သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တီးတိန္က COVID-19 လူနာႏွင့္ ထိေတြ႔ခဲ့သူေတြကုိ ၁၄ရက္ ခြဲထားႏုိင္ဖုိ႔ အာဏာပုိင္ေတြ စီစဥ္ေန


(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံလူနာ တဦး ထပ္မံ အတည္ျပဳ ေတြ႔ရွိေၾကာင္း ဗုဒၶဟူးေန႔ မနက္ ၁ နာရီ အခ်ိန္မွာ ျမန္မာႏုိင္ငံ က်န္းမာေရးနဲ႔ အားကစား ၀န္ႀကီးဌာနက ထုတ္ျပန္ေၾကညာလိုက္တာေၾကာင့္ COVID -19 အတည္ျပဳ လူနာ ၃ ဦးရွိသြားၿပီ ျဖစ္ပါတယ္။ မသိဂၤ ီထုိက္က ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

အခုေနာက္ဆံုး အတည္ျပဳ လူနာကေတာ့ အဂၤလန္ကေန မတ္လ ၂၁ ရက္ေန႔ ထိုင္းႏုိင္ငံကေန တဆင့္ ျမန္မာႏုိင္ငံကို ျပန္လည္ ဆိုက္ေရာက္လာသူ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အဲဒီ လူနာကို အင္းစိန္ ျပည္သူ႔ေဆးရံုမွာ သီးျခားထား ေစာင့္ၾကပ္ ကုသေနၿပီး အေျခအေန တည္တည္ၿငိမ္ၿငိမ္ ရွိေနတယ္လို႔လည္း သတင္းထုတ္ထားပါတယ္။ တျခား လူနာ ၂ ဦးကေတာ့ တီးတိန္မွာ တဦး ရန္ကုန္တိုင္း ေ၀ဘာဂီေဆးရံုမွာ တဦးတို႔ ျဖစ္ပါတယ္။ လူနာ ၂ ဦးလံုး အေျခအေန တည္တည္ၿငိမ္ၿငိမ္ ရွိတယ္လို႔လညး္ က်န္းမာေရး ဆိုင္ရာ တာ၀န္ရွိသူေတြက ေျပာဆိုထားပါတယ္။ ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕ ျပည္သူ႔ေဆးရံုက ေဒါက္တာ ေဇာ္မင္းႏုိင္ကို လူနာ အေျခအေန ဆက္သြယ္ၾကည့္တာမွာ အခုလို ေျပာပါတယ္။

သိဂၤ ီထုိက္။ ။ လက္ေထာက္ ဆရာ၀န္ေတြ ထပ္ပို႔ေပးတယ္ ဆိုေတာ့ အေျခအေန သိခ်င္လို႔ပါ။ ဆရာတို႔ လံုေလာက္မႈ ရွိရဲ႕လား ဒီကိစၥ ကုိင္တြယ္ဖို႔ ဆရာတို႔ ဘာေတြလိုလဲ။ အဲဒါေတြ သိခ်င္ပါတယ္ရွင့္။

ေဒါက္တာ ေဇာ္မင္းႏုိင္။ ။ အဲဒါေတြက ရံုးခ်ဳပ္ကေန အင္အားျဖည့္တာပါ။ ေစတနာ႔၀န္ထမ္း အင္အား ျဖည့္တာပါ။

သိဂၤ ီထုိက္။ ။ ဟုတ္ကဲ႔ ဆရာတို႔ အခုေလာေလာဆယ္ ဒီလူနာကို ကုသေပးတဲ႔ အပိုင္းမွာေရာ လံုေလာက္မႈ ရွိပါရဲ႕လား။ ဆရာတို႔ ဘာေတြ လိုပါလဲ။

ေဒါက္တာ ေဇာ္မင္းႏုိင္။ ။ ဘယ္လို အပိုင္းကို ဆိုလိုခ်င္လဲ မသိဘူး။

သိဂၤ ီထုိက္။ ။ ကုသေရး၊ ေနာက္ သူ႔ကို ထိန္းသိမ္း ေစာင့္ေရွာက္ေရးေပါ့ ဆရာ။

ေဒါက္တာ ေဇာ္မင္းႏုိင္။ ။ လံုေလာက္ခ်က္ ရွိမရွိ၊ ေလာေလာဆယ္ လူနာက ေကာင္းပါတယ္။ လူနာက ေဆးသြင္းရတဲ႔ အေျခအေန မရိွဘူး။ တကယ္ ဆိုလို႔ ရွိရင္ Positive တာ မေတြ႔လို႔ ရွိရင္ သာမန္ ျပည္သူ တေယာက္လို သြားလို႔ လာလို႔ ရတဲ႔ အေျခအေနပါ။ အေျခအေန ေကာင္းပါတယ္ေနာ္။ ဟိုလိုႀကီး လႊဲတယ္ ဘာတယ္ အဲဒါကေတာ့ အထက္ရဲ႕ လမ္းညႊန္ခ်က္ကို က်ေနာ္တို႔ ေစာင့္ေနပါတယ္။

သိဂၤ ီထုိက္။ ။ အဲေတာ့ တီးတိန္မွာဘဲ ဆက္ထားမွာလား ဆရာ၊ သူ႔ကို ရန္ကုန္လႊဲဖို႔ ရွိပါလား။

ေဒါက္တာ ေဇာ္မင္းႏုိင္။ ။ အဲဒါကေတာ့ က်ေနာ္တို႔ ဆံုးျဖတ္ႏုိင္တဲ႔ အင္အား မဟုတ္ပါဘူးဗ်ာ။

တီးတိန္က လူနာရဲ႕ အေျခအေနကေတာ့ တည္တည္ၿငိမ္ၿငိမ္ ရွိေနေၾကာင္း၊ ေနာက္ တီးတိန္ကို ေရာက္ေနတဲ႔ လူနာ သြားလာခဲ႔ရာ လမ္းေၾကာင္းတေလွ်ာက္သူနဲ႔ ထိေတြ႔ ဆက္ဆံခဲ႔သူ အားလံုးကိုလည္း သီတင္း ၂ ပတ္ သီးျခားခြဲ ေနထိုင္ဖို႔ အဂၤါေန႔မွာ အာဏာပိုင္တို႔ ေဆာင္ရြက္ ထားပါတယ္။ မဂၤလာေဆာင္ အႀကိဳ ဓာတ္ပံုသြားရိုက္ခဲ႔တဲ႔ ကေလးၿမိဳ႕ ဓာတ္ပံုတိုက္က မိသားစုကိုလည္း အဂၤါေန႔က စၿပီး သီတင္း ၂ ပတ္ အိမ္ထဲမွာဘဲ သီးျခားေနဖို႔ အာဏာပိုင္တို႔က စီစဥ္ထားပါတယ္။ ဓာတ္ပံုတိုက္ ပိုင္ရွင္ Suan Taung က ဗီြအိုေအကို အခုလို ေျပာပါတယ္။

“ ေလာေလာဆယ္ေတာ့ အခု တရက္ဘဲ ရွိေသးတယ္ ဆိုေတာ့ လူေတြက သူတို႔ ရိုက္တဲ႔ ဆိုင္ ဆိုၿပီးေတာ့ လာမွာေတာ့ မဟုတ္ေတာ့ဘူးေပါ့ေနာ္ ဧည့္သည္ေတာ့။ ဆိုင္ပိတ္တဲ႔ သေဘာမ်ိဳး ျဖစ္သြားတာေပါ့ေနာ္။ ေလာေလာဆယ္ေတာ့ ဘာမွလည္း မျဖစ္ပါဘူး။ က်ေနာ္တို႔ ကေတာ့။ လူေတြကလည္း ပံုမွန္ပါဘဲ။ က်ေနာ္တို႔ဟာ က်ေနာ္တို႔ ဒီေန႔ ေဆးရံု အဖြဲ႔ေတြ လာၿပီးေတာ့ ခနေလာက္ ခင္ဗ်ားတို႔ဘဲ သပ္သပ္ ေနေပးလို႔ ရမလားဆိုေတာ့ ေနလိုက္တာေပါ့။ အာဏာပိုင္ေတြ လုပ္ထားတာ ဆိုေတာ့ေလ။ ဟုတ္ကဲ႔ပါ ဆိုၿပီး ေနလိုက္တာပါ။ လူေတြကလည္း ဘာမွ မေျပာပါဘူး။ ဟိုလူကလည္း ဘာမွ မျဖစ္ဘူးဆိုေတာ့ ေလေနာ္ ေလာေလာဆယ္။ ဒီမွာက က်ေနာ္နဲ႔ က်ေနာ္႔ မိန္းမနဲ႔ ကေလး ၂ ေယာက္၊ ၂ ႏွစ္ခြဲ တေယာက္၊ ၆ ႏွစ္ တေယာက္။ ”

တီးတိန္ၿမိဳ႕နယ္ ေဆးရံုမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံ အတည္ျပဳ လူနာ တဦး ရွိေနေၾကာင္း တနလာၤေန႔က သတင္းထြက္လာၿပီးေနာက္ အဂၤါေန႔မွာ အနီးအနားက ကေလးၿမိဳ႕က လူေတြကိုလည္း ၿမိဳ႕ျပင္ထြက္ခြင့္ အာဏာပိုင္တို႔က ပိတ္လုိက္ပါတယ္။ ေဒသခံ တခ်ိဳ႕က စိုးရိမ္စိတ္နဲ႔ တျခားေဒသေတြကို သြားဖို႔ ျပင္ဆင္ခဲ႔ၾကတာပါ။ တခ်ိန္တည္းမွာဘဲ လူနာ ရွိေနရာ တီးတိန္ၿမိဳ႕မွာလည္း လူေတြ အိမ္ျပင္ မထြက္ၾကဖို႔ အာဏာပိုင္တို႔က ေဆာ္ၾသထားတယ္လို႔ ေဒသခံ Tha Cin က ေျပာပါတယ္။

“ က်ေနာ္တို႔ေတာ့ ဟုတ္တယ္ ေၾကာက္တယ္။ စိုးရိမ္ ထိတ္လန္႔ၾကတာေပါ့ေနာ္။ အျပင္မထြက္ရဲၾကဘူး။ တခ်ိဳ႕ ေက်ာင္းေတြ၊ က်မ္းစာ ေက်ာင္းေတြ ဘာေတြ ဆိုလည္း သူတို႔လည္း ပိတ္တယ္။ ရြာမွာ ျပန္ၾကတယ္။ ေက်ာင္းဆရာေတြကေန ျပန္ခုိင္းေနတယ္။ အဲလိုမ်ိဳး။ နည္းနည္းေတာ့ ေၾကာက္ၾကတယ္။ တခ်ိဳ႕ေတြ ဆုိလို႔ ရွိရင္ ဆန္ေတြ ေျပးၿပီးေတာ့ ၀ယ္ထားၾကတယ္။ လုေနၾကတယ္။ (အဂၤါေန႔) ဒီမနက္ ၈ နာရီ ၉ နာရီေလာက္ ထင္တယ္ တခါ ေၾကညာတယ္၊ ေနာက္ၿပီးေတာ့ ည မိုးခ်ဳပ္မွ တခါျပန္ ေၾကညာတယ္။ ျဖစ္ႏုိင္လို႔ ရွိရင္ ကိစၥ မရွိဘူးဆိုရင္ အိမ္ထဲမွာဘဲ ေနၾကပါ အဲလိုမ်ိဳး ေျပာတယ္။ ”

တီးတိန္ ျပည္သူ႔ေဆးရံုမွာ ေစာင့္ေရွာက္မႈ ေပးေနတဲ႔ လူနာကေတာ့ အေမရိကန္ ျပည္ေထာင္စုမွာ အၿမဲတမ္းေနထိုင္ခြင့္ရ ျမန္မာႏုိင္ငံသား ျဖစ္ၿပီး ကိုယ္ပူလာတဲ႔ အတြက္ ဓာတ္ခြဲစမ္းသပ္ခဲ႔ၿပီးေနာက္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံအျဖစ္ အတည္ျပဳခဲ႔တာ ျဖစ္ပါတယ္။

ရန္ကုန္တုိင္း ေ၀ဘာဂီ ေဆးရံုမွာ သီးျခားထား ကုသေပးေနတဲ႔ အဂၤလန္က ျပန္လာတဲ႔ ျမန္မာႏုိင္ငံသားကေတာ့ ၂၂ ရက္ေန႔က ျမန္မာႏုိင္ငံကို ျပန္လည္ ဆိုက္ေရာက္လာသူ ျဖစ္ေၾကာင္း၊ ျပန္လာဆိုက္ေရာက္လာခ်ိန္မွာ လွည္းကူးမွာ သီးျခားေစာင့္ၾကပ္ၾကည့္ရႈခဲ႔ၿပီးေနာက္ အဲဒီ ၂၂ ရက္ေန႔ ညမွာဘဲ ေမွာ္ဘီက အရွင္ ေဆကိႏၵာရာမရဲ႕ ဘုန္းႀကီးေက်ာင္းကို ေျပာင္းေရႊ႕ ေစာင့္ၾကည့္ခဲ႔ေၾကာင္း က်န္းမာေရးနဲ႔ အားကစား ၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အဂၤလန္က ျပန္လာတဲ႔ အသက္ ၂၆ ႏွစ္ အရြယ္ အမ်ိဳးသားကေတာ့ ျပန္ေရာက္လာကတည္းက ကိုယ္ပူခ်ိန္တက္တာမ်ိဳး ဖ်ားနာတာမ်ိဳး မရွိဘူးလို႔လည္း ၀န္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။ ကိုယ္ပူဖ်ားနာျခင္း မရွိဘဲ သူ႔ကို ဘာေၾကာင့္ ကိုရိုနာဗိုင္းရပ္စ္ ရွိ မရွိ စစ္ေဆးခဲ႔ သလဲ ဆိုတာ ရွင္းရွင္းလင္းလင္း မရွိသလို ၊ သူနဲ႔ ဆက္စပ္ ပတ္သက္မႈေတြကိုလည္း မသိရပါဘူး။ ဒါေပမယ့္ ရန္ကုန္ အမ်ိဳးသား ဓာတ္ခြဲခန္းက COVID -19 ကူးစက္ခံ အျဖစ္ အတည္ျပဳထားတဲ႔ လူနာ ၂ ဦးရဲ႕ ဓာတ္ခြဲ နမူနာေတြကို ကမၻာ့က်န္းမာေရး အဖြဲ႔ ဓာတ္ခြဲခန္းကို အဂၤါေန႔မွာ ေပးပို႔ၿပီး အတည္ျပဳခ်က္ ယူမယ္လို႔ ေျပာဆိုထားၿပီး အဲဒီက ရလဒ္ေတြေတာ့ ထြက္ေပၚမလာေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


....................

တီးတိန်က COVID-19 လူနာနှင့် ထိတွေ့ခဲ့သူတွေကို ၁၄ရက် ခွဲထားနိုင်ဖို့ အာဏာပိုင်တွေ စီစဉ်နေ

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ တဦး ထပ်မံ အတည်ပြု တွေ့ရှိကြောင်း ဗုဒ္ဓဟူးနေ့ မနက် ၁ နာရီ အချိန်မှာ မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်တာကြောင့် COVID -19 အတည်ပြု လူနာ ၃ ဦးရှိသွားပြီ ဖြစ်ပါတယ်။ မသိင်္ဂ ီထိုက်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အခုနောက်ဆုံး အတည်ပြု လူနာကတော့ အင်္ဂလန်ကနေ မတ်လ ၂၁ ရက်နေ့ ထိုင်းနိုင်ငံကနေ တဆင့် မြန်မာနိုင်ငံကို ပြန်လည် ဆိုက်ရောက်လာသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီ လူနာကို အင်းစိန် ပြည်သူ့ဆေးရုံမှာ သီးခြားထား စောင့်ကြပ် ကုသနေပြီး အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့လည်း သတင်းထုတ်ထားပါတယ်။ တခြား လူနာ ၂ ဦးကတော့ တီးတိန်မှာ တဦး ရန်ကုန်တိုင်း ဝေဘာဂီဆေးရုံမှာ တဦးတို့ ဖြစ်ပါတယ်။ လူနာ ၂ ဦးလုံး အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိတယ်လို့လည်း ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံက ဒေါက်တာ ဇော်မင်းနိုင်ကို လူနာ အခြေအနေ ဆက်သွယ်ကြည့်တာမှာ အခုလို ပြောပါတယ်။

သိင်္ဂ ီထိုက်။ ။ လက်ထောက် ဆရာဝန်တွေ ထပ်ပို့ပေးတယ် ဆိုတော့ အခြေအနေ သိချင်လို့ပါ။ ဆရာတို့ လုံလောက်မှု ရှိရဲ့လား ဒီကိစ္စ ကိုင်တွယ်ဖို့ ဆရာတို့ ဘာတွေလိုလဲ။ အဲဒါတွေ သိချင်ပါတယ်ရှင့်။

ဒေါက်တာ ဇော်မင်းနိုင်။ ။ အဲဒါတွေက ရုံးချုပ်ကနေ အင်အားဖြည့်တာပါ။ စေတနာ့ဝန်ထမ်း အင်အား ဖြည့်တာပါ။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ ဆရာတို့ အခုလောလောဆယ် ဒီလူနာကို ကုသပေးတဲ့ အပိုင်းမှာရော လုံလောက်မှု ရှိပါရဲ့လား။ ဆရာတို့ ဘာတွေ လိုပါလဲ။

ဒေါက်တာ ဇော်မင်းနိုင်။ ။ ဘယ်လို အပိုင်းကို ဆိုလိုချင်လဲ မသိဘူး။

သိင်္ဂ ီထိုက်။ ။ ကုသရေး၊ နောက် သူ့ကို ထိန်းသိမ်း စောင့်ရှောက်ရေးပေါ့ ဆရာ။

ဒေါက်တာ ဇော်မင်းနိုင်။ ။ လုံလောက်ချက် ရှိမရှိ၊ လောလောဆယ် လူနာက ကောင်းပါတယ်။ လူနာက ဆေးသွင်းရတဲ့ အခြေအနေ မရှိဘူး။ တကယ် ဆိုလို့ ရှိရင် Positive တာ မတွေ့လို့ ရှိရင် သာမန် ပြည်သူ တယောက်လို သွားလို့ လာလို့ ရတဲ့ အခြေအနေပါ။ အခြေအနေ ကောင်းပါတယ်နော်။ ဟိုလိုကြီး လွှဲတယ် ဘာတယ် အဲဒါကတော့ အထက်ရဲ့ လမ်းညွှန်ချက်ကို ကျနော်တို့ စောင့်နေပါတယ်။

သိင်္ဂ ီထိုက်။ ။ အဲတော့ တီးတိန်မှာဘဲ ဆက်ထားမှာလား ဆရာ၊ သူ့ကို ရန်ကုန်လွှဲဖို့ ရှိပါလား။

ဒေါက်တာ ဇော်မင်းနိုင်။ ။ အဲဒါကတော့ ကျနော်တို့ ဆုံးဖြတ်နိုင်တဲ့ အင်အား မဟုတ်ပါဘူးဗျာ။

တီးတိန်က လူနာရဲ့ အခြေအနေကတော့ တည်တည်ငြိမ်ငြိမ် ရှိနေကြောင်း၊ နောက် တီးတိန်ကို ရောက်နေတဲ့ လူနာ သွားလာခဲ့ရာ လမ်းကြောင်းတလျှောက်သူနဲ့ ထိတွေ့ ဆက်ဆံခဲ့သူ အားလုံးကိုလည်း သီတင်း ၂ ပတ် သီးခြားခွဲ နေထိုင်ဖို့ အင်္ဂါနေ့မှာ အာဏာပိုင်တို့ ဆောင်ရွက် ထားပါတယ်။ မင်္ဂလာဆောင် အကြို ဓာတ်ပုံသွားရိုက်ခဲ့တဲ့ ကလေးမြို့ ဓာတ်ပုံတိုက်က မိသားစုကိုလည်း အင်္ဂါနေ့က စပြီး သီတင်း ၂ ပတ် အိမ်ထဲမှာဘဲ သီးခြားနေဖို့ အာဏာပိုင်တို့က စီစဉ်ထားပါတယ်။ ဓာတ်ပုံတိုက် ပိုင်ရှင် Suan Taung က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ လောလောဆယ်တော့ အခု တရက်ဘဲ ရှိသေးတယ် ဆိုတော့ လူတွေက သူတို့ ရိုက်တဲ့ ဆိုင် ဆိုပြီးတော့ လာမှာတော့ မဟုတ်တော့ဘူးပေါ့နော် ဧည့်သည်တော့။ ဆိုင်ပိတ်တဲ့ သဘောမျိုး ဖြစ်သွားတာပေါ့နော်။ လောလောဆယ်တော့ ဘာမှလည်း မဖြစ်ပါဘူး။ ကျနော်တို့ ကတော့။ လူတွေကလည်း ပုံမှန်ပါဘဲ။ ကျနော်တို့ဟာ ကျနော်တို့ ဒီနေ့ ဆေးရုံ အဖွဲ့တွေ လာပြီးတော့ ခနလောက် ခင်ဗျားတို့ဘဲ သပ်သပ် နေပေးလို့ ရမလားဆိုတော့ နေလိုက်တာပေါ့။ အာဏာပိုင်တွေ လုပ်ထားတာ ဆိုတော့လေ။ ဟုတ်ကဲ့ပါ ဆိုပြီး နေလိုက်တာပါ။ လူတွေကလည်း ဘာမှ မပြောပါဘူး။ ဟိုလူကလည်း ဘာမှ မဖြစ်ဘူးဆိုတော့ လေနော် လောလောဆယ်။ ဒီမှာက ကျနော်နဲ့ ကျနော့် မိန်းမနဲ့ ကလေး ၂ ယောက်၊ ၂ နှစ်ခွဲ တယောက်၊ ၆ နှစ် တယောက်။ ”

တီးတိန်မြို့နယ် ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြု လူနာ တဦး ရှိနေကြောင်း တနလာၤနေ့က သတင်းထွက်လာပြီးနောက် အင်္ဂါနေ့မှာ အနီးအနားက ကလေးမြို့က လူတွေကိုလည်း မြို့ပြင်ထွက်ခွင့် အာဏာပိုင်တို့က ပိတ်လိုက်ပါတယ်။ ဒေသခံ တချို့က စိုးရိမ်စိတ်နဲ့ တခြားဒေသတွေကို သွားဖို့ ပြင်ဆင်ခဲ့ကြတာပါ။ တချိန်တည်းမှာဘဲ လူနာ ရှိနေရာ တီးတိန်မြို့မှာလည်း လူတွေ အိမ်ပြင် မထွက်ကြဖို့ အာဏာပိုင်တို့က ဆော်သြထားတယ်လို့ ဒေသခံ Tha Cin က ပြောပါတယ်။

“ ကျနော်တို့တော့ ဟုတ်တယ် ကြောက်တယ်။ စိုးရိမ် ထိတ်လန့်ကြတာပေါ့နော်။ အပြင်မထွက်ရဲကြဘူး။ တချို့ ကျောင်းတွေ၊ ကျမ်းစာ ကျောင်းတွေ ဘာတွေ ဆိုလည်း သူတို့လည်း ပိတ်တယ်။ ရွာမှာ ပြန်ကြတယ်။ ကျောင်းဆရာတွေကနေ ပြန်ခိုင်းနေတယ်။ အဲလိုမျိုး။ နည်းနည်းတော့ ကြောက်ကြတယ်။ တချို့တွေ ဆိုလို့ ရှိရင် ဆန်တွေ ပြေးပြီးတော့ ဝယ်ထားကြတယ်။ လုနေကြတယ်။ (အင်္ဂါနေ့) ဒီမနက် ၈ နာရီ ၉ နာရီလောက် ထင်တယ် တခါ ကြေညာတယ်၊ နောက်ပြီးတော့ ည မိုးချုပ်မှ တခါပြန် ကြေညာတယ်။ ဖြစ်နိုင်လို့ ရှိရင် ကိစ္စ မရှိဘူးဆိုရင် အိမ်ထဲမှာဘဲ နေကြပါ အဲလိုမျိုး ပြောတယ်။ ”

တီးတိန် ပြည်သူ့ဆေးရုံမှာ စောင့်ရှောက်မှု ပေးနေတဲ့ လူနာကတော့ အမေရိကန် ပြည်ထောင်စုမှာ အမြဲတမ်းနေထိုင်ခွင့်ရ မြန်မာနိုင်ငံသား ဖြစ်ပြီး ကိုယ်ပူလာတဲ့ အတွက် ဓာတ်ခွဲစမ်းသပ်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံအဖြစ် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဝေဘာဂီ ဆေးရုံမှာ သီးခြားထား ကုသပေးနေတဲ့ အင်္ဂလန်က ပြန်လာတဲ့ မြန်မာနိုင်ငံသားကတော့ ၂၂ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည် ဆိုက်ရောက်လာသူ ဖြစ်ကြောင်း၊ ပြန်လာဆိုက်ရောက်လာချိန်မှာ လှည်းကူးမှာ သီးခြားစောင့်ကြပ်ကြည့်ရှုခဲ့ပြီးနောက် အဲဒီ ၂၂ ရက်နေ့ ညမှာဘဲ မှော်ဘီက အရှင် ဆေကိန္ဒာရာမရဲ့ ဘုန်းကြီးကျောင်းကို ပြောင်းရွှေ့ စောင့်ကြည့်ခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အင်္ဂလန်က ပြန်လာတဲ့ အသက် ၂၆ နှစ် အရွယ် အမျိုးသားကတော့ ပြန်ရောက်လာကတည်းက ကိုယ်ပူချိန်တက်တာမျိုး ဖျားနာတာမျိုး မရှိဘူးလို့လည်း ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ကိုယ်ပူဖျားနာခြင်း မရှိဘဲ သူ့ကို ဘာကြောင့် ကိုရိုနာဗိုင်းရပ်စ် ရှိ မရှိ စစ်ဆေးခဲ့ သလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသလို ၊ သူနဲ့ ဆက်စပ် ပတ်သက်မှုတွေကိုလည်း မသိရပါဘူး။ ဒါပေမယ့် ရန်ကုန် အမျိုးသား ဓာတ်ခွဲခန်းက COVID -19 ကူးစက်ခံ အဖြစ် အတည်ပြုထားတဲ့ လူနာ ၂ ဦးရဲ့ ဓာတ်ခွဲ နမူနာတွေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ဓာတ်ခွဲခန်းကို အင်္ဂါနေ့မှာ ပေးပို့ပြီး အတည်ပြုချက် ယူမယ်လို့ ပြောဆိုထားပြီး အဲဒီက ရလဒ်တွေတော့ ထွက်ပေါ်မလာသေးပါဘူး။

XS
SM
MD
LG