(Zawgyi / Unicode)
တ႐ုတ္ႏုိင္ငံကေန ျမန္မာႏုိင္ငံကိုလာမယ့္ ကမာၻလွည့္ခရီးသြားေတြကို ဆုိက္ေရာက္ဗီဇာ ထုတ္ေပးတာေတြကို ယာယီရပ္ဆုိင္းထားလိုက္တယ္လို႔ ျမန္မာအစိုးရက ေၾကညာလိုက္ပါတယ္။
တ႐ုတ္ႏုိင္ငံမွာျဖစ္ေနတဲ့ ကို႐ုိနာဗုိင္းရပ္စ္ အဆုတ္ေရာင္ေရာဂါ ကူးစက္ျပန္႔ပြားမႈေတြ မျဖစ္ေအာင္ ကာကြယ္တဲ့အေနနဲ႔ တ႐ုတ္ႏုိင္ငံကေန လာမယ့္ ခရီးသြားေတြကို အခုလို ဆုိက္ေရာက္ဗီဇာ (Visa on Arrivals) ထုတ္ေပးတာေတြကို ယာယီရပ္ဆုိင္းလိုက္တယ္လို႔ ျမန္မာႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ေနျပည္ေတာ္မွာ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က ေၾကညာလိုက္ပါတယ္။
တ႐ုတ္ႏုိင္ငံမွာျဖစ္ေနတဲ့ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈဟာ စိုးရိမ္စရာ အေျခအေနကို ေရာက္ရွိေနၿပီး ျမန္မာႏုိင္ငံသားေတြကို အဲဒီ ကို႐ုိနာဗုိင္းရပ္စ္ပိုး မကူးစက္ေအာင္ ကာကြယ္ထိန္းခ်ဳပ္တဲ့အေနနဲ႔ အခုလို လုပ္ေဆာင္လိုက္တာ ျဖစ္တယ္လို႔လည္း ျမန္မာႏုိင္ငံျခားေရး၀န္ႀကီးဌာနက သူတုိ႔ရဲ႕ Facebook စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။
က်န္တဲ့ ၄ ေယာက္ထဲက ၂ ေယာက္ကေတာ့ ကုိယ္အပူခ်ိန္ ျမင့္မားေနတာေၾကာင့္ က်န္းမာေရးေစာင့္ေရွာက္မႈ ခံဖို႔အတြက္ တ႐ုတ္ႏုိင္ငံမွာ ဆက္လက္က်န္ရွိေနၿပီး တဦးကေတာ့ တ႐ုတ္ႏုိင္ငံရဲ႕ လူ၀င္မႈႀကီးၾကပ္ေရး ဥပေဒနဲ႔ မညီညြတ္တာေၾကာင့္ လိုက္ပါႏုိင္ျခင္း မရွိသလို ေနာက္တဦးကေတာ့ ျပည္နယ္ျပင္ပကို ေရာက္ေနတဲ့အတြက္ လုိက္ပါႏုိင္ျခင္း မရွိဘူးလို႔ သိရပါတယ္။
ျမန္မာႏုိင္ငံအတြင္းမွာေတာ့ ကို႐ုိနာဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီး သံသယရွိတဲ့ လူနာ ၅ ဦးကို ေတြ႔ရွိထားၿပီး အဲဒီလူေတြကို စစ္ေဆးေစာင့္ၾကည့္ေနကာ ေဆး႐ုံေတြမွာလည္း ကို႐ုိနာဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီး စစ္ေဆးေစာင့္ၾကည့္တဲ့ စနစ္ေတြ ထားရွိထားတယ္လို႔ က်န္းမာေရးတာ၀န္ရွိသူေတြက ေျပာပါတယ္။
---------------------------------
(Unicode)
တရုတ်ခရီးသည်များ ဆိုက်ရောက်ဗီဇာ မြန်မာဆိုင်းငံ့
တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကိုလာမယ့် ကမ္ဘာလှည့်ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာတွေကို ယာယီရပ်ဆိုင်းထားလိုက်တယ်လို့ မြန်မာအစိုးရက ကြေညာလိုက်ပါတယ်။
တရုတ်နိုင်ငံမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှုတွေ မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ တရုတ်နိုင်ငံကနေ လာမယ့် ခရီးသွားတွေကို အခုလို ဆိုက်ရောက်ဗီဇာ (Visa on Arrivals) ထုတ်ပေးတာတွေကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက နေပြည်တော်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က ကြေညာလိုက်ပါတယ်။
တရုတ်နိုင်ငံမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုဟာ စိုးရိမ်စရာ အခြေအနေကို ရောက်ရှိနေပြီး မြန်မာနိုင်ငံသားတွေကို အဲဒီ ကိုရိုနာဗိုင်းရပ်စ်ပိုး မကူးစက်အောင် ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ အခုလို လုပ်ဆောင်လိုက်တာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ကျန်တဲ့ ၄ ယောက်ထဲက ၂ ယောက်ကတော့ ကိုယ်အပူချိန် မြင့်မားနေတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ခံဖို့အတွက် တရုတ်နိုင်ငံမှာ ဆက်လက်ကျန်ရှိနေပြီး တဦးကတော့ တရုတ်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ မညီညွတ်တာကြောင့် လိုက်ပါနိုင်ခြင်း မရှိသလို နောက်တဦးကတော့ ပြည်နယ်ပြင်ပကို ရောက်နေတဲ့အတွက် လိုက်ပါနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံအတွင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သံသယရှိတဲ့ လူနာ ၅ ဦးကို တွေ့ရှိထားပြီး အဲဒီလူတွေကို စစ်ဆေးစောင့်ကြည့်နေကာ ဆေးရုံတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စစ်ဆေးစောင့်ကြည့်တဲ့ စနစ်တွေ ထားရှိထားတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။