သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Coronavirus အေျခအေန ျမန္မာကၽြမ္းက်င္သူ ႐ွင္းျပ


(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ပိုး ရွိမရွိ လြယ္လင့္တကူစစ္ေဆးႏိုင္မယ့္ စနစ္ ျမန္မာႏိုင္ငံမွာသာမက က်န္ႏိုင္ငံႀကီးေတြမွာပါ ထုတ္လုပ္ႏိုင္မႈမရွိေသးဘူးလို႔ အေမရိကန္ျပည္ေထာင္စုက ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္က ေျပာပါတယ္။

ဒါေပမယ့္ ဒီကေန႔မွာ က်န္းမာေရးအသိႏိုးၾကားလာမႈ၊ သတင္းကို မထိန္ခ်န္ပဲ အခ်က္အလက္ေတြကို အေဆာတလ်င္ျဖန္႔ခ်ိီ ႏိုင္မႈေတြေၾကာင့္ ကိုရိုနာဗိုင္းရပ္စ္ပိုးနဲ႔ ေသဆံုးမႈႏႈန္းဟာ SARS ေရာဂါထက္ ပိုမိုေလ်ာ့နည္းတယ္လို႔ သူကဆိုပါတယ္။

အေမရိကန္ျပည္ေထာင္စု နယူးေရာက္ၿမိဳ႕ Wyckoff Heights ေဆး၀ါးကုသမႈဌာန ဒုဥကၠဌ ကူးစက္ေရာဂါ အထူးကု ေဒါက္တာ ေဇယ်ာသက္ ကိုမအင္ၾကင္းနိုင္က ဆက္သြယ္ေမးျမန္းရာမွာ သူက အခုလိုစေျပာပါတယ္။

ေဒါက္တာ ေဇယ်ာသက္- Commercial available test kit ( အမ်ားျပည္သူ၀ယ္ယူလို႔ရတဲ့ က်န္းမာေရး စစ္ေဆးမႈ ကိရိယာပစၥည္း) လို႔ ေခၚတာေပါေ့နာ္ ဒီႏိုင္ငံမွာရွိတဲ့ ဓါတ္ခြဲခန္းေတြမွာေတာင္ မရွိပါဘူး။ Commercialအဆင့္ကို ေရာက္ဖို႔အတြက္က အခုအထိ ဒီ ဗိုင္းရပ္စ္ကို ေမြးလို႔မရေသးဘူးေပါ့ေနာ္ သူတို႔အေနနဲ႔ ေမြးလို႔ရမွ သူ႔ DNA sequence ကိုရမွသာလွ်င္ အလြယ္တကူ ၀ယ္ယူလို႔ရတဲ့ က်န္းမာေရး စစ္ေဆးမႈကိရိယာပစၥည္းအျဖစ္ ခ်က္ခ်င္းလုပ္လို႔ရတယ္ေပါ့ေနာ္။ တခ်ိဳဆိုရင္ ၃ နာရီအတြင္း အေျဖထြက္ပါတယ္။ US မွာရွိတဲ့ ေဆးရံုေတာ္ေတာ္မ်ားမ်ားမွာေတာင္ ဒီ test kit ကို မသံုးႏိုင္ေသးပါဘူး။ က်ေနာ္တို႔ ေခၚတဲ့ PCR testing ေပါ့ေနာ္ ဘာျဖစ္လို႔လဲဆိုေတာ့ ေစ်းႀကီးတဲ့အတြက္ေၾကာင့္ပါ။

Corona ဗိုင္းရပ္စ္ ျပန္႔ပြားမႈ ျမန္မာကူးစက္ေရာဂါအထူးကု ဆရာ၀န္တဦးနဲ႔ ေမးျမန္းခ်က္ကို ဖတ္ရႈႏိုင္ပါၿပီ။

အင္ၾကင္းႏိုင္- ျမန္မာႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီးေတာ့ အထူးဓါတ္ခဲြမ်ဳိးလည္း မရွိေတာ့ အခုသံသယျဖစ္တဲ့လူနာေတြ ေတြ႔လို႔ စစ္ေဆးခ်က္ေတြကို ထိုင္းႏိုင္ငံလိုမ်ဳိးကို ပို႔ရင္ အခ်ိန္ဘယ္ေလာက္ၾကာလဲဆရာ။

ေဒါက္တာေဇယ်ာသက္- ဒီ Test လုပ္တဲ့အခါမွာ အမ်ားျပည္သူေတြသိဖို႔ အခ်က္က ၂ ခ်က္ရွိပါတယ္။ က်ေနာ္တို႔ အခုစစ္ေနတာက ၂ မ်ိဳးစစ္ပါတယ္။ နံပတ္၁ ကေတာ့ အာေခါင္ေနာက္ဆံုးေနရာမွာ တုတ္တံေလးထည့္ၿပီးေတာ့ စမ္းတယ္။ ေနာက္တခုက သလိတ္ေပါ့ေနာ္ အဲဒါကို စမ္းတယ္။ ေနာက္ဆံုး တတိယတခုကေတာ့ ေသြးထဲမွာလည္း စမ္းတယ္။ ေနာက္တခုကေတာ့ stoolမွာလည္း စမ္းပါတယ္။ ဒါကေတာ့ တရုတ္ျပည္မွာလည္း လြန္ခဲ့တဲ့ ၂ ရက္ ၃ ရက္ေတြမွာ စၿပီး Report ေတြလုပ္လာတယ္။ stool ထဲမွာစၿပီးေတာ့ ေတြ႔လာတယ္ေျပာတယ္။ US မွာလည္း Stool ထဲမွာစစ္တယ္။ ဒါေပမယ့္ စစ္တဲ့အခါမွာ လူနာမွာ ေရာဂါလကၡဏာရွိလို႔ စစ္တာပါ။ လူနာမွာ ၀မ္းသြားလို႔ စစ္တာပါ။ ၀မ္းမသြားရင္ေတာ့ မစစ္ပါဘူး။ ဘယ္ကို ပို႔မလဲဆိုတာေပၚမွာ မူတည္ပါတယ္။ က်ေနာ္ထင္ပါတယ္ ယိုးဒယားကို ပို႔တာ ဘာပို႔သလဲဆိုတာ က်ေန္ာမသိဘူးေပါ့ေနာ္ သူတို႔ officially မထုတ္ျပန္ဘူးေပါ့ေနာ္။ ပံုမွန္ကေတာ့ PCR Test တခုက ၃ ရက္ၾကာပါတယ္။ ၇၂ နာရီမွာ ခန္႔မွန္းေခ် အေျဖရႏိုင္ပါတယ္။

အင္ၾကင္းႏိုင္- အဲေတာ့ နည္းပညာကလည္း ေနာက္က်ေနေတာ့ ျမန္မာႏိုင္ငံမွာ ဗိုင္းရပ္စ္ပိုးကူးစက္မႈအေျခအေန အတိအက်မသိရေတာ့ လူေတြက သူတို႔စိုးရိမ္မႈအေပၚမွာ အထင္နဲ႔ပဲ မလိုလားအပ္တဲ့ တုန္႔ျပန္မႈေတြ လုပ္လာၾကတယ္။ အဲဒါမ်ဳိးေတြ မျဖစ္ရေအာင္ အထိေရာက္ဆံုး လူထုက်န္းမာေရးအေနနဲ႔ ဘယ္လိုကာကြယ္သင့္လဲရွင့္။

ေဒါက္တာေဇယ်ာသက္- က်ေနာ္ထင္ပါတယ္ ျမန္မာႏိုင္ငံသည္ က်ေနာ္တို႔ Africa နဲ႔ ယွဥ္လိုက္ရင္ Africa မွာက National Lab 2 ခုပဲ ရွိပါတယ္။ အဲဒီ ၂ ခုမွာပဲ စစ္လို႔ရတယ္။ ဒီေန႕ဒီအခ်ိန္အထိ Africa မွာ case report မရွိေသးပါဘူး။ ဆိုေတာ့ Africa နဲ႔ တရုတ္ဆုိတာ ေတာ္ေတာ္ႀကီးကို အဆက္အဆံရွိတဲ့ႏိုင္ငံပါ ။ တရုတ္ေတြ အမ်ားစု Africaကုိသြားေနၾကတာ။ case မရွိဘူးဆိုတာက တကယ္ပဲ မရွိလို႔လား test မလုပ္လို႔ မရွိတာလား။ same principle ကို က်ေနာ္ေျပာတာပါ။ ျမန္မာႏိုင္ငံမွာ တရုတ္ကလည္း ေတာ္ေတာ္ေလး နယ္စပ္ခ်င္းအရ နီးကပ္တယ္။ လူေတြ ကလည္း ကူးႏိုင္တယ္ဆိုတာကေတာ့ ျဖစ္ႏိုင္တာေပါ့ေနာ္။ ဒါေပမယ့္ က်ေန္ာပထမေျပာသလိုပဲ ကူးဖို႔ chance က တရုတ္ျပည္ကလူေတြ ျမန္မာျပည္ကို လာကိုလာရပါမယ္။ နံပတ္ ၁ အခ်က္က တရုတ္ျပည္မွာ ေနေနတဲ့လူေတြကပဲ ျမန္မာျပည္ကို ျပန္လာရင္ အဲဒီကေနတဆင့္ ကူးလာႏိုင္ပါတယ္။ Health education ကေတာ့ အခုအခ်ိန္မွာ အေရးႀကီးဆံုးပါပဲ။ ျပည္သူလူထု ကေတာ့ ျမန္မာႏိုင္ငံမွာ ေရာဂါပိုးေတြ႔ၿပီဆိုၿပီးေတာ့ ဒီလို social media မွာေရးပါတယ္။ ဒါမ်ိဳးေတြက မရွိဘူးဆိုရင္ မရွိဘူးဆိုတာကို တာ၀န္ရွိသူေတြအေနနဲ႔ တရား၀င္ ေျပာရပါမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီေန႔ဒီအခ်ိန္အထိ က်ေနာ္နားလည္သေလာက္ကေတာ့ ျမန္မာႏိုင္ငံမွာ confirm case တခုမွ မရွိပါဘူး။ သံသယရွိလူနာအေနနဲ႔ ၅ ေယာက္ဆိုတာကေတာ့ ေတြ႔ပါတယ္။ US ဆိုရင္လည္း ေန႔စဥ္နဲ႔အမွ် သတင္းထုတ္ပါတယ္။ ေနာက္တခ်က္က ေလဆိပ္တို႔ အထိအေတြ႔လုပ္တဲ့ တရုတ္ျပည္က လူေတြနဲ႔ အထိအေတြ႔လုပ္တဲ့ေနရာေပါ့ေနာ္ အဲဒီမွာ ေမးခြန္းေတြကို ေမးရပါလိမ့္မယ္ ။ ျမန္မာျပည္မွာလည္း အခု တရုတ္ျပည္က ေလယာဥ္လိႈႈင္းေတြပိတ္တာ တျခား ႏိုင္ငံေတြမွာလည္း ဒီလိုလုပ္တယ္။ ဒီလိုနည္းနဲ႔ control လုပ္လို႔ရမယ္လို႔ က်ေနာ္ထင္ပါတယ္။

အင္ၾကင္းႏိုင္- အခု ကိုရိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ ေသဆံုးမႈႏႈန္းဟာ အရ SARS နဲ႔ Ebola တို႔ ေသႏႈန္းေလာက္ မမ်ားေပမယ့္ ခန္႔မွန္းခ်က္အရ ၂ -၄ % ေလာက္ထိရွိလာေတာ့ ဒီထက္ပိုၿပီး ေသဆံုးမႈႈႏႈန္း ျမင့္လာဖို႔ရွိလားဆရာ။

ေဒါက္တာေဇယ်ာသက္- SARS တုန္းက ဘာလို႔ေသသလဲဆိုေတာ့ နံပါတ္တစ္- က်ေနာ္တို႔ ထင္တာကေတာ့ နည္းပညာပိုင္းက ဒီေလာက္ႀကီးထိ မေကာင္းလိုက္ဘူး။ နံပါတ္ႏွစ္- သတင္းကိုအေမွာင္ခ်ထားေတာ့ case ေတြကို ေစာေစာစီးစီး စစ္ေဆးႏိုင္ခဲ့ျခင္းမရွိဘူး။ လူတိုင္းသိပါတယ္။ တရုတ္ႏိုင္ငံက စလာတာ၊ ေဟာင္ေကာင္ ဘက္မွစျဖစ္တယ္၊ ထိုင္၀မ္ထိကူးသြားတယ္။ အဲဒီမွာ ဆရာ၀န္ေတာ္ေတာ္မ်ားမ်ားဒုကၡေရာက္တယ္။ လူနာေတြလည္း ဒုကၡေရာက္တယ္။ အဲေတာ့ တစ္အခ်က္က သိသင့္သိထိုက္တဲ့ ကြ်မ္းက်င္ပညာရွင္ေတြဘက္က အႀကံျပဳခ်က္ေတြကို မယူဘူး။ ေနာက္သတင္းကို မျဖန္႔ဘူး။ က်ေနာ္တို႔ထင္တာကေတာ့ အခုလက္ရွိ ျပန္႔ေနတဲ့ Corona nova 2019 မွာ အေသအေပ်ာက္ႏႈန္းဟာ ၂-၄% ထိရွိေပမယ့္ ဆရာ၀န္ေတြ၊ က်န္းမာေရး ၀န္ထမ္းေတြဘက္ကို ပ်ံႏွံလာျခင္းမရွိဘူး။ အခုခ်ိန္ထိ ဒီဗိုင္းရပ္စ္ပိုး ကူးစက္လို႔ ေသဆံုးတဲ့ဆရာ၀န္ တစ္ေယာက္ပဲရွိေသးတယ္လို႔ စာရင္းျပဳစုခ်က္ေတြအရ သိရတယ္။ တရုတ္ဘက္ကလည္း အခုခ်ိန္ထိ က်န္းမာေရး၀န္ထမ္းေတြဘက္ကူးစက္ခံရသူ မရွိဘူးလို႔ အစီရင္ခံထားတယ္။ အျခားႏိုင္ငံေတြမွာလည္း မရွိဘူးဆိုေတာ့ အဲဒါက ဘာကိုျပလဲဆိုရင္ လူေတြဟာ က်န္းမာေရး ပညာအရ ကိုယ့္ကိုကိုယ္ ကာကြယ္ႏိုင္တဲ့နည္းလမ္းေတြကို ေကာင္းေကာင္း အသံုးျပဳလာႏိုင္တယ္။ ေရာဂါပိုးပ်ံႏွံမႈကို တတ္ႏိုင္သေလာက္ ထိန္းခ်ဳပ္လာႏိုင္တယ္ဆိုေတာ့ ဗိုင္းရပ္စ္ပိုးေၾကာင့္ ေသဆံုးမႈႏႈန္း ထပ္တက္လာစရာမရွိဘူးလို႔ ထင္တယ္။ ေနာက္တခ်က္ကလည္း ေရာဂါပိုးနဲ႔ ပတ္သက္လို႔ ေစာေစာစီးစီး အသိအမွတ္ျပဳ သတင္းထုတ္ျပန္တာ အေရးႀကီးပါတယ္။

နယူးေရာက္ၿမိဳ႕ Wyckoff Heights ေဆး၀ါးကုသမႈဌာန ဒုဥကၠဌ ကူးစက္ေရာဂါ အထူးကု ေဒါက္တာ ေဇယ်ာသက္ ကိုမအင္ၾကင္းနိုင္က ဆက္သြယ္ေမးျမန္းခဲ့တာျဖစ္ပါတယ္။

Coronavirus အေျခအေန ျမန္မာကၽြမ္းက်င္သူ ႐ွင္းျပ
please wait

No media source currently available

0:00 0:06:00 0:00
တိုက္႐ိုက္ လင့္ခ္


........................

Coronavirus အခြေအနေ မြန်မာကျွမ်းကျင်သူ ရှင်းပြ

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ လွယ်လင့်တကူစစ်ဆေးနိုင်မယ့် စနစ် မြန်မာနိုင်ငံမှာသာမက ကျန်နိုင်ငံကြီးတွေမှာပါ ထုတ်လုပ်နိုင်မှုမရှိသေးဘူးလို့ အမေရိကန်ပြည်ထောင်စုက ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်က ပြောပါတယ်။

ဒါပေမယ့် ဒီကနေ့မှာ ကျန်းမာရေးအသိနိုးကြားလာမှု၊ သတင်းကို မထိန်ချန်ပဲ အချက်အလက်တွေကို အဆောတလျင်ဖြန့်ချီ နိုင်မှုတွေကြောင့် ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ သေဆုံးမှုနှုန်းဟာ SARS ရောဂါထက် ပိုမိုလျော့နည်းတယ်လို့ သူကဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့ Wyckoff Heights ဆေးဝါးကုသမှုဌာန ဒုဥက္ကဌ ကူးစက်ရောဂါ အထူးကု ဒေါက်တာ ဇေယျာသက် ကိုမအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလိုစပြောပါတယ်။

ဒေါက်တာ ဇေယျာသက်- Commercial available test kit ( အများပြည်သူဝယ်ယူလို့ရတဲ့ ကျန်းမာရေး စစ်ဆေးမှု ကိရိယာပစ္စည်း) လို့ ခေါ်တာပေါေ့နာ် ဒီနိုင်ငံမှာရှိတဲ့ ဓါတ်ခွဲခန်းတွေမှာတောင် မရှိပါဘူး။ Commercialအဆင့်ကို ရောက်ဖို့အတွက်က အခုအထိ ဒီ ဗိုင်းရပ်စ်ကို မွေးလို့မရသေးဘူးပေါ့နော် သူတို့အနေနဲ့ မွေးလို့ရမှ သူ့ DNA sequence ကိုရမှသာလျှင် အလွယ်တကူ ဝယ်ယူလို့ရတဲ့ ကျန်းမာရေး စစ်ဆေးမှုကိရိယာပစ္စည်းအဖြစ် ချက်ချင်းလုပ်လို့ရတယ်ပေါ့နော်။ တချိုဆိုရင် ၃ နာရီအတွင်း အဖြေထွက်ပါတယ်။ US မှာရှိတဲ့ ဆေးရုံတော်တော်များများမှာတောင် ဒီ test kit ကို မသုံးနိုင်သေးပါဘူး။ ကျနော်တို့ ခေါ်တဲ့ PCR testing ပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ ဈေးကြီးတဲ့အတွက်ကြောင့်ပါ။

Corona ဗိုင်းရပ်စ် ပြန့်ပွားမှု မြန်မာကူးစက်ရောဂါအထူးကု ဆရာဝန်တဦးနဲ့ မေးမြန်းချက်ကို ဖတ်ရှုနိုင်ပါပြီ။

အင်ကြင်းနိုင်- မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးတော့ အထူးဓါတ်ခွဲမျိုးလည်း မရှိတော့ အခုသံသယဖြစ်တဲ့လူနာတွေ တွေ့လို့ စစ်ဆေးချက်တွေကို ထိုင်းနိုင်ငံလိုမျိုးကို ပို့ရင် အချိန်ဘယ်လောက်ကြာလဲဆရာ။

ဒေါက်တာဇေယျာသက်- ဒီ Test လုပ်တဲ့အခါမှာ အများပြည်သူတွေသိဖို့ အချက်က ၂ ချက်ရှိပါတယ်။ ကျနော်တို့ အခုစစ်နေတာက ၂ မျိုးစစ်ပါတယ်။ နံပတ်၁ ကတော့ အာခေါင်နောက်ဆုံးနေရာမှာ တုတ်တံလေးထည့်ပြီးတော့ စမ်းတယ်။ နောက်တခုက သလိတ်ပေါ့နော် အဲဒါကို စမ်းတယ်။ နောက်ဆုံး တတိယတခုကတော့ သွေးထဲမှာလည်း စမ်းတယ်။ နောက်တခုကတော့ stoolမှာလည်း စမ်းပါတယ်။ ဒါကတော့ တရုတ်ပြည်မှာလည်း လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်တွေမှာ စပြီး Report တွေလုပ်လာတယ်။ stool ထဲမှာစပြီးတော့ တွေ့လာတယ်ပြောတယ်။ US မှာလည်း Stool ထဲမှာစစ်တယ်။ ဒါပေမယ့် စစ်တဲ့အခါမှာ လူနာမှာ ရောဂါလက္ခဏာရှိလို့ စစ်တာပါ။ လူနာမှာ ဝမ်းသွားလို့ စစ်တာပါ။ ဝမ်းမသွားရင်တော့ မစစ်ပါဘူး။ ဘယ်ကို ပို့မလဲဆိုတာပေါ်မှာ မူတည်ပါတယ်။ ကျနော်ထင်ပါတယ် ယိုးဒယားကို ပို့တာ ဘာပို့သလဲဆိုတာ ကျနေ်ာမသိဘူးပေါ့နော် သူတို့ officially မထုတ်ပြန်ဘူးပေါ့နော်။ ပုံမှန်ကတော့ PCR Test တခုက ၃ ရက်ကြာပါတယ်။ ၇၂ နာရီမှာ ခန့်မှန်းချေ အဖြေရနိုင်ပါတယ်။

အင်ကြင်းနိုင်- အဲတော့ နည်းပညာကလည်း နောက်ကျနေတော့ မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုအခြေအနေ အတိအကျမသိရတော့ လူတွေက သူတို့စိုးရိမ်မှုအပေါ်မှာ အထင်နဲ့ပဲ မလိုလားအပ်တဲ့ တုန့်ပြန်မှုတွေ လုပ်လာကြတယ်။ အဲဒါမျိုးတွေ မဖြစ်ရအောင် အထိရောက်ဆုံး လူထုကျန်းမာရေးအနေနဲ့ ဘယ်လိုကာကွယ်သင့်လဲရှင့်။

ဒေါက်တာဇေယျာသက်- ကျနော်ထင်ပါတယ် မြန်မာနိုင်ငံသည် ကျနော်တို့ Africa နဲ့ ယှဉ်လိုက်ရင် Africa မှာက National Lab 2 ခုပဲ ရှိပါတယ်။ အဲဒီ ၂ ခုမှာပဲ စစ်လို့ရတယ်။ ဒီနေ့ဒီအချိန်အထိ Africa မှာ case report မရှိသေးပါဘူး။ ဆိုတော့ Africa နဲ့ တရုတ်ဆိုတာ တော်တော်ကြီးကို အဆက်အဆံရှိတဲ့နိုင်ငံပါ ။ တရုတ်တွေ အများစု Africaကိုသွားနေကြတာ။ case မရှိဘူးဆိုတာက တကယ်ပဲ မရှိလို့လား test မလုပ်လို့ မရှိတာလား။ same principle ကို ကျနော်ပြောတာပါ။ မြန်မာနိုင်ငံမှာ တရုတ်ကလည်း တော်တော်လေး နယ်စပ်ချင်းအရ နီးကပ်တယ်။ လူတွေ ကလည်း ကူးနိုင်တယ်ဆိုတာကတော့ ဖြစ်နိုင်တာပေါ့နော်။ ဒါပေမယ့် ကျနေ်ာပထမပြောသလိုပဲ ကူးဖို့ chance က တရုတ်ပြည်ကလူတွေ မြန်မာပြည်ကို လာကိုလာရပါမယ်။ နံပတ် ၁ အချက်က တရုတ်ပြည်မှာ နေနေတဲ့လူတွေကပဲ မြန်မာပြည်ကို ပြန်လာရင် အဲဒီကနေတဆင့် ကူးလာနိုင်ပါတယ်။ Health education ကတော့ အခုအချိန်မှာ အရေးကြီးဆုံးပါပဲ။ ပြည်သူလူထု ကတော့ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ပြီဆိုပြီးတော့ ဒီလို social media မှာရေးပါတယ်။ ဒါမျိုးတွေက မရှိဘူးဆိုရင် မရှိဘူးဆိုတာကို တာဝန်ရှိသူတွေအနေနဲ့ တရားဝင် ပြောရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ဒီအချိန်အထိ ကျနော်နားလည်သလောက်ကတော့ မြန်မာနိုင်ငံမှာ confirm case တခုမှ မရှိပါဘူး။ သံသယရှိလူနာအနေနဲ့ ၅ ယောက်ဆိုတာကတော့ တွေ့ပါတယ်။ US ဆိုရင်လည်း နေ့စဉ်နဲ့အမျှ သတင်းထုတ်ပါတယ်။ နောက်တချက်က လေဆိပ်တို့ အထိအတွေ့လုပ်တဲ့ တရုတ်ပြည်က လူတွေနဲ့ အထိအတွေ့လုပ်တဲ့နေရာပေါ့နော် အဲဒီမှာ မေးခွန်းတွေကို မေးရပါလိမ့်မယ် ။ မြန်မာပြည်မှာလည်း အခု တရုတ်ပြည်က လေယာဉ်လှိုှုင်းတွေပိတ်တာ တခြား နိုင်ငံတွေမှာလည်း ဒီလိုလုပ်တယ်။ ဒီလိုနည်းနဲ့ control လုပ်လို့ရမယ်လို့ ကျနော်ထင်ပါတယ်။

အင်ကြင်းနိုင်- အခု ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးမှုနှုန်းဟာ အရ SARS နဲ့ Ebola တို့ သေနှုန်းလောက် မများပေမယ့် ခန့်မှန်းချက်အရ ၂ -၄ % လောက်ထိရှိလာတော့ ဒီထက်ပိုပြီး သေဆုံးမှုှုနှုန်း မြင့်လာဖို့ရှိလားဆရာ။

ဒေါက်တာဇေယျာသက်- SARS တုန်းက ဘာလို့သေသလဲဆိုတော့ နံပါတ်တစ်- ကျနော်တို့ ထင်တာကတော့ နည်းပညာပိုင်းက ဒီလောက်ကြီးထိ မကောင်းလိုက်ဘူး။ နံပါတ်နှစ်- သတင်းကိုအမှောင်ချထားတော့ case တွေကို စောစောစီးစီး စစ်ဆေးနိုင်ခဲ့ခြင်းမရှိဘူး။ လူတိုင်းသိပါတယ်။ တရုတ်နိုင်ငံက စလာတာ၊ ဟောင်ကောင် ဘက်မှစဖြစ်တယ်၊ ထိုင်ဝမ်ထိကူးသွားတယ်။ အဲဒီမှာ ဆရာဝန်တော်တော်များများဒုက္ခရောက်တယ်။ လူနာတွေလည်း ဒုက္ခရောက်တယ်။ အဲတော့ တစ်အချက်က သိသင့်သိထိုက်တဲ့ ကျွမ်းကျင်ပညာရှင်တွေဘက်က အကြံပြုချက်တွေကို မယူဘူး။ နောက်သတင်းကို မဖြန့်ဘူး။ ကျနော်တို့ထင်တာကတော့ အခုလက်ရှိ ပြန့်နေတဲ့ Corona nova 2019 မှာ အသေအပျောက်နှုန်းဟာ ၂-၄% ထိရှိပေမယ့် ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေဘက်ကို ပျံနှံလာခြင်းမရှိဘူး။ အခုချိန်ထိ ဒီဗိုင်းရပ်စ်ပိုး ကူးစက်လို့ သေဆုံးတဲ့ဆရာဝန် တစ်ယောက်ပဲရှိသေးတယ်လို့ စာရင်းပြုစုချက်တွေအရ သိရတယ်။ တရုတ်ဘက်ကလည်း အခုချိန်ထိ ကျန်းမာရေးဝန်ထမ်းတွေဘက်ကူးစက်ခံရသူ မရှိဘူးလို့ အစီရင်ခံထားတယ်။ အခြားနိုင်ငံတွေမှာလည်း မရှိဘူးဆိုတော့ အဲဒါက ဘာကိုပြလဲဆိုရင် လူတွေဟာ ကျန်းမာရေး ပညာအရ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို ကောင်းကောင်း အသုံးပြုလာနိုင်တယ်။ ရောဂါပိုးပျံနှံမှုကို တတ်နိုင်သလောက် ထိန်းချုပ်လာနိုင်တယ်ဆိုတော့ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးမှုနှုန်း ထပ်တက်လာစရာမရှိဘူးလို့ ထင်တယ်။ နောက်တချက်ကလည်း ရောဂါပိုးနဲ့ ပတ်သက်လို့ စောစောစီးစီး အသိအမှတ်ပြု သတင်းထုတ်ပြန်တာ အရေးကြီးပါတယ်။

နယူးရောက်မြို့ Wyckoff Heights ဆေးဝါးကုသမှုဌာန ဒုဥက္ကဌ ကူးစက်ရောဂါ အထူးကု ဒေါက်တာ ဇေယျာသက် ကိုမအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG