အမေရိကားကို ပြောင်းရွှေ့လာတဲ့ မြန်မာလူငယ်တချို့မှာ ကူးစက်ရောဂါတွေတွေ့ရှိ
အမေရိကန်ပြည်ထောင်စုကို မကြာသေးခင်နှစ်တွေက ရွှေ့ပြောင်းအခြေချနေထိုင်လာတဲ့ မြန်မာတွေ၊ စာသင်ဖို့ ရောက်လာတဲ့ လူငယ်ကျောင်းသားတွေထဲမှာ HIV ပိုးအပါအဝင် ကာလသားရောဂါ၊ အသဲရောင် C ပိုးရောဂါ စတဲ့ လိင်ပိုင်းဆိုင်ရာ ကူးစက်တဲ့ရောဂါတွေ တွေ့ရှိလာတဲ့အရေအတွက် များလာကြောင်း နယူးရောက်က ကူးစက်ရောဂါ အထူးကု ဒေါက်တာ ဇေယျာသက်က ဗွီအိုအေကို ပြောပါတယ်။ နယူးရောက်မြို့ Wyckoff Heights ဆေးရုံ ဒုဥက္ကဌ ကူးစက်ရောဂါ အထူးကု ဒေါက်တာ ဇေယျာသက် ကိုမအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်စပ်သတင်းများ ...
ဗွီဒီယို ကြည့်ရှုရန်
-
၁၂ မတ်၊ ၂၀၂၅
Burma Act ဆက်လက်ရှင်သန်နိုင်ရေး အားထုတ်မှု
-
၀၂ မတ်၊ ၂၀၂၅
ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်းမှု စိန်ခေါ်ချက်များ