သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာ အုန်းဖြန် နယ်စပ်လမ်း Coronavirus ကာကွယ်ရေး


ထိုင်း- မြန်မာ နယ်စပ်ရတ်တခု ( မှတ်တမ်းဓါတ်ပုံ)
ထိုင်း- မြန်မာ နယ်စပ်ရတ်တခု ( မှတ်တမ်းဓါတ်ပုံ)

(Zawgyi/Unicode)

တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့တဲ့ Coronavirus ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်နဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်း-မြန်မာနယ်စပ် အုန်းဖြန်မြို့နယ်စပ်ဝင်လမ်းတွေကို အသုံးပြုပြီး ဝင်ထွက် သွားလာနေတဲ့ မြန်မာနိုင်ငံသား (၅၀၀) ထက်မနည်းကို ရောဂါပိုး ကာကွယ်တားဆီးနိုင်ဖို့ ထိုင်းအစိုးရက ကျန်းမာရေး စစ်ဆေးမှုတွေ မတ်လ (၂) ရက်နေ့ကစပြီး လုပ်ဆောင်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံမှာ ပထမဦးဆုံး သေဆုံးမှုသတင်းကို ဖတ်ရှုနိုင်ပါပြီ။

ထိုင်းနိုင်ငံ Tak ခရိုင်၊ မဲဆောက်မြို့ပိုင်ကိုယ်တိုင် ဦးဆောင်ပြီး ကျန်းမာရေးဌာနက တာဝန်ရှိသူတွေနဲ့ နယ်ခြားစောင့် အမှတ် ၁၄၂၂ တပ်ရင်း တပ်ဖွဲ့ဝင်တွေဟာ ထိုင်း-မြန်မာနယ်စပ် အုန်းဖြန်မြို့နယ် အတွင်းမှာရှိတဲ့ တောလမ်း နယ်စပ်ဂိတ်တွေကနေ ထိုင်းနိုင်ငံထဲကို ဝင်ထွက် သွားလာနေကြတဲ့ မြန်မာနိုင်ငံသားတွေ ကို Covid-19 လို့ခေါ်တဲ့ Coronavirus ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဆေးစစ်မှုတွေ တိုးမြင့် လုပ်ဆောင်နေကြောင်း မဲဆောက်မြို့ပိုင် မစ္စတာ ချိုင်ဖွတ် ချင်ထန်ရပ်က ပြောပါတယ်။

နယ်စပ်ဒေသမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လာရောက် ကျောင်းတက်နေတဲ့ ကလေးငယ်တွေအပါအဝင် အလုပ်သမား ၅၈၀ ကျော်ကို မတ်လ (၂) ရက်နေ့မှာ ကျန်းမာရေး ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့ပြီး နယ်စပ်ဒေသတလျှောက် ဒုက္ခသည်စခန်းနဲ့ ကျေးရွာတွေမှာ ဖွင့်လှစ်ထားတဲ့ ကျန်းမာရေးဆေးခန်းတွေ၊ ဆေးရုံတွေမှာ Coronavirus ကူးစက်မူ သံသယလူနာ ရှိလာခဲ့ရင် ရောဂါထိန်းချုပ်ရေးဌာနကို သတင်းပေး ကြဖို့ကိုလည်း မဲဆောက်မြို့ပိုင်က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

မတ်လ (၂) ရက်နေ့မှာ မဲဆောက်မြို့နယ်အတွင်းက ကျောင်းတွေ၊ အစိုးရဌာနဆိုင်ရာတွေမှာ ထိုင်းအာဏာပိုင်တွေက Covid Big Cleaning Day - ကိုဗစ်သန့်ရှင်းရေးနေ့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရောဂါပိုး ကာကွယ်ရေးဆိုင်ရာ ပိုးသတ်ဆေးဖြန်းတာ၊ လူတွေကို အပူချိန်တိုင်းတာ၊ နှာခေါင်းစည်းတွေ ဖြန့်ဝေတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)






XS
SM
MD
LG