(Zawgyi / Unicode)
တ႐ုတ္႐ုိးရာ ႂကြက္ႏွစ္သစ္ကုိ ကူးေျပာင္းတဲ့ အခ်ိန္မွာပဲ တ႐ုတ္ႏုိင္ငံနဲ႔ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာ Corona ဗုိင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ ႏွစ္သစ္ကူးပဲြေတာ္ အခမ္းအနားေတြကုိ ခမ္းခမ္းနားနား မက်င္းပႏုိင္ဘဲ ျဖစ္ေနပါတယ္။
တ႐ုတ္ျပည္မႀကီးမွာ ေဘဂ်င္း၊ ရွန္ဟုိင္းတုိ႔လုိ ၿမိဳ႕ႀကီးေတြ အပါအ၀င္ ေနရာေတာ္ေတာ္မ်ားမ်ား အခမ္းအနားေတြကုိ ဖ်က္သိမ္းထားရသလုိ မႏွစ္တုန္းက ႏွစ္သစ္ကူးပဲြမွာတုန္းက အစုိးရဆန္႔က်င္ ဆႏၵျပပဲြေတြ ႀကံဳခဲ့ရတဲ့ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရ ေဟာင္ေကာင္မွာလည္း အစီအစဥ္ေတြကုိ ေလွ်ာ့ခ်ထားရတာပါ။
ဗုိင္းရပ္စ္စတင္ပ်ံ႕ႏွံ႔ခဲ့တဲ့ Hubei ျပည္နယ္ ဝူဟန္ၿမိဳ႕မွာ အသြားအလာေတြ တားျမစ္ထားၿပီး ေဘဂ်င္းၿမိဳ႕ေတာ္က ခရီးသြားေတြ အသြားအလာမ်ားတဲ့ ေနရာေတြကုိ ပိတ္ထားလုိက္သလုိ ရွန္ဟုိင္းၿမိဳ႕မွာလည္း ႏွစ္သစ္ကူးကာလမွာ ႐ုပ္ရွင္႐ုံေတြ အားလုံးကိုပါ ပိတ္ထားမွာျဖစ္ေၾကာင္း ေၾကညာထားပါတယ္။
Corona ဗုိင္းရပ္စ္ေၾကာင့္ ႏွစ္သစ္ကူးပဲြေတြ ခမ္းခမ္းနားနား မက်င္းပႏုိင္ေပမယ့္ ႐ုိးရာမပ်က္ ဘုရားေက်ာင္းသြားသူတခ်ဳိ႕လည္း ရွိပါတယ္။
ကူးစက္ခံရသူ ၃ ေယာက္ရွိတယ္လုိ႔ ေၾကညာထားတဲ့ ထုိင္၀မ္မွာေတာ့ ဘုရားေက်ာင္းသြားသူေတြ ႏွာေခါင္းစည္းေတြအုပ္ၿပီး သြားခဲ့ၾကရတာပါ။
တ႐ုတ္ႏုိင္ငံနဲ႔ အိမ္နီးခ်င္း ျမန္မာႏုိင္ငံမွာေတာ့ ကူးစက္မႈရွိတဲ့သတင္းေတြ မၾကားရေသးသလုိ ရန္ကုန္ၿမိဳ႕က တ႐ုတ္ႏွစ္သစ္ကူး ပဲြေတာ္ကုိလည္း အစဥ္အလာမပ်က္ က်င္းပခဲ့ၿပီး ဒီကေန႔မွာေတာ့ ရန္ကုန္တုိင္း၀န္ႀကီးခ်ဳပ္ကုိယ္တုိင္ အခမ္းအနားကုိ တက္ေရာက္ခဲ့ပါတယ္။
ျမန္မာႏုိင္ငံက က်န္းမာေရး တာ၀န္ရွိသူေတြကေတာ့ ႀကိဳတင္ကာကြယ္ေရး အစီအမံေတြ ခ်မွတ္ထားေၾကာင္း ေျပာဆုိထားသလုိ တခ်ိန္တည္းမွာပဲ တ႐ုတ္ႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားေတြအေနနဲ႔ သတိထား ေနထုိင္ၾကဖုိ႔နဲ႔ သက္ဆုိင္ရာ အာဏာပုိင္ေတြရဲ႕ ထုတ္ျပန္ခ်က္ေတြကုိ လုိက္နာဖုိ႔လည္း ေဘဂ်င္းၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ေၾကညာခ်က္ထုတ္ျပန္ တုိက္တြန္းထားပါတယ္။
---------------------------------
(Unicode)
Corona ဗိုင်းရပ်စ်ကူးစက်မှု တရုတ်နှစ်ကူးပွဲ အဟန့်အတားဖြစ်
တရုတ်ရိုးရာ ကြွက်နှစ်သစ်ကို ကူးပြောင်းတဲ့ အချိန်မှာပဲ တရုတ်နိုင်ငံနဲ့ နိုင်ငံတော်တော်များများမှာ Corona ဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် နှစ်သစ်ကူးပွဲတော် အခမ်းအနားတွေကို ခမ်းခမ်းနားနား မကျင်းပနိုင်ဘဲ ဖြစ်နေပါတယ်။
တရုတ်ပြည်မကြီးမှာ ဘေဂျင်း၊ ရှန်ဟိုင်းတို့လို မြို့ကြီးတွေ အပါအဝင် နေရာတော်တော်များများ အခမ်းအနားတွေကို ဖျက်သိမ်းထားရသလို မနှစ်တုန်းက နှစ်သစ်ကူးပွဲမှာတုန်းက အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေ ကြုံခဲ့ရတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်မှာလည်း အစီအစဉ်တွေကို လျှော့ချထားရတာပါ။
ဗိုင်းရပ်စ်စတင်ပျံ့နှံ့ခဲ့တဲ့ Hubei ပြည်နယ် ဝူဟန်မြို့မှာ အသွားအလာတွေ တားမြစ်ထားပြီး ဘေဂျင်းမြို့တော်က ခရီးသွားတွေ အသွားအလာများတဲ့ နေရာတွေကို ပိတ်ထားလိုက်သလို ရှန်ဟိုင်းမြို့မှာလည်း နှစ်သစ်ကူးကာလမှာ ရုပ်ရှင်ရုံတွေ အားလုံးကိုပါ ပိတ်ထားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။
Corona ဗိုင်းရပ်စ်ကြောင့် နှစ်သစ်ကူးပွဲတွေ ခမ်းခမ်းနားနား မကျင်းပနိုင်ပေမယ့် ရိုးရာမပျက် ဘုရားကျောင်းသွားသူတချို့လည်း ရှိပါတယ်။
ကူးစက်ခံရသူ ၃ ယောက်ရှိတယ်လို့ ကြေညာထားတဲ့ ထိုင်ဝမ်မှာတော့ ဘုရားကျောင်းသွားသူတွေ နှာခေါင်းစည်းတွေအုပ်ပြီး သွားခဲ့ကြရတာပါ။
တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာတော့ ကူးစက်မှုရှိတဲ့သတင်းတွေ မကြားရသေးသလို ရန်ကုန်မြို့က တရုတ်နှစ်သစ်ကူး ပွဲတော်ကိုလည်း အစဉ်အလာမပျက် ကျင်းပခဲ့ပြီး ဒီကနေ့မှာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံက ကျန်းမာရေး တာဝန်ရှိသူတွေကတော့ ကြိုတင်ကာကွယ်ရေး အစီအမံတွေ ချမှတ်ထားကြောင်း ပြောဆိုထားသလို တချိန်တည်းမှာပဲ တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ သတိထား နေထိုင်ကြဖို့နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဖို့လည်း ဘေဂျင်းမြို့ရှိ မြန်မာသံရုံးက ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။