက်ပါဘူး သိရမှာပါ။လူနာကတော့ သက်သာပါတယ်။ ဖြစ်ဖို့တော့ နည်းပါတယ်။ ရိုးရိုးရာသီ တုန်ကွေးနဲ့ပဲ ပိုတူပါတယ်။”

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိတဲ့ လူနာနဲ့ပတ်သတ်ပြီး ဘာမှမသိရသေးတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

“ဒီရောဂါဆိုးကြီးကိုတော့ အကုန်လုံးကတော့ စိုးရိမ်နေကြတာပဲ။ အခုဆို ကျနော်တို့ မြို့မှာလည်း ကလေးရော လူကြီးရော အကုန်လုံး mask တွေတပ်ပြီး သွားနေကြတယ်။ အဲဒီကြားထဲမှာ ဒီလို သတင်းဆိုးတခု ထွက်လာတဲ့ အပေါ်မှာတော့ ပိုပြီးတော့ စိုးရိမ်စိတ်တွေ မြင့်တက်သွားတာပေါ့လေ။ သူများနိုင်ငံမှာတော့ ကူးစက်ခံရသူ ဘယ်နှစ်ဦး ဘယ်နှစ်ဦးဆိုပြီးတော့ ဖော်ပြတာတွေ ရှိတယ်။ သို့သော်လည်း မြန်မာနိုင်ငံမှာ အဲတာနဲ့ ပတ်သတ်ပြီး စမ်းသပ်ဖို့ စက်မရှိတာလားတော့ မပြောတတ်ဘူး။ ဒီနေ့အထိကတော့ ဘယ်နှစ်ဦး ကူးစက်ခံနေပြီဆိုတဲ့ သတင်း ထွက်ပေါ်မလာတဲ့ အပေါ်မှာလည်း ပိုပြီးတော့ သံသယနဲ့ စိုးရိမ်စိတ်တွေကတော့ မြင့်နေကြတယ်။”

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပြန့်ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကူးစက်မှုတွေဟာ ကမ္ဘာ့အရေးပေါ် အခြေအနေဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာထားတာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိသေးပေမယ့် သံသယရှိ လူနာတွေ ရှိနေပြီး အခု မင်းပြားဆေးရုံမှာ ဆေးကုသမှု ခံယူနေရတဲ့ ကိုဖိုးလုံးချေဟာလည်း ရခိုင်ပြည်နယ်မှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ တဦးလည်း ဖြစ်ပါတယ် ခင်ဗျာ။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG