သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲေဆာက္မွာ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါရွင္တဦးေတြ႔


ထိုင္းနယ္စပ္ ျမ၀တီဂိတ္မွာ အပူခ်ိန္ တိုင္းတာေနပံု (သတင္းဓာတ္ပံု - မတ္ ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕မွာ အေျခစိုက္ၿပီး ျမန္မာနယ္စပ္စီးပြားေရးမွာ ပတ္သက္ေနတဲ့ တဦး ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရတယ္လို႔ စမ္းသပ္ေတြ႔ရိွတာေၾကာင့္ နယ္စပ္က ျမန္မာအသိုင္းအ၀ိုင္းေတြအၾကားေရာ၊ နယ္စပ္အကူးအလူးမွာပါ စိုးရိမ္စရာေတြ ျဖစ္ေနပါတယ္။ ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။ ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ျမိဳ႕မွာ ကိုဗစ္ေရာဂါ ကူးစက္ေနသူ တဦး စတင္ေတြ႔ရွိျပီးတဲ့ေနာက္ နယ္စပ္ကျမန္မာေတြၾကား စုိးရိမ္မူေတြ တုိးလာေနတာပါ။ ဒီအေၾကာင္းကုိက်မ မေအးေအးမာ တင္ဆက္ေပးပါမယ္။

ၿပီးခဲ့တဲ့ မတ္လ ၂၀ ရက္ေန ့က ဘန္ေကာက္ကေန မဲေဆာက္ျမိဳ႕ကို ေလေၾကာင္းနဲ႔ ေရာက္ ရွိလာသူ အသက္ ၃၈ နွစ္အရြယ္ ပါကစၥတန္ နိုင္ငံသား တဦးဟာ ကိုရိုနာ(ကိုဗစ္)ေရာဂါပိုး ရွိေနျပီး မဲေဆာက္ေဆးရံုၾကီးမွာ အေရးေပၚ ကုသေပးေနျပီလို ့ ထိုင္းသတင္းေတြမွာ တရား၀င္ ေဖာ္ျပလိုက္ပါတယ္။

ဂ်ပန္ကေန လိုင္စင္မဲ့ ကားအေဟာင္းေတြကို နယ္စပ္ ၁၃ ဂိတ္ကေန ျမန္မာနုိင္ငံနယ္ျခားေစာင့္ ဂိတ္ျဖစ္တဲ့ BGF ဂိတ္ဘက္ကုိ ေလွလမ္းေတြက တဆင့္တင္ပို႔ ေရာင္းေနတဲ့စီးပြားေရး သမား တဦးျဖစ္တဲ့ ပါကစၥတန္ နိုင္ငံသားဟာ ဘန္ေကာက္ပတၱရာျမိဳ႕ကို လည္ပတ္ခဲ့ျပီး ဘန္ေကာက္ ဒြန္ေမာင္းေလဆိပ္ကေန မဲေဆာက္ကုိ ျပန္ေရာက္လာတာပါ။

သူရဲ႕ အမ်ိဳးသမီးျဖစ္သူ ထိုင္းေက်ာင္းဆရာမနဲ ့မဲေဆာက္ျမိဳ႕တခြင္ကုိ ေလွ်ာက္လည္ခဲ့ျပီး အဖ်ားတက္ ေခ်ာင္းဆိုး ၀မ္းေလွ်ာစတာေတြ ျဖစ္လာတာေၾကာင့္ မဲေဆာက္ပုဂၢလိက ေဆးရံု တခုျဖစ္တဲ့ RAM ေဆးရံုကုိ အရင္ဆံုးတက္ေရာက္ကုသခဲ့ျပီး ေနာက္အဲဒီေဆးရံုကေနတဆင့္ မဲေဆာက္ေဆးရံုၾကီးကို လႊဲေျပာင္းေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

၁၃ ဂိတ္မွာ ကားအေရာင္းအ၀ယ္ လုပ္ေနတဲ့ ျမန္မာႏို္င္ငံသား တဦးကေတာ့ အခုလိုေျပာျပပါတယ္။

"ပါကစၥတန္က ျပန္လာတာ ဘန္ေကာက္မွာ ဆင္းျပီး ပတၱရားမွာသြားေနတာ ပထရာက ေန ၂၀ ရက္ေန႔ထိေနျပီး က်ေနာ္တုိ႔က ေသာၾကာဗလီမွာ ဘယ္မွာ သြားရွစ္ခိုးလဲ လိုက္စံုစမ္းေတာ့ ဗလီမွာ မရွစ္ခိုးေသးဘူး ... လမ္းမွာပဲ ရွိေသးတယ္။ ေဆးရံုမွာရိွတဲ့ သူ႔ေကာင္မေလးကိုေမးေတာ့ သူက ဘယ္ေနရာသြားလဲဆုိေတာ့ ၅ နာရီခဲြက စတယ္၊ ဘယ္ႏွစ္နာရီမွာဘယ္ကုိသြားလဲဆုိတာ ေရးထားတယ္။ က်ေနာ္တို႔ ဂိတ္အေနအထားကို ၾကည့္ေတာ့ သူက ဂိတ္ကုိ မေရာက္လာေသးဘူး။ သူမေရာက္ခင္ ဂိတ္က ၁၈ ရက္ေန႔ထဲက ပိ္တ္လိုက္ျပီ။"

ေနာက္ဆံုးသတင္းအရ သူနဲ႔အတူ အနီးဆံုး ေနထုိင္သူ တဦးနဲ႔အတူ ေနာက္ထပ္ ငါး ဦးလည္း မဲေဆာက္ေဆးရံု ေရာက္လာျပီး သံသယလူနာအျဖစ္ စိစစ္ခံေနရပါတယ္။ သူနဲ႔အတူ ဘန္ေကာက္ ဒြန္ေမာင္းေလဆိပ္ကေန မဲေဆာက္ကို လာၾကတဲ့ လူ ၁၈ ဦးကိုလည္း ေဆးစစ္ေဆးမႈေတြ လုပ္ဖို႔ ထုိင္းအစိုးရက လိုက္လံ စံုစမ္းေနပါတယ္။ အခု ကိုရိုနာဗုိင္းရပ္စ္ပုိးေတြ႔ရွိသူဟာ ျမန္မာျပည္ ကရင္ျပည္နယ္ ျမ၀တီခရိုင္ဘက္နဲ႔ ဆက္စပ္ျပီး အလုပ္လုပ္ကုိင္ေနသူမို႔ ျမ၀တီခရိုင္အုပ္ခ်ဳပ္ေရးမွွဴး ဦးေတဇာေအာင္ကို ေမးၾကည့္တဲ့အခါမွာ အရင္တုန္းက ၀င္ထြက္သြားလာမႈ ရွိ၊ မရွိဆုိတာအေသးစိတ္ စံုစမ္းမႈေတြလုပ္ေနတယ္လုိ႔ ဆိုပါတယ္။

"မတ္လ၂၁၊ ၂၂၊ ၂၃ စတဲ့ သံုးရက္ကေတာ့ ကာလေတြမွာေတာ့ တာ့ခရိုင္မွာလည္း ပိတ္ထားတယ္။ က်ေနာ္တို႔ဘက္ကလည္း ပိတ္ထားတယ္။ အဲဒီေတာ့ က်ေနာ္တို႔ လုပ္ထားတဲ့အေနအထားအရ ဒီဘက္ကိုကူးလာတဲ့ အေနအထားေတာ့ မရွိဘူးခင္ဗ်။ ဒါေပမဲ့ အရင္က
၀င္ဘူးသလားဆိုတာ မသိနိုင္ဘူးေပါ့ေလ။ လတ္တေလာ အေနအထားအရေတာ့ က်ေနာ္တို႔ အေသးစိတ္ စံုစမ္းစစ္ေဆးမႈေတြ လုပ္ေနပါတယ္။ ျမန္မာႏိုင္ငံမွာလည္း ႏွစ္ဦးေတြ႔ၿပီလို ့သတင္းထုတ္ျပန္ထားတဲ့အတြက္ အားလံုးက ေတာ္ေတာ္ကုိ စိုးရိမ္ပူပန္မႈ ရွိေနၾကပါတယ္။"

အခု ရက္ပိုင္းအတြင္းမွာေတာ့ မဲေဆာက္ျမိဳ႕ပိုင္ ဦးေဆာင္ျပီး က်န္းမာေရးနဲ႔ စည္ပင္၀န္ထမ္းေတြဟာ မဲေဆာက္ေစ်းနဲ ့ ျမိဳ႕တြင္းလမ္းမက ေစ်းဆိုင္ေတြကို မီးသတ္ကား ယာဥ္ေတြ သံုးျပီး ေဆးေၾကာသန္ ့ရွင္းေရးေတြ လုပ္ေဆာင္ေနတာပါ။ ထိုင္းက်န္းမာေရး၀န္ၾကီး ဌာနရဲ႕ သတင္းစာရွင္းလင္းခ်က္အရ ထိုင္းႏိုင္ငံတြင္း မတ္လ ၂၄ ရက္ေန႔မွာ ေနာက္ထပ္ COVID-19 ေရာဂါကူးစက္သူု ၁၀၄ ဦး ထပ္တိုးလာျပီး ေသဆံုး ေလးဦးထိ ရွိလာပါတယ္။ကိုရိုနာဗိုင္းရပ္စ္ပိုး ေတြ႔ရိွျပီး ေဆးကုသမႈခံေနတဲ့ လူနာအေရအတြက္ကလည္း ထိုင္းမွာ ၈၂၇ ဦး အထိ ရိွေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

မဲဆောက်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါရှင်တဦးတွေ့

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ အခြေစိုက်ပြီး မြန်မာနယ်စပ်စီးပွားရေးမှာ ပတ်သက်နေတဲ့ တဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ စမ်းသပ်တွေ့ရှိတာကြောင့် နယ်စပ်က မြန်မာအသိုင်းအဝိုင်းတွေအကြားရော၊ နယ်စပ်အကူးအလူးမှာပါ စိုးရိမ်စရာတွေ ဖြစ်နေပါတယ်။ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ကိုဗစ်ရောဂါ ကူးစက်နေသူ တဦး စတင်တွေ့ရှိပြီးတဲ့နောက် နယ်စပ်ကမြန်မာတွေကြား စိုးရိမ်မူတွေ တိုးလာနေတာပါ။ ဒီအကြောင်းကိုကျမ မအေးအေးမာ တင်ဆက်ပေးပါမယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ဘန်ကောက်ကနေ မဲဆောက်မြို့ကို လေကြောင်းနဲ့ ရောက် ရှိလာသူ အသက် ၃၈ နှစ်အရွယ် ပါကစ္စတန် နိုင်ငံသား တဦးဟာ ကိုရိုနာ(ကိုဗစ်)ရောဂါပိုး ရှိနေပြီး မဲဆောက်ဆေးရုံကြီးမှာ အရေးပေါ် ကုသပေးနေပြီလို့ ထိုင်းသတင်းတွေမှာ တရားဝင် ဖော်ပြလိုက်ပါတယ်။

ဂျပန်ကနေ လိုင်စင်မဲ့ ကားအဟောင်းတွေကို နယ်စပ် ၁၃ ဂိတ်ကနေ မြန်မာနိုင်ငံနယ်ခြားစောင့် ဂိတ်ဖြစ်တဲ့ BGF ဂိတ်ဘက်ကို လှေလမ်းတွေက တဆင့်တင်ပို့ ရောင်းနေတဲ့စီးပွားရေး သမား တဦးဖြစ်တဲ့ ပါကစ္စတန် နိုင်ငံသားဟာ ဘန်ကောက်ပတ္တရာမြို့ကို လည်ပတ်ခဲ့ပြီး ဘန်ကောက် ဒွန်မောင်းလေဆိပ်ကနေ မဲဆောက်ကို ပြန်ရောက်လာတာပါ။

သူရဲ့ အမျိုးသမီးဖြစ်သူ ထိုင်းကျောင်းဆရာမနဲ့မဲဆောက်မြို့တခွင်ကို လျှောက်လည်ခဲ့ပြီး အဖျားတက် ချောင်းဆိုး ဝမ်းလျှောစတာတွေ ဖြစ်လာတာကြောင့် မဲဆောက်ပုဂ္ဂလိက ဆေးရုံ တခုဖြစ်တဲ့ RAM ဆေးရုံကို အရင်ဆုံးတက်ရောက်ကုသခဲ့ပြီး နောက်အဲဒီဆေးရုံကနေတဆင့် မဲဆောက်ဆေးရုံကြီးကို လွှဲပြောင်းရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

၁၃ ဂိတ်မှာ ကားအရောင်းအဝယ် လုပ်နေတဲ့ မြန်မာနိုင်ငံသား တဦးကတော့ အခုလိုပြောပြပါတယ်။

"ပါကစ္စတန်က ပြန်လာတာ ဘန်ကောက်မှာ ဆင်းပြီး ပတ္တရားမှာသွားနေတာ ပထရာက နေ ၂၀ ရက်နေ့ထိနေပြီး ကျနော်တို့က သောကြာဗလီမှာ ဘယ်မှာ သွားရှစ်ခိုးလဲ လိုက်စုံစမ်းတော့ ဗလီမှာ မရှစ်ခိုးသေးဘူးလမ်းမှာပဲ ရှိသေးတယ်။ ဆေးရုံမှာရှိတဲ့ သူ့ကောင်မလေးကိုမေးတော့ သူက ဘယ်နေရာသွားလဲဆိုတော့ ၅ နာရီခွဲက စတယ်၊ ဘယ်နှစ်နာရီမှာဘယ်ကိုသွားလဲဆိုတာ ရေးထားတယ်။ ကျနော်တို့ ဂိတ်အနေအထားကို ကြည့်တော့ သူက ဂိတ်ကို မရောက်လာသေးဘူး။ သူမရောက်ခင် ဂိတ်က ၁၈ ရက်နေ့ထဲက ပိတ်လိုက်ပြီ။"

နောက်ဆုံးသတင်းအရ သူနဲ့အတူ အနီးဆုံး နေထိုင်သူ တဦးနဲ့အတူ နောက်ထပ် ငါး ဦးလည်း မဲဆောက်ဆေးရုံ ရောက်လာပြီး သံသယလူနာအဖြစ် စိစစ်ခံနေရပါတယ်။ သူနဲ့အတူ ဘန်ကောက် ဒွန်မောင်းလေဆိပ်ကနေ မဲဆောက်ကို လာကြတဲ့ လူ ၁၈ ဦးကိုလည်း ဆေးစစ်ဆေးမှုတွေ လုပ်ဖို့ ထိုင်းအစိုးရက လိုက်လံ စုံစမ်းနေပါတယ်။ အခု ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ မြန်မာပြည် ကရင်ပြည်နယ် မြဝတီခရိုင်ဘက်နဲ့ ဆက်စပ်ပြီး အလုပ်လုပ်ကိုင်နေသူမို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကို မေးကြည့်တဲ့အခါမှာ အရင်တုန်းက ဝင်ထွက်သွားလာမှု ရှိ၊ မရှိဆိုတာအသေးစိတ် စုံစမ်းမှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။

"မတ်လ၂၁၊ ၂၂၊ ၂၃ စတဲ့ သုံးရက်ကတော့ ကာလတွေမှာတော့ တာ့ခရိုင်မှာလည်း ပိတ်ထားတယ်။ ကျနော်တို့ဘက်ကလည်း ပိတ်ထားတယ်။ အဲဒီတော့ ကျနော်တို့ လုပ်ထားတဲ့အနေအထားအရ ဒီဘက်ကိုကူးလာတဲ့ အနေအထားတော့ မရှိဘူးခင်ဗျ။ ဒါပေမဲ့ အရင်က
ဝင်ဘူးသလားဆိုတာ မသိနိုင်ဘူးပေါ့လေ။ လတ်တလော အနေအထားအရတော့ ကျနော်တို့ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ မြန်မာနိုင်ငံမှာလည်း နှစ်ဦးတွေ့ပြီလို့သတင်းထုတ်ပြန်ထားတဲ့အတွက် အားလုံးက တော်တော်ကို စိုးရိမ်ပူပန်မှု ရှိနေကြပါတယ်။"

အခု ရက်ပိုင်းအတွင်းမှာတော့ မဲဆောက်မြို့ပိုင် ဦးဆောင်ပြီး ကျန်းမာရေးနဲ့ စည်ပင်ဝန်ထမ်းတွေဟာ မဲဆောက်ဈေးနဲ့ မြို့တွင်းလမ်းမက ဈေးဆိုင်တွေကို မီးသတ်ကား ယာဉ်တွေ သုံးပြီး ဆေးကြောသန့်ရှင်းရေးတွေ လုပ်ဆောင်နေတာပါ။ ထိုင်းကျန်းမာရေးဝန်ကြီး ဌာနရဲ့ သတင်းစာရှင်းလင်းချက်အရ ထိုင်းနိုင်ငံတွင်း မတ်လ ၂၄ ရက်နေ့မှာ နောက်ထပ် COVID-19 ရောဂါကူးစက်သူု ၁၀၄ ဦး ထပ်တိုးလာပြီး သေဆုံး လေးဦး ထိရှိလာပါတယ်။ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီး ဆေးကုသမှုခံနေတဲ့ လူနာအရေအတွက်ကလည်း ထိုင်းမှာ ၈၂၇ ဦး အထိ ရှိနေပါတယ်။

XS
SM
MD
LG