သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏုိင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၆၀၀ နီးပါးရွိလာ


ဘန္ေကာက္ၿမိဳ႕ ေခါက္ဆန္လမ္းရွိ ဘားဆုိင္မ်ားကုိ ပိတ္သိမ္းရန္ ေျပာၾကားေနသည့္ ထုိင္းတာဝန္ရွိသူအခ်ဳိ႕။ (မတ္ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ထုိင္းႏိုင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူေပါင္း ၆၀၀ နီးပါးအထိ ရွိလာေၾကာင္း တနဂၤေႏြေန႔မွာ ထိုင္းအစိုးရက အတည္ျပဳ ေျပာဆိုပါတယ္။

ထုိင္းက်န္းမာေရးဝန္ႀကီးဌာန ေၾကညာခ်က္မွာေတာ့ အဓိကကူးစက္တဲ့ ေနရာဟာ ၿမိဳ႕ေတာ္ ဘန္ေကာက္မွာ ျဖစ္ေၾကာင္းနဲ႔ ဗုိင္းရပ္စ္ပိုး ပ်ံ႕ႏွံ႔သြားတာမ်ဳိး မျဖစ္ေအာင္ ၿမိဳ႕သူၿမိဳ႕သားေတြအေနနဲ႔ ဘန္ေကာက္ၿမိဳ႕ကေန တျခားကို ခရီးမသြားၾကဖုိ႔ သတိေပးထားပါတယ္။

ဗုိင္းရပ္စ္ကူးစက္ႏိုင္ေျခ မ်ားပုံရတဲ့ လက္ေဝွ႔႐ံုေတြနဲ႔ ႏုိက္ကလပ္ေတြအတြက္လည္း တင္းက်ပ္တဲ့ စည္းမ်ဥ္းကန္႔သတ္ခ်က္ေတြ ထုတ္ျပန္ထားပါတယ္။ ဒါ့အျပင္ ေစ်းဝယ္စင္တာႀကီးေတြနဲ႔ အလွျပင္ဆုိင္ေတြကစလို႔ ေဂါက္ကြင္းနဲ႔ ေရကူးကန္ေတြအထိ လူအမ်ားသြားလာတဲ့ ေနရာေတြကိုလည္း ပိတ္ထားပါတယ္။

ေဒသခံေတြကလည္း အခုလို အသြားအလာ ပိတ္ပင္မွာကို စိုးရိမ္ၿပီး ဒီသီတင္းပတ္ ပိတ္ရက္ေတြမွာ အစားအစာေတြကို ဝယ္ယူစုေဆာင္းခဲ့ၾကပါတယ္။ သယ္ယူပို႔ေဆာင္ေရး လမ္းေတြကိုလည္း ေလွ်ာ့ခ်ထားပါတယ္။

Thai Lion Air ေလေၾကာင္းလိုင္းက သူ႔ရဲ႕ခရီးစဥ္အားလံုးကို ဖ်က္သိမ္းလိုက္သလို Bangkok Airways နဲ႔ Thai AirAsia တို႔ကလည္း ႏုိင္ငံတကာ ေလေၾကာင္းခရီးစဥ္ေတြကို ဖ်က္သိမ္းခဲ့ၾကပါတယ္။

ထိုင္းႏုိင္ငံေျမာက္ပိုင္း ျမန္မာနဲ႔ နယ္ခ်င္းထိေနတဲ့ ခ်င္း႐ိုင္ၿမိဳ႕မွာဆိုရင္လည္း ျမန္မာနဲ႔ ထုိင္းႏုိင္ငံသားေတြဟာ နယ္စပ္ဂိတ္မပိတ္ခင္ ေနရပ္ျပန္ၾကဖို႔ စိုင္းျပင္းေနၾကတာကို ေတြ႔ေနရပါတယ္။

ဖြံ႔ၿဖိဳးမႈေနာက္က်တဲ့ ျမန္မာနဲ႔ လာအိုႏိုင္ငံေတြမွာေတာ့ ဗုိင္းရပ္စ္ကူးစက္မႈ မရွိဘူးလို႔ အာဏာပိုင္ေတြက အခုိင္အမာ ေျပာဆိုေနမႈေတြအေပၚ သံသယေတြ တိုးလာေနၾကၿပီး ထိရွမခံတဲ့ စီးပြားေရးအေျခအေနနဲ႔ ေခတ္မမီေတာ့တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ စနစ္ေဟာင္းေတြ အေပၚမွာလည္း စိုးရိမ္စိတ္ေတြ တိုးလာေနပါတယ္။

တခ်ိန္တည္းမွာ ကူးစက္ခံရသူ ၁၀၀ ေအာက္မွာပဲ ရွိေသးတဲ့ ဗီယက္နမ္ႏုိင္ငံကေတာ့ စေနေန႔ကစၿပီး ႏုိင္ငံျခားသားေတြ အားလံုးကို ျပည္ဝင္ခြင့္ ပိတ္ပင္လိုက္ပါတယ္။

ခ်ဴလာေလာင္ကြန္းေဆး႐ံုက ဆရာဝန္တေယာက္ကေတာ့ ျပည္သူေတြကို တဦးခ်င္း သီးသန္႔စီ ေနထုိင္ၾကဖို႔ သီတင္း ၃ ပတ္ မာရွယ္ေလာ ထုတ္သင့္ေၾကာင္းနဲ႔ အခုထက္ပိုၿပီး တင္းက်ပ္တဲ့ စည္းမ်ဥ္းေတြ ထုတ္ျပန္ဖို႔လိုအပ္ေၾကာင္း သတိေပးပါတယ္။

ကို႐ိုနာဗုိ္င္းရပ္စ္ဟာ ေလာေလာဆယ္ အေရွ႕ေတာင္အာရွမွာ ဗုိင္းရပ္စ္ပ်ံ႕ႏွ႔ံမႈ အဆုိးဆံုးျဖစ္ေနၿပီး တကမၻာလံုးမွာ လူေပါင္း ၁ ေသာင္း ၃ ေထာင္ေက်ာ္ ေသဆံုးၿပီးျဖစ္သလို လူေပါင္း ၁ ဘီလီယံကို အိမ္ေတြမွာပဲေနၾကဖို႔ ကန္႔သတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၀၀ နီးပါးရှိလာ

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၆၀၀ နီးပါးအထိ ရှိလာကြောင်း တနင်္ဂနွေနေ့မှာ ထိုင်းအစိုးရက အတည်ပြု ပြောဆိုပါတယ်။

ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကြေညာချက်မှာတော့ အဓိကကူးစက်တဲ့ နေရာဟာ မြို့တော် ဘန်ကောက်မှာ ဖြစ်ကြောင်းနဲ့ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့သွားတာမျိုး မဖြစ်အောင် မြို့သူမြို့သားတွေအနေနဲ့ ဘန်ကောက်မြို့ကနေ တခြားကို ခရီးမသွားကြဖို့ သတိပေးထားပါတယ်။

ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ များပုံရတဲ့ လက်ဝှေ့ရုံတွေနဲ့ နိုက်ကလပ်တွေအတွက်လည်း တင်းကျပ်တဲ့ စည်းမျဉ်းကန့်သတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဈေးဝယ်စင်တာကြီးတွေနဲ့ အလှပြင်ဆိုင်တွေကစလို့ ဂေါက်ကွင်းနဲ့ ရေကူးကန်တွေအထိ လူအများသွားလာတဲ့ နေရာတွေကိုလည်း ပိတ်ထားပါတယ်။

ဒေသခံတွေကလည်း အခုလို အသွားအလာ ပိတ်ပင်မှာကို စိုးရိမ်ပြီး ဒီသီတင်းပတ် ပိတ်ရက်တွေမှာ အစားအစာတွေကို ဝယ်ယူစုဆောင်းခဲ့ကြပါတယ်။ သယ်ယူပို့ဆောင်ရေး လမ်းတွေကိုလည်း လျှော့ချထားပါတယ်။

Thai Lion Air လေကြောင်းလိုင်းက သူ့ရဲ့ခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်သလို Bangkok Airways နဲ့ Thai AirAsia တို့ကလည်း နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာနဲ့ နယ်ချင်းထိနေတဲ့ ချင်းရိုင်မြို့မှာဆိုရင်လည်း မြန်မာနဲ့ ထိုင်းနိုင်ငံသားတွေဟာ နယ်စပ်ဂိတ်မပိတ်ခင် နေရပ်ပြန်ကြဖို့ စိုင်းပြင်းနေကြတာကို တွေ့နေရပါတယ်။

ဖွံ့ဖြိုးမှုနောက်ကျတဲ့ မြန်မာနဲ့ လာအိုနိုင်ငံတွေမှာတော့ ဗိုင်းရပ်စ်ကူးစက်မှု မရှိဘူးလို့ အာဏာပိုင်တွေက အခိုင်အမာ ပြောဆိုနေမှုတွေအပေါ် သံသယတွေ တိုးလာနေကြပြီး ထိရှမခံတဲ့ စီးပွားရေးအခြေအနေနဲ့ ခေတ်မမီတော့တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ဟောင်းတွေ အပေါ်မှာလည်း စိုးရိမ်စိတ်တွေ တိုးလာနေပါတယ်။

တချိန်တည်းမှာ ကူးစက်ခံရသူ ၁၀၀ အောက်မှာပဲ ရှိသေးတဲ့ ဗီယက်နမ်နိုင်ငံကတော့ စနေနေ့ကစပြီး နိုင်ငံခြားသားတွေ အားလုံးကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပါတယ်။

ချူလာလောင်ကွန်းဆေးရုံက ဆရာဝန်တယောက်ကတော့ ပြည်သူတွေကို တဦးချင်း သီးသန့်စီ နေထိုင်ကြဖို့ သီတင်း ၃ ပတ် မာရှယ်လော ထုတ်သင့်ကြောင်းနဲ့ အခုထက်ပိုပြီး တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ဖို့လိုအပ်ကြောင်း သတိပေးပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ လောလောဆယ် အရှေ့တောင်အာရှမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှု အဆိုးဆုံးဖြစ်နေပြီး တကမ္ဘာလုံးမှာ လူပေါင်း ၁ သောင်း ၃ ထောင်ကျော် သေဆုံးပြီးဖြစ်သလို လူပေါင်း ၁ ဘီလီယံကို အိမ်တွေမှာပဲနေကြဖို့ ကန့်သတ်ထားပါတယ်။

XS
SM
MD
LG