သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားပြန် ထိုင်းနိုင်ငံသားတွေကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးမှာ စိုးရိမ်


ချင်းမိုင်မြို့အတွင်း mask တပ်ထားသည့် ဒေသခံတယောက်ကို တွေ့ရစဉ်
ချင်းမိုင်မြို့အတွင်း mask တပ်ထားသည့် ဒေသခံတယောက်ကို တွေ့ရစဉ်

(Zawgyi/Unicode)

တောင်ကိုရီးယားနိုင်ငံကနေ ထိုင်းနိုင်ငံကို ဗီဇာရက်လွန်ပြီး ဒီရက်ပိုင်းအတွင်းပြန်လာခွင့်ရှိတဲ့ သူတွေထဲကတချို့ဟာ ကိုရိုနာဗိုင်းရပ်စ်စောင်ကြည့်စစ်ဆေးတဲ့ ကာလ ၁၄ရက် အတွင်းအိမ်မှာ မနေပဲ ချင်းမိုင်၊ ချင်းရိုင်ခရိုင်တွေကို သွားလည်ပတ်ခဲ့တာကြောင့် သူတို့ သွားလာခဲ့တဲ့နေရာတွေက ဈေးဆိုင်တွေ ပိတ်ရသလို သူတို့ လည်ပတ်ခဲ့တဲ့ ချင်းရိုင်ခရိုင် ထိုင်း- မြန်မာနယ်စပ်တွေအထိ ပိုးသတ်ဆေးဖျန်းတာတွေကို ထိုင်းအာဏာပိုင်တွေက အရေးတကြီးလုပ်ဆောင်နေရပါတယ်။

ချင်းမိုင်၊ ချင်းရိုင်တွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေ သိန်းနဲ့ ချီရှိတာကြောင့် ဒီခရိုင်တွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားများလည်း ဒီသတင်းကြောင့် စိုးရိမ်မူတွေ တိုးလာနေပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကမ္ဘာတဝှမ်းလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံပွားမူတွေ တိုးလာနေတာကြောင့် တောင်ကိုရီးယားမှာ ခိုးဝင်နေထိုင်နေတဲ့ ထိုင်းနိုင်ငံသား၅ထောင်ကျော် လောက်ဟာ ဒီဇင်ဘာလက စတင်ပြီး မတ်လအတွင်း နေရပ်ပြန်လာနေတာပါ။ ကူးစက်ပြန်ပွားနှုံးမြင့်လာနေတဲ့ တောင်ကိုရီးယား နိုင်ငံမှာ ဗီဇာ သက်တမ်းကျော်ပေမယ့် နေရပ်မပြန်ပဲ အလုပ်ခိုးလုပ်နေသူတွေဟာ အဖမ်းဆီး မလုပ်ဘူးဆိုတာကြောင့် ဖေဖေါ်ဝါရီလထဲမှာ အများဆုံးပြန်လာနေကြပါတယ်။

မတ်လအတွင်း မှာပဲထိုင်းနိုင်ငံ သံရုံး အလုပ်သမားတာဝန်ခံ Yuda Chaem chansri က အသက် ၂၇ နှစ်အရွယ် ဗီဇာသက်တမ်းကုန်နေတဲ့ ထိုင်းနိုင်ငံသူ တစ်ဦးဟာ ရောဂါပိုးရှိနေကြောင်း သတင်းပို့ ခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံကို ပြန်ရောက်ရှိလာသူတွေထဲမှာ ရောဂါကူးစက်သူတွေပါလာမှာ စိုရိမ်မှုတွေ တိုးလာတာကြောင့်စစ်ဆေးမူတွေ ပိုလုပ်လာပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အရှိန်မြှင့်လုပ်ဆောင်နေတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

ကိုရီးယားက ပြန်လာတဲ့သူတွေထဲက ဖျားနာနေသူတွေကို ရောဂါတိုက်ဖျက်ရေးဆေးရုံတွေမှာ ဆေးစစ်ဖို့ ခေါ်ဆောင်ပြီး အဖျားမရှိတဲ့သူတွေကိုတော့ ၁၄ရက် အိမ်ထဲမှာ နေထိုင်ပြီး ရောဂါပိုး လက္ခဏာ စောင့်ကြည့်ဖို့ ထိုင်းအစိုးရက ထုတ်ပြန်ထားတာပါ။

ခုလို ထုတ်ပြန်ထားတာကို ဖီနွီုင့် လို့ ခေါ်တဲ့ ဗီဇာသက်တမ်းကျော်ပြီး ပြန်လာသူတွေက မလိုက်နာပဲ တစ်နိုင်ငံလုံး လျှောက်လည်တာ ကာရာအိုကေသွားတာ ကုန်တိုက်တွေသွားတာ၊ ပင်လယ် အပျော်ခရီးထွက်တဲ့ ဆဲလ်ဖီ ပုံတွေကို သူတို့ ဖေ့ဘုတ်တွေမှာတင် နေကြပါတယ်။အခုလိုမျိုး လွှတ်ပေးထားရင် အစိုးရအနေနဲ့ ရောဂါပိုး ထိန်းချုပ်ရမှာ ပိုခက်လာလိမ့်လို့ လူမူကွန်ယက်တွေက နေသတိပေးခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ ချင်းမိုင်၊ ချင်းရိုင်ခရိုင် သွားရောက်လည်ပတ်တဲ့ ကိုရီးယား ပြန်အုပ်စုရှိတာကြောင့် သူတို့ လိုက်လံရှာဖွေ စစ်ဆေးနေပါပြီ။

ဒီအတွက် ချင်းမိုင်၊ ချင်းရိုင်တွေမှာ နေထိုင်တဲ့အလုပ်လုပ်နေတဲ့ ရှမ်းနွယ်ဖွား မြန်မာပြည်သားတွေ မှာလည်း စိုးရိမ်မူတွေရှိနေတယ်လို့အိမ်အလုပ်လုပ်ကိုင်နေတဲ့ နမ်းခမ်းက ပြောပြပါတယ်။

“ ချင်းမိုင်မှာ သူတို့ အဖွဲနဲ့လာပြီး မူကထ လာစားတာ။ အဲဒီဆိုင်က မသိလို့ ။ အဲဒီ မူကထဆိုင် (အသားကင်စားတဲ့ဆိုင်)ကလည်း တရက်ပိတ်ပြီး သန့်ရှင်းရေးလုပ်တယ်။ အဲဒီတယောက်ကိုလည်း ဖမ်းနေတယ်။ အဲဒီတယောက်က လာပြီးတော့မှ သူဘာမှမဖြစ်ပါဘူး သူကိုယ်သူယုံကြည်တယ်ပေါ့ ။ အမှန်က နိုင်ငံခြားက ပြန်လာပြီး အိမ်ထဲအိမ်ပြင်မထွက်ရဘူး၁၄ရက်နေ့ရမယ်ဆိုတာသူက ဂရုမစိုက်ဘူးသူဘာမှ မဖြစ်ဘူးလုပ်နေတာ ။ သူလိုက်စားတဲ့ဆိုင်တိုင်း အခု အားလုံး လိုက်ပိတ်နေရတယ် သူလုပ်ပုံနဲ့ အကုန်လုံးကြောက်နေရတယ် ချင်းမိုင်မှာ။”

အခုအခါမှာတော့ ရှမ်းတွေကြားမှာ မျက်နှားဖုံးတပ်ဖို့ ပညာပေးလုပ်ငန်းတွေကို ဆက်တိုက် လုပ်နေကြောင်း ရှမ်းသတင်းစဉ်ရဲ့ အယ်ဒီတာဦးစိုင်းမိန်းကလည်း ပြောပါတယ်

“ရွှေ့ပြောင်းအလုပ်သမားတွေအတွက် MAP ဖောင်ဒေးရှင်း ဆိုတာရှိတယ် အဲဒီရဲ့ အသံလွင့်ရုံမှာနဲ့ ကျနော်တို့ ရှမ်းသံတော်ဆင့် အသံလွင့်ရုံတွေကနေ ကျနော်တို့ ပညာပေးတယ် ။ အဓိက ရောဂါပိုး ကာကွယ်တဲ့ ပါးစပ်ပိတ်တဲ့Mask တွေတပ်ဖို့ ပညာပေးတယ်။”

တောင်ကိုရီးယားက ပြန်လာတဲ့ ထိုင်းနိုင်ငံသားတွေ လည်ပတ်ခဲ့တဲ့ ဘန်ကောက်က Mall ကုန်တိုက်ကြီး လည်းယာယီပိတ်ပြီး ပိုးသတ် ဆေးဖျန်းနေရသလို ချင်းမိုင်းက ရုပ်ရှင်ရုံတွေ မူကထ (အသားကင်)စားသောက်ဆိုင်တွေနဲ့ ထိုင်း- မြန်မာနယ်စပ်က မဲဆိုင်တမြို့လုံး ချစ်ကြည်ရေးတံတား အထိ ပိုးသတ်ဆေးတွေဖျန်းနေပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.....................


(Unicode)












XS
SM
MD
LG