သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 လူနာေတြ ကုသေပးေနတဲ့ နယူးေယာက္က ျမန္မာဆရာဝန္ရဲ႕ အေတြ႕အၾကံဳ


(Zawgyi/Unicode)

ကိုိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈေၾကာင့္ ေသဆံုးသူ ၆၀၀ ေက်ာ္ေနၿပီး ကူးစက္ေနသူေပါင္း ၅၀၀၀၀ ေသာင္းမကရွိလာေနတဲ့ အေမရိကန္ျပည္ေထာင္စုမွာ က်န္းမာေရး၀န္ထမ္းေတြကိုလည္း ေရာဂါကူးစက္လာေနၿပီ ျဖစ္တယ္လို႔ နယူးေရာက္ၿမိဳ႕ ကူးစက္အထူးကုဆရာ၀န္ ေဒါက္တာေဇယ်ာသက္က ဗီြအိုေအကို ေျပာပါတယ္။ မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားတာပါ။

တေန႕ကို ေရာဂါအေျခအေနဆိုးေနသူေပါင္း ၂၀ နီးပါးကို ၾကည့္ရွဳေနရၿပီး ေလာေလာဆယ္ သူ႔ရဲ႕ လူနာေတြထဲမွာ ေသဆံုးသူ ၆ ဦးမက ရွိေနၿပီလုိ႔သူကအခုလို စေျပာပါတယ္။

ေဒါက္တာေဇယ်ာသက္။ ။ ေျပာရရင္ေတာ့ ပထမဦးဆံုး က်ေနာ့္လူနာသည္ နယူးေရာက္ၿမိဳ႕မွာ ပထမဦးဆံုး ဆံုးပါးသြားတဲ့ လူနာျဖစ္ပါတယ္။ အသက္ ၈၂ ႏွစ္ အမ်ိဳးသမီးေပါ့ေနာ္။ သူ႔ကို က်ေနာ္တို႔ အသက္ ၉ ရက္အထိ ဆြဲဆန္႔ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဘာျဖစ္သြားသလဲဆိုေတာ့ ၈ ရက္ေျမာက္ကေန စၿပီးေတာ့ သူ႔ heart ကအရမ္းခုန္တာျမန္သြားပါတယ္။ ဒါက အခုလက္ရွိ က်ေနာ္တို႔ သိလာတဲ့ အခ်က္ပါ ။ ဒီပိုးက နံပတ္ ၁ ကေတာ့ ကိုယ္ခံအားထဲက ကိုယ့္ cell ကို ျပန္ၿပီးေတာ့ တိုက္ခိုက္ၿပီးေတာ ့ကိုယ္ခံအား၊ ခုခံအားေတြက storm မုန္တိုင္းလိုမ်ိဳး ကိုယ့္ကို ျပန္ၿပီးေတာ့ ဒုကၡေပးတယ္ အဲဒီေတာ့ အဆုတ္က ေကာင္းေကာင္းျပန္ၿပီးေတာ့ အသက္ရႈမရႏိုင္ေတာ့ဘူး။ အဲဒါေၾကာင့္ ေအာက္ဆီဂ်င္ကို ၁၀၀ ရာခိုင္ႏႈန္းေပးရတယ္ အဲဒါ ဒီတနည္းနဲ႔ လူနာေတြ ဒုကၡေရာက္ပါတယ္။ ေနာက္ၿပီးေတာ့ ေနာက္ထပ္ ဘာနဲ႔ ဒုကၡေရာက္သလဲဆိုေတာ့ ႏွလံုးမွာရွိတဲ့ muscle ေတြေရာင္တာပါ။ ျမန္မာလိုေျပာရရင္ႏွလံုးေရာဂါမဟုတ္ပါဘူး။ႏွလံုးေရာင္တဲ့ အတြက္ေၾကာင့္ ႏွလံုးခုန္တာအရမ္းျမန္ပါတယ္ ဒီလူနာဆိုရင္ heart rate က ၂၀၀ ေက်ာ္အထိ ျဖစ္သြားတယ္။ က်ေနာ္တုိ႔ ေဆးေပးလိုက္တဲ့အခါက်ေတာ့ ၃၀ အထိ က်သြားတယ္။ ၿပီးေတာ့ ၂၀၀ ေက်ာ္ျပန္ျဖစ္တယ္။ အဲဒီေတ့ က်ေနာ္တို႔ ဘယ္လိုမွ ထိန္းလို႔မရပဲနဲ႔ ေနာက္ဆံုးဒါနဲ႔ပဲ ဒုကၡေရာက္သြားတာပါ။ က်ေနာ္စၿပီးေတာ့ ဒီေရာဂါကို မတ္လ ပထမဦးဆံုးအပတ္မွာဆိုရင္ က်ေနာ္ေျပာဖူးသလိုပဲ က်ေနာ့္ case က case number 4 ေပါ့ေနာ္ အဲဒီေန႔မွာ အားလံုးေပါင္း ၄ ေယာက္ပဲ ရွိေသးတာ ။ တရက္တည္းမွာ 4 case ပဲ ျဖစ္တာ။ အဲဒီကေန ၁၀ ခုျဖစ္လာတယ္ ၁၆ ခု ၊ ၂၀ ၊ ၁၀၀ case ျဖစ္လာတယ္ ။ အခုက ရာဂဏန္းကေန ေထာင္ဂဏန္းကို စၿပီးေတာ့ က်ေနာ္တုိ႔ ေျပာေနရတယ္။ ျဖစ္ႏိုင္တဲ့တခ်က္ကေတာ့ က်ေနာ္တို႔ ပိုပိုၿပီး စစ္လာတာလည္း ပါပါတယ္။

မအင္ၾကင္းႏိုင္။ ။ ကိုိုရိုနာဗိုင္းရပ္စ္ကို တိုက္ဖ်က္တဲ့ေနရာမွာ သူတို႔ ဌက္ဖ်ားေဆးနဲ႔ တိုက္ေနတာလည္းရွိတယ္ အဲဒါ အေျခအေန ဘယ္လိုရွိသလဲဆရာ။

ေဒါက္တာေဇယ်ာသက္။ ။ က်ေနာ္တို႔ သိေနတဲ့အတိုင္းပဲေပါ့ေနာ္ က်ေနာ္တို႔ လုပ္ေနပါတယ္။ က်ေနာ္တို႔ ေဆးရံုတိုင္းမွာ ဘာျဖစ္လို႔လဲဆိုေတာ့ အမွန္အတိုင္းေျပာရရင္ ေဆးမရွိပါဘူး။ ဒီေန႔ ဒီအခ်ိန္အထိ ေဆးမရွိပါဘူး ေဆးေတြ ေျမာက္မ်ားစြာကို စမ္းတဲ့အထဲမွာ ပါတယ္ အဲဒါကေတာ့ ဌက္ဖ်ားေဆးေပါ့ေနာ္ ၊ ျမန္မာႏိုင္ငံမွာလည္း ရွိပါတယ္။ Hydroxy Chloroquine လို႔ေခၚပါတယ္။ ဒီေဆးကို သူ႔တမ်ိဳးတည္းသံုးတာလည္း ရွိပါတယ္။ သူနဲ႔အတူ ေနာက္ထပ္ anti biotic တြဲၿပီးေတာ့ သံုးတာလည္း ရွိပါတယ္။ ဒီေဆးက ဒီ Virus ကို သတ္ႏိုင္သလားဆိုေတာ့ က်ေနာ္တို႔ အတိအက်ေတာ့ မသိပါဘူး။ ျမန္မာျပည္က ဌက္ဖ်ားေဆးကေတာ့ Side effect ပိုမ်ားတယ္ေသာက္ရတာ နည္းနည္း ခက္တယ္ေပါ့ေနာ္။ သူ႔ရဲ႕ Newer generation ေပါ့ Hydroxy Chloroquine လို႔ေခၚပါတယ္။ ဒါက အမ်ားႀကီး Side effect သက္သာတယ္။ က်ေနာ္တို႔ အမ်ားစုကေတာ့ Hydroxy Chloroquine ကို သံုးၾကတယ္။ ျမန္မာႏိုင္ငံမွာ ဒီေဆးေတြရွိပါတယ္။ ဒီေဆးကို တကယ္ေရာဂါျဖစ္လာတယ္ဆိုရင္ clinical trials ကို ၾကည့္ၿပီး သံုးပါ။ က်ေနာ္တို႔ dose ကအစ သံုးပံုသံုးနည္း မတူပါဘူး။ က်ေနာ္တုိ႔ ဌက္ဖ်ားေဆးလိုမ်ိဳး သံုးတာ မဟုတ္ပါဘူး။ က်ေနာ္တို႔ Day 1 မွာ loading dose ဆိုတာရွိပါတယ္။ ၿပီးေတာ့ Day 2-5 ၊ ေဆးရံုတိုင္းမွာ၅ ရက္ပဲ က်ေနာ္တို႔ လုပ္တာပါ။ Basic blood test ေတြကို က်ေနာ္တို႔ၾကည့္တယ္ ၊ အဲဒါနဲ႔ ပဲ က်ေနာ္တုိ႔ Diagnose လုပ္ေနတာပါ။ အရမ္းဆိုး၀ါးေနရင္ တကယ္သိသာပါတယ္။ တခ်ိဳ႕ တကယ္ဆိုး၀ါးတယ္ဆိုရင္ တခ်ိဳ႕လူနာေတြဆိုရင္ ေစာင့္ေတာင္မေစာင့္ေတာ့ဘူး ဘာျဖစ္လို႔လဲဆိုေတာ့ အေသႏႈန္းအရမ္းမ်ားပါတယ္။ က်ေနာ္ဆိုရင္trials ကို စၿပီး runတဲ့အခ်ိန္ဆိုရင္ ၾကာသပေတးေန႔ဆိုရင္ ၾကာသပေတးေန႔မွာ ၾကည့္တယ္ ေသာၾကာေန႔မွာ ဆံုးသြားပါတယ္။ မေန႔ကဆိုရင္ လင္မယား ၂ ေယာက္ကို ၾကည့္တယ္ ဒီမနက္ တေယာက္ဆံုးသြားတယ္ ေနာက္တေယာက္ကလည္း အေျခအေနမေကာင္းပါဘူး။ ဆိုေတာ့ တကယ္လက္ေတြ႔ က်ေနာ္တုိ႔ လုပ္ေနတဲ့အခ်ိန္မွာ ေန႔စဥ္ ေတာ္ေတာ္စိတ္မေကာင္းစရာအေၾကာင္းအရာေတြ အမ်ားႀကီးေတြ႔ရပါတယ္။

မအင္ၾကင္းႏိုင္။ ။ ဆရာတို႔လို က်န္းမာေရး၀န္ထမ္းေတြ ဆရာ၀န္ေတြ၊ အထူးကုေတြ ၊ သူနာျပဳေတြ ေရွ႕တန္းကေနၿပီးေတာ့ အလုပ္လုပ္ေနတဲ့လူေတြမွာ ဗိုင္းရပ္စ္ကူးစက္ခံရတဲ့ အေနအထား အေမရိကန္ျပည္ေထာင္စုမွာ ရွိေနၿပီလား။

ေဒါက္တာေဇယ်ာသက္။ ။ ရွိပါတယ္ က်ေနာ္တို႔ သိရသေလာက္ကေတာ့ Nurse တေယာက္ mid-west မွာ အသက္ဆံုးရံႈးသြားတယ္လို႔ၾကားပါတယ္ သတင္းတက္လာတယ္။ ေနာက္တခုကေတာ့ လက္ရွိအေနအထားကေတာ့ က်ေနာ္သိသေလာက္ New York မွာ ဆရာ၀န္ ၂ ေယာက္ေလာက္ေတာ့ အေရးေပၚအေျခအေနမွာ ေရာက္ေနတယ္။ Brooklyn မွာ အေရးေပၚ အသက္ရႈစက္ေပၚမွာ ေရာက္ေနတယ္လို႔ သိရတယ္။ ေနာက္တခုက ပထမဦးဆံုး လူနာသြားတဲ့ New York city မွာရွိတဲ့ ေဆးရံုက ဆရာ၀န္ေရာ၊ သူနာျပဳေရာ ၊ အကူေရာ ၃ ေယာက္ေလာက္ အသက္ရႈစက္ေပၚမွာ ေရာက္ေနတယ္လို႔ သတင္းၾကားရတယ္။ ေနာက္ Washington State ၊ EverygreenHealth ဆိုတဲ့ေနရာမွာ အရမ္းအေသအေပ်ာက္မ်ားတယ္။ အဲဒီေနရာမွာလည္း ဆရာ၀န္ေတြ ဒုကၡေရာက္တယ္ဆိုတာ က်ေနာ္တို႔ meeting လုပ္တဲ့အခ်ိန္မွာ က်ေနာ္တို႔ ေတြ႔ပါတယ္။

နယူးေရာက္ၿမိဳ႕ ကူးစက္အထူးကုဆရာ၀န္ ေဒါက္တာေဇယ်ာသက္က ို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

.....

COVID-19 လူနာတွေ ကုသပေးနေတဲ့ နယူးယောက်က မြန်မာဆရာဝန်ရဲ့ အတွေ့အကြုံ

(/Unicode)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၆၀၀ ကျော်နေပြီး ကူးစက်နေသူပေါင်း ၅၀၀၀၀ သောင်းမကရှိလာနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ရောဂါကူးစက်လာနေပြီ ဖြစ်တယ်လို့ နယူးရောက်မြို့ ကူးစက်အထူးကုဆရာဝန် ဒေါက်တာဇေယျာသက်က ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားတာပါ။

တနေ့ကို ရောဂါအခြေအနေဆိုးနေသူပေါင်း ၂၀ နီးပါးကို ကြည့်ရှုနေရပြီး လောလောဆယ် သူ့ရဲ့ လူနာတွေထဲမှာ သေဆုံးသူ ၆ ဦးမက ရှိနေပြီလို့သူကအခုလို စပြောပါတယ်။

ဒေါက်တာဇေယျာသက်။ ။ ပြောရရင်တော့ ပထမဦးဆုံး ကျနော့်လူနာသည် နယူးရောက်မြို့မှာ ပထမဦးဆုံး ဆုံးပါးသွားတဲ့ လူနာဖြစ်ပါတယ်။ အသက် ၈၂ နှစ် အမျိုးသမီးပေါ့နော်။ သူ့ကို ကျနော်တို့ အသက် ၉ ရက်အထိ ဆွဲဆန့်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘာဖြစ်သွားသလဲဆိုတော့ ၈ ရက်မြောက်ကနေ စပြီးတော့ သူ့ heart ကအရမ်းခုန်တာမြန်သွားပါတယ်။ ဒါက အခုလက်ရှိ ကျနော်တို့ သိလာတဲ့ အချက်ပါ ။ ဒီပိုးက နံပတ် ၁ ကတော့ ကိုယ်ခံအားထဲက ကိုယ့် cell ကို ပြန်ပြီးတော့ တိုက်ခိုက်ပြီးတော့ကိုယ်ခံအား၊ ခုခံအားတွေက storm မုန်တိုင်းလိုမျိုး ကိုယ့်ကို ပြန်ပြီးတော့ ဒုက္ခပေးတယ် အဲဒီတော့ အဆုတ်က ကောင်းကောင်းပြန်ပြီးတော့ အသက်ရှုမရနိုင်တော့ဘူး။ အဲဒါကြောင့် အောက်ဆီဂျင်ကို ၁၀၀ ရာခိုင်နှုန်းပေးရတယ် အဲဒါ ဒီတနည်းနဲ့ လူနာတွေ ဒုက္ခရောက်ပါတယ်။ နောက်ပြီးတော့ နောက်ထပ် ဘာနဲ့ ဒုက္ခရောက်သလဲဆိုတော့ နှလုံးမှာရှိတဲ့ muscle တွေရောင်တာပါ။ မြန်မာလိုပြောရရင်နှလုံးရောဂါမဟုတ်ပါဘူး။နှလုံးရောင်တဲ့ အတွက်ကြောင့် နှလုံးခုန်တာအရမ်းမြန်ပါတယ် ဒီလူနာဆိုရင် heart rate က ၂၀၀ ကျော်အထိ ဖြစ်သွားတယ်။ ကျနော်တို့ ဆေးပေးလိုက်တဲ့အခါကျတော့ ၃၀ အထိ ကျသွားတယ်။ ပြီးတော့ ၂၀၀ ကျော်ပြန်ဖြစ်တယ်။ အဲဒီတေ့ ကျနော်တို့ ဘယ်လိုမှ ထိန်းလို့မရပဲနဲ့ နောက်ဆုံးဒါနဲ့ပဲ ဒုက္ခရောက်သွားတာပါ။ ကျနော်စပြီးတော့ ဒီရောဂါကို မတ်လ ပထမဦးဆုံးအပတ်မှာဆိုရင် ကျနော်ပြောဖူးသလိုပဲ ကျနော့် case က case number 4 ပေါ့နော် အဲဒီနေ့မှာ အားလုံးပေါင်း ၄ ယောက်ပဲ ရှိသေးတာ ။ တရက်တည်းမှာ 4 case ပဲ ဖြစ်တာ။ အဲဒီကနေ ၁၀ ခုဖြစ်လာတယ် ၁၆ ခု ၊ ၂၀ ၊ ၁၀၀ case ဖြစ်လာတယ် ။ အခုက ရာဂဏန်းကနေ ထောင်ဂဏန်းကို စပြီးတော့ ကျနော်တို့ ပြောနေရတယ်။ ဖြစ်နိုင်တဲ့တချက်ကတော့ ကျနော်တို့ ပိုပိုပြီး စစ်လာတာလည်း ပါပါတယ်။

မအင်ကြင်းနိုင်။ ။ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့နေရာမှာ သူတို့ ဌက်ဖျားဆေးနဲ့ တိုက်နေတာလည်းရှိတယ် အဲဒါ အခြေအနေ ဘယ်လိုရှိသလဲဆရာ။

ဒေါက်တာဇေယျာသက်။ ။ ကျနော်တို့ သိနေတဲ့အတိုင်းပဲပေါ့နော် ကျနော်တို့ လုပ်နေပါတယ်။ ကျနော်တို့ ဆေးရုံတိုင်းမှာ ဘာဖြစ်လို့လဲဆိုတော့ အမှန်အတိုင်းပြောရရင် ဆေးမရှိပါဘူး။ ဒီနေ့ ဒီအချိန်အထိ ဆေးမရှိပါဘူး ဆေးတွေ မြောက်များစွာကို စမ်းတဲ့အထဲမှာ ပါတယ် အဲဒါကတော့ ဌက်ဖျားဆေးပေါ့နော် ၊ မြန်မာနိုင်ငံမှာလည်း ရှိပါတယ်။ Hydroxy Chloroquine လို့ခေါ်ပါတယ်။ ဒီဆေးကို သူ့တမျိုးတည်းသုံးတာလည်း ရှိပါတယ်။ သူနဲ့အတူ နောက်ထပ် anti biotic တွဲပြီးတော့ သုံးတာလည်း ရှိပါတယ်။ ဒီဆေးက ဒီ Virus ကို သတ်နိုင်သလားဆိုတော့ ကျနော်တို့ အတိအကျတော့ မသိပါဘူး။ မြန်မာပြည်က ဌက်ဖျားဆေးကတော့ Side effect ပိုများတယ်သောက်ရတာ နည်းနည်း ခက်တယ်ပေါ့နော်။ သူ့ရဲ့ Newer generation ပေါ့ Hydroxy Chloroquine လို့ခေါ်ပါတယ်။ ဒါက အများကြီး Side effect သက်သာတယ်။ ကျနော်တို့ အများစုကတော့ Hydroxy Chloroquine ကို သုံးကြတယ်။ မြန်မာနိုင်ငံမှာ ဒီဆေးတွေရှိပါတယ်။ ဒီဆေးကို တကယ်ရောဂါဖြစ်လာတယ်ဆိုရင် clinical trials ကို ကြည့်ပြီး သုံးပါ။ ကျနော်တို့ dose ကအစ သုံးပုံသုံးနည်း မတူပါဘူး။ ကျနော်တို့ ဌက်ဖျားဆေးလိုမျိုး သုံးတာ မဟုတ်ပါဘူး။ ကျနော်တို့ Day 1 မှာ loading dose ဆိုတာရှိပါတယ်။ ပြီးတော့ Day 2-5 ၊ ဆေးရုံတိုင်းမှာ၅ ရက်ပဲ ကျနော်တို့ လုပ်တာပါ။ Basic blood test တွေကို ကျနော်တို့ကြည့်တယ် ၊ အဲဒါနဲ့ ပဲ ကျနော်တို့ Diagnose လုပ်နေတာပါ။ အရမ်းဆိုးဝါးနေရင် တကယ်သိသာပါတယ်။ တချို့ တကယ်ဆိုးဝါးတယ်ဆိုရင် တချို့လူနာတွေဆိုရင် စောင့်တောင်မစောင့်တော့ဘူး ဘာဖြစ်လို့လဲဆိုတော့ အသေနှုန်းအရမ်းများပါတယ်။ ကျနော်ဆိုရင်trials ကို စပြီး runတဲ့အချိန်ဆိုရင် ကြာသပတေးနေ့ဆိုရင် ကြာသပတေးနေ့မှာ ကြည့်တယ် သောကြာနေ့မှာ ဆုံးသွားပါတယ်။ မနေ့ကဆိုရင် လင်မယား ၂ ယောက်ကို ကြည့်တယ် ဒီမနက် တယောက်ဆုံးသွားတယ် နောက်တယောက်ကလည်း အခြေအနေမကောင်းပါဘူး။ ဆိုတော့ တကယ်လက်တွေ့ ကျနော်တို့ လုပ်နေတဲ့အချိန်မှာ နေ့စဉ် တော်တော်စိတ်မကောင်းစရာအကြောင်းအရာတွေ အများကြီးတွေ့ရပါတယ်။

မအင်ကြင်းနိုင်။ ။ ဆရာတို့လို ကျန်းမာရေးဝန်ထမ်းတွေ ဆရာဝန်တွေ၊ အထူးကုတွေ ၊ သူနာပြုတွေ ရှေ့တန်းကနေပြီးတော့ အလုပ်လုပ်နေတဲ့လူတွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အနေအထား အမေရိကန်ပြည်ထောင်စုမှာ ရှိနေပြီလား။

ဒေါက်တာဇေယျာသက်။ ။ ရှိပါတယ် ကျနော်တို့ သိရသလောက်ကတော့ Nurse တယောက် mid-west မှာ အသက်ဆုံးရှုံးသွားတယ်လို့ကြားပါတယ် သတင်းတက်လာတယ်။ နောက်တခုကတော့ လက်ရှိအနေအထားကတော့ ကျနော်သိသလောက် New York မှာ ဆရာဝန် ၂ ယောက်လောက်တော့ အရေးပေါ်အခြေအနေမှာ ရောက်နေတယ်။ Brooklynမှာ အရေးပေါ် အသက်ရှုစက်ပေါ်မှာ ရောက်နေတယ်လို့ သိရတယ်။ နောက်တခုက ပထမဦးဆုံး လူနာသွားတဲ့ New York city မှာရှိတဲ့ ဆေးရုံက ဆရာဝန်ရော၊ သူနာပြုရော ၊ အကူရော ၃ ယောက်လောက် အသက်ရှုစက်ပေါ်မှာ ရောက်နေတယ်လို့ သတင်းကြားရတယ်။ နောက် Washington State ၊ EverygreenHealth ဆိုတဲ့နေရာမှာ အရမ်းအသေအပျောက်များတယ်။ အဲဒီနေရာမှာလည်း ဆရာဝန်တွေ ဒုက္ခရောက်တယ်ဆိုတာ ကျနော်တို့ meeting လုပ်တဲ့အချိန်မှာ ကျနော်တို့ တွေ့ပါတယ်။

နယူးရောက်မြို့ ကူးစက်အထူးကုဆရာဝန် ဒေါက်တာဇေယျာသက်က ို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG