သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခႏၶာကိုယ္ကို ပိုးသတ္ေဆးျဖန္းျခင္းက ဗိုင္းရပ္စ္ပိုးကို ကာကြယ္သလား


ရန္ကုန္ၿမိဳ႕ စားေသာက္ဆိုင္တဆိုင္ အ၀င္၀ ၀င္လာသူေတြကို ပိုးသတ္ေဆးဖ်န္းေနတဲ့ စားေသာက္ဆိုင္ ၀န္ထမ္းတဦး
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

ကို႐ိုနာဗိုင္းရပ္စ္ကို ကာကြယ္ဖို႔ ပိုးသတ္ေဆးရည္ေတြကို လူေတြေပၚ ဖ်န္းတာမ်ိဳးေဆးပညာရပ္မွာ လက္ခံထားျခင္းမရွိသလို မသင့္ေတာ္တဲ့ နည္းလမ္းေတြ အသုံးျပဳရင္ လူ႔အသက္ကိုပါ အႏၲရာယ္ျပဳႏိုင္ေၾကာင္း အေမရိကန္ျပည္ေထာင္စု နယူးေရာက္ၿမိဳ႕ ကူးစက္ေရာဂါ အထူးကု ေဒါက္တာေဇယ်ာသက္ ကေျပာပါတယ္။

မာေက်ာတဲ့ မ်က္ႏွာျပင္ေပၚမွာရွိေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ပိုးကို ဘယ္လိုနည္းလမ္းနဲ႔ ထိထိေရာက္ေရာက္ ကာကြယ္ႏိုင္ပါသလဲ။ ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က ဆက္လက္တင္ျပမွာပါ။

အေဆာက္အဦ၊ အိမ္နဲ႔ လူ႔အသုံးအေဆာင္ပစၥည္းေတြ သန႔္ရွင္းေရးမွာ အသုံးျပဳတဲ့ ပိုးသတ္ေဆးရည္ကို ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရးအတြက္ ခႏၶာကိုယ္ထဲ ထိုးသြင္းျခင္း အားျဖင့္ အဆုပ္ထဲက ဗိုင္းရပ္စ္ကို ရွင္းေပးႏိုင္မလားဆိုတဲ့ နည္းလမ္းကို စမ္းသပ္ၾကည့္ဖို႔ သူ႔အေနနဲ႔ စိတ္ဝင္စားေၾကာင္း အေမရိကန္သမၼတ Donald Trump ရဲ႕မွတ္ခ်က္ေပးေျပာဆိုခ်က္ ထြက္ေပၚလာၿပီးေနာက္ က်န္းမာေရးပညာရွင္ေတြ အထိတ္တလန႔္နဲ႔ ဝိုင္းဝန္ကန႔္ကြက္ခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ ၾကာသာပေတးေန႔က အိမ္ျဖဴေတာ္မွာ ပုံမွန္ ျပဳလုပ္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရး အေျခအေန သတင္းစာရွင္းလင္းပြဲမွာ သမၼတ Trump က သူရဲ႕ထင္ျမင္ယူဆခ်က္ေတြကို ေျပာဆိုခဲ့တာျဖစ္ပါတယ္။


Lysol ကုမၸဏီအပါအဝင္ အျခား ပိုးသတ္ေဆးရည္ထုတ္ ကုမၸဏီအသီးသီးကလည္း သူတို႔ပစၥည္းေတြကို လူ႔ခႏၶာကိုယ္ထဲ ထည့္သြင္းလို႔မရေၾကာင္း ေၾကညာခ်က္ေတြကို ေန႔ခ်င္းပဲ ထုတ္ျပန္ခဲ့ၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ သမၼတ Trump က သူ႔အေနနဲ႔ ေနာက္ေျပာင္ေျပာဆိုခဲ့တာ ျဖစ္တယ္လို႔ ေျဖရွင္းခဲ့ပါတယ္။

အခုလို သန႔္ရွင္းေရးလုပ္တဲ့ ပိုးသတ္ေဆးရည္ေတြကို အေက်ာထဲသာ ထိုးသြင္းမယ္ဆိုရင္ အသက္ပါတခါတည္း ဆုံးရႈံးသြားမွာျဖစ္ေၾကာင္း နယူးေရာက္ၿမိဳ႕ Wyckoff Heights ေဆး႐ုံ ဒုဥကၠဌ ကူးစက္ေရာဂါ အထူးကု ေဒါက္တာ ေဇယ်ာသက္ က ဗြီအိုေအ ကို ေျပာပါတယ္။

"ဒီ clean လုပ္တဲ့ အရည္ေတြ၊ bleach ေတြက သန႔္ရွင္းေရးလုပ္ဖို႔အတြက္ပဲ သုံးတာပါ။ ကိုယ္ခႏၶာထဲကို ထည့္လို႔မရပါဘူး။ ေသာက္လို႔လည္းမရပါဘူး။ ေသာက္လိုက္မယ္ဆိုရင္ အစားႁပြန္ေခ်ာင္း တခုလုံးကို စားသြားမွာပါ။ ေရာင္းတဲ့ ပစၥည္းတိုင္းမွာ instruction (အၫြန္း) ပါပါတယ္။ အဲဒီအတိုင္းပဲ လိုက္လုပ္ပါ။ disinfectant ပိုးသတ္ေဆးေတြသည္ ခႏၶာကိုယ္ထဲကို ဝင္သြားရင္ အရမ္းကို စားပါတယ္။ အထူးသျဖင့္ စားလို႔ ရတဲ့ အရာလည္း မဟုတ္သလို မ်ိဳခ်လို႔ရတဲ့အရာလည္း မဟုတ္ပါဘူး။ အေၾကထဲကို သြင္းလိုက္မယ္ဆိုရင္ ေသသြားပါလိမ့္မယ္။"

ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရးအတြက္ ျမန္မာႏိုင္ငံက စားေသာက္ဆိုင္တခ်ိဳ႕မွာ ဆိုင္ထဲဝင္လာသူ မွန္သမွ် ပိုးသတ္ေဆး ျဖန္းတာမ်ိဳးေတြလည္းေတြ႕ေနရပါတယ္။ ဒီလို လုပ္ေဆာင္ခ်က္မ်ိဳး ဘာ အက်ိဳးမွ မရွိတဲ့အျပင္ ဗိုင္းရပ္စ္ကို ကာကြယ္ေပးတယ္ဆိုတာမ်ိဳးလည္း မေတြ႕ရဘူးလို႔ ေဒါက္တာေဇယ်ာသက္က ဗြီအိုေအကို အခုလိုေျပာပါတယ္။

"ကိုယ္ခႏၶာေပၚ ပိုးသတ္ေဆးျဖန္းျခင္းသည္ ဘယ္သူမွေတာ့ ဒီႏိုင္ငံမွာ မလုပ္ပါဘူး။ ေတာင္ကိုရီးယားမွာေတာ့ ကိုယ္ခႏၶာကိုေတာ့ မျဖန္းဘူး။ ဒါေပမဲ့ ေဘးပတ္ဝန္းက်င္းေနရာေတြကို ျဖန္းတာေတြလုပ္ပါတယ္။ က်ေနာ္တို႔ အေခၚအေဝၚကေတာ့ Terminal cleaning ( ပိုးသတ္ေဆးရည္နဲ႔ ျပင္းျပင္းထန္ထန္ရွင္းလင္းေရး) လို႔ေခၚပါတယ္။ ဒါမ်ိဳးက လုပ္လို႔ရတယ္။ ဒါေပမဲ့ ကိုယ္ခႏၶာေပၚ ျဖန္းတဲ့အခါက်ေတာ့ ဘာအတြက္ ျဖန္းတာလဲ ေမးစရာရွိပါတယ္။ သိပၸံနည္းက်က်နဲ႔ ဒီလိုပိုးသတ္ေဆးကို ကိုယ္ခႏၶာေပၚ ျဖန္းျခင္းသည္ ေရာဂါကို ကာကြယ္ႏိုင္သလား ဆိုရင္ ဒီေန႔ဒီအခ်ိန္ထိ ဘာ စာတမ္း ရလာဒ္မွ မရွိပါဘူး။"

အရက္ျပန္ ရဲ႕အာနိသင္ကို လုံးဝမခံႏိုင္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုး နဲ႔ ပတ္သက္လို႔ ေဒါက္တာေဇယ်ာသက္ ေျပာျပတာက-

" က်ေနာ္တို႔ သိတဲ့အခ်က္က ဒီပိုးေကာင္သည္ ဒီ ဗိုင္းရပ္စ္ပိုးသည္ ေျမႀကီးေပၚမွာ ဒါမွမဟုတ္ မာေက်ာတဲ့ အရာေပၚမွာ ၇၂ နာရီထိ ေနႏိုင္တယ္။ သူသည္ အရက္ျပန္ကို အလြန္အင္မတန္မွ ေၾကာက္တယ္။ ဆိုေတာ့ အရက္ျပန္ပါတဲ့ cleaning material သန႔္ရွင္းေရးလုပ္တဲ့ အရည္ေတြနဲ႔ ပစၥည္းေတြကို သန႔္ရွင္းေပးမယ္ဆိုရင္ ဒီဗိုင္းရပ္စ္ပိုးေသပါတယ္။"

ကိုယ္ခႏၶာထဲမွာ မဟုတ္ပဲ အျပင္ဘက္ မွာရွိေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ကို ဘယ္လိုသတ္ႏိုင္သလဲ။ ေဒါက္တာေဇယ်ာသက္ အခုလိုေျပာပါတယ္။

" ဒီအေကာင္ ဘာနဲ႔ေသလဲ။ နံပါတ္ (၁) alcohol အရက္ျပန္နဲ႔ေသတယ္။ နံပါတ္ (၂) temperature အပူခ်ိန္ ၆၀ဒီဂရီ အထက္မွာ ေသတယ္။ ဆိုေတာ့ ၆၀ ဒီဂရီအထက္ရွိတဲ့ အဝတ္ကို လက္နဲ႔ ကိုင္ဖို႔ဆိုတာကေတာ့ ေတာ္ေတာ္ေလးခက္ခဲပါတယ္။ ကိုယ့္လက္ကိုယ္ မီးေလာင္သြားမွာေပါ့။ ဒါေၾကာင့္ alcohol နဲ႔ ႐ုပ္ဝတၳဳ ပစၥည္းေတြရဲ႕ မ်က္ႏွာျပင္ေပၚကို သန႔္ရွင္းေရးလုပ္ရတာပါ။"

ေမး။ ။ ဒါဆိုရင္ သမၼတ ထရမ့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ စတဲ့ ေခါင္းေဆာင္ေတြ မွတ္ခ်က္ေပးေျပာဆိုၾကသလို အပူရွိန္ျမင့္တာကို ေၾကာက္တဲ့ ဗိုင္းရပ္စ္အတြက္ ေနပူဆာလႈံတာမ်ိဳး၊ ခႏၶာကိုယ္ကို ခရမ္းလြန္ေရာင္ျခည္ေပးတာမ်ိဳး ဆိုရင္ေရာ ဆရာရဲ႕ အျမင္ဘယ္လိုရွိပါသလဲ။

ေျဖ။ ။ က်ေနာ့္အေနနဲ႔ ေျပာရမယ္ဆိုရင္ ေနေရာင္ျခည္သည္ အားလုံးအတြက္ေကာင္းပါတယ္။ ဒီအေပၚမွာေတာ့ ေမးခြန္းထုတ္စရာမရွိပါဘူး။ ျမန္မာႏိုင္ငံမွာ အခု အပူခ်ိန္ ဘယ္ေလာက္ရွိေနလဲ၊ က်ေနာ္လည္း မေျပာတတ္ဘူး။ ၁၀၇၊ ၁၀၈ ရွိေနတဲ့ အပူခ်ိန္မွာ ေနပူဆာသြားလႈံရင္ေတာ့ ဗိုင္းရပ္စ္ေတာ့ ဒုကၡေရာက္မွာ မဟုတ္ဘူး။ အပူရွပ္ၿပီး ဒုကၡေရာက္ႏိုင္ပါတယ္။ တခ်ိဳ႕လူေတြ ေက်ာက္ကပ္ပါ ပ်က္စီးႏိုင္ပါတယ္။ ဒီႏိုင္ငံမွာေတာင္ တခ်ိဳ႕ အသက္ႀကီးတဲ့လူေတြ အပူခ်ိန္ ၁၀၇၊ ၁၀၈ ထိေရာက္လာရင္ အပူရွပ္ပါတယ္။ အထူးသျဖင့္ ျမန္မာႏိုင္ငံ အလယ္ပိုင္းေနရာမ်ိဳးမွာ အပူခ်ိန္ ၁၀၂၊ ၁၀၃ ျဖစ္ေနတဲ့ အခ်ိန္မ်ိဳးမွာ ေနပူထဲမွာ ၾကာၾကာသြားေနရင္ ဒုကၡေရာက္မွာပါ။ အရာရာတိုင္းမွာ အတိုင္းအဆညီမွ်ဖို႔ လိုပါတယ္။ ဘယ္အရာကိုမွ အလြန္အက်ဴးလုပ္လို႔ မေကာင္းပါဘူး။ အခုအခ်ိန္ အိမ္ထဲမွာ ေနတာဟာ အေကာင္းဆုံးပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ အျပင္သြားလို႔ရွိရင္ ကူးစက္မႈဆိုတာ ျဖစ္လာႏိုင္ပါတယ္။"

ဒါအျပင္ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ရင္ က်န္းမာေရးပညာရွင္ေတြ သိထားတာဟာ ၁၀% ေလာက္ပဲရွိေသးၿပီး ေရာဂါပိုးဟာ အပူဒဏ္ေရာ၊ အေအးဒဏ္ပါ ခံႏိုင္ေၾကာင္း ေဒါက္တာေဇယ်ာသက္က သတိေပးေျပာဆိုခဲ့ပါတယ္။

=================

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ပိုးသတ်ဆေးရည်တွေကို လူတွေပေါ် ဖျန်းတာမျိုးဆေးပညာရပ်မှာ လက်ခံထားခြင်းမရှိသလို မသင့်တော်တဲ့ နည်းလမ်းတွေ အသုံးပြုရင် လူ့အသက်ကိုပါ အန္တရာယ်ပြုနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့ ကူးစက်ရောဂါ အထူးကု ဒေါက်တာဇေယျာသက် ကပြောပါတယ်။

မာကျောတဲ့ မျက်နှာပြင်ပေါ်မှာရှိနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ဘယ်လိုနည်းလမ်းနဲ့ ထိထိရောက်ရောက် ကာကွယ်နိုင်ပါသလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

အဆောက်အဦ၊ အိမ်နဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေ သန့်ရှင်းရေးမှာ အသုံးပြုတဲ့ ပိုးသတ်ဆေးရည်ကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ခန္ဓာကိုယ်ထဲ ထိုးသွင်းခြင်း အားဖြင့် အဆုပ်ထဲက ဗိုင်းရပ်စ်ကို ရှင်းပေးနိုင်မလားဆိုတဲ့ နည်းလမ်းကို စမ်းသပ်ကြည့်ဖို့ သူ့အနေနဲ့ စိတ်ဝင်စားကြောင်း အမေရိကန်သမ္မတ Donald Trump ရဲ့မှတ်ချက်ပေးပြောဆိုချက် ထွက်ပေါ်လာပြီးနောက် ကျန်းမာရေးပညာရှင်တွေ အထိတ်တလန့်နဲ့ ဝိုင်းဝန်ကန့်ကွက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က အိမ်ဖြူတော်မှာ ပုံမှန် ပြုလုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အခြေအနေ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ Trump က သူရဲ့ထင်မြင်ယူဆချက်တွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။
Lysol ကုမ္ပဏီအပါအဝင် အခြား ပိုးသတ်ဆေးရည်ထုတ် ကုမ္ပဏီအသီးသီးကလည်း သူတို့ပစ္စည်းတွေကို လူ့ခန္ဓာကိုယ်ထဲ ထည့်သွင်းလို့မရကြောင်း ကြေညာချက်တွေကို နေ့ချင်းပဲ ထုတ်ပြန်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ သမ္မတ Trump က သူ့အနေနဲ့ နောက်ပြောင်ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။

အခုလို သန့်ရှင်းရေးလုပ်တဲ့ ပိုးသတ်ဆေးရည်တွေကို အကျောထဲသာ ထိုးသွင်းမယ်ဆိုရင် အသက်ပါတခါတည်း ဆုံးရှုံးသွားမှာဖြစ်ကြောင်း နယူးရောက်မြို့ Wyckoff Heights ဆေးရုံ ဒုဥက္ကဌ ကူးစက်ရောဂါ အထူးကု ဒေါက်တာ ဇေယျာသက် က ဗွီအိုအေ ကို ပြောပါတယ်။

"ဒီ clean လုပ်တဲ့ အရည်တွေ၊ bleach တွေက သန့်ရှင်းရေးလုပ်ဖို့အတွက်ပဲ သုံးတာပါ။ ကိုယ်ခန္ဓာထဲကို ထည့်လို့မရပါဘူး။ သောက်လို့လည်းမရပါဘူး။ သောက်လိုက်မယ်ဆိုရင် အစားပြွန်ချောင်း တခုလုံးကို စားသွားမှာပါ။ ရောင်းတဲ့ ပစ္စည်းတိုင်းမှာ instruction (အညွန်း) ပါပါတယ်။ အဲဒီအတိုင်းပဲ လိုက်လုပ်ပါ။ disinfectant ပိုးသတ်ဆေးတွေသည် ခန္ဓာကိုယ်ထဲကို ဝင်သွားရင် အရမ်းကို စားပါတယ်။ အထူးသဖြင့် စားလို့ ရတဲ့ အရာလည်း မဟုတ်သလို မျိုချလို့ရတဲ့အရာလည်း မဟုတ်ပါဘူး။ အကြေထဲကို သွင်းလိုက်မယ်ဆိုရင် သေသွားပါလိမ့်မယ်။"

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် မြန်မာနိုင်ငံက စားသောက်ဆိုင်တချို့မှာ ဆိုင်ထဲဝင်လာသူ မှန်သမျှ ပိုးသတ်ဆေး ဖြန်းတာမျိုးတွေလည်းတွေ့နေရပါတယ်။ ဒီလို လုပ်ဆောင်ချက်မျိုး ဘာ အကျိုးမှ မရှိတဲ့အပြင် ဗိုင်းရပ်စ်ကို ကာကွယ်ပေးတယ်ဆိုတာမျိုးလည်း မတွေ့ရဘူးလို့ ဒေါက်တာဇေယျာသက်က ဗွီအိုအေကို အခုလိုပြောပါတယ်။

"ကိုယ်ခန္ဓာပေါ် ပိုးသတ်ဆေးဖြန်းခြင်းသည် ဘယ်သူမှတော့ ဒီနိုင်ငံမှာ မလုပ်ပါဘူး။ တောင်ကိုရီးယားမှာတော့ ကိုယ်ခန္ဓာကိုတော့ မဖြန်းဘူး။ ဒါပေမဲ့ ဘေးပတ်ဝန်းကျင်းနေရာတွေကို ဖြန်းတာတွေလုပ်ပါတယ်။ ကျနော်တို့ အခေါ်အဝေါ်ကတော့ Terminal cleaning ( ပိုးသတ်ဆေးရည်နဲ့ ပြင်းပြင်းထန်ထန်ရှင်းလင်းရေး) လို့ခေါ်ပါတယ်။ ဒါမျိုးက လုပ်လို့ရတယ်။ ဒါပေမဲ့ ကိုယ်ခန္ဓာပေါ် ဖြန်းတဲ့အခါကျတော့ ဘာအတွက် ဖြန်းတာလဲ မေးစရာရှိပါတယ်။ သိပ္ပံနည်းကျကျနဲ့ ဒီလိုပိုးသတ်ဆေးကို ကိုယ်ခန္ဓာပေါ် ဖြန်းခြင်းသည် ရောဂါကို ကာကွယ်နိုင်သလား ဆိုရင် ဒီနေ့ဒီအချိန်ထိ ဘာ စာတမ်း ရလာဒ်မှ မရှိပါဘူး။"

အရက်ပြန် ရဲ့အာနိသင်ကို လုံးဝမခံနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး နဲ့ ပတ်သက်လို့ ဒေါက်တာဇေယျာသက် ပြောပြတာက

" ကျနော်တို့ သိတဲ့အချက်က ဒီပိုးကောင်သည် ဒီ ဗိုင်းရပ်စ်ပိုးသည် မြေကြီးပေါ်မှာ ဒါမှမဟုတ် မာကျောတဲ့ အရာပေါ်မှာ ၇၂ နာရီထိ နေနိုင်တယ်။ သူသည် အရက်ပြန်ကို အလွန်အင်မတန်မှ ကြောက်တယ်။ ဆိုတော့ အရက်ပြန်ပါတဲ့ cleaning material သန့်ရှင်းရေးလုပ်တဲ့ အရည်တွေနဲ့ ပစ္စည်းတွေကို သန့်ရှင်းပေးမယ်ဆိုရင် ဒီဗိုင်းရပ်စ်ပိုးသေပါတယ်။"

ကိုယ်ခန္ဓာထဲမှာ မဟုတ်ပဲ အပြင်ဘက် မှာရှိနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လိုသတ်နိုင်သလဲ။ ဒေါက်တာဇေယျာသက် အခုလိုပြောပါတယ်။

" ဒီအကောင် ဘာနဲ့သေလဲ။ နံပါတ် (၁) alcohol အရက်ပြန်နဲ့သေတယ်။ နံပါတ် (၂) temperature အပူချိန် ၆၀ဒီဂရီ အထက်မှာ သေတယ်။ ဆိုတော့ ၆၀ ဒီဂရီအထက်ရှိတဲ့ အဝတ်ကို လက်နဲ့ ကိုင်ဖို့ဆိုတာကတော့ တော်တော်လေးခက်ခဲပါတယ်။ ကိုယ့်လက်ကိုယ် မီးလောင်သွားမှာပေါ့။ ဒါကြောင့် alcohol နဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေရဲ့ မျက်နှာပြင်ပေါ်ကို သန့်ရှင်းရေးလုပ်ရတာပါ။"

မေး။ ။ ဒါဆိုရင် သမ္မတ ထရမ့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စတဲ့ ခေါင်းဆောင်တွေ မှတ်ချက်ပေးပြောဆိုကြသလို အပူရှိန်မြင့်တာကို ကြောက်တဲ့ ဗိုင်းရပ်စ်အတွက် နေပူဆာလှုံတာမျိုး၊ ခန္ဓာကိုယ်ကို ခရမ်းလွန်ရောင်ခြည်ပေးတာမျိုး ဆိုရင်ရော ဆရာရဲ့ အမြင်ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင် နေရောင်ခြည်သည် အားလုံးအတွက်ကောင်းပါတယ်။ ဒီအပေါ်မှာတော့ မေးခွန်းထုတ်စရာမရှိပါဘူး။ မြန်မာနိုင်ငံမှာ အခု အပူချိန် ဘယ်လောက်ရှိနေလဲ၊ ကျနော်လည်း မပြောတတ်ဘူး။ ၁၀၇၊ ၁၀၈ ရှိနေတဲ့ အပူချိန်မှာ နေပူဆာသွားလှုံရင်တော့ ဗိုင်းရပ်စ်တော့ ဒုက္ခရောက်မှာ မဟုတ်ဘူး။ အပူရှပ်ပြီး ဒုက္ခရောက်နိုင်ပါတယ်။ တချို့လူတွေ ကျောက်ကပ်ပါ ပျက်စီးနိုင်ပါတယ်။ ဒီနိုင်ငံမှာတောင် တချို့ အသက်ကြီးတဲ့လူတွေ အပူချိန် ၁၀၇၊ ၁၀၈ ထိရောက်လာရင် အပူရှပ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းနေရာမျိုးမှာ အပူချိန် ၁၀၂၊ ၁၀၃ ဖြစ်နေတဲ့ အချိန်မျိုးမှာ နေပူထဲမှာ ကြာကြာသွားနေရင် ဒုက္ခရောက်မှာပါ။ အရာရာတိုင်းမှာ အတိုင်းအဆညီမျှဖို့ လိုပါတယ်။ ဘယ်အရာကိုမှ အလွန်အကျူးလုပ်လို့ မကောင်းပါဘူး။ အခုချိန် အိမ်ထဲမှာ နေတာဟာ အကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ အပြင်သွားလို့ရှိရင် ကူးစက်မှုဆိုတာ ဖြစ်လာနိုင်ပါတယ်။"

ဒါအပြင် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ရင် ကျန်းမာရေးပညာရှင်တွေ သိထားတာဟာ ၁၀% လောက်ပဲရှိသေးပြီး ရောဂါပိုးဟာ အပူဒဏ်ရော၊ အအေးဒဏ်ပါ ခံနိုင်ကြောင်း ဒေါက်တာဇေယျာသက်က သတိပေးပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG